Showing posts with label မွေးနေ့ဆုတောင်း ကဗျာများ. Show all posts
Showing posts with label မွေးနေ့ဆုတောင်း ကဗျာများ. Show all posts

Wednesday, March 16, 2011

ဟပ်ပီးဘတ်ဒေး နန်းညီ

ဟပ်ပီးဘတ်ဒေး နန်းညီ

သူ့ဘလောခ် ကို သွားကြည့်တယ်
မရှိတော့ ပျက်နေပြန်တယ်
တလောက သူ့စာတွေကို စုပြီး ပီဒီအက်ဖ် လုပ်ထားပေးလို့သာတော်တော့တယ်
ပို့ပေးလိုက်တော့ ကျေးဇူးတင်ရှာတယ်
ခုလဲပျက်ပြန်ပြီ
ပျက်အစဉ် ပြင် ခဏခဏ ဖြစ်နေပုံရတယ်
ဘလောခ် နဲ့ဒီကောင်မလေး အကျိုးမပေးဘူး
ဘလောခ်ရေးသက် ၃ နှစ် ရှိလောက်ရောပေါ့ (တီ့ထက်စောတယ်)
ဘလောခ် ကလဲ များတယ်
ရန်းဒမ်
နန်းညီ
ဒေါ့ နက်
ဒေါ့ မြန်မာ ဂျီးနီးယပ်စ်
စီအိုစီစီ
စသဖြင့် သူ့မှာ များပဲများလွန်းလှတယ်
ခုတော့လဲ ဖဘ ထဲတဝဲလည်လည်
ဘာလိုလိုနဲ့ ခင်တာ နှစ်နှစ်ရှိပြီထင်တယ်
ဓါတ်ပုံတွေ လျောက်ရိုက်ကြတာ သတိရတယ်
ဟပ်ပီဘတ်ဒေး မိညီမငယ်

Thursday, August 26, 2010

ကျွန်းတကျွန်းရဲ့ သက်တမ်း

ကျွန်းတကျွန်းရဲ့ သက်တမ်း

အော် ကြာခဲ့ပြီ
ရင့်ကျက်ခဲ့ပြီ
အနယ်ထိုင်ခဲ့ပြီ

အတွေ့အကြုံတွေလဲ
များခဲ့ပြီ
ပြည့်ခဲ့ပြီ
ဘောင်ဘင်လျော့ခဲ့ပြီ

အချစ်တွေလဲ
မြည်းခဲ့ပြီ
ပျော်ခဲ့ပြီ
ပြီးခဲ့ပြီ

ငါပြန်လာပြီ
အသစ်တဖန်ပြန်လာမည်
ဘာပဲဖြစ်ဖြစ်
ငါပြန်လာပြီ

ငါရင်ဆိုင်မည်
ငါရင်ဆိုင်မည်
ဘယ်လောက်ခက်ခက်
ငါရင်ဆိုင်မည်

၂၆ သြဂုတ် တွင်ကျရောက်သော
မကျွန်း
မွေးနေ့ အမှတ်တရ

A Chen
12:58 PM
26th August 2010
Thursday
Bangkok

Thursday, July 22, 2010

wish

Happy birthday to you
Happy birthday to you
Happy birthday dear monkey
Happy birthday to you.

ကျရေ

Tuesday, March 16, 2010

Happy Birthday နန်းညီ


နန်းညီ နဲ့ ဟိုက္ကူများ
လောလောလတ်လတ်ပဲ
အသည်းဆိုတာ ဒီလိုကွဲ
အကုန် အိုကေပဲ

ဘာရယ်မဟုတ်ပါ
အမှတ်တရဖြစ်စေမှာ
နောင်တချိန်များမှာ

စိတ်မဆိုးပါနဲ့
ခင်တတ်တာအမှန်ပါကွယ့်
မွေးနေ့ပျော်စေရဲ့

Wednesday, July 22, 2009

22 nd july 2009

Happy Birthday to you
Happy Birthday to you
Happy Birthday to you
Happy Birthday to you........................
i will always remember
simple but the most passionate
emotional
intimate from the bottom of my heart
with love
:D
A Chen
12:57 am
16th July 2009
home
bkk

Thursday, July 2, 2009

ခြင်္သေ့ကြီး ရဲ့ အားမာန်

ခြင်္သေ့ကြီး ရဲ့ အားမာန်

စိတ်ဓါတ်က မိုးထိအောင်
မြင့်မြတ်စွာသူရှေ့ဆောင်
ရင်ထဲက မြတ်နိုးတဲ့
ငါ့သူရဲကောင်း

လူတွေကို သူဦးဆောင်
ပြတဲ့လမ်းကြောင်း
နေ့နဲ့ည မအားအောင်
သူ့မှာ အရေးအကြောင်း

လုပ်နေတာဘယ်သူ့အတွက်လဲ
ပေါ့စတစ်တွေကောင်းစားဖို့အရေး
ရှေ့ဆောင်ကာ သူဦးပြ
နည်းမှန်လမ်းကြောင်း

ကိုယ်ကျိုးကိုသူလေစွန့်
နေပူပူမိုးကျကျ
တိုက်ခိုက်နေ လူ့အခွင့်အရေး
ဆေးမှန်မှန်ပေး

အော်နေတယ်သူကိုယ်စား
အားလုံးအတွက် ကိုယ်ကျိုးမဖက်
သေရွာကထလာတယ်
အဲ့တာ မီးငှက်

ရင်အုပ်ကိုသူ့ဖြန့်ကျက်
အားလုံးကိုကာကွယ်
ရင်ဝယ်သားစိတ်သူထား
စောင့်ရှောက်ရှာတယ်

လေးစားစဖွယ်စိတ်ဓါတ်
ခပ်ပြုံးပြုံးသူ့မျက်နှာ နဲ့
“ဒေါသလျော့ပါ ညီငယ်”လို့
အစဉ်အမြဲ ငါ့ကိုလေ
ဆုံးမရှာတယ်

မှတ်ယူမယ် ငါ့ရဲ့စံပြ
နည်းလမ်းကျအတုယူစရာ
ရိုးမော်ဒယ် ကိုခြင်္သေ့
မီးငှက်လို အသွင်ထူးနဲ့
သေရွာပြန် စင်စစ်လူသား
နိုက်တင်ဂေးလ်စိတ်ဓါတ်နဲ့
ယောက်ျားပုံအသွင်ပြောင်းလို့
လူ့လောကထဲ သူပြန်လာ
မာသာထရီဆာ

တို့တွေအကျိုးသူရွက်ပိုး
အိမ်တွေဆောက်
အလုပ်တွေပေး
နာမည်ကောင်းသူမခံ
ဖခင်အမှန်
လေးစားတယ် တို့အားလုံး
တောင်းဆုချွေနေ့စဉ်တိုင်
ကျန်းမာလို့သက်ရှည်စေကြောင်း
ရင်ထဲက တို့အားလုံးရဲ့
အဖေလို “သူရဲကောင်း”

Remembrance for his 44th Birthday
From the deepest bottom of my heart
I dedicated this poem to my “role model”
For all the effort he makes for all of us
For me, for us, he is “a living inspiration” .

A Chen
2nd July 2009
12:45 am
Home
Bangkok













Saturday, June 27, 2009

ဇွန်လ ၂၇ ရက်

ဇွန်လ ၂၇ ရက်

အသေးမရဲ့အဒေါ်
နာမည်မိုခမ်း
လူပုံက ကြွတ်ဆတ်ဆတ်
မိုက်တိမိုက်ကန်း။



ငါ့အမတဲ့နော်
ကျတော်ခေါ်စမ်း
အပြင်ခွံမာမာနဲ့
စိတ်က ဂဏန်း။



Bis (brother+sister) လို့ သူခေါ်
ကျတော ကိုချမ်း
ဘာလဲလို့မေးပြန်တော့
မောင်ညီမတဲ့ အဟမ်း။



ပညာတွေနော်
သင်နေတာ အရမ်း
ဒီလိုဆိုမဖြစ်ဘူး
လင်မရလောက်မှန်း။



ယောက်ျားတွေနော်
တော်တာတွေမမှန်း
“မမ” ပုံ မာမာနဲ့
ဝေါင်ဝေါင်ရှေးလှမ်း။


ခုများတော့နော်
အဆင်ပြေနေ “ခမ်း”
အကတောင်တော်တော်တတ်
လာခဲ့ Swing စမ်း။

တနှစ်တခါနော်
ပင်လယ်ကိုလျှမ်း
သူငယ်ချင်းတွေတူတူနဲ့
အပမ်းဖြေကြစတမ်း။

ဂီ နန်း ပု နော်
တူတူတွဲ လန်း
ဆေးကျောင်းမှာတူတူကဲ
လက်တွဲမဖြုတ်တမ်း။


အကိုတွေတောင်နော်
သူ့ကြောက်တယ်အရမ်း
ညီမက တော်တော်ကြမ်း
ပြေးပေါက်တော့မှန်း။


မိဘ ကိုနော်
သိတယ်သူ အရမ်း
စောင့်ရှောက်နေအစဉ်အမြဲ
သမီးကောင်းလေး “နန်း”။


ဖဲဖဲကနော်
လက်တော်တော်သရမ်း
သူ့ခမျာ တော်တော်ပဲ
ဒဏ်ခံရခန်း။



ရှေ့နဲ့နောက်နော်
ပြားချပ်နေ အရမ်း
နဲနဲတော့ ကြိုးစားထား
ဥစ္စာရှိလူတန်းစား
ကြီးပွားမယ့်လမ်း။

မှတ်ထားကြနော်
မှန်တာတွေ အရမ်း
တီရေးတာ ဘယ်သူတုံး
ဒေါ်နန်းမိုခမ်း။

Remembrance for 27th June 2009
Congratulation u r 40!

A Chen
2:56 am
30th April 2009
Home
Bkk

Monday, May 25, 2009

မချော ၄ ယောက် ကိုယ်တယောက်

သတိရတယ်ကွယ်
ရန်ကုန်ကိုရော..............
သူငယ်ချင်းတွေကိုရော............................
...........ကိုရော
အမှတ်တရ တင်တာပါ အမှန်က မွေးနေ့ လက်ဆောင် ကဗျာတင်မှာပါ
ထုံးစံအတိုင်းစကားချီးနည်းနည်း လျှာရှည်ရတာပေါ့လေ
ဒါတီ ရန်ကုန်မှာတုန်းက တော်တော်တွဲဖြစ်တဲ့ မမတွေပါ
တီနဲ့ အသက်မတိမ်းမယိမ်းတွေ တယောက်မှမပါပါဘူး ခိခိခိ နည်းနည်း ကြီး ကြပါတယ်
မျက်မှန်နဲ့ ဆံကောက် Brunet က တီ့ အမ ဆိုလဲ ဟုတ် အကို ဆိုလဲဟုတ်ပါ တီ့ ကိုအနှိုင်အကျင့်ဆုံးကလဲသူပါပဲ
နောက်လ ကျရင် သူ့မွေးနေ့ ရှိပါတယ် အဲ့တော့မှအကျယ်ပြောပါမယ် သူ့အကြောင်း
ခုမွေးနေ့ရှင်က သူနဲ့ ပတ်သက် ပြီး တီခင်ရတဲ့အမပါ သူတို့ က ၄ ယောက်ပူးကြီးတွဲကြပါတယ်
နောက်ပိုင်းတီ တို့ နဲ့ ပေါင်းမိပြီး ရထားတွဲကြီး ဖြစ်လာတာပါ
ခုကဗျာရေးပေးထားတဲ့မွေးနေ့ရှင်က အီ့ညှောင်မ လို့တီ တခါတခါ ခေါ်ပါတယ် သူက စကားပြောရင် ပဲတွေများပြီး သကာလ အသံက အီ့ညှောင့် အဲညှက် ဖြစ်ဖြစ်နေလို့ပါ ပြီးတော့ သူက ဘာမှမလုပ်ထားပဲနဲ့ ကို ကောင်းနေတဲ့ ရုပ် ပေါက်ပါတယ် (ခိခိ ရုပ်ခံနဲ့ လုပ်ကြံလို့ရတယ် ဆိုတာ သူ့ ကိုပြောတာနေမှာ)
အဲ့ကြောင့်လဲ သူအခု လုပ်နေတဲ့အလုပ်နဲ့ သူ့ရုပ်က အံဝင်ဂွင်ကျ ကိုဖြစ်နေတာ စိတ်ဝင်စားသွားပြီမှလား ဘာအလုပ်လုပ်လဲဆိုတာ (ပြောပြဘူး သတ်ရင်သတ် နမ်းချင်နမ်း ခိခိခိ) ဘယ်ဘက်ပုံ ၁ က ထောင့်ဆုံး မမ ၀၀ က တီ့ အမ ကျောင်းနေဘက်ပါ သူလဲတီ့ ကိုအရမ်းခင်ပါတယ် သူက အရမ်းလဲချစ်စရာကောင်းပါတယ် တလုံးတခဲကြီးလေ ခိ ပြီးတော့ မွေးနေ့ကဗျာရှင် မမ ပါ သူ့နောက်က ခေါင်းလေးပဲပေါ်နေတာက တီ က ချစ်စနှိုးနဲ့ ၀က်ဝံ လို့ခေါ်တဲ့ ကိုကိုကြီးပါ သူက အရမ်းစောင့်ရှောက် လို့ အရင် အလုပ်တူတူလုပ်တုံးက ခရီးထွက် ရရင် သူနဲ့ ပဲထွက်ချင်ပါတယ် ခိခိ အလုပ်ကိစ္စပဲနော် ကျန်တာမပါ (သိနေတယ် အတွေးတွေကို ခိခိ) နောက်ပြီးတော့ မချော ၄ ယောက် ကြားက အမိုက်စားလေးက တော့ အီဖေကိုယ် ပေါ့ ခိခိ ပြီးတော့ ခုန က ပြောတဲ့ တီ့အမ ဆံကောက် နောက် အရင် အလုပ်တူတူလုပ်ပြီး အဲ့တုံးက နည်းနည်းမှအကြောမတဲ့ တဲ့ အက်မင် မမ ပါ ခုတော့လဲတည့်လိုက်တာ မှ ဟိုဘက်ကမ်း ခိခိ အလုပ်တူတူ မလုပ်ရတော့လို့ဖြစ်မယ်း=)
နောက်တပုံကိုရှုပါ ညာဘက်က ကဗျာရှင်မမ ရယ် တီ့အမ ရယ် အလည်က တီ တို့ ရဲ့ dance instructor ဆရာ ဖဦးထုပ် ရယ် (သူက တီ တို့ ထဲက တယောက်နဲ့ ဘာညာဘာညာ ခိခိ ခန့်မှန်းကြည့်နော် ပြီးတော့ တီရယ် နောက် မမ၀၀ တယောက် က တီ ဟိုတလောက ရေးတဲ့ ကဗျာ စောယူရီဂယ်လာ ရိုးမြူးလက်စ် စမစ်ဒွန်း (အံမလေးဟဲ့ ရှည်သောနော်) နဲ့ တူတူ တွဲကြတာ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ခင်တဲ့ သူငယ်ချင်းပါ အရမ်းခင်ပါတယ် အင်း ပြင်သစ်ကျောင်း အာလီးယောင်စ့် မှာ တက်တုံးက စခင်ကြတာထင်တယ်
အဲ့လိုပေါ့ အင်း အဲ့ဂလို



လာပါပြီ လာပါပြီ
ဒါကတော့ မွေးနေ့ ကဗျာ ရှင် မမ လှလှ ပါ ထထ ကမက တော့ တီလဲမသိ ကတော့ကတယ် ခိခိ အပေါ်ပုံတွေ က စဒိုးနား ပက်ဒီ ဘားမှာ ရိုက်ထားကြတာ လေ ခိ ကဲကဲ သူ့အကြောင်းလေးတွေ သိချင်ရင် အောက်က ကဗျာ လေးကိုဖတ်ကြည့်ကြပါနော် ကဗျာ နာမည်ကို “သူမ” လို့ပဲ ရိုးရိုးလေးပေးထားတယ်



သူမ

ဆေးပညာတွေအများကြီးသင်ခဲ့တာ
ဆေးကုဖို့မဟုတ်ပါဘူး
အဲတာဆိုဘာအတွက်လဲ?
သူမ နဲ့ ဘုရားပဲ သိမယ်။

အပျိုလတ် ဖြစ်နေတာ
ရွေးချယ်မှုနဲ့ မဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
ရွေးချယ်စရာအများကြီးတွေကြားမှာ
တွေဝေခဲ့မိလို့ပါ။
(အဟင့်.............
ကိုယ်မှားသွားတယ်ကွယ်)
သူမ
မျက်လုံးတွေရီဝေနေတာ
မူးနေလို့မဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
အော်ရီဂျင်နယ်ပါ။

ရောရောနှောနှောနေတိုင်း
မင်းကို သူမ
သဘောကျနေတာမဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
သူမရဲ့ဝသီမို့လို့ပါ။
(မသိရင် ကစားနေတယ်ထင်မှာ
တကယ်ကလဲ ကစားနေတာပဲတဲ့
သူမ ကိုသိတဲ့ သူငယ်ချင်းတွေ က
ပြောကြပါတယ်လေ)

ဖွန်ကြောင် ကြောင်နေတာ
ရည်းစားမရှိလို့ မဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
ကောင်လေးချောချောလေးတွေ
မြင်ရင်မနေနိုင်လို့ပါ။
(ခိခိ ဂယ် ပြောတာ)

အသံကညောင်နာနာပါ
တမင်လုပ်ပြောနေတာမဟုတ်ပါဘူး
အဲတာဆိုဘာလို့လဲ?
ပဲလေ ပဲ
ပဲပေါ့။

အသက်လဲကြီးနေပြီ
အချိန်လဲမစီးသေးဘူး
အဲတာကဘာလို့လဲ?
ပေါင်ချိန်လေ ပေါင်ချိန်
၁၃၀ တောင်မပြည့်ချင်ဘူး။

ဘောစ့်ကိုလဲနော်
သူမက မှန်း
ခုများတော့ပါသွားပြီ
ပရမ်း ဘက်လှည့် စမ်း။

အမြဲတမ်း ရှိနေတာကဘယ်သူတွေလဲ
သူငယ်ချင်းတွေရယ်
(ခမ်း ဂီ ပု မီ)
မောင်ငယ်တီချမ်းရယ်
ပဲခူးရိုးမ က ၀က်ဝံ အညိုတကောင်ရယ်
အားလုံးက ချစ်ကြပါတယ်။

Remembrance for 22nd April 2009
Congratulation u r 40!
hahahaha
just kidding
!#$%^&*()@
A Chen
3:08 am
30th April 2009
Home
Bkk

Thursday, May 14, 2009

ထာဝရ ကြယ်စင်

မနက်ဖြန်မှာ ကျရောက်မယ့် တီ့တူမ မိုးခါးလေးအတွက် မွေးနေ့ (ဒေါ်ရီတာထောက်ပြလို့ ထပ်ထည့်သည်။ အဲ့လိုပဲ ဆရာမကြီးစကားနားထောင်ရတယ်ရှင့် ခိခိပါရှင့် ကျန်သွားတာဆော်ရီးရှင့်) အမှတ်တရ ကဗျာပါရှင့်
အသိပေးသူချစ်တူမ မိရောင်ကိုကျေးဇူးအထူး အာဘွားပါတယ်ရှင့်
အမှန်ကတော့ ရိုးရိုးရေးမလို့ပါရှင့် ဒါပေမယ့် တူမတော်ကလှတပတကလေးဆိုတော့
မျောက်တွေရန်ကိုကြောက်တာနဲ့ ဒီပုံလေးနဲ့တင်လိုက်ရပါတယ်ရှင့် ပိုင်ရှင်ရှိတယ်ပေါ့ရှင့်
ဒူးရင်သီး သရက်သီး နာနတ်သီး တွေကိုသောကြာနေ့တိုင်း မရောင်းချင်ရင် လက်ရှောင်ပါပေါ့နော်ရှင့်
(ဒု သ န သော ကိုပြောချင်တာပါရှင့်)
ခိခိရှင့်
ပြီးတော့ အောက်ဆုံးမှာ ကိုကိုကာကာ ကိုအားကျလို့ဘောနပ်စ် ထည့်ပေးထားပါတယ် ရှင့်
ဖတ်ဖြစ်အောင်ဖတ်သွားကြပါနော်
ခိခိခိပါရှင့်
ချစ်စရာလေးနော် သူတို့အတွဲလေးက၊
အိုအောင်မင်းအောင်ပေါင်းကြရပါစေရှင့်
မျောက်တွေရန်ကလဲကင်းဝေးပါစေရှင့်
တီချမ်း ဆုတောင်းပေးပါတယ်ရှင့်




ထာဝရ ကြယ်စင်

ထာဝရ ကြယ်စင်
နာမည်က မမိုးခါး
ကိုမိုးခါးမဟုတ်ဘူးရှင့်
သိကြရဲ့လား

ကြိုက်တဲ့မုန့်တွေ
အချဉ်ရယ်ချောကလက်ပြား
မစ်ရှိတ် နဲ့ကော်ဖီ
သူမ အမြဲစား

အသက်က ဒွေး နဲ့ လေး
“သက်သက်” တဲ့လား
နေတာက ဂျပန်မှာ
သူမ ရည်းစား

ပြိဿခွင် ရာသီနဲ့
နွားနှစ်မှာဖွား
ကဗျာတွေ စာတွေ စပ်စပ်
ရေးချင်ပြန်သား

စာဆိုရင် အကုန်ဝါး
ဝတ္ထုတွေလဲ အကုန်လာထား
ဖတ်နိုင်လိုက်တဲ့ မိမိခါး
ဝါးစားတဲ့အလား

စိတ်ပြောင်းလဲတကယ်မြန်
လှစ်နေတဲ့အလား
ခုနက ဆီထမင်း
အခု စာကလေးစား

ဝါသနာက တော်တော်များ
စာဖတ်မယ်တအား
ခရီးကထွက်ချင်ပြန်တယ်
သီချင်းဆိုမလား
လာထား…လာထား
တကယ့်ပြိုင်စံရှား
အဲ့တာက “ဘူလေးရဲ”
တီ့တူမ “မိမိုးခါး”
သိကြရဲ့လား။ ။

A Chen
9:40 pm
14th May 2009
Home
Bkk

Bonus:

ငစိန်ကောင်ရန်စပါလို့
တောင်ကြီးဖြိုရန်
ကြိုးစာတယ်ငမျောက်ကောင်က
ပြိုင်ရေးမယ်သူ့အကြံ
မိုးခါးအတွက်ဖန်
ကဗျာ့ဥာဏ်သူ မထွက်
ဖင်ကချီးထွက်
အဟက်ဟက်ဟက်
မျောက်ချေးခါးဟင်းချက်စား
လွှတ်ကောင်းတယ်ဗျား
အဟားဟားဟား

စာဆိုတော်
မိန်းမရွှင်မ မိမိချမ်း
လျှမ်းလျှမ်းလျှမ်း...............

Monday, May 4, 2009

စောယူရီဂဲလာ ရိုးမြူးလက် စမိ(သ်)ဒွန်း


တီချမ်း ရဲ့ အချစ်ဆုံးသူငယ်ချင်းများထဲက one of the ပါ
တီ နေမကောင်းဖြစ်တဲ့အချိန်တုံး ကဆိုလဲ တကယ် ကို ဘေးနားက ရှိခဲ့ ဂရုစိုက်ခဲ့တာပါ
သူ့အမေ အမိုးတောင်ပါသေးတယ်။ တီကြိုက်တတ်တဲ့ ကရင် ဟင်းတွေ ချက်ချက်ပြီးလာာလပို့ပါတယ်။
ခိခိ
ဘယ်လောက်တောင်လဲ ဆိုရင် တီ ကိုယ့်အခြေအနေ ကိုစသိခါစ က
အမိုးကလဲ ဘယ်ကကြားလာတယ် မသိပါဘူး
ပုတ်သင်ညို ၇ ကောင်ကို ၇ ရက် ဆက်တိုင် စားရင် HIV ပျောက်တယ်ဆိုပြီး
သူတို့ရပ်ကွက်ထဲက ကလေးတွေ ကို ရှာခိုင်းပါတယ် ရလာတော့ အဲ ပုတ်သင်ညိုလေးတွေကို ခေါင်းဖြတ် ကျတ်တိုက် အကြွတ်ကြော်ပြီးကျွေးပါတယ်။
(အဲဒီအချိန်တုံးက တီ တို့ ပေါင်းတဲ့ သူငယ်ချင်းတွေ က တအုပ်ကြီး အယောက် ၂၀ လောက်ရှိတာ ပျော်စရာကြီး ရှုပ်လဲတော်တော်ရှုပ်ကြတာပတ်ပြီးတော့လေ။ ဒီလိုဒီလို ပြောပြမယ် ဥပမာပေါ့.... သူက သူမ ကိုချစ်၊ သူမ က သူမဟုတ်တဲ့ နောက်တယောက် ကိုချစ်၊ သူကလဲ နောက်ထပ် သူမ ကိုချစ်၊ သူနဲ့ သူမနဲ့ က ချစ်သလိုလိုဖြစ် အဲလိုအဲလို။
အဲဒီ ကြားထဲမှာ မိန်းမတွေကို ကြိုက်တဲ့ ယောက်ျားတွေ အဲဒီယောက်ျားတွေ ကိုကြိုက်တဲ့ ဂေးတွေ နောက် အဲဒီယောက်ျားတွေ ကို ရော မိန်းမတွေ ကိုရော ကြိုက်တဲ့ ၃ ဘက်ချွန်တွေ အိုစုံစီနဖာ ကိုဖြစ်နေတာပဲ။ အမှတ်တရလေးတွေပါ။ တော်တော်ပျော်ခဲ့ကြပါတယ်။ အဲလိုအချိန်တွေက ဒီတသက်ပြန်မရနိုင်တော့ဘူးလေ။)
ခုန က ပုတ်သင်ညို ဇာတ်လမ်း ကိုပြန်ဆက်ရရင် အမိုးက ကြော်ပေးတဲ့ အဲဒီ ပုတ်သင်ညိုတွေ ကို မမယူရီက တီတို့ ကာရာအိုကေသီချင်းဆိုနေတဲ့ အမ် သရီး အထိလိုက်ပေးပါတယ် ၇ ရက်ဆက်တိုက်စားတာပျက်မှာ စိုးလို့တဲ့လေ။
အဲတုံးက တီက မြေနီကုန်းမှာနေပြီ မမယူ က အရှေ့ကြို့ကုန်း မှာနေတာပါ။ လာရတဲ့ ခရီးမနီးပါဘူး။ သူကလဲ ခပ်လာချင်ချင်ပါ။ အဲလိုချစ်ခဲ့ကြတာပါ။ နောက်တီ လေယာဉ်မောင် လျောက်ဖြစ်တာကလဲ ပြောမယ် ဆိုရင် သူ့ကြောင့်ပါပဲ။ အဲတာကြောင့်လဲလျောက်ပြီးတော့ ရ။ ရတော့ သွေးစစ်။ စစ်တော့ အဖြေပေါ်ဆိုသလို ပြောမယ် ဆိုရင် သူ့အပြစ်မကင်းပါဘူး ခိခိ။
ကဲကဲ အဲလိုလေးတွေ အမှတ်တရ ရှိခဲ့တဲ့ အခုတော့ သူက လင်ကောင်းသားကောင်းနဲ့ အိမ်ထောင်တွေဘာတွေ ကျပြီး ဘ၀ က ဂိမ်းအိုဗာ (အဲလေ.................................... အပျို ဘ၀ပြောပါတယ်) သွားပြီပေါ့လေ။ ခုတော့ ၂၈ ဧပရယ် ၂၀၀၉ မှာကျရောက်တဲ့ မမယူရဲ့မွေးနေ့ အတွက် အမှတ်တရ ကဗျာလေး တီချမ်းကရေးပေးတာပေါ့လေ။ အသက်ကတော့ အောက်မှာ ဖော်ပြထားပါတယ်ပေါ့လေနော်။ ပုံကတော့ တွေ့တဲ့အတိုင်းပဲ နည်းနည်းတော့ ကွန်ပျူတာနဲ့ ပြင်ထားတယ် (touched) ပေါ့။
အသေးဆုံးပုံးလေးက ပိုလှတယ် တွေ့တယ်မှလား။ ဝေးလေ လှလေ၊ ၀ါးလေ လှလေ၊မှောင်လေ လှလေ လေ။ သူနဲ့ က အရင်တလောကတောင် ၀ဘ်ဆိုက်တခုမှာ သူ့စာလုံးပေါင်းအမှားတွေ ကို တီက လျှာရှည် ပြီး သွားပြင်ပြင်ပေးမိတဲ့အတွက် သတ်ကြပါသေးတယ်။ ခုတော့ လဲ ပြန်ချစ်နေပါပြီ အဲလိုပေါ့နော်။ သူငယ်ချင်းတွေ ဆိုပေမယ့် ပေါင်းလာတဲ့ နှစ်တွေမနည်းတော့လဲ လျှာနဲ့သွားလိုပါပဲ ခဏခဏ ကိုက်မိကြပါတယ်။ နောက်ဆုံးတော့လဲ ကြာကြာ စိတ်မဆိုးနိုင်ကြပါဘူးလေနော်။ ကလေးတွေလဲ မဟုတ်မှမဟုတ်တော့တာပဲလေ။ ကဲကဲ လျှာရှည်တာလဲ တော်တော် ရှည်နေပြီ ကဗျာလေးကို ခံစားသွားကြပါအုံးနော်။ ခေါင်းစဉ်ကိုတော့ သူ့နာမည် ပဲတပ်လိုက်တယ်လေနော်။

စောယူရီဂဲလာ ရိုးမြူးလက် စမိ(သ်)ဒွန်း
(Saw Yuri Galler Romulus Smith Dun)

ခင်မင်မှုကို “ပြန်ကာစစ်”
သိလာကြတာ “၁၀ နှစ်”
မင်းကိုငါက “တော်တော်ချစ်”
မုန်းပြန်တော့လဲ “ပျစ်ပျစ်နှစ်နှစ်”
အခုတော့လဲ OK “ပြန်ဖြစ်”
ဘ၀ မှာလိုတာ အဲ့လို “အစစ်”
တကယ့် သူငယ်ချင်း “အချစ်”
သံယောဇဉ်တွေ “နှောင်တွယ်ရစ်”
ဘယ်ခါတွေးတွေး အမှန် “လိုနှစ်”
မင်းလဲငါ့ကို “တော်တော်ချစ်”
ရန်ဖြစ်ပြီးတော့ “ပြန်ပြန်ချစ်”
အိုဘာတဲ့……“ပြန်ပြန်ချစ်”
လာထား…..“တပြွတ်ပြွတ်ကစ်”
“ခစ်ခစ်ခစ်”………….။

Remembrance for 28th April 2009
Congratulation u r 40!

A Chen
2:00 am
30th April 2009
Home
Bkk

Tuesday, April 14, 2009

မောင်ငယ် (ခ) မယ်ငေါင်

မောင်ငယ်အတွက် မွေးနေ့ လက်ဆောင်အကြွေးပါ ကြာနေပါပြီ
ကြားထဲမှာ အသည်းကွဲတာ ဘာညာနဲ့ မို့လို့ကြာသွားပါတယ်
စိတ်တွေကလဲယောက်ယက်ခတ် စာတွေကလဲ အကောင်းမထွက်၊
ရေးလိုက်တိုင်းစာတွေကလဲ ခံစားချက်တွေ ပြင်းနေတယ်
(မကောင်းဘူးလို့တော့ ကိုယ်ရေးတဲ့ စာကို ကိုယ် မပြောချင်ပါ၊ ကိုယ်ကတောင်ပြောနေရင် ဖတ်မယ့်သူတောင်ရှိမှာမဟုတ် ဟဟဟ အဲတော့ ရေးတာတွေက ကောင်းပါတယ်ပေါ့ ခံစားချက်တွေ များနေတာ၊ စာက ဒေါသသင့်တယ်ပဲပြောရမယ် ဒေါသသင့်တဲ့စာဆိုလို့
သူငယ်ချင်းတယောက်ကိုသတိရသွားပါတယ် ထားပါ) အဲတလောက ဆို ဘလောခ်ကလဲ လင်တရူးဘလောခ်ကြီးကိုဖြစ်လို့ မောင်ငယ်ကတောင်ပြောပါတယ် တီချမ်း အိမ်လာလည်ရတာ
အရင်လို မပျော်တော့ဘူးတဲ့ ဟဟဟ တခြားလူတွေကလဲပြောကြပါတယ် ချစ်တူမလေး မိရောင်ကလဲ ပြောပါတယ် အသည်းကွဲရင် ဆင်ကော်နဲ့ကပ်ပေးမယ်တဲ့၊(အဲဒီတူမက ကိုယ့်ထက်အသက်ကြီးတယ်.........အင်းပြောရင်ကောင်းမလား မပြောရင်မကောင်းဖြစ်နေမလား.....း).....မိန်းမတွေရဲ့အသက် က
လျှို့ဝှက်ချက်ဆိုတော့လေ......အဲ ပြောမိပြီလားဟင်....? အာ တိတော့ဝူးကွာ)
အင်းခုတောင်ရေးရင်နဲ့တွေ့လား စာတွေကတောရောက် မြို့ရောက်နဲ့
စိတ်တွေ က အစိုးမရဘူး အဲတော့ နောက်ဆို ကိုယ့်ဘာသာသေချာပြန် တည်ဆောက်ပါဦးမယ်
ကျေးဇူးပါ အဲသည်ကာလ က ဘေးကနေ အားပေးခဲ့ကြတဲ့ သယ်ရင်းတွေ အားလုံးနော်

တွေ့လားရေးနေတာတွေ အားလုံးက မောင်ငယ်နဲ့ ဘာမှမဆိုင်ဘူး

ထားတော့ ဆက်ရေးရင် လဲ ဆက်လွဲနေမယ့် အတူတူ မောင်ငယ့်အတွက်ရေးထားတာလေးပဲ တင်ပေးလိုက်ပြီ

ကဗျာလေးပါ သူ့ပရိုဖိုင်းလေးကြည့်ပြီးအဓိကရေးပါတယ် ပုံလဲ အဲဒီကပဲ ယူပါတယ် မောင်ငယ်ကို ခွင့်တောင်းပြီးမှတင်တာပါ .....ဒါဗြဲ ..........ဒါက လဲမောင်ငယ့် စတိုင်လ် ကို ခိုးပြီးပြောပါတယ်
ချောတယ်နော်


သူ့မှာ ကိုးရီးယားနာမည်လဲ ရှိသတဲ့ ခြင်ချောကျ ဆိုပဲ ခိခိခိ


မောင်ငယ် (ခ) မယ်ငေါင်

ပျော်ပျော်သာနေ
ပေါက်ကရလုပ်
ညစ်ကျယ်ကျယ်ကောင်ကလေး
မောင်ငယ်တဲ့လေး

င ကို ရ နဲ့သတ်
ရုရှားမှာ ပညာသင်
အမေကိုချစ်တဲ့သား
မောင်ငယ်တဲ့လား

မေမေကခေါ်
သား မှန်ကြောင်လေး
နောက်ထပ်များ သူ့နာမည်တွေ
ပေကြောင် ချီးထုပ်တဲ့လေး

ချစ်သူကခေါ်
“လူလိမ်”တဲ့လေး
ချစ်တာလဲမဟုတ်ဘဲ
ပိုက်ဆံ လာချေး

တီချမ်းကခေါ်
မယ်ငေါင်တဲ့လေး
တခါတခါခေါ်ပြန်သေး
သားလေးတဲ့ အဟေး

အသက်ကတော့
လင်နောက်လိုက်ပြေး
အသားတော် ညိုပြာညက်
မြန်မာပြည်မှာမွေး

မစားတဲ့အသားက
အမဲ နဲ့ သစ်သား
(စစ်သားတော့ စားတယ်ထင်ပါ့)
ရုရှားမှာ များမှများ
(ဟဟဟ ဒါအရေးကြီးတယ် ဒေလီယာ သူသူ မသိစေနဲ့ မဟုတ်ရင် ငတ်မယ် ခိခိခိ)

သူကြိုက်တဲ့အသီး
အကုန်နီးနီး
မီးသီးနဲ့ကျီးအာသီး
လက်သီးမမြည်း

မောင်ငယ်အတွက်
မွေးနေ့ လက်ဆောင်
ကဗျာကြွေးဆပ်
တီချမ်းရေးမှတ်


6.4.1986 တွင်ကျရောက်သောမွေးနေ့မှသည် နောင်နှစ်ပေါင်း ရှည်ချင်သလောက်အထိ ရှည်စေသ်ာဝ်
(အသက်ပြောတာနော် ကျန်တာမပါ)

၇း၀၆ နာရီ
၁၃ရက် ဧပရယ်လ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်။ ။
(မှတ်ချက် အနီများသပိတ်မှောက်နေသောကြောင့် သေနတ်သံ၊ ဗုန်းသံ၊ ဆေးရုံကားသံများ အကြားတွင်ရေးသည် ရုရှားဆန်ပါ့နော်)

Monday, April 13, 2009

ဂြိုလ်သားတကောင်အတွက် (အမှတ်တရ)

ကဲကဲ နည်းနည်းမိတ်ဆက်ပါမယ်
တီ့ အချစ်ဆုံးသူငယ်ချင်းများထဲ က ၀မ်းအောဖ်သည် ပါ
ကဗျာတွေ အများကြီး ၄ ပုဒ်လားမသိ တူတူရေးဖူး ပေါဖူးပါတယ်
ဒီနေ့ က သူ့ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့ပါ ကျော်ညာတာ ကျော်ညာတာ ခိခိ
အဲတာကြောင့် ပိုက်ဆံ အကုန်အကျ သက်သာအောင် (အဲလေ) ချစ်ခင်လှစွာနဲ့ ခင်မင်မှု ကို ဗဟိုပြုပြီး ကဗျာတစ်ပုဒ် လက်ဆောင်ရေးပေးပါတယ်
သူငယ်ချင်းလေးက လွိုင်ကော်ကပါ အမှန်က တောသား(သူ)ပေါ့
အဲတာကို ဒင်းက မဖြစ်ညစ်ကျယ်နဲ့ အမြဲ တောင်ပေါ်သားတွေ ရိုးသားတယ်လေး ဘာလေးနဲ့ ကြံဖန် ဂုဏ်ယူတတ်ရှာပါတယ်
(ဪ သူများသားသမီးတွေများတော်တာနော် ခိခိခိ)
နောက်ပြီး သူက (ဒေါ်ရီတာစကားနဲ့ပြောရရင်တော့ ခ၊ သ၊ မ၊ ဟ ခေသူမဟုတ် ပါ)
ငယ်ငယ်က ကျောင်းမှာ စာအလွန်တော်ပါတယ်။ နောက်ပြီး အာဆီယံ ကျောင်းသားလူငယ်များတွေ့ဆုံပွဲ တွေ ဘာတွေကို ၂၀၀၁ က လွိုင်ကော် (တော)ကို ကိုယ်စားပြုပြီးသွားဖူးပါတယ်။အသက်က ၁၇ ပေါ့ ။ မဇိုးမစပ်နဲ့ တင့်တင့်အရွယ်လေနော်။ ဪ သွားတာက စင်ကျားပူ(အင်မတန် စင်(ဘန်းစကား=ချော)လှသော ကျား=ယောက်ျားလေးများ ရှိတဲ့ အလွန် ပူ သောအရပ်လို့ဘာသာပြန်ပါသတဲ့ တားတားတိဝူးနော် နေနေတဲ့တူတွေကြောတာ အိ...) ကိုပါ ဟုတ်ကဲ့ ငယ်ငယ်က ပါ။
ခုတော့ လဲ ဂိမ်းအိုဗာ သွားပါပြီ ခိခိ (စတာနော် မိဘုတ်)။
ဪ မိဘုတ် မိဘုတ် အသက်လဲတနှစ်ကြီးလာပြန်ပြီ
ရည်းစားလဲမရှိသေး (ကြိုက်မယ့်လူမှမရှိတာအမှန်က ခိခိ) ကျော်ညာတာနော် ကျော်ညာတာ ကြိုက်ချင်တဲ့ လူတွေ တီ့ ကိုလာဆက်သွယ် ဆက်ပေးမယ် ခိခိ
(ပွဲခ ကတော့ ကောင်လေးရဲ့ရုပ်ရည်ကိုမူတည်ပြီးဆုံးဖြတ်မှာ)
ကဲအောက်မှာ ပုံလေးလဲထည့်ပေးထားတယ် စိတ်ဝင်စားရင် ဆက်သွယ်ရအောင်
(တီ့ဆီက တဆင့်နော် ကြားပွဲစားမလိုပါ တီက ပွဲစားဆိုလဲဟုတ် မန်နေဂျာ ဆိုလဲဟုတ်ပါတယ်လေနော်)
တီကတော့ သူငယ်ချင်းလေးကို ချစ်စနိုးလေးနဲ့ ဂြိုလ်သားလို့ ခေါ်ပါတယ် အောက်မှာသာ ဖတ်ကြည့်တော့နော်။


ဂိုလ်သားတကောင်အတွက် (အမှတ်တရ)

နင်လာခဲ့တယ်
ဘယ်ကလဲတော့ မသိ
တနယ်နယ်က ဖြစ်မှာပါ

နင်လုပ်နေတယ်
ဘာတွေလဲတော့ မသိ
တခုခုတော့ ဖြစ်မှာပါ

နင်သွားနေတယ်
ဘယ်ကိုလဲတော့ မသိ
တချိန်ချိန်တော့ရောက်မှာပါ

ငါပြောချင်တာက…..

နင်ဘယ်ကပဲလာလာ
ဘာကိုပဲလုပ်လုပ်
ဘယ်ကိုပဲသွားသွား

နင်ဟာငါ့ရဲ့ သူငယ်ချင် တော့
အမြဲတမ်းဖြစ်နေမှာပဲဆိုတာပါ
အမြဲတမ်းနော်……………
ငါပြောချင်တာနင်သိပါတယ်
ငှဲငှဲငှဲ…

(ဂန္တ၀င်ဘုတ်ဆုံ မွေးနေ့ အမှတ်တရ)

ခင်တဲ့
အောင်မျိုး
၁၁း၂၁ နာရီ
ဧပရယ်လ ၁၃ ရက် ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်။ ။


စကားပြေ။

ဂြိုလ်သားတကောင်အတွက် (အမှတ်တရ)

နင်လာခဲ့တယ်
ဘယ်ကလဲတော့ မသိ
တနယ်နယ်က ဖြစ်မှာပါ

(ဘုတ်ဆုံဟုအမည်တွင်သော တီ့ သူငယ်ချင်းလေးသည် “တော” ဟူသော အရပ်မှလာခဲ့ပါသည်။)

နင်လုပ်နေတယ်
ဘာတွေလဲတော့ မသိ
တခုခုတော့ ဖြစ်မှာပါ

(အရှုပ်တွေလုပ်ရင်း ဒင်းသည် အလုပ်တွေရှုပ်ချင်ယောင်ဆောင်တတ်ပါသည်။
ဂျီတော့ခ် တွင် အမြဲချေ(ချေ=ဘန်းစကား မာန်တက်ချင်ယောင်ဆောင်ခြင်း)ကာ တီ့ အားမခေါ်ပဲနေလေ့ရှိပါသည်။ ခင်မြင့်မြတ် ငါတို့ နှစ်ယောက်စလုံးအတွက်
ငါလက်စားချေလိုက်ပြီ နင်ရောက်ရာ ဘ၀ကနေ ကျေနပ်နိုင်ပါစေ။ ခိခိခိ)

နင်သွားနေတယ်
ဘယ်ကိုလဲတော့ မသိ
တချိန်ချိန်တော့ရောက်မှာပါ

(နင်သွားသွားနေသောအရပ်ကတော့ အမေရိကန် ဆင်တာ လိုင်ဘာရီ ဟုခေါ်သော အကြင် ရန်ကုန်မြို့ ပဲခူးကလပ် အရပ် အနီးအနားရှိ စာကြည့်တိုက်ဖြစ်ပါသည်။ အကြောင်းအရင်းကတော့ ပညာ စာပေ ဖွာရှည် အဲလေ ရှာဖွေ သည်ဟုအမြင်မမှားစေလိုပါ သူငယ်(ဘန်းစကား=ကောင်လေးငယ်ငယ်လေးများ)ငမ်းသွားခြင်းသာ ဖြစ်ချေလေသည်တမုံ့)


ငါပြောချင်တာက…..

နင်ဘယ်ကပဲလာလာ
ဘာကိုပဲလုပ်လုပ်
ဘယ်ကိုပဲသွားသွား

နင်ဟာငါ့ရဲ့ သူငယ်ချင်း တော့
အမြဲတမ်းဖြစ်နေမှာပဲဆိုတာပါ
အမြဲတမ်းနော်……………
ငါပြောချင်တာနင်သိပါတယ်
ငှဲငှဲငှဲ…
(ထိုထိုသို့ ကောင်းကွက်တစက်မှမရှိသော်လည်း ချစ်စရာကောင်းသော ထိုထို လူမ သူငယ်ချင်းလေးကိုတော့
စာများကဗျာများ တူတူပေါ အဲလေ ရေး ခဲ့ကြသည့် မျက်နှာအားထောက်ထား၍ ၀ဋ်ကြွေးပါ ခင်မင်မိပါသဖြင့် ဤဤ ဂြိုလ်ကောင်အတွက် အမှတ်တရ ကဗျာအား ရေးပေးမိချေပြန်ပါသည်တမုံ့။)


(ဂန္တ၀င်ဘုတ်ဆုံ မွေးနေ့ အမှတ်တရ)

Monday, March 16, 2009

နန်းညီ နှင့် ၁၆ မတ် ၂၀၀၉

ညီ တစ်ညလုံးညီ့ဘလောခ်ကိုဖတ်ပြီး မှရေးထားတယ်အစကတော့ ကဗျာကိုမော်ဒန်ပုံစံရေးမလားလို့ပဲနောက်တော့မှညီကကလေးလေးပဲလေ
ဆိုပြီးရွှေသွေးပုံစံရေးပေးထားတာ
နောက်ပြီး ဟန်အသစ်လေးဖြစ်သွားအောင်ပေါ့
ညီ့ဆီမှာဒါမျိုးမရှိသေးဘူးလေနော်
တစ်ညလုံးမအိပ်ရသေးလို့အိပ်တော့မယ်တာ့တာတီချမ်း

နန်းညီလေးဆီလည်လည်သွားချင်တယ်ဆိုရင်တော့........



နန်းညီ နှင့် ၁၆ မတ် ၂၀၀၉

ပန်းချီရေးတဲ့ မနန်းညီ
ဓါတ်ပုံလဲရိုက်သည်
သူ့လက်ရာတော်တော်ကောင်း
ငယ်ပေမယ့် တော်ကြောင်း

ဒီကနေ့မှာသူမွေးသည်
၂၁ ပြည့်ပြီ
လုပ်ဆောင်ချက်တွေပြန်ပြောင်းကြည့်
မှတ်တိုင်တွေကောင်း၏

သူပေါင်းနေတဲ့ ကောင်လေးတွေ
ညီ အန် ဂျဲ ဘွိုက်စ် လိန်
သူ့မွေးနေ့အတွက် ဆုတောင်းပေး
တီချမ်း ကဗျာကိုလက်ညောင်းရေး

စိတ်ကြိုက်ဖြစ်အောင်ဘ၀ကိုနေ
လွတ်လပ်ပျော်ရွှင်လူငယ်ပေ
လူသာငယ် ဂေါ်လီမ
ပညာတွေကိုတော်တော်ပြ

သူ့အကြောင်းတွေရေးရင်လေ
ပိုက်ဆံမက်တာလဲပါနေ
ဘလောခ်ပေါ်မှာစာတွေရေး
“ညီ”ကကောင်မလေး

ပေါတောတောမို့ ဆရာတင်
ငါးပါးမှောက်တာပင်
ကြိုက်တာတောင် “အရူး”သီချင်း
R and B ကိုငြင်း

ငပေါများရဲ့ အိမ်ဂေဟာ
စည်းရုံးရေး အမှုဆောင်နေတာ
ပေါတာတောင် နေရာရှိ
ဒီလောက်ဆိုလူတော်တော်သိ

မုန်းမိနေတာ ရေခဲပါ
ခေါင်ရေသောက်ချင်တာ
ကြယ်တွေကို သူစွဲလမ်း
မီးမှန်မှန်လာစမ်း

မိနန်းညီလေး ရွယ်ရောက်လာ
တော်တော်ကြိုးစားရှာ
ဘာအတွက်လဲမေးကြည့်တော့
မြန်မြန်သူ….ယူမှာပေါ့

ဒီနေ့ကနေ ရှေ့ဆက်လျှင်
အောင်မြင်မှုတွေရစေချင်
တီချမ်းကလေဆုတွေတောင်း
ညီညီမာစေကြောင်း။ ။




အန်တီချမ်း
တစ်ညလုံးမအိပ်ပဲရေးသည်
နံနက် ၇း၀၇ မိနစ်
၁၄ (စနေ) မတ်လ ၂၀၀၉ ခုနှစ်

စာကြွင်း။ ။
(ဟိဟိ တွေးချင်တာကို….မှာထည့် ပြီးချဲ့တွေးနော်
ဪ ဥပမာ-ဘွဲ့ ဘာညာပြောပါတယ်။
သိနေတယ်နော် ဘာတွေတွေးနေလဲဆိုတာ
ဟွန်း ဒါပဲ မပြောချင်ဘူး
ပြောကိုမပြောချင်ဘူး)

ခက်ဆစ်။ ။
ညီ အန် ဂျဲ ဘွိုက်စ် လိန်
(ညီမင်းစံ၊အန်ဒီကောင်၊ဂျဲဂျယ်၊ဘွိုက်စ်၊ဗီလိန်)