ဟင်းချက်တာချည်းပဲ ရေးခိုင်းနေကြလို့ ဟင်းတွေချည်းချက်လိုက်တာ တခြားတောင် မရေးတတ်သလိုဖြစ်နေပြီ။
နန်းညီ က စနပ်ရှော့ပ် လုပ်လိုက်တော့ ကိုယ်လဲ ကိုယ့် အတွေးထဲမှာ ဝင်နေတဲ့ အရာတွေကို ခါထုတ်လိုက်ချင်တယ် စာဘတ်သူကြီး ရဲ့အမြင်လဲသိချင်တာပေါ့။
လောလောဆယ် ကိုယ့်အမျိုးတယောက် ဘန်ကောက်မှာ ကင်ဆာ လာကုနေပါတယ်။ အခြေအနေကတော့ သိပ်မကောင်းပါပေါ့။ မိသားစုကလဲ သိထားပါတယ်။ လူနာ ကို မခံစားစေချင်တာပါပဲ။
တွေးမိတာတွေက ကိုယ်တို့ တွေ နေ့တဓူဝ အလုပ်တွေ လုပ်၊ အိပ်၊ စား၊ နေ နေကြတာ သေခြင်းတရား ကိုမေ့နေသလိုပဲ။ ကိုယ်ဆို ၂၀၀၃ က သေခြင်းတရားနဲ့ တော်တော် နီးနီး ကိုရောက်ဖူးတာပါ။ ခုတော့လဲ မေ့နေသလိုလို ကိုယ်ပဲ ဘယ်တော့ မှမသေတော့မလို (သေခြင်းတရား ကို မေ့နေတာကို ပြောပါတယ်)
စကားပြန်ဆက်ပါမယ်
ခုန က အမျိုး....
အင်း ပြောချင်တာ က လူတွေပါ ကိုယ့်မိသားစု ထဲမှာ တယောက်ယောက်က နာတာရှည် ဖြစ်နေပြီ ဆိုပါတော့
မနေရတော့ဘူးလဲသိတယ် ဒါပေမယ့် ကျန်နေမဲ့ မိသားစုက ကုချင်ကြတယ် လူနာ ကိုလဲ မကုချင်ဘူး သေမှာဘဲ လို့ ဘယ်လိုပြောထွက်မလဲနော် (ကိုယ်စဉ်းစားမိတာလေးတွေပါ ကိုယ့်အမျိုးမိသားစု ကိုမဆိုလိုသလို ဘယ် မိသားစု တခု ကိုမှလဲ ပါတစ်ကူလာလီး မပြောချင်ပါဘူး ကိုယ့်အတွေးသက်သက်ပါ)
မိသားစုကတော့ စိတ်ထဲမှာ ဂေးလ်တီ မဖြစ်ချင်ကြဘူးလေနော် အော် ငါတို့ လုပ်ပေးနိုင်သမျှ တော့ လုပ်ပေးရမှာဘဲ ဝတ္တရား ဆိုတာကလဲ ရှိသေးတယ် နောက် ဘယ် မိန်းမယောက်ျားကများ ကိုယ့် ချစ်တဲ့ သူတယောက် ရောဂါ ခံစားနေရချိန်မှာ ကိုယ်တတ်နိုင်သမျှ မလုပ်ပေးချင်မလဲနော် သားသမီးတွေကလဲ တတ်နိုင်သမျှ လုပ်ပေးလိုက်ချင်မှာပေါ့.....ဒါကတော့ လူလိုတွေးတာပါ လူတွေးတွေတာပေါ့
ခုပြောမယ့်ဟာကတော့ ကိုယ့် ပုဂ္ဂလိက အတွေးပါ စာဘတ်သူလဲ ပြောချင်တာရှိရင် ကွန်မန့် မှာ ရေးခဲ့ပေါ့ တကယ်က ဖိုရမ် သေဘာမျိုးလေး ဆွေးနွေးကြည့်ချင်တာပါ အမြင်တွေ မတူညီတဲ့ အမြင်တွေ ကို နားထောင်ကြည့်ချင်တာ ပါ
ကိုယ့် တသီးပုဂ္ဂလ အမြင်အရ ပြောရရင်တော့ သေမှာလဲသိနေတယ် (တတ်နိုင်သမျှ ဆွဲဆန့်ချင်တာ က တပိုင်း)
ဒါပေမယ့် ကိုယ်က သွားကို သွားရမှာပဲ အနှေးနဲ့ အမြန်ပဲ ကွာမယ် ကိုယ်လဲ လူ့လောက မှာ နေသင့်သလောက် (ခုဆို ၅၀ ၆၀ တန်းပေါ့) နေခဲ့ပြီးပြီ ဆိုရင် မဖြစ်မနေ ရသလောက် ကု ကို ကု အုံးမယ်ဆိုတာ အတ္တကြီးတာ သက်သက်ပဲ လို့ မြင်တယ်
မြင်ဖူးပါတယ် ကိုယ်တို့ ပတ်ဝန်းကျင်မှာ နာတာရှည်ဖြစ်နေတာ ကြာလှပြီ မိသားစုကလဲ ကုတယ် အိမ်တွေ မြေတွေရောင်းပြီးတော့ ရှိရှိသမျှ ကုန်တဲ့ အထိ ကုတယ် နောက်ဆုံးတော့လဲ သေတာပဲ အဲ့တော့ ကျန်ခဲ့တဲ့ မိသားစုမှာ ဘာဆို ဘာမှ မကျန်ခဲ့ဘူး ကံဆိုးရင် အကြွေးတွေပဲ ကျန်ခဲ့တဲ့ အထိတောင် ဖြစ်နိုင်တယ်
အဲ့လိုမျိုးဆိုရင် ကိုယ်သာဆိုရင်တော့ မကုတော့ဘူး တကယ်ပြောတာ ကိုယ် အသေခံမယ် သေတာ မထူးဆန်းပါဘူး ပြင်ဆင်ထားဖို့ သာလိုမယ် ကိုယ်က တော့ အရင်တခါက ကိုယ့်ကို ကိုယ် သေလူ လို့ သတ်မှတ်ထားခဲ့ဘူးလို့ များ ဒီလို အတွေးတွေ စကားတွေ ပြောနေတာလား လို့လဲ တွေးမိပါတယ်
တခါတခါကျတော့လဲ ကိုယ်ဘာလို့လူသား သိပ်မဆန်တာလဲ လို့ တွေးမိတယ်
တခါတခါကျတော့ ဖြစ်သင့်တာ ကိုပဲ ဦးစားမပေးသင့်ဘူးလား
သေမယ့် လူက သေမှာပဲ ကျန်ခဲ့တဲ့ လူတွေအတွက် ပိုမစဉ်းစားသင့်ဘူးလား ကိုယ်ကပဲ အတ္တကြီးတာလား စာနာစိတ်မရှိတာလား ပရယ်တီကယ် ကျတာလား
ပြောရမယ် ဆိုရင်တော့ အရှည်ကြီးပါ ပြောချင်တာ ကို ပေါက်မယ် ထင်ပါတယ် တီချမ်းစာဘတ်ရင် အိုင်ကျူကတော့ မြင့်ပြီးသားပဲလေနော်
ဒါပေမယ့် တရားတယ်ဆိုတာလဲ ဘယ်ရှု့ထောင့်ကနေကြည့်ပြီ ပြောတာလဲဆိုတာ အပေါ်မူတည် တယ်ပေါ့
လူနာ အတွက်တရားသလား ကျန်ခဲ့တဲ့ မိသားစု အတွက် ကော တရားသလား ဘာဘာညာညာ လျောက်တွေးကြည့်တာပါ
ကဲ စာဘတ်သူလဲ ဝိုင်းတွေးပါအုံး
A Chen
3:52 PM
28th Jan 2011
Friday
Bangkok
Friday, January 28, 2011
Subscribe to:
Post Comments (Atom)
အမှန်တော့ အဲဒါ ဘာမှသိပ်အများကြီး တွေးစရာမလိုဘူး။ ဘာလို့ဆို ကိုယ်ရေးကိုယ်တာကိစ္စတွေ... မင်္ဂလာဧည့်ခံပွဲလုပ်သလိုပဲ။ ဒီကိစ္စလည်း ဒီသဘောပဲ။ လူနာနဲ့ လူနာရှင် နှစ်ဦးနှစ်ဘက် ကျေနပ်ကြရင် ပြီးတယ်။ ဘာပဲဖြစ်ဖြစ် အပြစ်တင်ဖို့ ခက်တယ်။ တကယ်က ဘာကိုပဲ ရွေးရွေး အပြစ်တင်ဖို့ကို အကြောင်းမရှိတာ။
ReplyDeletemercy killing လို ကိစ္စမျိုးမှာတောင်မှ (ဗုဒ္ဓဘာသာတယောက်အနေနဲ့တောင်) ရွေးချယ်လိုက်တဲ့ လူနာရှင်တွေကို ဝေဖန်ညွှန်ကြားစရာမရှိလို့ ထင်တယ်။ အကောင်းပကတိ မဖြစ်နိုင်တော့တဲ့ လူတယောက်ကို ဆေးကုတဲ့ကိစ္စမှာ ငွေရေးကြေးရေးကစလို့ နောက်ဆက်တွဲအကြောင်းတွေ ဘာမှထပ်မပါဘူးဆိုရင်တော့ တမျိုးပေါ့။
ဒီလိုပဲ အကြွေးတင်ခံပြီး ကုချင်ကြတယ်၊ ကုခဲ့ကြတယ် ဆိုလည်း သူတို့ချစ်ခင်တဲ့လူတယောက်အတွက် သူတို့အနာဂတ်နဲ့ရင်းပြီး အစွမ်းကုန်လုပ်ပေးလိုက်တယ်လို့ ကျေနပ်လိပ်ပြာသန့်ချင်စိတ်ကို ဝေဖန်စရာမရှိ။
Yes, It is definitely right. First of all, no one wants to feel guilty ( especially lost of someone ), and Unfair for the patient (he/she wishes not to treat or wishes to treat with advanced care Center like BKK, SG )
ReplyDeleteSo, like in Western countries and A+NZ, People use own income, no one support each other ( even Husband and wife )they use their own money. Therefore, freely decide that do not treat with Advanced Care ( sometimes in case of Emergency, DNR ( Do not Resuscitate )planned in advance.
Although Government support enormously on Health Care System,Individual has right to continue treatment or not .
But for us, especially Asians, think the best way for our beloved ones, not even think of the person how he/she feels badly receiving various treatments.
Often, we face so hard to decide, we should stop the continuing treatment or not.
If we substitute ourselves in these situation,How can we decide unbiased ? So hard to do so.
The last, but not the least, In my view is that only depends on individual cases,no hard and first rules.
I am just simply expression of my thoughts, unbiased and free from my profession as well as my experiences.
Diamond
nye: မန့်လို့တော့မရဘူး
ReplyDeleteဟုတ်တယ်..
ညီညီသာ သေမယ့်ရောဂါဖြစ်နေရင်
သေမှာ သေချာနေရင်
ကုမနေတော့ပါဘူး
ဝေဒနာခံရမှာတော့ ကြောက်တယ်
ဝေဒနာ မချိမဆန့်ခံရဖို့ မဟုတ်ဘဲ သက်သာအောင် လုပ်လို့ရသလောက်တော့ လုပ်ချင်သေးတယ် (သေမှသာ ဒီခန္ဓာကြီးက ညီ့ဟာမဟုတ်တော့မှာလေ.. မသေခင်ခံရမှာကတော့ ကိုယ်ကိုး)
ပြီးတော့
ကိုယ့်ကို (သေမယ့်အရေးကို) ငွေကုန်ကြေးကျတွေခံပြီး ကုလိုက်လို့ ကျန်ခဲ့မယ့်လူတွေ မွဲပြာကျကျန်ခဲ့မှာကြီးတော့
လက်မခံနိုင်ပါဘူး
ကိုယ်ခန္ဓာကို လှူဖို့ ပြင်ဆင်နေတာဆိုတော့
သေတာနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အလောင်းလာယူသွားလိမ့်မယ်
မိဘတွေ မိသားစုတွေ သက်သာဖို့ပဲ..
ဒါလောက်ပါပဲ
Sent at 3:58 PM on Friday
nye: မန့်လိုက်လား
အင်း
ReplyDeleteညီ့ ကိုသာဓု ကြိုခေါ်လိုက်မယ်
ကိုယ်လဲ အရင်က သေရင် ခန္ဒာ ကိုယ် ကိုလှူ ချင်ခဲ့တာ
ခုတော့ လှုလို့ မရတဲ့ ခန္ဒာ ကိုယ်ကြီး နဲ့ ကျန်နေပြီ
(စကားမစပ် ဓ ကို န အောက်မှာ MAC နဲ့ ဇော်ဂျီ နဲ့ရေးမရပါ
သိရင် ပြောပြပါ)
ကျွန်တော်သာလူနာဆိုရင်တော့ ကုဘူး....၊အသေခံမယ်...။သေ့မယ့်တူတူ ဘာလို့ ပိုက်ဆံထပ်ဖြုန်းဦးမလဲ...။အဲ....ကိုယ်ချစ်ခင်ရတဲ့ သူဆိုရင်တော့ သူ့
ReplyDeleteအတွက် ဘာတွေဘယ်လောက်ကုန်ကုန် အကျိုးသိပ်မထူးဘူးဆိုရင်တောင်
နောက်ဆုံးအချိန်ထိ အတတ်နိုင်ဆုံးလုပ်ပေးမယ်...။ခန္ဓာ....အဲရသားပဲဗျ...။
shift+tildeရိုက်ပြီး ဓ ရိုက်ရုံပဲလေ...။ဒါမှမဟုတ် ctrl+shift+alt+key ရိုက်ရင်
လည်းရတာပဲ....။
မောင်လေးရေ
ReplyDeleteတီပြောတာ က MAC မှာ သုံးတာ ကိုမေးတာပါ
ခုတော့ ရသွားပါပြီ
အရင်က ပီစီ မှာ က အဆင်ပြေပါတယ် သုံးနေတာ ကြာလို့ကျွမ်းတောင်နေပြီ ခုတော့ လျှာရှည်ပြီး
တီက တက်လိုးဆိုတော့ ယူနီကုတ်တောင် ပြောင်းမလို့ဒေါင်းပြီးတော့ မှ
ခုတော့ ဇော်ဂျီ နဲ့ပဲ ပြန်ညားနေတာပါ
လူလဲ ကြာရင် ဇော်ဂျီ နဲ့ပေါင်းပြီး ဇော်ကနီ ဇော်ကနက် တွေ ဖြစ်တော့မယ်
အန်တီချမ်းနဲ့ တာကာ သဘောထားခြင်း တိုက်ဆိုင်တယ်
ReplyDeleteတာကာလည်း အဲ့ဒီလိုရောဂါမျိုးဆို မကုတော့ဘူး လူတိုင်း ကိုယ့်ဘဝကို ကိုယ်ချစ်ပါတယ်
မိသားစုအနေနဲ့ကလည်း ကိုယ့်ကိုအကောင်းဆုံးလုပ်ပေးခြင်သည့်တိုင် ဖြစ်လာမဲ့ အကျိုးဆက်ရာခိုင်နှုန်းကိုတွက်ကြည့်သင့်ပါတယ်
ကိုယ်ဆိုရင်တော့အကုမခံဘူးလို့မှာထားတယ်.
ReplyDeleteMy comments is from my personal point of view. I am a Christian and in terms of lifespan of a person, I do believe that "my times are in thy hands".
ReplyDeleteIf my loved ones are suffering like that and if I have to be in the shoes of that person, I will talk to my suffering loved ones about the situation frankly and do whatever do comfort but will not let things to prolong the sufferings.
I will do my best and I will not cry when things are over. Because I have done my best and this will comfort me I am sure.
We came alone to this world and one day we all know we will leave alone. No loved ones will accompany us alive when we die and our remains are to be buried.
I might be thinking heartlessly but it is my way of thinking.
Dear David,
ReplyDeleteI think this came from your own experiences; which I can totally understand.
Even you said that your religion is Christianity but the last sentences of we come alone go alone is very much Buddhism like.
You are NOT thinking heartlessly but only logically which also explained what kind of person you are.
Thanks for your comment.
Hi Addy
ReplyDeleteI feel really flattered for this compliment. I am really sorry for being absent such a long time to read your posts and this morning I had a chance to read it and it really touched my heart.
I should be the one thanking you for writing such a wonderful post and I really thank you for your accompany during this weekend while I was in Bangkok. It was such a great pleasure to go around together and spent wonderful moments with friends and thanks to you and Ko Min Min for your time which was wasted in AIS Serenade Club and Kasikorn Bank. I am drafting very polite emails for them to improve the services.
Last but not least, the environmental friendly pearl-creamed colour cotton bag you gave me as a gift is simply terrific and I enjoying carrying it. :-)
Hope I could come again in a couple of weeks and let's sit and chat in Starbucks more about our feelings to write posts to share with others.