Saturday, February 18, 2012

မုန့်ဟင်းခါး နဲ့ သူငယ်ချင်းများ

နောက်အပတ်မှာ (အခု အပတ်ရောက်နေပြီပေါ့) လုပ်မယ့် သင်တန်း တခုအတွက် သူငယ်ချင်းတယောက်က မဲစရီယမ် ကနေရောက်နေပါတယ်။ အဲ့တာနဲ့ မလာခင်ကတည်းက သူနဲ့ ဖုန်းပြောရင်း တိုင်ပင်ထားတဲ့ မုန့်ဟင်းခါး ချက်စားကြမယ်ဆိုတာကို အကောင်အထည်ဖော်ဖြစ်ပါတယ်။ ဒီကို ရောက်ကတည်းက မုန့်ဟင်းခါး ငတ်နေတာ ကြာပါပြီ။ တခါတလေ မဲစောက်သွားရင် စားရပေမယ့် သိပ် စိတ်တိုင်းအကျကြီးလဲ မဟုတ်ပါဘူး။ မုန့်ဟင်းခါး ကို ငါးစစ်စစ်နဲ့ချက်တားမျိုးကို ကောင်းကောင်းလေး စားချင်နေတာပါ။ အရင်တခါ ချက်စားတုံးကလဲ ready made အထုပ်ကို သူ့ချည်းမချက်ချင်တာနဲ့ ကတ်ကတစ်နဲ့ ချက်စားကြည့်ပါသေးတယ်။ ဒီမှာ တခါ တင်ဖူးပါတယ်။
မကျေနပ်ပါဘူး။ ကောင်းလဲသိပ်မကောင်းဘူး။ စားလို့တော့ ဖြစ်တယ် ဒါပေမယ့် မကောင်းဘူး။ တီချမ်း ချက်လို့မကောင်းတာဆိုလို့အဲ့တခါပဲ ရှိဖူးသေးတယ်။ တကယ်ပါ။ ဖြစ်ချင်တော့ တရက်က ဝတ်ရည်ကလဲ ရန်ကုန် မုန့်ဟင်းခါးဆိုပြီး ပိုစ့် တင်သေးတော့ ပိုစားချင်စိတ်ဖြစ်မိပါတယ်။ အဲ့တာနဲ့ သူငယ်ချင်းလဲ ရောက်တုံး ဆိုပြီး
နောက် ဘန်ကောက်က သူငယ်ချင်းတယောက်ဖြစ်တဲ့ လွယ်ကူစားမြိန် ကိုပါခေါ်ပြီး ချက်ကြပါတယ်။ ဒေါ်သလင်း ကိုလဲလာစားပါ ခေါ်သေးတယ် သူက မလာတာ မလာတော့လဲ ငတ်ပေါ့နော်။ ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ်က ခေါ်
တာပဲ။ ထားတော့ အဲ့တာနဲ့ မောင် နဲ့ ကိုယ်နဲ့သူငယ်ချင်းတွေနဲ့ ဒီတပတ် အိမ်မှာ မုန့်ဟင်းခါးလေး ချက်စားဖြစ်ကြ တာပေါ့လေ။ မနက်ဖြန် တုတ်ထိုး လုပ်တဲ့ ကြည်လဲ့လဲ့ဦး ရောက်ပါမယ်။ အဲ့အခါကျရင် နန်းကြီးသုပ်လေးလဲ လုပ်စားကြပါအုံးမယ်။

အဲ့တာနဲ့ တိုင်ပင်ကြတော့ လွယ်ကူစားမြန်ကလဲ သူတချို့တဝက် လုပ်ယူလာမယ်တဲ့ အဲ့တာနဲ့ အီးမေးလ် တစောင်ပို့လာပါတယ်။ ချက်နည်းကို အခြေခံယူတာကတော့ ဝတ်ရည်ဆီကပါပဲ။ ရှု...........

Blue for Snow; Green for Addy

1. မုန့်ဟင်းခါး ဖတ်

2. ကြက်သွန်နီ

3. ကြက်သွန်ဖြူ

4. ဘဲဥ

5. အကြော်မှုန့်

6. ကြက်သွန်ဖြူ၊ နီ ဆီချက်

7. ငါးခူ ၁ ကီလို

8. ဂျင်း

9. စပလင်

10. ငရုတ်ပွခြောက်

11. ငရုတ်ကောင်းမှုန့်

12. ဆန်လှော်မှုန့်

13. ကုလားပဲမှုန့်

14. ငှက်ပျောအူ

15. နံနံပင်

16. ပဲသီးစိမ်း





အဲ့တော့ တာဝန်ကျတဲ့ လစ်နဲ့ အတူ ကိုယ်တို့တွေဈေးဝယ်ထွက်ကြပါတယ်။ အပေါ်က တော့ ကိုယ့်ရဲ့ လစ်ပေါ့ ပိုစ်တစ် မှာ ရေးပြီးတော့ စာရင်း အတိအကျ အဝယ်ထွက်ကြပါတယ်။ တခါတခါ အဲ့လို သူငယ်ချင်းတွေနဲ့စုပြီး
တော့ လုပ်ချင်တာလေးတွေ လျောက်လုပ်စား ရတာ ပျော်ဖို့ ကောင်းပါတယ်။ အင်တာဗျူးမှာ ပါတဲ့ အာရှက လူငယ်တွေရဲ့အသင်းအဖွဲ့နဲ့လုပ်တတ်တဲ့ စိတ်ပေါ့လေ။ ထားတော့။

ကဲ ဝယ်ရမယ့်ဟာတွေ ဝယ်ပြီးတော့ ချက်ရမယ့် အဆင့်ပေါ့။ ပြောအုံးမယ် ငါးခူက အကြီးကြီးပဲ မွေးငါးခူတွေ တကောင်ထဲကို ၁ ကီလို (၆၀ သား) ကျော်ရှိတယ်။ အကုသိုလ်တော့များတယ် လက်ညိုးထိုးပြီး သတ်ခိုင်းရတာ အစွယ်ကို လွှနဲ့ တိုက်တာ ငမိုက်သား မုဆိုး ဆိုပေမယ့် စေခိုင်းတာက ကျတော်မျိုး ဘုရင်မင်းမြတ်လေနော်။ ထားအုံးတော့။

ကဲ ချက်ကြပြုတ်ကြမယ်နော်.....လာပြီ

ပထမဆုံး ဝတ်ရည်နည်းအတိုင်းပဲ ချက်လိုက် သူ့ဘလောခ် ကိုပြေးဘတ်လိုက်နဲ့ လုပ်ပါတယ်။ ငါးခူတွေကို စပလင် နဲ့ နနွင်းနဲ့ ပြုတ်ပါတယ်။ ပုံကိုကြည့်ပါ။ ပုံ ၃ မှာ ပြုတ်ပြီး ကျက်သွားတဲ့ ငါးခူ ကို တညသိပ်ထားတာပါ။ ကြို လုပ်ထားတာ။ လွယ်ကူစားမြိန်က နောက်နေ့ မှလာမှာမို့လို့ ညကတည်းက လုပ်စရာရှိတာတွေ လုပ်ထားတာပါ။





ပြုတ်ပြီးသား ငါးခူးကိုဆယ်ပြီးတော့ နောက် သူငယ်ချင်းတယောက်က အသားနွှင်ပါတယ်။ ပုံထဲက အတိုင်းအကြီး
စား တပန်းကန်ရတယ်။ (မှတ်ချက်။ နောက်တခါ မုန့်ဟင်းခါးကို ဈေးထဲတွင် တွေ့ခဲ့သော ငါးရံ့ နှင့် ချက်ရန်။ ငါးရံ့
သည် အသားပိုများကာ အလယ်ရိုး တချောင်းပဲ ရှိ ငါးခူ အတိုင်း ချို။ ငါးခူ ဖြင့်ထပ်ချက်လျှင်လည်း အရေခွံ မထည့်
ရန်။ စားမကောင်း တီချမ်း မကြိုက်) အိုကေ။ ဆက်......





ကြက်သွန်ဖြူနီ ဂျင်း စပလင် ကြိတ်ထား။ ဆန်လှော်မှုန့် ရေဖျော်ထား။ အစကတော့ ကုလားပဲ ပြုတ်ပြီး ကြိတ်ထည့်မလို့ပဲ။ဝယ်လာတဲ့ ပဲက ကုလားပဲ မဟုတ်ဘဲ ဘာပဲ မှန်းမသိ ဖြစ်သွားလို့ ငယ်ငယ်က ကျောင်းမှာစားခဲ့ ဖူးတဲ့ မုန့်ဟင်းခါးကို သတိရပြီး တလောက မာလာဟင်း လုပ်စားတုံးက ကျန်တဲ့ မြေပဲ ထောင်းလှော် တွေကို ထည့်ပါတယ်။ အစားထိုးပေါ့။ တတိယပုံကိုကြည့်ပါ။





ငှက်ပျောအူတွေ နုနုလေးတွေ မိုက်မှမိုက်။ နနွင်းနဲ့ မမဲအောင်ရေစိမ်ထား ပြီးတော့နွှင်ယူ။ အလည်အူ မထည့်နဲ့။





ကဲ ဟင်းအနှစ်ချက်ကြမယ်။ ဆီအိုး ပူလာရင် ပထမဆုံး ကြက်သွန်ဖြူနီ ဂျင်း စပလင် ကြိတ်ကို ဆီသတ်ပါမယ်။ နနွင်း အရောင်တင်မှုန့် တခါတည်း ထည့်ပါ။ ဆီသတ်တာ ရရင် ငါးနွှင်ထားတာ ထည့်ပါမယ်။ မွှေးလာတဲ့ အထိ မွှေပေးနေပါ။ ဆား အချိုမှုန့် ငံပြာရည် တခါတည်း ထည့်ပါနော်။ အရသာကို မြည်းယူပါ။ တီချမ်းကတော့ တော်တီးတီးတော် ဆိုတော့ စိတ်မှန်းနဲ့ ပဲထည့်ပါတယ်။





ပြီးရင် အိုးထဲမှာ ရေ ၂ လီတာ ထည့်ပါတယ်။ နောက် မနေ့ညက ငါးပြုတ်ရည်တွေ ထည့်ပါတယ်။ အရိုးတွေကို ပြန်ပြုတ်တာတွေ ထောင်းတာတွေ ရေညှစ်တာတွေ ထပ်မလုပ်တော့ပါဘူး။ ပထမ တခါချက်တုံးက အဲ့လို လုပ်ရတယ် ပြောလို့ လုပ်ကြည့်တာ ညှီပါတယ်။ အဲ့တာကြောင့် တခါသေဖူး ပြင်ဖို့ နားလည် လိုက်ပါတယ်။ ငါးပြုတ်ရည်က စပလင် နိုင်းချင်းနဲ့ဆိုတော့ သိပ်မညှီပါဘူး။ ပြီးတော့ ရေအဖြူနဲ့ ငါးပြုတ်ရေ အရောဆူလာရင် ချက်ထားတဲ့ ငါးအနှစ်ကို ထည့်ပါ။ ပြီးရင် ခုနက ရေဖျော်ထားတဲ့ ဆန်လှော်မှုန့် ထည့်ပါ။ မြေပဲ ထည့်ပါ။





ပြီးရင် အိုးဘဲဥ လိုချင်တဲ့ အတွက် ပြုတ်ပြီးသား (ဆော်ရီး ကော်ရက်ရှင် အိုးကြက်ဥ) ကြက်ဥ တွေကို အလုံးလိုက် ၇ လုံးလောက်ထည့်လိုက်ပါတယ်။ ကျန်တဲ့ ၄ လုံးကိုတော့ ပါးပါးလှီးပြီး ထည့်ပါတယ်။ နောက် ကြက်သွန်နီ ဥလိုက်တွေထည်ပါတယ်။





ငှက်ပျောအူတွေ ထည့်ပါတယ်။ ဒီနေရာ မှာ စပလင်ထပ်မထည့်တော့ပါဘူး။ စာတွေ လိုက်ဘတ်တယ်ဆိုပေမယ့်လဲ ကိုယ့်ဘာသာ ကိုယ်လိုလျှင်ကြံဆ လုပ်ရပါသေးတယ်နော်။ ကြည့်ကျက်လုပ်ပေါ့။ ဘယ်သူမှ မမွေးလာကတည်းက မတတ်ဘူးနော်။ လုပ်ရင်း တတ်သွားမယ်။





ပြီးတော့ ဟင်းရည်ကို ဆူစေပြီးတော့ ဆားအချိုမှုန့် လိုသလောက်ထပ်ထည့် မြည်းကြည့်။ ပြောရအုံးမယ် သူငယ်ချင်း တယောက် ကို မြည်းခိုင်းလိုက်တာ သူက အငံလိုသေးတယ် ပြောတာနဲ့ ကိုယ်က ငံပြာရည် ယောက်ဇွန်းတဝက်ထပ်ထည့်လိုက်တာ တော်တော်ငံသွားပါတယ်။ ငံသွားတော့ ဘာဖြစ်သလဲ ဘာမှ မဖြစ်ပါဘူး တီချမ်း မိုတို အတိုင်း လိုထည့် ပိုရေရောလုပ်လိုက်တာ အိုကေမှာ စိုပြေသွားပါတယ်။





ငရုတ်သီးမှုန့် နံနံပင် ဆီချက်လေးတွေ ထည့် အချဉ်လေး ညှစ်လိုက်ရင် စူပါရှယ် အိမ်ချက် တီချမ်း လက်ရာ မုန့်ဟင်းခါး တခွက်ရပြီပေါ့နော်။ တီကတော့ ကိုယ့်လက်ရာ အရသာစစ်ကို သိချင်တာကြောင့် အချဉ် ငရုတ်သီး မထည့်ပဲ အရင်စားကြည့်ပါတယ်။ တင်တင်၊ စောရီ၊ ချို၊ ကြည်၊ စိန်ဥ၊ အိမ်မဲ၊ ဇကာကြီး၊ တခုမှ မရှုံးဘူးပဲ။
နောက်ဆို “အပြောကြီးသော နိုင်ငံကျော်ဘလောခ်ဂါ ကျိုင်းတုံ ဒေါ်ချမ်း” ဆိုပြီးတော့မုန့်ဟင်းခါးရောင်းစားရမယ်။





ကဲ စားချင်စရာမကောင်းလား။ နောက်တနေ့ မနက်ကျတော့ သူငယ်ချင်းက မုန့်ဖတ်ထပ်သွားဝယ်ပြီး အီကြာကွေး ပါဆွဲလာတော့ ပိုကောင်းသွားတာပေါ့။ ဟင်းရည်လဲ မနေ့ ကတနေ့လုံးတည်ထားတော့ တော်တော်လေးကို
အရည်ကျနေပြီလေ။ ရေနည်းနည်ထပ်ရော အချိုမှုန့် လေး နည်းနည်း ထပ်ထည့်လိုက်ရုံနဲ့ ပိုကောင်းတဲ့ မုန့်ဟင်းခါး တခွက်ထပ်ရတာပေါ့။ နှစ်ရက် လုံး စားကြတယ်။ ကောင်းမှကောင်းပဲ။





ကဲ မုန့်ဟင်းခါး ငတ်နေတဲ့ ပြည်ပရောက် ပရိတ်သတ်ကြီးလဲ အားပေးကြပါအုံးနော်။

A Chen
2:56 AM
Monday
20th Feb 2012
Home
Bangkok

23 comments:

  1. You really should write a cooking book with step by step illustrations, you have a really good writing skill with great sense of humor

    ReplyDelete
    Replies
    1. thanks i do have a plan to publish a cooking book by T chen wait for it OK?

      Delete
  2. Luzoe.....
    How can i sleep after reading your special MOONGAR post at almost midnight:(
    Gyidaw

    ReplyDelete
  3. Want to try your 'Kyaing Tone Daw Chan' Mon hin gha. Look nice!
    WD

    ReplyDelete
  4. Appreciate your both cooking and writing style!

    Esther

    ReplyDelete
  5. “အပြောကြီးသော နိုင်ငံကျော်ဘလောခ်ဂါ ကျိုင်းတုံ ဒေါ်ချမ်း”ရဲ့မုန့်ပာင်းခါးကိုစားခြင်လိုက်တာပာယ်။တို့ကမုန့်ပာင်းခါးဆိုသိပ်ကြိုက်တာနေ့တိုင်းစားလဲမမုန်းဘူး။ချက်တဲ့နေ့ဆိုထမင်းလွတ်စားတာ။ပြီးတော့ဆိုင်ချက်တွေကခိုတော့စားမကောင်းလို့အိမ်မှာဘဲချက်စားတယ်။ငှက်ပြောအူလေးနဲ့အီကြာကွေးလေးလဲပါသေး။

    ReplyDelete
  6. “အပြောကြီးသော နိုင်ငံကျော်ဘလောခ်ဂါ ကျိုင်းတုံ ဒေါ်ချမ်း”ရဲ့မုန့်ပာင်းခါးကိုစားခြင်လိုက်တာပာယ်။တို့ကမုန့်ပာင်းခါးဆိုသိပ်ကြိုက်တာနေ့တိုင်းစားလဲမမုန်းဘူး။ချက်တဲ့နေ့ဆိုထမင်းလွတ်စားတာ။ပြီးတော့ဆိုင်ချက်တွေကခိုတော့စားမကောင်းလို့အိမ်မှာဘဲချက်စားတယ်။ငှက်ပြောအူလေးနဲ့အီကြာကွေးလေးလဲပါသေး။မြကျေး

    ReplyDelete
  7. “အပြောကြီးသော နိုင်ငံကျော်ဘလောခ်ဂါ ကျိုင်းတုံ ဒေါ်ချမ်း”ရဲ့မုန့်ပာင်းခါးကိုစားခြင်လိုက်တာပာယ်။တို့ကမုန့်ပာင်းခါးဆိုသိပ်ကြိုက်တာနေ့တိုင်းစားလဲမမုန်းဘူး။ချက်တဲ့နေ့ဆိုထမင်းလွတ်စားတာ။ပြီးတော့ဆိုင်ချက်တွေကခိုတော့စားမကောင်းလို့အိမ်မှာဘဲချက်စားတယ်။ငှက်ပြောအူလေးနဲ့အီကြာကွေးလေးလဲပါသေး။မြကျေး

    ReplyDelete
    Replies
    1. ဒေါ်မြကျေးရယ် တခါ ပြောရင် ရပါပြီ ဟိဟိဟိ
      တကယ်ကို စားကောင်းတာ နောက်နေ့ကျတော့ ဟင်းရည်က ကျသွားတော့ ပိုတောင် ကောင်းသေး

      ဂွတ်ရှယ်ပဲ

      အီကြာကွေးလေးနဲ့အိုးကြက်ဥလေးနဲ့ အဓိကကတော့ ငှက်ပျောအူတွေ တော်တော်ကိုနုတယ် အိုအိရှိပဲ

      Delete
  8. ဟုတ်ပါ. အပြောတော်တော်ကြီးတာ အခု တီချမ်းကိုယ်တိုင်ပြောမှ ဘဲ သတိရတော.တယ်။ အဲ.လိုခေါ်ဖို.။
    အပြောတော်တော်ကြီးသော ကြီးတော် တီချမ်း။
    မုန်.ဟင်းခါးကြည်.ရတာ ပါးစပ်ထဲက သွားရေတွေထွက်လာတယ်။
    အတော်ဂွဒ်မယ်.ပုံဘဲ။
    တီချမ်းက မုန်.ဟင်းခါးချက်နေကျမဟုတ်ဘူးထင်တယ်။

    ReplyDelete
    Replies
    1. တကယ်ကို ဂွတ်တာ အနောရဲ့

      ဟုတ်တယ် ချက်နေမကျဘူး သို့သော် ချက်လိုက်တော့လဲ ဖြစ်သွားတာပဲ

      ဒါ ဒုတိယ တခေါက်ပဲ ရှိသေးတယ် ချက်တာ

      ကြာဇံချက်တွေဘာတွေလဲ တခါပဲ ချက်ဘူးတယ် ဒီည ကျ နန်းကြီး သုပ်မယ်

      Delete
  9. အပြောကြီးသော တီချမ်း ရဲ့ မွင်းဂါးကို သရည်ကျသွားပါကြောင်း ငှက်ပြောအူလေးတွေ နုလိုက်တာ

    ReplyDelete
    Replies
    1. တကယ်ကောင်းတာပါ ဗစ်ရယ်

      Delete
  10. တီချမ်းရဲ့မုန့်ပာင်းခါးကိုအငန်းလွန်သွားလို့၃ခါတိတိဖြစ်သွားပါကြောင်း။မြကျေး

    ReplyDelete
    Replies
    1. မနက်ဖြန် နန်းကြီးသုပ်လာစားအုံးနော်

      Delete
  11. အားပေးသွားပါတယ်..စားလို့ ကောင်းလိုက်တာ..ရှလွတ်..အေမီ

    ReplyDelete
    Replies
    1. အရမ်းကို တော်တာဘဲ တီရယ်
      ပုံတွေလည်း စိတ်ရှည်ရှည်နဲ့တင်တယ်။
      ရေးတတ် ပြောတတ်လိုက်တာ။
      မောင်က ကံကောင်းတယ်။

      Delete
  12. အဲလက်စ် ရဲ့ ငါမင်းကိုသတ်ချင်တယ်ဆိုတဲ့သီချင်းကို ဆိုရမလိုပဲ
    ဗိုက်ဆာတဲ့အချိန်မှာ သူ့ဘလော့ကဟင်းတွေကို ကြည့်မိတဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်ချင်တော့
    ရေးတဲ့လူကိုပဲ ဖိပြောရတော့မှာပဲ


    ဘာရေးရေးကောင်းပြီး
    ဘာချက်ချက်စားချင်စဖွယ်ဖြစ်သော(ကောင်းမကောင်းတော့ မစားဘူးလို့မသိ)
    တီချမ်းပါ တခါး.....။

    ReplyDelete
  13. တခါသေဖူး ပျဉ်ဖိုးနားလည်
    ဆိုရင် ပိုမှန်မယ်ထင်တယ်။
    မုန့်ဟင်းခါးကို သရေကျသွားပါတယ်။

    ReplyDelete