တီချမ်း ၂၀၁၁ နယူရီးယား ရီစလူးရှင်း အပ်ဒိတ်
၁၄-၂၇ ဖေဖော်ဝါရီ ရန်ကုန် သွားပါမယ်
၁၈-၂၁ ပုဂံ ထရက်ရှာ ဟိုတယ် မှာ နှပ်ပါမယ် ဓါတ်ပုံရိုက်မယ် ယဉ်ယဉ်ဆိုင်မှာ တိုးတိုးဆိုင်မှာ ထမင်းသွားစားမယ်
ရန်ကုန်ရောက်လျင် စားရန် အစားအသောက် စာရင်း
- စကော့ဈေး တံတားအောက်မှ ကြာဇံ ဝက်သား
- စကော့ဈေး အက်ဖ်အမ်အိုင်ရှေ့နား ညနေဈေးမှ စလေဇီးသီးယို
- မြေနီကုန်း ပဒုံမာ ပန်းခြံနားမှ အဖိုးကြီး ဝက်သားတုတ်ထိုး
- သမိုင်းလမ်းစုံ စွဲလမ်း ကြေးအိုး (ဆီချက်)၊ ဖက်ထုပ် ဆီချက်
- အိမ်အောက်ဈေးလေးမှ အသုပ်စုံ
- အိမ်နား လက်ဘတ်ရည်ဆိုင်မှာ ခေါက်ဆွဲသုပ်
- ဟက်ပီး ရှမ်းခေါက်ဆွဲ
- မြေနီကုန်း ဈေးလမ်း (အပေါ်မှ) မလိခူး ဗန်းမော် မျှစ်ချဉ် ခေါက်ဆွဲ
- ပဒုံမာ လမ်း ရွှေမြို့တော် ချစ်တီးထမင်း၊ လက်ဘက်ရည်
- လသာလမ်း သက်သတ်လွတ်
- ၁၂ လမ်း ကော်ရည်ခေါက်ဆွဲ၊ ဝက်ခေါင်းသုပ်၊ မာလာဟင်း
- ၉ လမ်းထိပ် မြိတ်ကပ်ကြေးကိုက်
- သံဈေး နန်းကြီးသုပ်
- လမ်းမတော် ဂဏန်း ကော်ကြော်
- တိုကျို ကြက်ကြော်
- ဝါးတန်းလမ်း ကြက်ကြော် ဆီထမင်းနယ်
- တရုတ်တန်း ဝက်သားပေါင်း၊ ကောက်ညှင်းထုပ်၊ တုတ်ထိုး
- ၁၉ လမ်း အမဲအူပြုတ်
- လမ်း ၂၀ ငါးရံ့၊ ဘဲသားဆန်ပြုတ်၊ ကြက်ခြေထောက်သုပ်၊ပဲသွေးသုပ်
- ၁၉လမ်း ကွေကာအုတ်၊ ကြက်ဥပေါင်း
- လသာ နွားနို့ အီကြာကွေး
- ကာကာ ဆိတ်သား ခါးပတ် ပလာတာ
- မြေနီကုန်း ဂမုးန်ပွင့်ဘေးကလမ်း (နာမည် မမှတ်မိ) ကြာဇံသုပ်
- မြေနီကုန်း ပလာဇာ ရှေ့က မုန့်ဟင်းငါး၊ အုန်းနို့ခေါက်ဆွဲ
- ၃၇ လမ်း ၂၀၃ ထမင်းဆိုင် မှ ဆိတ်သားဆီချက်၊ ဝက်ခေါင်းသုပ်၊ ပဲကြီးနပ်၊ ချဉ်ရည်ဟင်း
- စကေားဈေး အနောက်ဘက် အောင်မင်္ဂလာ အမဲလုံးခေါက်ဆွဲ
- အက်စ်အက်စ်စီ မျက်စောင်းထိုးလမ်းနားက (လမ်းနာမည် မမှတ်မိ ဦးချစ်မောင် လမ်းဘက်ကဝင်ရင် တော့ကြေးအိုး လမ်းနဲ့ နှစ်ဘက်ပေါက်တဲ့လမ်း) ဝက်ခေါင်းသုပ်၊ဝက်ခြေထောက်စွပ်ပြုတ်
- စဉ့်အိုးတမ်းလမ်းက ကြာဇံဆီချက်၊ ကန်စွန်းရွက်သုပ်၊ စတော်ဘယ်ရီဒိန်ချဉ်ဖျော်ရည်၊သီးစုံ ယူအက်စ်အေ၊ သင်္ဘောသီး ဖျော်ရည် မလိုင်များများ
- နဝဒေးလမ်း က ရည်းစားဟောင်း ရှမ်းခေါက်ဆွဲဆိုင်က ဟင်းထုပ်
- ၃၇ လမ်း အလယ်ဘလောခ် နမ့်ခမ်း ထမင်းဆိုင်က ပုံစား
- ဆိပ်ကမ်းသာလမ်း ကျိုင်းတုံ ၇၈၆ ထမင်းဆိုင်က ကြက်ခြောက်စပ်ကြော် နဲ့ မှိုကန်စွန်း
- ဆိပ်ကမ်းသာ အောက်ဘလောခ် က မုန့်ဟင်းခါး
- ပဒုံမာ ပန်းခြံထောင့် က ထမင်းပေါင်း၊ ဝက်ခေါင်းသုပ်၊ စွပ်ပြုတ်
- လမ်းမတော် ထိပ် ဝက်သား သုံးထပ်သား ထမင်းကြော်
- မြေနီကုန်း ကြက်လျာစွန်း ဒံပေါက်၊ ဆူးလေ နီလာ ဒံပေါက်
- ၉လမ်း ထိတ်နားက လက်ဘက်သုပ်
- အဝိုင်းထိတ် ရခိုင်မုန့်တီသုပ်
- ဈေးကွေ့ မုန့်ဟင်းခါး၊ အုန်းနို့
- လှည်းတမ်း ညီအမ ကြာဇံချက်၊ ရှောက်သီးသုပ်၊ ထမင်းသုပ်
- ဖီးလ် ထမင်းသုပ်
- ရွှေပုစွန် ဖာလူဒါ၊ စတော်ဘယ်ရီ
- ၁၃ လမ်း ဒိန်ချဉ်
- ရွှေတောင်တန်းလမ်း ဒေါ်ချွန်း မျှစ်ချဉ် ကော်ပျံ့စိမ်း
- ရွှေတောင်တန်းလမ်း အလယ်ဘလောခ် ဝက်ခြေထောက် ခေါက်ဆွဲ
- လသာ ရွှေလိပ်ပြာ ဖက်ထုပ်ကြော်
- ဆောက်လုပ်ရေးမှတ်တိုင် နဝဒေးလမ်းထိပ် the Ritz cafe' က အားလူးကင်၊ ကော်ဖီ၊ ပေါင်မုန့် ပုစွန် နှမ်းကပ်
- စိတ်တိုင်းကျ ဆိတ်စွပ်နံပြား ကြက်သားပလာတာ
- စမူဆာ
- အောင်သုခ မြန်မာထမင်းဆိုင်
- မြေနီကုန်းဦးပြောင်
- ရန်ကင်း ဆယ့်နှစ်လုံးတန်း စံပယ် ဆီချက် ဆန်ပြုတ်
- အနောက်ရန်ကင်း စက်မှုတစ် ကွေ့ ကီးမားပလာတာ
- .....
လောလောဆယ် သတိရတာတွေ အရင်ရေးထားတာ နောက် သတိရရင် ထပ်အပ်ဒိတ် လုပ်ပါမယ် ….
A Chen
8:27 PM
14th Jan 2011
Friday
Home
Bangkok
သတိ - လူကြုံမှာမည့်စာရင်းအား အီးမေးမှ ပို့လိုက်မည်ဖြစ်သည်။ ဒန် တန် တန်......
ReplyDeleteHow about Dan Pauk ? Nat thot dar Dan Pauk....
ReplyDeleteKone Htet Chicken Rice with Ice- Cream...
I still think of going home.... one day pop....
Wish you have a nice trip,
LOVE
Diamond
hummmm... i am not sure u would make all of it. wanna bet?
ReplyDeleteစောင့်ကြည့်လေ
ReplyDeleteဓါတ်ပုံတွေ နဲ့ တကွ ပြန်လည်တင်ပေးပါမယ်
ဟိဟိ
တော်သေးတယ် အင်မတန် အရသာရှိသော seafood ထမင်းကြော်နဲ့ ထောပတ်သီးဖျော်ရည် စားပြီး သောက်ပြီးကာစ ဖတ်မိလို့။
ReplyDeleteညွှတ်ချွာဇျား...၊ကျွန်တော်တော့ အိမ်ပြန်ရောက်ရင် ငါးခူငပိချက်ပဲစားဖို့စဉ်းစား
ReplyDeleteမိတယ်...:)
စားချင်တာတွေ မနည်းပါလား.. တို့လည်း စားချင်တယ်.. ပြန်တင်ပေးမယ့် ပုံတွေကို မျှော်နေမယ်နော်.. :)
ReplyDelete