Wednesday, January 13, 2016

ကြိုးပြတ်စွန်

ကြိုးပြတ်စွန်

ရင်ခွင်ထဲ သတိရခြင်းတွေအကုန်ထည့်
ရင်ကိုလဲ သော့ခတ်ပြီး ပိုမှောင်တဲ့အခန်းထဲ
အမှောင်ကို ပိန်းပိတ်ဖို့ လိုက်ကာကိုဆွဲ
ဘယ်သူမှ မသိဘဲ


ကိုယ်တိုင်လဲ မူးရူးမိုက်ကာ မှောက်လဲ
အကုန်ပျယ်တော့ မင်းရဲ့အကြောင်းတွေပြန်ကာလွမ်းလဲ
ဖျော်တဲ့ကဖေး သတိရစေပြန်လဲ
နင့်အကြောင်းများကို 
ငါတော့ မေ့လိုက်ပြီ


စွန်လေး ကြိုးပြတ်ပြီး မိုးထဲလွင့်လို့ပျံမယ်
နင်မမြင်နိုင်တဲ့ အရပ်လေနှင်သလိုလွင့်မယ်
ဟိုးဝေးဝေးထဲ အရာမထင် ပျောက်ကွယ်လဲ
ပိုင်ရှင်ကိုပြန် လွမ်းမိတယ်


နာကျည်းမှုနဲ့ ဟိုးအရင် အတိတ်ကိုမေ့ချင်လဲ
ရင်နာနာ နဲ့မင်းကို ငါလေ မေ့မယ်
တယောက်ထဲပဲ ဘဝမှာ ငါအထီးကျန်လဲ
ငါချည်မျှင်ကို ဖြတ် မင်းရဲ့အကြောင်းတွေ မေ့ခဲ့


ငါ
ရင်ခုန်ခြင်းရဲ့ အဆုံးမှာ လူဟာ နှောင်ကြိုးများမဲ့
ဘဝဟာ တကယ်တော့ အသက်မဲ့တဲ့ အမှောင်ခန်းထဲ 
ရင်နာနာနဲ့ အလွမ်းနဲ့ မျက်နှာသစ်ခဲ့


သတိရခြင်းနဲ့ ပြိုလဲ…….


T Chen 

No comments:

Post a Comment