Wednesday, February 15, 2012

V Day 2012

ဒီနေ့ ကတော့ ဘာရယ်မဟုတ်ပါဘူး အလုပ်ပြေးပါတယ်။ သောကြာကတည်းက ဆက်တိုက် အစည်းအဝေး ၄ ရက် လုပ်လာတာ ဆိုတော့ မောပြီလေ။ မနက်ဖြန်ကျတော့လဲအစည်းအဝေးတခုရှိနေတော့ ပြေးလို့ မရပြန်ဘူး။ အဲ့တော့ ရတဲ့ အချိန်လေးပဲ မြန်မြန်ပြေးရတာ။ ပြီးတော့ ဒီနေ့က စိန့် ဗယ်လင်တိုင်း ကြီးကို သတ်တဲ့နေ့ဆိုတော့ ကလေးတွေ လူကြီးတွေ ပျိုပျို အိုအို သူသူ ငါငါ ဟိုနား တတွဲတွဲ ဒီနား တတွဲတွဲ လုပ်ကြမယ် မှလား။ ကိုယ်တို့လဲ ပါမှာပေါ့။

ပြီးခဲ့တဲ့ ရက်တွေက မနက် မနက် ၈ နာရီ အရောက်သွားရတော့ ဒီနေ့အလုပ်မသွားဘူးဆိုပြီး အတိုးချ အိပ်တာကတော့ တနေ့လုံးပါ။ (မှတ်ချက် ပုံမှန် တီချမ်း အလုပ်ချိန် သည် မနက် ၁၀ နာရီ မှာ ညနေ ၆ နာရီ ထိဖြစ်ပါတယ်။ ထမင်းစားချိန် ၁ နာရီ ပါပါတယ်။ တီချမ်းကတော့ မနက် ကို ၁၀ နာရီ သွားပြီး ညနေ ကို သူများတွေနဲ့ရောယောင်ပြီး ၅ နာရီလောက်ပြန်ပါတယ်) ညနေ ၃ နာရီလောက်မှ နိုးတယ်။ နိုးပြီးတော့လဲ ဘာမှ မလုပ်ချင်သေးတာနဲ့ မောင့် ကို အရင်ထ ခိုင်းပြီးတော့ အိမ်နားက ဆိုင်မှာ ထမင်းသွားဝယ်ခိုင်းပါတယ်။ မောင်က ငါးကြော် နဲ့ စားပြီးတော့ ကိုယ်က ဝက်အူချောင်းနဲ့ ထမင်းကြော် ကို အမဲသား ထပ်ထည့်ခိုင်းပြီးတော့ စားပါတယ်။ ကြက်ဥ ကြော် က နှစ်လုံးပါ။ ပြီးတော့ မောင်နဲ့ ကိုယ် တူတူ ဖက်ပြီးတော့ (အမှန်ကတော့ မောင့်ရင်ခွင်ထဲမှာပေါ့) ငှဲငှဲ ရုပ်ရှင်ကြည့်ကြပါတယ်။ ကိုယ်ကြည့်ပြီးသား I am sam ပါ မင်းသားရှောင်ပင်း နဲ့ ကလေးသရုပ်ဆောင် dakota fanning ပါတဲ့ကားလေးပါ။ အရမ်းသနားစရာကောင်းတယ်။ ဇာတ်လမ်းအကြမ်းက ရှောင်ပင်းက ကျပ်မပြည့်ပါဘူး။ စတားဘတ်မှာ အလုပ်လုပ်ပါတယ်။ သူ့မှာက ၇ နှစ်သား အရွယ် အသိဥာဏ်ပဲရှိတာပါ။ ဇာတ်လမ်းအစမှာပဲ လမ်းပေါ်က မိန်းမတယောက်နဲ့ ကလေးရပါတယ်။ သမီးလေးပေါ့။ the Beatles ရဲ့ သီချင်းတော်တော်များများကို ဇာတ်ဝင်သီချင်းအနေနဲ့ သုံးထား ပါတယ်။ နောက်တော့ ကလေးက ကြီးလာ သူ့ထက်ပို သိလာ။ အတန်းထဲမှာ စာတမင် မတော် အောင် စာမလုပ်တော့တဲ့ ကလေးအဖြစ် ဒါကိုတာ က သရုပ်ဆောင်တာပါ။ နောက်တော့ ဒါကိုတာ ရဲ့မွေးနေ့မှာ ဖြစ်တဲ့ အက်ဆီဒန့် တခုကြောင့် ကလေးကို ဆိုရှယ် ဆားဗစ် တွေက ခေါ်သွားဖို့ ဖြစ်လာပါတယ်။ အဲ့တာကို ရှောင်ပင်းက ရှေ့နေ (မစ်ရှယ်ဖိုင်ဖား) အကူအညီ နဲ့ပြန်ရအောင် တရားဆိုင်တဲ့ မေတ္တာဘွဲ့ ကားလေးပါ။ မောင့်ကို ကြည့်စေချင်လို့ တနေ့ က ပြန်ဝယ်လာတာပါ။ အဲ့တာနဲ့ မောင်နဲ့ တူတူဖက်ပြီးတော့ ရုပ်ရှင်ကြည့်။ ပြီးတော့ ကလေး နှစ်ကောင် နဲ့ ပါရာဂွမ် သွားပါတယ်။ သမီးက TV သွားဝယ်တာပါ။ အစကတော့ သားက ဝယ်ဖို့နောက်တော့ သမီးက ဝယ်ဖြစ်သွားတယ်။ ထားတော့။ ပြီးတော့ sunrise taco ဆိုတဲ့ မက္ကဆီကန် ဆိုင်မှာ ညစာစားကြတယ်။





သားရိုက်ပေးတဲ့ မောင်နဲ့ ကိုယ်နဲ့ ပုံပါ။ တွေ့တယ်နော် ပိန်သွားတာ။ ပိုလဲလှလာတယ်။ ညှင်းညှင်း။





ဒါတွေကတော့ စားဖြစ်ကြတာတွေပေါ့။ မောင်ကတော့ ကြက်သားမစားလို့ ငတ်ပါတယ်။ အရှေ့ဆုံးက နာချို။ အလယ်က ဘာလဲ မမှတ်မိတော့။ နောက်ဆုံးကတော့ တာကိုပါ။

ပြီးတော့ လက်ဆောင် ဝယ်ဖို့ပြင်တော့ ကိုယ်လိုချင်နေတာ ၃ နှစ်ရှိပြီဖြစ်တဲ့ ကော်ဖီ နှပ်တဲ့ ခရား ကိုမောင်က ဝယ်ပေးပါတယ်။ ပြောထားပြီးသားပါ။ ဘာလိုချင်တယ်ဆိုတာကို။ သွားဝယ်တော့ ကိုယ့်ဘာသာပဲ သွားဝယ်လိုက် တယ်။ မောင့်အတွက်လဲ (လွယ်လွယ်) စတားဘတ်ခ် ကပဲ ဝယ်လာလိုက်တယ်။ အမှန်ကတော့ ဗီဒေး မှာ ချောကလက် ကျွေးချင်တာက အဓိကပါနော်။ (ဒီလိုပဲ ပြောရတာပေါ့ ကိုယ်က ပေါတာပဲ ဝယ်ပေးတာကိုးနော်)

TA DA .............!




အိတ်ကတော့ နှစ်အိတ်နော် ကဲ ဘာတွေပါမလဲ ကြည့်ကြရအောင်.... အသေးလေးကတော့ ဟုတ်ပါတယ် တီက မောင့်ကို ပေးတဲ့ ဗီဒေး လက်ဆောင်ပါ။
အိပ်ချလောင်း...................





ဟုတ်ကဲ့ expresso ခွက်ကလေး နဲ့ ချောကလက်ပါ။ မောင့်အတွက် က ချောကလက် ဖြစ်ပြီး ကိုယ့်အတွက်က ခွက်ပါ။ အို အပြစ်တင်မစောကြနဲ့လေ ချောကလက် က အသည်းပုံဆိုတာကော တွေ့ရဲ့လား။ ပြီးတော့ လေး ခုတောင် ဆိုတော့ တယောက် နှစ်ခု စားရတာပေါ့။ အော် ကြုံလို့ပြောအုံးမယ် အခု တော်တော်များများ သုံးကြတဲ့ အသည်းပုံဆိုတာ က တကယ်တော့ ကိုယ်တို့ လူ့ အသည်း ဆိုတဲ့ ကလီစာ စစ်စစ် ကို ပုံတူယူတာ မဟုတ်ဘဲ အရှေ့ ကို ကုန်းနေတဲ့ အမျိုးသမီး တင်ပါး ကို ပြောင်းပြန်လှန်ထားတဲ့ ပုံကို ယူထားတာပါတဲ့။ ဖြစ်တော့ ဖြစ်နိုင် တယ် အသည်းဆိုတဲ့ ကလီစာက တော့ ဒီလိုပုံမဟုတ်တာသေချာတယ်လေနော်။ မယုံကြည်တဲ့ သူများ ရှာဖွေ ဖတ်ရှုကြကုန်။ ဤကား တီချမ်းဘတ်မှတ်ထားသော ဗဟုသုတ တပိုင်းတစ မျှသတည်း။

မောင်ပေးတာကို ကြည့်ကြရအောင်နော်............ဗူး ကြီးကြီးနဲ့လာပါတယ်။ ဖောက်လိုက်တော့ ဒီလိုတွေ့ရပါတယ်။ ဗူးက သူ့ဗူး အစစ် မဟုတ်ပါဘူး။ သူ့ဗူး ရှာမတွေ့တာနဲ့ ရှိတဲ့ လက်ဖက်ခြောက်ဗူး နဲ့ ထုပ်ပေးလိုက်တာပါ။





ဒါ့တာ..............TADA.........!@@@





ဟုတ်ကဲ့ တီချမ်း လိုချင်နေတာ ကြာလှပြီဖြစ်တဲ့ ကော်ဖီနှပ်တဲ့ ဘီကာ ခွက်ကလေးပါ။ လက်ကိုင်ပါတယ်။ စတားဘတ်ခ်က ထုတ်လုပ်ပါတယ်။ ဈေးကြီးတယ် ထင်လို့ (မတန်ဘူးထင်လို့) မဝယ်ခဲ့တာပါ။ ခုတော့ သူများဝယ်ပေးတော့ တန်တန် မတန်တန် ကိုယ့်အလုပ်မဟုတ်တော့ဘူးပေါ့နော်။ နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲဖို့ ကသာ ကိုယ့်အလုပ် ဖြစ်သွားတာပေါ့နော်။ ကဲ ဒီနေ့တော့ ဒီလောက်ပဲကြွား အဲလေ.......တော်ပြီလေနော်။

အမြည်း။

နောက်နေ့ကျရင် ချက်ထားတဲ့ ယိုးဒယား မြောက်ပိုင်း စတိုင်လ် ဝက်နံရိုး ချဉ်ရည်ဟင်း ချို ကိုတင်ပေးမယ်။

နောက် တောင်းဆိုနေကြတဲ့ တီချမ်း ပိန်နည်း ကို ပြောပြမယ်။

နောက် သခွားသီး အစာသွပ် ဟင်းရည် ကို နည်းပေးမယ်နော်။

A Chen
01:08 AM
15th Feb 2012
Wednesday
Home
Bangkok

13 comments:

  1. Tell me now ... Tell me now....
    How you have lost weight ....

    ReplyDelete
  2. တီချမ်း ပိန်သွားတယ်။

    ReplyDelete
  3. ဝတာလည်း မဟုတ်ပဲနဲ့ ဝိတ်တွေ ချနေတယ်တော့။
    လှဖို့ အရေးမကြီးဘူး၊ ကျန်းမာဖို့အရေးကြီးတယ် :)

    ReplyDelete
  4. အနော ရေ ရေးပေးမယ်လေနော် ခဏစောင့်

    ဟုတ်တယ် တီတင့်ရေ နည်းနည်း ပိန်သွားတယ် ပိန်သွားဆို ၁၀ ပေါင်လောက်ကို ကျသွားတာကို

    ဒေါ်သလင်းရေ တမင်ချ တာ မဟုတ်ပါဘူး ယောက်ျား နှိပ်စက် လို့ စိတ်ဆင်းရဲပြီး ကျတာပါ ဟိ

    ReplyDelete
  5. တီချမ်း

    လှလှ

    ReplyDelete
  6. Waiting for your slimming post!!
    WD

    ReplyDelete
  7. လူကလှရက်နဲ့ ဆံပင်ပုံကြီးက ဖျက်နေတာအေ။ ဆံပင်နဲနဲ ရှည်တာက တီချမ်းနဲ့ ပိုလိုက်တယ်။ အရှည်ထားဦးနော်။
    အားကျတယ်၊ သူများတွေ ချစ်ကြ ခင်ကြတား)))

    ReplyDelete
  8. ယောက်ျား နှိပ်စက် လို့ဆိုပဲ မယုံရေးချမယုံ။ မချစ်ပြောသလိုပဲ ဆံပင် အရှည်နဲ့ပိုလိုက်တယ်။ ခုဆံပင်က ခုမှတပ်ထဲကထွက်လာသမျိုး။

    ReplyDelete
  9. Sorry ! who is T-chan ? Man or Woman?
    I saw Two men in Photo.
    ??????

    ReplyDelete
  10. ကျေးဇူး အနော

    ညကျ တင်ပေးမယ် ဝင်ဒီ

    ဒေါ်ချစ် မီးက အတိုပဲ ထားတာများတယ် တခါတလေ ရှည်နေတာ မညှပ်ဖြစ်လို့ ခုကေ က ပုံမှန်ပဲ

    အီဗီ တကယ်ပြောတာ ယောက်ျားတွေ မကောင်းဘူး

    နောက်ဆုံးက အနော နိမတ်စ် ဘယ်ကနေ စရှင်းပြရမလဲတောင်မသိတော့ဘူး
    ဟုတ်ကဲ့ တီချမ်း ဆိုတာ အခြောက်ကြီးပါ ဆံရှည်နဲ့ကောင်က သူ့လင်ပါ ကျန်တာတွေ သေချာ ထပ်သိချင်ရင်တော့ ပိုစ့်အဟောင်းတွေရှာဘတ်ပါ လို့ပဲ .....

    ReplyDelete
  11. I like your reply . Don't love too much we jealous.

    ReplyDelete
  12. ယောကျာ်းနှိက်စက်တာလား ယောကျာ်းကို နှိက်စက်တာလား တီချမ်းရယ်

    ReplyDelete
  13. အို မဟုတ်တာ နှိပ်စက်စရာလား ချစ်လို့တောင် တုန်နေတဲ့ ကိစ္စ

    ReplyDelete