Sunday, July 12, 2009

နှင်းဆီဖြူအတွက် ကဗျာတပုဒ်

နှင်းဆီဖြူအတွက် ကဗျာတပုဒ်
(မှတ်ချက်
တူမတော်အိမ်အလည်တခေါက်အရောက်မှာ
သူ့ရဲ့ ပိုစ့်တွေ ကြောင့်ရေးဖြစ်တာပါ
ကိုကိုကာကာရဲ့ နှင်းဆီဖြူမဟုတ်ပါ)

တူမတော်
ပေါ်မလာပျောက်ချက်သားကောင်း
ဒွေးတော်မှာ စိတ်တွေပူ
အိုကေရဲ့လား

ဖုန်းမကိုင်
ရောက်တာတောင်နှုတ်မဆက်
ရတက်ပွေကာ အသည်းကျွမ်းနေလို့
လွမ်းတယ်တဲ့လား

မင်းမောင်မောင်
ဘယ်နှယ့်ကယ်နေသေးလဲ
အဆင်ပြေ ဘဝင်ရွှင်စေကြောင်းရယ်နဲ့
ဆုသူတောင်းသလား

ချစ်တာတွေ
သစ္စာအပူတွေရင်ဟပ်
ငါ့တူမ မရွှင်ကာ အသည်းကျွမ်းတယ်
လွမ်းစရာ မကောင်းလား

ချစ်တီချမ်း
၁၂ ရက် ၇ လ ၂၀၀၉ ခုနှစ်
နေ့လယ် ၁ နာရီ ၃၄ မိနစ်
နေအိမ်
ဘန်ကောက်

5 comments:

  1. တီရေ ......... အောင်မလေး ကွန်မန့်က အခုမှ ၀င်လို့ရတယ်။ ကဗျာလေး အတွက်ကျေးဇူးပါနော်။ ကွန်မန့်ပေးမရလို့ ဖုန်းဆက်လိုက်တာ တီနားတွေတောင် ပူသွားတယ်။ ဟီး
    ကွဲလိုက် ပြဲလိုက်နဲ့ပေါ့တီရယ်။ ဒီလိုပါပဲ ....... အခုတော့ သူငယ်ချင်းတွေ အတွက် ကဗျာလေးတွေရေးပေးတော့မယ်။ တီ့ရဲ့ ကဗျာလေးက ဖတ်ရင်းနဲ့ ကိုယ်ကိုကိုယ် မဗဒါမြေလူးဒါထက်တောင် ရတက်ပွေနေပြီး။ ဟုတ်လည်းဟုတ်တာကိုး ။ ဒီတူမအကြောင်း ဒီအဒေါ်ပဲ သိတယ်နော်။
    ကျေးဇူးအရမ်းတင်ပါတယ်ချစ်တီ။

    ချစ်တူမ
    မိရောင်

    ReplyDelete
  2. ဟုတ်ပ့ါ..ခုမှ မန့် လို့ ရတော့တယ်..။အစက မရဘူး

    ရောင်ပြန်အကြောင်းတော့မပြောချင်ဘူး..စိတ်နာလို့ .... ခေါ်တောင်မခေါ်ဘူးး.. ဘယ်ပျောက်နေလည်းမသိဘူး
    အဲ့တစ်ယောက်က

    ReplyDelete
  3. ဟမ်
    မန့် လို့ လည်းရဘူး..
    ဘာဖြစ်နေတာလည်း
    ဟီးး

    ReplyDelete
  4. မကြီးရောင်ပြန်ကို လွမ်းတယ်


    သတိရတယ်...


    မကြီးရောင်ပြန် ကို အရင်တိုင်း ပျော်နေစေချင်တယ်

    မကြီးရောင်ပြန်ကို ချစ်တဲ့

    မောင်လေး

    ဖိုးစိန်

    ReplyDelete
  5. ဟဲ့ ဟဲ့ ငါ့စီဘောက်စ်ထဲမှာ ဘာတွေလာအော်နေတာလဲ
    ဒီမျောက်နယ်
    စာနဲ့ဆိုင်တာပဲ မန့်လေ

    ReplyDelete