Monday, December 1, 2014

"Satisfied"

"Satisfied"

If you love somebody
You better let it out
Don't hold it back
While you're trying to figure it out
Don't be timid
Don't be afraid to hurt
Run toward the flame
Run toward the fire
Hold on for all your worth
Cause the only real pain a heart can ever know
Is the sorrow of regret
When you don't let your feelings show 

တစုံတယောက်ကိုချစ်တယ်ဆိုရင်
ပြောဖြစ်အောင် ဖွင့်ပြောလိုက်ပါ
သေချာမသေချာ တွေဝေနေတဲ့အခိုက်အတန့်မှာတောင်
ရင်ထဲမှာ မြိုသိပ်မထားပါနဲ့
ဖွင့်ပြောဖို့ကို မရှက်ပါနဲ့
အပြင်းပယ်ခံရလို့ နာကျင်ရမှာကိုလဲ မကြောက်ပါနဲ့လေ
မီးတောက်ထဲကို တိုးဝင်လိုက်ပါ
အပူထဲကို တိုးဝင်လိုက်ပါ
မင်းရဲ့ ထိုက်တန်မှုကို ဆုပ်ကိုင်ထားလိုက်ပါလေ
ဘာလို့လဲဆိုတော့ နှလုံးသားက သိနားလည်နိုင်တဲ့
တခုတည်းသော စစ်မှန်တဲ့ နာကျင်မှုဆိုတာ
မင်းရဲ့ ခံစားချက်တွေကို မဖွင့်ပြနိုင်တဲ့
နာကျင်မှု နောင်တပါပဲ
 
[Chorus]
So did you say it
Did you mean it
Did you lay it on the line
Did you make it count
Did you look 'em in the eye
Did they feel it
Did you say it in time
Did you say it out loud
'cause if you did hun
Then you lived some
That feeling inside
That's called satisfied 

ကဲ အဲ့ဒီတော့ မင်းဖွင့်ပြောလိုက်ရဲ့လား
သေချာကော ဆိုလိုရဲ့လား
မင်းနှလုံးသားကို ချခင်းပြလိုက်ရဲ့လား
သေသေချာချာလေးလေ
သူတို့ မျက်ဝန်းထဲကိုကော သေချာစိုက်ကြည့်ရဲ့လား
သူတို့ ခံစားရတာ သေချာရဲ့လား
မင်း အချိန်မီဖွင့်ပြောရဲ့လား
အကျယ်ကြီးကော အော်ပြောရဲ့လား
တကယ်လို့များ မင်းပြောခဲ့တယ်ဆိုရင်တော့
မင်းဘဝမှာ နေပျော်ဖူးပြီ
အဲ့လို ခံစားရတဲ့ ရင်ထဲက ခံစားချက်ကို
ကျေနပ်မှု ပီတိ လို့ခေါ်ပါတယ်

Busy people walking by
Can't help but worry some
With so many things to do
So little love gets done
Empty hearts everywhere
Drowning but dying of thirst
If you want love
It's not that tough
Start by giving it first
It's so easy to give
Baby can't you see
Just close your eyes open your heart
And do what comes naturally 

အလုပ်များနေတဲ့လူတွေ ဖြတ်လျောက်လို့
စိုးရိမ် ပူပန်မှု တွေနဲ့လေ
လုပ်စရာတွေက အများကြီးမှ အများကြီး
ချစ်ခြင်းအနည်းငယ်ကသာ ပြီးမြောက်မှုတွေနဲ့
ကွက်လပ်နဲ့ နှလုံးသားတွေက နေရာတိုင်းမှာ
ရေထဲမှာ နစ်နေပေမယ့် ရေငတ်မှုတွေနဲ့ လှိုက်ဖိုမောလို့
အချစ်ကိုသာ တကယ်လိုချင်တယ်ဆို
အဲ့လောက်မခက်ခဲပါဘူးလေ
အချစ်ကို အရင်သာပေးကြည့်လိုက်ပါ
ပေးရတာ အရမ်းလွယ်ပါတယ်
မင်း မြင်နိုင်ရဲ့လား
မျက်လုံးတွေကို မှိတ် ရင်ဘတ်တွေကို ဖွင့်လို့
သဘာဝ ကျကျလေး လိုက်ပါစီးမျောလိုက်ပါ
 
[Chorus]
Well did you say it
Did you mean it
Did you lay it on the line
Did you make it count
Did you look 'em in the eye
Did they feel it
Did you say it in time
Did you say it out loud
'cause if you did hun
Then you lived some
That feeling inside
That's called satisfied 

ကဲ အဲ့ဒီတော့ မင်းဖွင့်ပြောလိုက်ရဲ့လား
သေချာကော ဆိုလိုရဲ့လား
မင်းနှလုံးသားကို ချခင်းပြလိုက်ရဲ့လား
သေသေချာချာလေးလေ
သူတို့ မျက်ဝန်းထဲကိုကော သေချာစိုက်ကြည့်ရဲ့လား
သူတို့ ခံစားရတာ သေချာရဲ့လား
မင်း အချိန်မီဖွင့်ပြောရဲ့လား
အကျယ်ကြီးကော အော်ပြောရဲ့လား
တကယ်လို့များ မင်းပြောခဲ့တယ်ဆိုရင်တော့
မင်းဘဝမှာ နေပျော်ဖူးပြီ
အဲ့လို ခံစားရတဲ့ ရင်ထဲက ခံစားချက်ကို
ကျေနပ်မှု ပီတိ လို့ခေါ်ပါတယ်

[Bridge]
Horses are built to run
The sun is meant to shine above
Flowers are made to bloom
And then there's us
We were born to love 

မြင်းတွေဆိုတာ ပြေးဖို့ပါ
နေဆိုတာလဲ အပေါ်ကနေ သြကာသ လောက တခုလုံးကို တောက်ပစေဖို့ပေါ့
ပန်းလေးတွေဆိုတာ ဖူးပွင့်လာဖို့လေ
ပြီးတော့ တို့တွေ…..တို့တွေကရော
တို့တွေကတော့ ချစ်ဖို့ မွေးဖွားလာကြတာပေါ့
 
[Repeat Chorus]


T Chen 
3:53 PM
1st Monday, Dec 2014
LTO | Yangon | Myanmar





 

3 comments:

  1. 'မင်းရဲ့ ခံစားချက်တွေကို မဖွင့်ပြနိုင်တဲ့ နာကျင်မှု နောင်တ' မဖြစ်အောင် ချစ်ခွင့်ပန်ခဲ့သူကို မိနစ်မခြား ချက်ချင်းအဖြေပေးခဲ့ဘူးတယ် :P
    'ကျေနပ်မှု ပီတိ' ကို နောက်ဆက်တွဲအနေနဲ့ ရရှိခံစားခဲ့တယ်။ 'ချစ်ဖို့မွေးဖွားလာခြင်း'ကို လူသားတိုင်း သိသင့်တယ်လို့ထင်မိတယ်။
    စာသားလေးတွေအရမ်းလှတဲ့ တေးတစ်ပုဒ်အတွက် ကျေးဇူးပါ တီချမ်းရေ။

    ReplyDelete
  2. ပျောက်နေတာကြာပေမယ့် အသစ်တင်သမျှ လာလာ ဘတ်တဲ့ တီတင့် ကိုကျေးဇူးပါ

    စာသားကောင်းတာ အော်ရီဂျင်နယ်ကို က အရမ်းကောင်းလို့ပါ

    ကျေးဇူးပါ တီတင့်

    ReplyDelete
  3. ကြိုက်တယ် တီရေ. ကဗျာလေးဖတ်ရသလိုပဲ . ဘာသာပြန်တာကောင်းလိုက်တာ .

    ReplyDelete