
ဒစ်စနေဆိုတာ ဟိုး ၁၉၃၇ ခုနှစ် စနိုးဝှိုက် မနှင်းဖြူကလေးနဲ့ မိတ်ဆက်ပေးရာကနေ ခုထိ ကမ္ဘာတလွှားမှာ မင်းသမီး ကာတွန်းဆိုရင် သူတို့ကပဲ မူပိုင်ဆွဲထားသလို မင်းသမီးဆိုရင် ဒစ်စနေမှ ဆိုတဲ့ အထိဖြစ်ခဲ့ ရေပန်းစားခဲ့ ထုံးစံတွင်ခဲ့တာပါ။ မိန်းကလေး ပျိုပျို အိုအို ရွယ်ရွယ် ငယ်ငယ် ကြိုက်တဲ့ သူမေးကြည့် သူ့အကြိုက် ဒစ်စနေ မင်းသမီး တယောက်မဟုတ်တယောက်ကတော့ ရှိကိုရှိရမယ်။ တခြား ကုမ္ဗဏီတွေကလဲ မင်းသမီး ကာတွန်းကားတွေ ရိုက်ပါတယ် (ဥပမာ ၂၀ ရာစု မြေခွေးတွေရဲ့ အနားစ်တေးရှ မင်းသမီးလေး လိုမျိုး....New line SONY ကနေထုတ်တဲ့ ငန်းမင်းသမီးလေးလိုမျိုး နောက်ရှိသေးတယ် မယ်လက်မမင်းသမီးလေးလို့ ခေါ်တဲ့ သမ်ဘဲလင်နာ အဲ့တာလဲ မြေခွေးကနေထုတ်တာပဲ) ဒါပေမယ့် ဒစ်စနေကိုတော့ မင်းသမီးနဲ့ ပတ်သက်လာရင် ဘယ်သူမှ မမီဘူးပဲ ပြောရမယ်။




ဒစ်စနေကနေ ခု နောက်ဆုံး ကိုယ်တို့ နဲ့ မိတ်ဆက်ပေးမှာကတော့ မင်းသမီး အသစ်ကလေး ရစ်ပန်ဆဲလ် ပဲ ဖြစ်ပါတယ်။သူက ဘာတွေထူးခြားသလဲ ကြည့်ရအောင်.....(ပထမဆုံး အချက် ထူးခြားမှုက ဘာလဲဆိုတော့ ဒီအချက်က ရစ်ပန်ဆဲလ်အတွက်မဟုတ်ဘဲ ဒစ်စနေအတွက်ပါ) ရစ်ပန်ဆဲလ် က ဒစ်စနေရဲ့ ပထမဆုံး ကွန်ပျူတာ အန်နီမေးရှင်းပါ အရင်ဟာတွေက လူတွေနဲ့ပဲဆွဲတာ ဒီတခုကတော့ လူကိုအမှီပြုပြီးတော့ ကွန်ပျူတာနဲ့ လုပ်ထားတဲ့ အန်နီမေးရှင်းပေါ့။ အဲ့တာ တခုထူးခြားချက်ပါ။ သူ့ကို အသံသရုပ်ဆောင်တဲ့ မန်ဒီမိုး ကိုပုံစံယူပြီး အက်ရှင်တွေဘာတွေအမူအရာတွေကအစပေါ့ အန်နီမေ့တက် လုပ်တယ်ဆိုပါတယ်။ စိတ်ဝင်စားစရာနော်။ တကယ်လဲ အခွေတွေပြန်ကြည့်တော့ သူက ပိုပြီး အသက်ဝင်ပါတယ်။ နည်းပညာရဲ့တိုးတက်မှုတွေပေါ့လေ။ ထားတော့။

နောက်ပြီးတော့ ရစ်ပန်ဆဲလ် ဟာ မင်းသမီးတွေထဲက ခွဲထွက်တဲ့ တောရိုင်းပန်းလေးတပွင့်လိုပါပဲ။ ဒစ်စနေက ထွက်ခဲ့သမျှ မင်းသမီးတွေထဲမှာ သူက ပရိုအက်တစ်အဖြစ်ဆုံးပါ။ သူ့ရဲ့ထူးခြားမှု က ဘာလဲဆိုတော့ သူက ဒစ်စနေရဲ့ တခြားမင်းသမီးတွေနဲ့မတူဘဲ နန်းတော်ထဲမှာ အနမ်းနဲ့လာနိုးမယ့် မင်းသား အလာကို စိတ်ရှည်လက်ရှည် အိပ်ပြီးတော့ ထိုင်စောင့်နေတာမျိုးမဟုတ်ပါဘူး။ သူက ပိုပြီးတော့ သွက်လက် ထက်မြက်ပါတယ်။ ဆော်စရာရှိရင်လဲ ဆော်လိုက်တာပဲ ဆိုတာမျိုးပေါ့။ သူက သူခိုးချောချောလေးကို မြူဆွယ်ဖျားယောင်းပြီးတော့ သူသွားချင်တဲ့ဆီကို တောရိုင်းခရီးကြမ်း ကိုကျော်ဖို့ လိုက်ပို့ခိုင်းသေးတာပါ။ စွန့်စားမှုရှိတယ်ပေါ့။ အဗန်ချရပ်စ် ဖြစ်တာပေါ့။

နောက်ပြီး သူ့ဆံပင်ရှည်တွေက အလှကြည့်ဖို့နဲ့ ဖီးဖို့ တခုတည်းမဟုတ်ပါဘူး။ အပေါ်တက်အောက်ဆင်းလုပ်တဲ့အခါ ဘာညာတွေမှာလဲ ကရိယာ တခုအနေနဲ့ သုံးနိုင်သလို ရန်သူတွေနဲ့ ရင်ဆိုင်တွေ့ဆုံတဲ့အခါလဲ လက်နက်အဖြစ်သုံးနိုင်ပါသေးတယ်။ နောက်ပြီး ဆံပင်ကိုဖီးသင်ရင်း သီချင်းလေးများဆိုလိုက်ရင် ဒဏ်ရာတွေကို သက်သာစေနိုင်ယုံမက အသက်ရှည်ပြီး နုပျိုစေသေးတာလေ။

အရင်တခါကလဲ ရစ်ပန်ဆဲလ်ရဲ့ ဇာတ်ဝင်သီချင်းကို ရေးထားတာ တခုရှိပါတယ်။ ဒီမှာပါ။
နောက်နေ့မှ နောက်မင်းသမီးလေးတွေကိုဆက်လက်ဖော်ပြမယ်နော်။ စတေးကျွန်း......
A Chen
12:30 PM
1st Feb 2012
Wednesday
Home
Bangkok
အဲကားတွန်ူး အတော်သဘောကျတယ် .. မြင်းကြီး မက်ဆီးမက်စ်ကလည်း သိပ်ရီရတယ် မျက်နှာ အမူအရာ
ReplyDeleteဟုတ်တယ် ဗစ် တီလဲ ကြိုက်တယ် နောက် မင်းသမီးလေးတွေ စောင့်ဘတ်အုံးနော်
ReplyDelete"ဒစ်စနေက ထွက်ခဲ့သမျှ မင်းသမီးတွေထဲမှာ သူက ပရိုအက်တစ်အဖြစ်ဆုံးပါ။ သူ့ရဲ့ထူးခြားမှု က ဘာလဲဆိုတော့ သူက ဒစ်စနေရဲ့ တခြားမင်းသမီးတွေနဲ့မတူဘဲ နန်းတော်ထဲမှာ အနမ်းနဲ့လာနိုးမယ့် မင်းသား အလာကို စိတ်ရှည်လက်ရှည် အိပ်ပြီးတော့ ထိုင်စောင့်နေတာမျိုးမဟုတ်ပါဘူး။ သူက ပိုပြီးတော့ သွက်လက် ထက်မြက်ပါတယ်။ ဆော်စရာရှိရင်လဲ ဆော်လိုက်တာပဲ ဆိုတာမျိုးပေါ့။ သူက သူခိုးချောချောလေးကို မြူဆွယ်ဖျားယောင်းပြီးတော့ သူသွားချင်တဲ့ဆီကို တောရိုင်းခရီးကြမ်း ကိုကျော်ဖို့ လိုက်ပို့ခိုင်းသေးတာပါ။ စွန့်စားမှုရှိတယ်ပေါ့။ အဗန်ချရပ်စ် ဖြစ်တာပေါ့။" ....
ReplyDelete....
ကြိုက်တယ် တီချမ်း။
နောက် ဆက်ရန် တွေမျှော်နေတယ်။
မျှော်ရတာတော့ နည်းလန့်တယ်။ အရင်တုန်းကဟာတွေလဲ ဆက်မရေး။း))
ဟုတ်ပါ့ ဂျူ ဆော်ရီးပါအေ
ReplyDeleteခုတော့ အလုပ်ထွက်ပြီး ရင် တနှစ်လုံး စာရေးစာဘတ်တဲ့ အလုပ်ပဲ လုပ်ဖို့ စဉ်းစားထားတယ်
အဲ့တော့ နောက်ကျရင်သာ ဘတ်ရလွန်းလို့ မပျင်းနဲ့
အဲလက်စ်နဲ့ ရိုစီ ကော သက်တံ့တွေပေါ်မှာကော အကုန် ပြန်ရေးမယ်
ကေနော်
ဟုတ်ပါဘီလေ ကေ လိုက်ပါဘီး))
ReplyDeletejr