Tuesday, May 5, 2009

ပြယုဂ်(ဟိုတစ်စ ဒီတစ်စ ချစ်ခြင်းတွေ)

ပြယုဂ်

လမ်းခွဲကြပြီးပြီဆိုရင်
ပျော်ရွှင်စရာဆိုတာကျန်ပါအုံးမလား
ပျော်ရွှင်တယ်ဆိုတာ
ခံစားမှု ပြယုဂ် တခုပါ
အချိန်ကာလ ရဲ့ပြယုဂ် တခုမဟုတ်ပါဘူး
(ကြောင်ချစ်မိတဲ့ ပျော်ရွှင်ခြင်းကို ငါးကဘယ်လိုသိပါ့မလဲ)

5 comments:

  1. လမ်းခွဲပြီးဆိုမှတော့ နာကျင်မှုတွေမခံစားချင်လို့ နောက်ထပ်အပျော်ကိုပဲရှာချင်လို့လမ်းခွဲကြတာလေ
    ဒါကြောင့်လမ်းခွဲရင်အပျော်ဆိုတာထပ်ရှိအုန်းမှာ
    ခံစားရခဏပေါ့
    ကြောင်ရဲ့ပျော်ရွှင်ခြင်းဆိုတာဘယ်လိုမျိုးလဲ
    ငါးကရောဘာကိစ္စနဲ့သိစရာလိုလို့လဲ

    ReplyDelete
  2. ၀မ်းနည်းခြင်းတွေကလည်း ခံစားမှု ပြယုဂ် မဟုတ်လား။ အချိန်က ကုစားသွားမှာပါ။

    ReplyDelete
  3. တီရေ .... လမ်းခွဲလို့ နာကျင်တဲ့ ခံစားမှုကို ကာယကံရှင်ကလွဲရင် ဘယ်သူသိနိုင်မှာလဲ။ အချိန်ဆိုတာကို ယူဖို့ နားလည်မှုပေးနိုင်တဲ့သူ လိုတယ်တီရယ်....

    ချစ်တူမ
    တီခေါ်တဲ့ မိရောင်

    ReplyDelete
  4. တအားကြီးကို နားမလည်ဘူး။
    တော်တော်ကို နားမလည်ဘူး။
    e လို ရေးပြီး လင်းစမ်းပါဦး။

    ReplyDelete
  5. ကြောင်က ကုန်းပေါ်မှာ နေတယ် .. ငါးကရေထဲမှာ နေတယ် ... သူတို့ ၂ ယောက်က သဘာဝချင်း မတူ .. ဒါတင်ပဲလား လူအချင်းချင်းတောင် တစ်ယောက်ခံစားချက်ကို တစ်ယောက် မသိနိုင်တာ ... ကြောင်ရဲ့ပျော်ရွှင်ခြင်းကို ငါးမသိနိုင်ခဲ့တာလည်း သူ့မှာ အပြစ်ရှိတယ်ရယ်လို့ မထင်မိပါဘူး ... ရေးသားသူ တီချမ်းသာလျှင် အပြစ်ရှိသည် :D

    ReplyDelete