Friday, January 14, 2011

တီချမ်း ၂၀၁၁ နယူရီးယား ရီစလူးရှင်း အပ်ဒိတ်

တီချမ်း ၂၀၁၁ နယူရီးယား ရီစလူးရှင်း အပ်ဒိတ်

၁၄-၂၇ ဖေဖော်ဝါရီ ရန်ကုန် သွားပါမယ်

၁၈-၂၁ ပုဂံ ထရက်ရှာ ဟိုတယ် မှာ နှပ်ပါမယ် ဓါတ်ပုံရိုက်မယ် ယဉ်ယဉ်ဆိုင်မှာ တိုးတိုးဆိုင်မှာ ထမင်းသွားစားမယ်

ရန်ကုန်ရောက်လျင် စားရန် အစားအသောက် စာရင်း

  1. စကော့ဈေး တံတားအောက်မှ ကြာဇံ ဝက်သား
  2. စကော့ဈေး အက်ဖ်အမ်အိုင်ရှေ့နား ညနေဈေးမှ စလေဇီးသီးယို
  3. မြေနီကုန်း ပဒုံမာ ပန်းခြံနားမှ အဖိုးကြီး ဝက်သားတုတ်ထိုး
  4. သမိုင်းလမ်းစုံ စွဲလမ်း ကြေးအိုး (ဆီချက်)၊ ဖက်ထုပ် ဆီချက်
  5. အိမ်အောက်ဈေးလေးမှ အသုပ်စုံ
  6. အိမ်နား လက်ဘတ်ရည်ဆိုင်မှာ ခေါက်ဆွဲသုပ်
  7. ဟက်ပီး ရှမ်းခေါက်ဆွဲ
  8. မြေနီကုန်း ဈေးလမ်း (အပေါ်မှ) မလိခူး ဗန်းမော် မျှစ်ချဉ် ခေါက်ဆွဲ
  9. ပဒုံမာ လမ်း ရွှေမြို့တော် ချစ်တီးထမင်း၊ လက်ဘက်ရည်
  10. လသာလမ်း သက်သတ်လွတ်
  11. ၁၂ လမ်း ကော်ရည်ခေါက်ဆွဲ၊ ဝက်ခေါင်းသုပ်၊ မာလာဟင်း
  12. ၉ လမ်းထိပ် မြိတ်ကပ်ကြေးကိုက်
  13. သံဈေး နန်းကြီးသုပ်
  14. လမ်းမတော် ဂဏန်း ကော်ကြော်
  15. တိုကျို ကြက်ကြော်
  16. ဝါးတန်းလမ်း ကြက်ကြော် ဆီထမင်းနယ်
  17. တရုတ်တန်း ဝက်သားပေါင်း၊ ကောက်ညှင်းထုပ်၊ တုတ်ထိုး
  18. ၁၉ လမ်း အမဲအူပြုတ်
  19. လမ်း ၂၀ ငါးရံ့၊ ဘဲသားဆန်ပြုတ်၊ ကြက်ခြေထောက်သုပ်၊ပဲသွေးသုပ်
  20. ၁၉လမ်း ကွေကာအုတ်၊ ကြက်ဥပေါင်း
  21. လသာ နွားနို့ အီကြာကွေး
  22. ကာကာ ဆိတ်သား ခါးပတ် ပလာတာ
  23. မြေနီကုန်း ဂမုးန်ပွင့်ဘေးကလမ်း (နာမည် မမှတ်မိ) ကြာဇံသုပ်
  24. မြေနီကုန်း ပလာဇာ ရှေ့က မုန့်ဟင်းငါး၊ အုန်းနို့ခေါက်ဆွဲ
  25. ၃၇ လမ်း ၂၀၃ ထမင်းဆိုင် မှ ဆိတ်သားဆီချက်၊ ဝက်ခေါင်းသုပ်၊ ပဲကြီးနပ်၊ ချဉ်ရည်ဟင်း
  26. စကေားဈေး အနောက်ဘက် အောင်မင်္ဂလာ အမဲလုံးခေါက်ဆွဲ
  27. အက်စ်အက်စ်စီ မျက်စောင်းထိုးလမ်းနားက (လမ်းနာမည် မမှတ်မိ ဦးချစ်မောင် လမ်းဘက်ကဝင်ရင် တော့ကြေးအိုး လမ်းနဲ့ နှစ်ဘက်ပေါက်တဲ့လမ်း) ဝက်ခေါင်းသုပ်၊ဝက်ခြေထောက်စွပ်ပြုတ်
  28. စဉ့်အိုးတမ်းလမ်းက ကြာဇံဆီချက်၊ ကန်စွန်းရွက်သုပ်၊ စတော်ဘယ်ရီဒိန်ချဉ်ဖျော်ရည်၊သီးစုံ ယူအက်စ်အေ၊ သင်္ဘောသီး ဖျော်ရည် မလိုင်များများ
  29. နဝဒေးလမ်း က ရည်းစားဟောင်း ရှမ်းခေါက်ဆွဲဆိုင်က ဟင်းထုပ်
  30. ၃၇ လမ်း အလယ်ဘလောခ် နမ့်ခမ်း ထမင်းဆိုင်က ပုံစား
  31. ဆိပ်ကမ်းသာလမ်း ကျိုင်းတုံ ၇၈၆ ထမင်းဆိုင်က ကြက်ခြောက်စပ်ကြော် နဲ့ မှိုကန်စွန်း
  32. ဆိပ်ကမ်းသာ အောက်ဘလောခ် က မုန့်ဟင်းခါး
  33. ပဒုံမာ ပန်းခြံထောင့် က ထမင်းပေါင်း၊ ဝက်ခေါင်းသုပ်၊ စွပ်ပြုတ်
  34. လမ်းမတော် ထိပ် ဝက်သား သုံးထပ်သား ထမင်းကြော်
  35. မြေနီကုန်း ကြက်လျာစွန်း ဒံပေါက်၊ ဆူးလေ နီလာ ဒံပေါက်
  36. ၉လမ်း ထိတ်နားက လက်ဘက်သုပ်
  37. အဝိုင်းထိတ် ရခိုင်မုန့်တီသုပ်
  38. ဈေးကွေ့ မုန့်ဟင်းခါး၊ အုန်းနို့
  39. လှည်းတမ်း ညီအမ ကြာဇံချက်၊ ရှောက်သီးသုပ်၊ ထမင်းသုပ်
  40. ဖီးလ် ထမင်းသုပ်
  41. ရွှေပုစွန် ဖာလူဒါ၊ စတော်ဘယ်ရီ
  42. ၁၃ လမ်း ဒိန်ချဉ်
  43. ရွှေတောင်တန်းလမ်း ဒေါ်ချွန်း မျှစ်ချဉ် ကော်ပျံ့စိမ်း
  44. ရွှေတောင်တန်းလမ်း အလယ်ဘလောခ် ဝက်ခြေထောက် ခေါက်ဆွဲ
  45. လသာ ရွှေလိပ်ပြာ ဖက်ထုပ်ကြော်
  46. ဆောက်လုပ်ရေးမှတ်တိုင် နဝဒေးလမ်းထိပ် the Ritz cafe' က အားလူးကင်၊ ကော်ဖီ၊ ပေါင်မုန့် ပုစွန် နှမ်းကပ်
  47. စိတ်တိုင်းကျ ဆိတ်စွပ်နံပြား ကြက်သားပလာတာ
  48. စမူဆာ
  49. အောင်သုခ မြန်မာထမင်းဆိုင်
  50. မြေနီကုန်းဦးပြောင်
  51. ရန်ကင်း ဆယ့်နှစ်လုံးတန်း စံပယ် ဆီချက် ဆန်ပြုတ်
  52. အနောက်ရန်ကင်း စက်မှုတစ် ကွေ့ ကီးမားပလာတာ
  53. .....

လောလောဆယ် သတိရတာတွေ အရင်ရေးထားတာ နောက် သတိရရင် ထပ်အပ်ဒိတ် လုပ်ပါမယ် ….

A Chen

8:27 PM

14th Jan 2011

Friday

Home

Bangkok

7 comments:

  1. သတိ - လူကြုံမှာမည့်စာရင်းအား အီးမေးမှ ပို့လိုက်မည်ဖြစ်သည်။ ဒန် တန် တန်......

    ReplyDelete
  2. How about Dan Pauk ? Nat thot dar Dan Pauk....
    Kone Htet Chicken Rice with Ice- Cream...
    I still think of going home.... one day pop....
    Wish you have a nice trip,
    LOVE
    Diamond

    ReplyDelete
  3. hummmm... i am not sure u would make all of it. wanna bet?

    ReplyDelete
  4. စောင့်ကြည့်လေ
    ဓါတ်ပုံတွေ နဲ့ တကွ ပြန်လည်တင်ပေးပါမယ်
    ဟိဟိ

    ReplyDelete
  5. တော်သေးတယ် အင်မတန် အရသာရှိသော seafood ထမင်းကြော်နဲ့ ထောပတ်သီးဖျော်ရည် စားပြီး သောက်ပြီးကာစ ဖတ်မိလို့။

    ReplyDelete
  6. ညွှတ်ချွာဇျား...၊ကျွန်တော်တော့ အိမ်ပြန်ရောက်ရင် ငါးခူငပိချက်ပဲစားဖို့စဉ်းစား
    မိတယ်...:)

    ReplyDelete
  7. စားချင်တာတွေ မနည်းပါလား.. တို့လည်း စားချင်တယ်.. ပြန်တင်ပေးမယ့် ပုံတွေကို မျှော်နေမယ်နော်.. :)

    ReplyDelete