Saturday, February 25, 2012

တက်ပမ်းနေပြီ

မောလှပါပြီလေ။ ဘဝကို ဒီလောက် ပင်ပင်ပန်းပန်း ရုန်းကန်ရတာ၊ တနေ့တနေ့ ဘာအတွက်လဲလို့ ကိုယ့်ကိုကိုယ် ခုတလော မကြာခဏ မေးမိနေတဲ့ မေးခွန်းတခုပေါ့။

ကိုယ်တို့တွေ နေ့တဓူဝ စားဖို့အတွက်၊ အမိုးအကာ (နေဖို့အတွက်)၊ ဝတ်ဖို့ အတွက် စတဲ့ အခြေခံ စားဝတ်နေရေး အပြင် တခြား အပို လိုချင်တာတွေအတွက် တနေ့တနေ့ ငွေနောက်ကို လိုက်နေရပါတယ်။ ကိုယ့်ကိုပဲ ကြည့်၊ နိုင်ငံရပ်ခြားမှာ မိကွဲ သူငယ်ချင်းကွဲ လာနေရတယ်။ ပြန်မေးကြည့်တော့ အလုပ်ထက် ငွေကပဲ အဓိက ဖြစ်နေတယ်။ အမှန်အတိုင်းပြောရရင် လုပ်ငန်းက လက်ရှိရုံးမှာတော့ ဒီ့ထက် ပိုတိုးတက်ဖို့ မရှိတော့ဘူး။ အဲ့တာအပြင် လက်ရှိ လုပ်နေရတဲ့ အလုပ်တွေက တနှစ်နဲ့ တနှစ် ပုံစံ တူချည်းပဲ၊ လုပ်ငန်း သဘာဝ အရ စိန်ခေါ်မှု မရှိတော့ဘူး။ ပုဂ္ဂလ အနေနဲ့လဲ တိုးတက်ဖို့ မရှိတော့ သလို အသစ် သင်ယူမှုလဲ မရှိတော့ဘူး။ ဒါပေမယ့် ကိုယ့် မပြစ်ခွာနိုင်သေးဘူး။ ကိုယ့် ဝင်ငွေ ကို မီခိုနေတဲ့ မိသားစုတွေအတွက်၊ ကိုယ့် လိုအင်တွေအတွက် ကိုယ် ဖက်တွယ်ထားရတယ်။ အဲ့တော့ ဘာဖြစ်လာသလဲ ဘဝ က ပိုပို မောလျလာတယ်။ ခုတော့ တနေ့ တနေ့ အလုပ် ကနေ အိမ်ပြန်တဲ့ အခါနွမ်းလျအိမ်ပြန် ဆိုတဲ့ စကားအသုံးအနှုန်းရဲ့ အဓိပ္ဗါယ် ကို ပိုမို နားလည် ခံစားနိုင်လာခဲ့ပြီ။

အိပ်မက်တွေလား ကိုယ့်မှာ ရှိတာပေါ့။ ရည်ရွယ်ချက် ဆိုတာ ထက် အိပ်မက် လို့ပဲ ကိုယ်က နာမည် တပ်ချင်ပါ တယ်။ ရည်ရွယ်ချက်ဆိုတာက ဖြစ်မြောက် အောင်မြင်ရမယ့် အချိန်ကာလ တခုရှိမယ်၊ အကောင်အထည် ဖော်နိုင် ဖို့ လုံလလဲ လိုတယ်။ ကိုယ်ကတော့ ဖြစ်ချင်စိတ်ပဲ ရှိတာ ဇွဲ မရှိခဲ့ဘူး။ ဖြစ်ချင်လဲဖြစ် မဖြစ်လာရင်လဲ ကျရာနေရာ မှာ အရုပ်ထင်အောင် နေခဲ့တယ်။

ငယ်ငယ်က အဆို ဝါသနာပါတဲ့ အတွက် ဝတ္ထုတွေ ဘတ်ပြီးတော့ အထဲက ဇာတ်ကောင်လို စားသောက်ဆိုင် တခု ခုမှာ သီချင်းဆိုတဲ့ လူတယောက် ဖြစ်ချင်ခဲ့ဘူးတယ်။ တနေ့လုံး အိပ်၊ စာအုပ်တွေဘတ်၊ စားချင်တာကို စားချင်တဲ့ အချိန်မှ စား၊ ထချင်တဲ့ အချိန်မှ ထ၊ အထိန်းအကွပ်မရှိတာ မျိုးမဟုတ်ဘဲနဲ့ လွတ်လပ်မှု ရှိတဲ့ ဘဝမျိုး လိုချင်ခဲ့ဖူး တယ်။ ညနေဘက်ကျတော့ ကော်ဖီဆိုင်လိုမျိုးမှာ ဂစ်တာလေးတီးပြီး သီချင်းဆို သုံးလောက်ယုံ လစာလောက်နဲ့ အသက်ရှုတာထက် အသက်ရှင်တာ ကို ပိုလိုချင်ခဲ့ဖူးတယ်။ ဆယ်ကျော်သက်အရွယ်လေ အိပ်မက် ရဲရဲမက်ခဲ့တာ
ပေါ့။ ဘဝ က ဘယ်လောက် ရုန်းကန်ရတယ် မွန်းကြပ်မှုတွေဘယ်လောက်များတယ် ဆိုတာ ဘာဆို ဘာမှ မသိခဲ့ အရာရာ ပေါ့ပေါ့တွေး ပေါ့ပေါ့နေ ခဲ့တာ။

ခုတော့လဲ ဘဝ က အရာရာ မောပန်းမွန်းကြပ်လှချည့်ရဲ့ လို့ မညည်းချင်ပေမယ့် ကိုယ်ထွက်ပြေးချင်တယ်။ လုံးလုံး
တော့ လွတ်နိုင်မှာ မဟုတ်ပေမယ့် ကိုယ်ဖြစ်အောင် လုပ်မယ်။ အနည်းဆုံး ကြိုးစားမယ်။ ကိုယ်မလုပ်ချင်တာတွေ
တော်တော်များများကို ငွေအတွက်တောင်ဖြစ်အောင် ကိုယ်ကြိုးစားခဲ့ ဖူးတာပဲ။ ကိုယ် လုပ်ချင်တာ ဖြစ်ချင်တာ အတွက် ဘာ့ကြောင့် မကြိုးစားနိုင်ရမှာလဲနော်။

ခုတော့ ကိုယ်ဆုံးဖြတ်လိုက်ပြီ။ အလုပ်ထွက်မယ်။ အိပ်မက်နောက်ကို လိုက်မယ်။ တနှစ်လောက်တော့ အနည်း
ဆုံးပေါ့။ ဖြစ်မလာတော့ကော ဘာအရေးလဲ တနှစ်လို့ ကိုယ်သတ်မှတ်ထားတဲ့ အချိန်ကုန်သွားရင် အလုပ်ပြန်ရှာ မှာပေါ့။ ကိုယ် ရည်မှန်းထားတာတွေဖြစ်မလာတော့လဲ တနှစ် ကိုယ်နားရမယ်၊ စာအုပ်တွေ ကို တဝကြီး ဘတ်ဖို့
အချိန်ရမယ်။ အေးအေး လူလူ နားရမယ် စားချင်တာတွေ ချက်စားမယ်။

ကိုယ်နားမယ်။ တကယ်ပြောတာ။ မောင်ကပြောတယ် နားတဲ့ မောင်ရှာ (လျှာ) ကျွေးမယ်တဲ့။

A Chen
4:39PM
Saturday
25th Feb 2012
Phavina Hotel,
Rayong, THAILAND

16 comments:

  1. သူများရောဘဲ။ ပင်ပန်း ပြီး ယခုလက်ရှိအခြေအနေကိုငြီးငွေ့ လှပါပြီ။
    အ လုပ်ခဏထွက်ပြီးနားချင်ပေမဲ့ လစာကောင်းတဲ့အလုပ်ပြန်မရမှာစိုးလို့  မလုပ်ရဲဘူး။ အသက်လဲ ကြီးပြီကို။

    ReplyDelete
    Replies
    1. ကိုယ်ကတော့ နိုင်ငံခြားမှာ နေရတာ ငြီးငွေ့နေပြီ။ မနေချင်တော့ဘူး။
      ပြန်ရင်လဲ ဘာလုပ်စားရမလဲ မသိတော့ ..
      မလုပ်စားတတ်တာလဲပါတာပေါ့လေ။

      အားပေးတယ်တီ။ တီ့မှာ သားသမီးမရှိတော့ လွပ်လွပ်လပ်လပ် လုပ်လို့ရတယ်။

      Delete
    2. တကယ်ပြောတာ အလုပ် ကိုထွက်မယ် တနှစ်လောက်တော့ နားမယ် စာအုပ်ဘတ်မယ် နောက်ပျင်းလာတော့လဲ အလုပ်ပြန်ရှာတာပေါ့

      Delete
  2. T chan,

    I believe every one has the same feeling especially, we all who are working in foreign country. But we still need to work to support to our love ones. Don't give up and do not feel depress. We all are the same feeling.
    You are so lucky that many ppl love U and admire U.

    Do not decide and act so soon. Better think it twice before you decide.

    ReplyDelete
    Replies
    1. hi yin

      already think twice and decided

      yes money is important but sometime in life there are things fur more important than money

      example happiness

      Delete
  3. ဘယ်လိုဖြစ်ရပြန်တာတုံးတော်။မနေ့ကမှအရမ်းလန်းပြီးတက်ကြွနေလို့ဘလော့ဖတ်ရင်းရီနေရသေးတယ်။ဒီနေ့ဘယ်လိုဖြစ်ရပြန်တယ်မသိတီချမ်းမပာုတ်တဲ့အတိုင်း။မောင်တယောက်လုံးရှိသားနဲ့။မြကျေး

    ReplyDelete
    Replies
    1. လန်းဆမ်း တက်ကြွနေဆဲပါ မမြကျေးရဲ့

      အစီအစဉ်ကိုပြောတာ

      Delete
  4. I agree that we have this feeling working many years in overseas.
    Either boring or stress we have.
    But still have no choice.
    I totally understand your feeling

    ReplyDelete
  5. မဲဆောက်ကို တိတ်တိတ်လေး သွားပြီ ပြန်လာပြီ ဟဲဟဲ
    တီ့စိတ်ကူးနဲ့ အိုင့်အကြံအစည်ကတော့ နီးစပ်နေပြီ :P

    ReplyDelete
    Replies
    1. ဘာသဘောလဲ ဒေါ်သလင်း သူများ အကြံအစည်တွေကို ခိုးဖို့ကြံနေတာလား ဟွင်း

      Delete
    2. ခရစ္စတလ်February 26, 2012 at 3:21 PM

      အကြံတူရင် နောက်လူသာစမြဲတဲ့ တီ
      အဟစ် :P

      Delete
    3. အော် ဒီလိုလား နောက်ကို အိုင်ဒီယာတွေ လုံးဝ လုံးဝ မပြောပြတော့ဘူး လူဆိုးမကြီးရဲ့ ဟွန့်

      Delete
  6. အတူတူတွေပါပဲလား တီချမ်း

    ReplyDelete
  7. တီရေ
    ညနေဈေးတန်းလေးကိုပတ်ပြီး ညနေစာဝယ်ဖို့ လိုက်ကြည့်မိတယ်။ ကိုယ်စားချင်တဲ့ အစားအသောက်ဆိုတာ ရှားပါးလိုက်တာလေ။ ဘတ်စ်ကားပေါ်တက်စီးမိတော့လဲ ဖွင့်ထားတဲ့သီချင်းကလဲ ကိုယ့်ဂီတမဟုတ်၊ ဘေးနားမှာပြောနေကြတာကလဲ ကိုယ်နားမလည်တဲ့ စကား။ ကျွန်တော်လဲ တီ့လိုပဲ အရမ်းညည်းငွေ့မိနေပြီဗျ။ (မနက်ဖြန် မန်းဒေး ဟူးးးးးးးးးးးးးးးးးးး)
    တီပျော်ရွှင်ပါစေ။ ရွေးချယ်လိုက်တဲ့ လမ်းအသစ်မှာလဲ အောင်မြင်ပါစေ။ (အားရင် တနေ့ ပိုစ့်တစ်ခု တင်ရမယ်ဆရာ။)
    (လီယို)

    ReplyDelete
  8. ပုံမှန်လာဘတ်မယ် ဆိုရင် ရေးမှာပေါ့ ခြင်္သေ့လေးရယ်

    ReplyDelete
  9. နေ့တိုင်းလာဖတ်ပါတယ် တီရ။ ကွန်မန့်သာ မချန်ဖြစ်တာပါ။
    (လီယို)
    အမည်မသိရှေးစာဆိုများကို လက်မခံတော့ပါဆိုသောကြောင့် အကောင့်ဖြင့် မန့်သွားပါသည်။

    ReplyDelete