Tuesday, July 28, 2009

ရာသီပျက်အလွမ်း (မိုး Min Min's Solo Version)

ရာသီပျက်အလွမ်း

မင်းမင်း:

ရွာနေတဲ့မိုးစက်တွေအောက်မှာ
ပြေးလွှားနေတဲ့လူတချို့
ဘာအတွက်လဲ
ငါကိုယ်တိုင်ကရော
ပြေးလွှားနေတဲ့စိတ်
ထိန်းချုပ်ဖို့ခက်လိုက်တာ
တိတ်သွားတဲ့မိုးစက်တွေအောက်
လူတွေပုံမှန်ပြန်ဖြစ်
သဘာဝနဲ့ အလိုက်သင့်
ပုံမှန်မဖြစ်သေးတဲ့ ငါ့ရဲ့စိတ်
မိုးရွာနေတုန်းပါလား
ချစ်သူကိုလွမ်းတဲ့အလွမ်း
ဘာနဲ့နှိုင်းရပါ့မလဲ
ချစ်သူကကော
မိုးနဲ့ အပြိုင်လွမ်းနေမယ်ထင်ရဲ့
လွမ်းနေတဲ့ သူ့ချစ်သူ…
ငါမှဟုတ်ရဲ့လား?
အချစ်ဆိုတာ
ပြောင်းလဲတတ်တဲ့အရာတဲ့
မတည်မြဲတဲ့လောကကြီးမှာ
သစ္စာတရားကကော
ဘယ်လောက်တောင့်ခံနိုင်မှာလဲ
သဘာဝ ကိုအံတုဖို့ကြိုးစားတဲ့ငါ
သင်္ခါရဆိုတာ မေ့နေတယ်

1 comment:

  1. ချစ်တီရေ ပုံမှန်မဟုတ်တဲ့ သဘာဝနဲ့ မတည်မြဲတဲ့ လူတွေရဲ့ စိတ်ဓါတ်ဟာ တီပြောတဲ့ သင်္ခါရပါပဲ။

    ချစ်တူမ မိရောင်

    ReplyDelete