Showing posts with label တီချမ်း ဟင်းချက်ခြင်း. Show all posts
Showing posts with label တီချမ်း ဟင်းချက်ခြင်း. Show all posts

Wednesday, May 2, 2012

ကြက်သားပြွန်း (ကြက်ကာလသမီးချက်)

အခုတလော ချဉ်ချင်းတပ်နေတာ ကြက်သားကာလသားချက်လို့ ခေါ်တဲ့ ကြက်သားပြွန်းပါ။ အဲ့တာနဲ့ တလောက ညဈေးဘက် ရောက်တော့ မြန်မာကြက် ဒီက အခေါ် အိမ်ချက် ပေါ့ အဲ့တာ တကောင်ကို ဝယ်ပါတယ် ၁ ကီလို စွန်းစွန်းလေးထင်တယ်။ ၁၃၅ ဘတ်လား မသိဘူး ပေးရတယ်။ သေချာတာကတော့ မြန်မာပြည်ထက် အများကြီး ပိုပေါတယ် ဆိုတာပဲ။ တီချမ်းဆိုတဲ့ ကာလသမီးချက်တော့လဲ ကြက်သားကာလသမီးချက်ပေါ့ သို့သော်လဲ လျှို့ဝှက်ချက်က ဘာလဲဆိုတော့ ....ငှဲငှဲငှဲ.......(အမှန်ကတော့ မောင်ချက်ပေးတာပါ ကိုယ်က ခိုင်းယုံပဲ) (:=))

ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင့်လို ယောက်ျားရ (ရွေးယူ)ထားတာ ကိုယ်ကံကောင်းတယ်ပေါ့။ မနာလိုဖြစ်ကြပါ အားကျကြပါ ရွေးချယ်မှု ဥပမာ ယူကြပါ။ ကြားဖူးကြတယ်မှလား အိမ်ထောင်မှု ဘုရားတည် ဆေးမှင်စုပ်ထိုးလေ ကျန်တာတွေအားလုံးက ပညာရှိမကြီး တီချမ်း ပြောသလို “နင်ရွေးချယ်တဲ့ လမ်း” ပဲလေ။

ကြက်သားပြီးတော့ ဘူးသီးလဲ ရှာဝယ်ရပါသေးတယ်။ ဒီမှာက မြန်မာပြည်မှာလို ဘူးသီးအကြီးကြီးတွေ မရှိဘူး။ အသေးလေးတွေပဲ ရှိတယ် နုတော့ ပိုနုတာပေါ့ သို့သော် ဘူးသီးကြီးတွေကိုမှ ဘူးသီးထင်တဲ့ တိုင်းပြည်ကလာ တာကိုးနော်။ သေးလို့ မကြိုက်တာဆိုလို့ဘူးသီး နဲ့ နောက်တခု ပီး.........(ဆင်ဆာ) ပဲရှိတယ်။ ထား။

ကြက်သားကိုတော့ ဆိုင်က တခါတည်း တုံးခိုင်းလိုက်ပါတယ်။ ရောင်းတဲ့ မိန်းမ က အကုန်လုပ်ပေးလိုက်တာပါ။ အတုံးတုံးတာကော၊ အူ (ဒီမှာက အူကို မယူပါဘူး လွှတ်ပစ်ကြပါတယ် ကိုယ်က ယူမယ်ပြောတာ နောက်ကျသွား တယ် သူက လှီးရင်း ဖြတ်ရင်း ပစ်ပြီးနေပြီ) အခု ဒီစာကိုရေးနေရင်းနဲ့တောင် စဉ်းစားနေမိတယ်။ အခုတော့ ဒီမှာ ဝယ်တော့ ဒီက ဈေးအတွေ့အကြုံရေးတာပေါ့။ မကြာမီ တီချမ်းတယောက် မြန်မာပြည်ပြန်ရောက်ရင်တော့ တီချမ်း စာတွေထဲမှာ မြန်မာပြည်ကဈေးအတွေ့အကြုံ ဆိုရင် ဈေးသည်တွေ အပေါက်ဆိုးတာ အလေးခိုးတာ
တီချမ်း စွာလန်ကျဲပြန်ရန်ဖြစ်တာတွေ မိုးမွှန်နေတော့မှာပဲလို့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီက ဈေးတွေကတော့ ဝယ်ရတာ တကယ် စိတ်ချမ်းသာပါတယ်။ ကိုယ်ကေ-ာက်ဖက်လုပ်ပြီး ဒင်းတို့ ကို စကားမပြောချင်ရင် ထိုင်းလို မတတ်သလို ပြုံးပြီး ဟိုဟာ လက်ညှိုးထိုး ဒီဟာလက်ညှိုး ပြုံး (ချင်ယောင်ဆောင်)ပြီး အီးလိုပြောခိုင်း ရင် သဘောကောင်းစွာ လုပ်ပေးကြပါလိမ့်မယ်။ ထား။

အဲ့တာနဲ့ အိမ်ပြန်ရောက်တော့ ကြက်သား ကာလသား ကို ကာလသမီးက ကာလသားကို အပြောနဲ့ ခိုင်းပြီး ချက်ပါ
တော့တယ်။ ပထမဆုံး ဘူးသီးလေးတွေကို ကြိုက်တဲ့ အနေလေးတွေလှီးထားပါ။ (ပုံ-၁)။ ကြက်သားကို နနွင်း၊ ဆား အချို မှုန့် တို့ နဲ့ နယ်ပြီး နှပ်ထားပါ။ (ပုံ-၂)။ ကြက်သွန် ဖြူ နီ ကို လိုသလောက် ကြိတ်စက်နဲ့ ကြိတ်ထားပါ။ (ပုံ-၃)။ ငရုတ်ဆုံနဲ့ ထောင်းလဲ ရတယ်။ ကိုယ်ကြိုက်သလိုပေါ့။ နိုင်ငံခြားမှာနေနေတာ ဆိုတော့ ငရုတ်ဆုံ တော့ မရှိ။ ရှိလဲ ထောင်းရင် ဘေးအိမ်တွေ နဲ့ သတ်ရဖို့ မြင်တယ်။ ထား။





ပြီးတော့ ချက်မယ်လုပ်တော့ ဆရာလုပ်မယ့် ကာလသမီးနဲ့ တကယ်ချက်ရမယ့် ကာလသားနဲ့ သတ်ကြရပါသေး တယ်။ မောင်က အလွယ် လုံးချက်မယ်တဲ့၊ တီက ကြက်သွန်ဖြူနီ နဲ့ ကြက်သား ကို အရင် ဆီသတ်တဲ့ နည်းနဲ့ချက် မယ်ပေါ့။ လုံးတော့ လုံးတာပဲလေ အစိမ်းစော် မနံအောင်ပေါ့နော်။ အဲ့တာကို ဒင်းက နားမထောင်ပါဘူး။ တခါတည်း အကုန်ထည့်ပြီး လုံးမယ့် နည်းနဲ့လုပ်ပါတယ်။ အဲ့တော့လဲ လုပ်ပေါ့နော်။ သူက တကယ်ချက်မှာကိုး။ အဲ့တာနဲ့ ခုနက နယ်ထားတဲ့ ကြက်သားထဲ ကို ကြက်သွန်ဖြူနီ ကြိတ်ထားတာ ထည့်ပါတယ်။ နောက် အရောင်တင်မှုန့် နည်းနည်းထည့် စပ်စပ်ကလေး စားချင်တဲ့ သူတွေအတွက်တော့ အရောင်တင်မှုန့် ကို ပိုထည့်ပေါ့ ငရုတ်ဆုံနဲ့ ထောင်းမယ့် သူတွေအတွက်တော့ ငရုတ်သီးခြောက်ရေစင်စင်ဆေးပြီး ထည့်ထောင်းလဲ ရပါတယ်။
ပြီးတော့ ဆီနည်းနည်းထည့် ဆားနဲ့ အချိုမှုန့်ကတော့ ခုနက ကြက်သား နှပ်တုံးက ထည့်ပြီးဖြစ်လို့ ထပ်မထည့်တော့ပါဘူးနော်။ ကဲ ပြင်ဆင်တာတွေပြီးပြီဆိုရင်တော့ စချက်ကြရအောင်......





ဒီမှာ တီချမ်း သတိတချက်လွတ်သွားပါသေးတယ်။ တီက ဖဘ ပြေးကြည့်နေတုံး ဒင်းက ခုနက နယ်ထားတဲ့ အိုး ထဲကို ရေလိုသလောက် တခါတည်းထည့်ပြီး တည်ချလိုက်တော့တာပဲ။ တခါ ထပ် သတ်ကြရပြန်ပါတယ်။ လင်နဲ့ မယား လျှာနဲ့ သွား မှလား။ သူက ကိုယ့်ကို လာလာပွတ်လို့ပဲ ရတာ။ ကိုယ်ကတော့ ကြုံတာနဲ့ကိုက်ပစ်တာပဲ။ သူက လျှာ ကိုယ်က သွားပြောပါတယ်။ ဒင်းက အလွယ် ချက်တာလေ သူကြက်မစားတိုင်း။ အဲ့တာနဲ့ တီလဲ တင်းတာပေါ့ အမြင်ကပ်တာနဲ့ ကက်ဆက်ဖွင့်ပြီး အေသင်ချိုဆွေ သီချင်း ဆိုနေလိုက်တယ် အေးရော။

အမှန်က တီက ခုနက လုံးထားတဲ့ ကြက်သားတွေကို ဆီလဲ သင့်ယုံထည့်ထားပြီး ဖြစ်တဲ့ အတွက် အရင် သူ့ချည်း လုံးချင်တာပါ။ ဦးပေါ်ဦးလိုတော့ ဆားမထည့်တော့ဘူးပေါ့။ သူ့ချည်းပါပဲဘုရားပေါ့နော်။(ပြောတာ နားမလည်က စာများများ ဘတ်ကြကုန် အသင် စာဘတ်သူအပေါင်းတို့)။ အဲ့လို ကြက်သားချည်းလုံးပြီးတော့ မွှေးတက်လာပြီ
ဆိုတော့မှ ရေထည့်မယ်ပေါ့။ အဲ့လို အဲ့လို။ အဲ့တာကို ဟင်းက သူ့ကွန်ပျူတာ အဆော့ မပျက် အောင် တခါတည်း
ရေထည့်ပလိုက်တယ်။ ဘာမှ တော့ မဖြစ်ပါဘူး။ သို့သော် ကိုယ်က ပါးစပ်နဲ့ ချက်မယ့် သူ၊ တခါ ဘလောခ်မှာလဲ တီချမ်းဟင်းချက်နေသည် ကဏ္ဍာလေနော်။ ဒင်း ဟင်းချက်နေသည် မှ မဟုတ်တာ။ လူတွေကလဲ တီချမ်း ချက်တာ ကောင်းလွန်းလှချည်ရဲ့ အရသာရှိလှချည်ရဲ့ လိုက်ချက်ဖို့ နည်းလေးတွေ လွယ်လှချည်ရဲ့ စာရေး ကောင်းလှချည်ရဲ့ ဆိုပြီး လာကြ ဘတ်ကြ နည်းနိသျယူကြတာမှလား။ ဘယ်သူကများ ဒင်းကြောင့်လာတာ မှတ်လို့။ အဲ့တော့ မကောင်းရင် တီက နာမည်ပျက်မှာလေနော်။ အဲ့တော့ ဘယ်လိုပဲ ဖြစ်ဖြစ် သမိုင်းပေး အစဉ်အလာ အရ မိန်းမသည် လင် ကို တဗျစ်တောက်တောက် တော့ အနည်းကလေး လုပ်ရပါတယ်။ ဘယ်တော့ မှ ဒင်းတို့ ကို လွယ်လွယ် အလျော့မပေးနဲ့။ မရရင် ကိုယ့်ကိုကိုယ် ကာကွယ်နည်း သင်တန်းတွေမှာ ပေးလေ့ရှိတဲ့ GPT နည်းကိုသာသုံး။ အော် ဘာလဲ မသိဘူးလား။ အလွယ်ပြောရင်တော့ ညှစ် ဆွဲ လိမ် ပေါ့ကွယ်။ Grip, Pull and Twist ပေါ့ ဘာကို ညှစ်မလဲ ဘာကို ဆွဲ မလဲ ဘာကို လိမ် မလဲ ဆိုတာတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပေါနော်။ တီကတော့ အဆင်ပြေရာ လက်လှမ်းမီရာပဲ ဟင်းဟင်းဟင်း.....ဆက်ချက်ကြမယ် ပြောပါ
တယ်။ ထား။ ဒါတောင်ဒင်းက အထွန့်တက်ချင်နေသေးတယ်။ သူတို့ တောမှာဆိုရင် ကာလသားကြက်ဆိုတာတဲ့ သူခိုးကြီးညမှာ အလစ်သုတ်တဲ့ ကြက်ကို ပိုင်ရှင် မသိအောင် အမြန်နည်းနဲ့ ချက်ပြီး ကာလသားတွေက ဆွဲပြစ်တာ ဆိုပဲ။ ရေတွေဘာတွေတောင် သေချာမဆေးဘူး ဒီလိုပဲ အကုန်ပစ်ထည့် အမြန်ချက် ကြတာတဲ့။ ပြောပလိုက် ခု နင်ရောင်နေတာ တော မဟုတ်ဘူး ဘန်ကောက်မြို့လို့................ (မသေးမျှင် အသံတော့ ခဏ ငှားသုံးရတာပေါ့အေ)

ကြက်သားတွေကို ရေနဲ့ အရင်တည်လိုက်ပြီဖြစ်တဲ့ အတွက်....ကြက်သား နူး စပြုရင် ဘူးသီးထည့်ပါ။ ဘူးသီးကို အစကတည်းက တမင် ထည့် မနှပ်ထား မနယ်တာ မချက်တာက ကြက်သား မနုရင် ဘူးသီးပြဲမှာ စိုးလို့ပါနော်။ နောက်တော့မှ ရေလိုသလောက်ထည့်။ အရသာ ချိုပေါ့ငံမြည်း တီ့နည်း အတိုင်း လိုရင် ထည့် ပိုရင် ရေရော။ အိုကေပြီဆိုရင် ရပါပြီနော်။





ပုံကိုကြည့်ပါ ဘယ်လောက်တောင် စားလို့ ကောင်းလိုက်မလဲလို့နော်။ တီကတော့ အရည်သောက်လေး စားချင်တာကြောင့် ရေများများနဲ့ ချက်ခိုင်းလိုက်ပါတယ်။ ဟင်းရည်အဖြစ်လဲ သောက်လို့ ရ ထမင်းနဲ့လဲ ဆမ်းစား လို့ကောင်း။ အဆင်ပြေလိုက်တဲ့ ချက်ရတာလဲ လွယ် (အိုတီချမ်း ချက်ရင် မလွယ်တာ မကောင်းတာ ဘာမှ မရှိဘူး) ဟုတ်တယ်မှလား ပရိသတ်ကြီး။





ကဲ မိန်းဟင်း တခွက်ရပြီဆိုတော့ အရံဟင်း ချက်ရပါမယ်။ သာကီမျိုးတွေမှလား။ မင်းတုန်းမင်း လောက်တော့ အပွဲ ၃၀၀ မဟုတ်ပေမယ့် (အဲ့တာ အလကား ဇာချဲ့ ပြီး ဖြုန်းတီးတာ သက်သက် လို့ ကိုယ်ကတော့ ထင်ပါတယ်။ အင်းလေ... အဲ့တာ ရယ် နောက် တခု နှစ်ခု ရယ်ပဲ သူတို့မှာ လုပ်စရာရှိတာကိုးနော်) မိန်းဟင်းတခု အရံ တခုလောက်တော့ ရှိမှ ကောင်းတာပေါ့နော်။ မရှိတဲ့ အခါလဲမရှိတဲ့ အလျောက်စားဖြစ်ပါတယ်။

အရံအတွက်ကတော့ အဲ့နေ့ကပဲ တွေ့လို့ စားချင်သဟာနဲ့ ဝယ်လာတဲ့ မန်ကျည်းရွက်နုလေးတွေပါ။ ထမင်းမြိန်ဖို့ သုပ်စားကြပါတယ်။ မန်ကျည်းရွက်က တကယ်တန်းပြောရရင် ချက်နည်း ဘယ်နှနည်းမှ မရှိ။ သုပ်ရင် သုပ် မသုပ်ရင် အရည်သောက်။ မဟုတ်ရင် ကင်ပွန်းချဉ်လေးလို ကြော်ချက် ဒလောက်ပါပဲ။ ဆိုတော့ အလွယ်ဆုံးကတော့ သုပ်တာပေါ့။ ကြက်သွန်လေးလဲ ပါးပါးလှီးလိုက်ပါအုံးလေ။ နောက် မြေပဲမှုန့် ထောင်းထား
တာလေးပါရှိရင်တော့ ပို ကေတာပေါ့။ တီကတော့ ဒီမှာ မြေပဲမှုန့်က ထောင်းပီးသား အထုပ်လေးတွေ နဲ့ ရောင်း တာကို ဝယ်ထားပါတယ်။ အရင်တခါ မာလာဟင်းတုံးက ဟာတွေခုထိ မကုန်သေးဘူး။





ပြီးရင် ဘာမှ မလိုတော့ဘူး ဆား အချိုမှုန့် နည်းနည်းထည့် ဆီစိမ်းလေးနဲ့ ဆိုရင် မွှေးမွှေးလေး။ အမှန်က မြေပဲဆီ စစ်စစ် ရရင်တော့ ပိုကောင်းမှာပေါ့ သို့သော် ဒီမှာက ပဲပိစပ်ဆီကလဲ စစ်စစ်လေးပဲ ဆိုတော့ မြန်မာပြည်က စားအုန်းဆီ အရောတွေ ထက်တော့ ပိုစိတ်ချရတာ အမှန်ပဲ။ ရေရှည် ရောဂါဘယ ကင်းဝေးကြဖို့ စားသုံးကုန် တွေအန္တရာယ် ကင်းရှင်းအောင်လဲ လုပ်ဆောင်ပေးကြစေချင်ပါတယ် လွှတ်တော် အမတ်များနဲ့ သမ္မတကြီး ရှင့်။





ဒီနေ့တော့ စိတ်ပါလက်ပါနဲ့ ရုံးမှာ ရေးလိုက်တာ ပိုစ့်လေးက ရှည်ပြီး ဘတ်လို့ကောင်းမယ် ရယ်ရမယ် မျှော်လင့်ပါ တယ်နော်။

ယနေ့ ဘလောခ်ဂင်းကမ္ဘာရဲ့ တီချမ်း ချက်မယ် ပြုတ်မယ် ညှစ် ဆွဲ လိမ်မယ် အစီအစဉ် ဒီတင်ပြီးဆုံးပါပြီရှင်။
မိဘပြည်သူများ မီးမှန်မှန်လာ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပြီး ပိုက်ဆံ အပါအဝင် ၃ ဖြာ ချမ်းသာကြပါစေ။

A Chen
4:08PM
Thursday
3rd May 2012
Office
Bangkok

Tuesday, May 1, 2012

အာလူး အစပ်မွှေကြော်

တီချမ်းတယောက် ဟင်းမချက်တာတော်တော်ကြာနေပါပြီ။ ဟင်းတင်မချက်တာ မဟုတ်ပါဘူး။ ပိုစ့်လဲ မတင်ဖြစ်ပါဘူး။ ပြန်ခါနီးဆိုတော့ ပစ္စည်းတွေလဲသိမ်းရ၊ ဝယ်စရာ ခြမ်းစရာတွေလဲ လုပ်ရ၊ ကြားထဲမှာ ခဏ ပြန်ဖို့ လဲ လုပ်ရ၊ လက်မှတ်ဘွခ်ရ ခွင့်ယူဖို့လုပ်ရ၊ အို စုံတကာစိနေတာပဲ၊ သူငယ်ချင်းနဲ့ တောင် ပြောဖြစ်နေသေးတယ်
နောက်တခါ “အပြင်ထွက်” အလုပ်လုပ်ဖြစ်ရင် ဘာမှ (ဘာဆိုဘာမှ) မဝယ်တော့ဘူးလို့။ ထားတော့။

စာရေးဖို့ကလဲ စိတ်က မပါပါဘူးလေ။ ပြန်ရောက်ရင် ဘယ်လို ဆက်ရေးမလဲ မပြောနဲ့ ခု ဒီမှာ ရှိနေတာတောင် မရေးဖြစ်တာကြာပေါ့။ ခုနောက်ပိုင်း ဘလောခ်ဂါတွေစာမရးပဲ ရန်ဖြစ်တာ ခေတ်ပြန်စားနေလို့ ကိုယ်လဲ ရန်ပဲ လိုက်ဖြစ်ရမလားတောင် စဉ်းစားနေမိတယ်။

ကဲပါလေ ကိုယ်အကောင်းဆုံး လုပ်တတ်တဲ့ ဟင်းလေးချက်ပြီး အေးအေးတင်တာပဲ ကောင်းပါတယ် ဆိုပြီး ......

ခုတလောတော့ အာလူး စားချင်စိတ်ကလေးဖြစ်နေတာပါ။ နောက် ကြက်ကြော်ကိုပဲ ထမင်းကြမ်းနဲ့ စားနေတာ ဒီ တပတ်ထဲ ၄ ခါ မကတော့ဘူး။ တနေ့ကတော့ သူငယ်ချင်းတယောက်ရောက်နေတော့ သူ့ကို ကြေးအိုးလုပ်ကျွေး
သေးတယ်။ အရင်တခေါက်လုပ်ပြီး ပုံတွေတင်တော့ သူက စားချင်တယ် ဘလောခ်မှာလာအော်တာနဲ့လေ။ ချက်နည်းကတော့ ဒီမှာပါ။ ထားတော့ ခုတလောတော့ ရိုးရိုးလေးပဲ စားချင်နေတယ်။ အဲ့တာနဲ့ပဲ.....

ပြီးတော့ ခုနောက်ပိုင်းက ချက်ပြီးသမျှဟင်းတွေကို ဖဘ မှာပဲ အလွယ်တကူတင်လိုက်တော့ တကူးတက ချက်နည်း ဘလောခ် မရေးဖြစ်နေတာတာလဲပါတယ်။ ဖဘ က ပုံတင်ရပိုလွယ်တာကိုး။ ဘလောခ်ဂါက ပုံတင်ရခက်တာရယ် ခုနောက်ပိုင်း ဖီချာ ပြောင်းတာကို မုန်းနေတာရယ်နဲ့ ဘလောခ်ဘက်မလှည့်ဖြစ်တာတောင် ကြာပေါ့။ အဲ့လိုပါ အကြောင်းတွေစုနေတာပါ။

တနေ့ကတော့ လွယ်ကူစားမြိန်ဆီက ပိုစ့်တွေ လိုက်ဘတ်ရင်း သူ အာလူး ချက်တာတွေ့တော့ စားချင်စိတ်ဖြစ်ပါတယ်။ သူ့တောင် ချက်ကျွေးဖို့ ပြောသေးတယ်။ ကိုယ်လဲအရင် ကိုယ် တရုတ် ကုမ္ဗဏီ တခု မှာ လုပ်တုံးက မိတ် (ကရင်မကြီး) က ချက်ကျွေးတဲ့ အာလူး ဟင်းကို သတိရသွားပါတယ်။ ချက်ရတာလဲ အရမ်းလွယ် မွှေးတေးတေးနဲ့ မို့ စားလို့လဲအရမ်းကောင်း။ အာလူး ကြိုက်ရင်တော့ ချက်စားကြည့်သင့်တဲ့ ဟင်းတမျိုးပါပဲ။ နည်းကတော့ တရုတ်နည်းထင်ပါတယ်။ တီချမ်း ချက်တော့ တီချမ်းနည်းပေါ့နော်။ ကဲ ကြည့်ရအောင်။





ပထမဆုံး အာလူးနှစ်လုံး (ကြိုက်သလောက်) ကိုပြုတ်ပါ။ အခွံသင်ပါ။ ပုံမှာ ပြထားတဲ့ အတိုင်း ချေထားပါ။ အာလူး ပြုတ်တဲ့ အခါ ကျက်မကျက်သိရအောင် တူနဲ့ ထိုးထိုးကြည့်ပေးပါ။ ထိုးလို့ အောက်ထိပေါက်ရင် ရပါပြီ။ ဒီက အာလူး တွေက မြန်မာပြည်လို မဟုတ်ဘူး နိုင်ငံခြားကနေ လာသေးတာ ထင်တယ် ကြီးမှကြီးပဲ။ပြုတ်တာကျက်ရင် ရေအေးနဲ့ ဆေးချလိုက်ပါ သို့ ရေအေးစိမ်ထားလိုက်ပါ။ ပြီးတော့မှ ယောက်ဇွှန်း နဲ့ ချေပေးပါ။ အဲ့လို မလုပ်လို့ လက်ပူလောင်ရင် တီ့ကို လာမပြောပါနဲ့။





နံနံပင်တွေကို အပါးဆုံး တတ်နိုင်သလောက် လှီးထားပါ။ အမှန်က ကြက်သွန်မိတ် နဲ့ မှ ပိုမှန်မှာ ခုတော့ ကြက်သွန်မိတ်မရှိတော့ ရှိတဲ့ နံနံပင်နဲ့ အဆင်ပြေလိုက်ရပါတယ်။ သူလဲ တမျိုးတော့ မွှေးတာပါပဲ။ နောက် လိုတာက ကြက်သွန်ဖြူ ကြိတ်ထားတာရယ် ငရုတ်သီးစိမ်း ပါးပါးလှီးထားတာရယ်။ နောက် ဂျင်း ကိုလဲငရုတ်သီးစိမ်းလိုပဲ ပါးပါးလှီးထားပေးပါ။ ခုတော့ ဂျင်းလဲ မရှိတော့ ငရုတ်သီးပဲ နည်းနည်းပိုထည့်လိုက်တယ်။
အဲ့တာတွေအကုန် အသင့်ပြင်ထားပြီးရင် ကြော်တဲ့ စခန်းစပါမယ်။





မကပ်တဲ့ အိုးကိုသုံးပါ။ အဆင်ပိုပြေပါမယ်။ မရှိရင်တော့လဲ ရှိတာပဲသုံးပေါ့။ မကပ်တဲ့ အိုးရှိကိုရှိမှ မဟုတ်ပါဘူး။ ဆီထည့်ပါ။ နည်းနည်းလေး ပိုထည့်ပါ။ အာလူးက ဆီကို စုပ်မှာ မို့လို့ပါ။ ပြီးရင် ဆီကို ပူအောင်တည်ပါ။ ဆီနည်းနည်း စပူလာပြီဆိုရင် ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းကို အရင်ထည့်ပါ။ မွှေးလာအောင် ကြော်ပေးပါ။ မတူးပါစေနဲ့။ ကြက်သွန်လေးတွေ နည်းနည်းလေး အရောင်စပြောင်းစပြုပြီဆိုရင် ရပါပြီ။





ကြက်သွန်အရောင်းစပြောင်းရင် ခုနက ချေထားတဲ့ အာလူးတွေကို ထည့်ပါ။ ဆား အချိုမှုန့် ထည့်ပါ။ နောက် ပဲငံပြာရည်အကြည်နည်းနည်းထည့်ပါ။ ပြီးရင် ခဏဆက်မွှေပေးပါ။ အာလူးက ကျက်ပြီးသားဖြစ်တဲ့ အတွက် အကြာကြီးမွှေစရာမလိုပါဘူး။ နှံအောင်မွှေပေးယုံပါပဲ။ ပြီးရင် နံနံပင် လေးတွေ ထည့် မျှအောင်မွှေ ပြီးတာနဲ့ အိုးချလို့ရပါပြီ။





ပုံကိုကြည့်ပါ။ သူ့ချည်းပဲ စားလို့ ကောင်းပြီး အရသာရှိသလို ထမင်းပူပူလေးနဲ့ တွဲစားရင်လဲသိပ်ကောင်းတဲ့ အိုအိရှိပါပဲ။ အမှန်က ဂျင်းပါရင် ပိုမွှေးမှာ ဖြစ်ပေမယ့် ခုတော့ သရုတ်သီး များများလေးကြောင့်လဲ အရမ်းမွှေပါတယ်။ ပေါင်မုန့်ကြိုက်တဲ့ သူဆို ပေါင်မုန့်ကြားမှာ ညှပ်စားလဲ ကောင်းတာပါပဲ။ ပိုပြီး ဘိုဆန်တာပေါ့ ပေါင်မုန့် နဲ့ အာလူးနဲ့ ဆိုတော့ ကာဘိုဟိုက်ဒရိုတ်တော့ ရီဒန်ဒန့် ဖြစ်နေမယ်။ သို့သော် ကိစ္စ မရှိဘူး -င်ကြီးရင် ၁) ပြလို့ရတယ်။ ၂) အကိုကာလသားတွေကြိုက်တယ် ၃) သင်္ကြန်မှာ ဖော်ချွတ်ပြီး ဝတ်လို့ရတယ်။ ဝင်း ဝင်း ဝင်း ပဲ။

ဒီလောက်ဆိုရင် ပရိတ်သတ်တွေ ကျေနပ်ကြမယ် ထင်ပါတယ်နော်။ နောက်နေ့မှ ကြက်သား ဘူးသီး ပြွန်း (ကာလသားကြက်) ကိုတင်ပေးပါအုံးမယ်နော်။

A Chen
12:07AM
Wednesday
2nd May 2012
Home
Bangkok

Thursday, April 19, 2012

တီချမ်း နဲ့ ဆေးရောင်စုံ ထမင်းပွဲ




တလောက ချက်ထားတာလေးပါ။ ဘလောခ်က ပုံစံ အသစ်ဖြစ်သွားပြန်ပြီ။ မုန်းတယ် ဂျီမေးကောပဲ မသုံးတော့ရင် ကောင်းမယ်။ သောက် ဂူဂဲ (stupid google) ခဏခဏ ပြောင်းပြောင်းနေတယ်။ အလကားရ လို့ သုံးနေတာ ခုတော့ သောက်မြင်ကပ်လာပြီ။ ထားတော့ ......

အရင်တလောက ချက်စားတာလေး ပုံတွေ တင်ထားတာ ခု ပြန်ကြည့်တော့ မှ draft ထဲရောက်နေတာ
တွေ့တယ် အဲ့တာနဲ့ ဖုံခါပြီး ပြန်တင်ပေးလိုက်တယ်နော်။

ပိုစ့်နာမည်ကတော့ ဆေးရောင်စုံ ထမင်းပွဲ လို့ပေးထားပါတယ်။ တခါကလဲ ရေးဖူးတယ် မှလား တရုတ်တွေ က ဟင်းချက်ရင် အရောင်စုံအောင် ချက်ကြတယ်တဲ့။ ထမင်းကြော်ဆို အနီရောင် အတွက် ဥနီ၊ အဝါအတွက် ဘေဘီကွန်း သို့ ကြက်ဥ အစိမ်းအတွက် အရွက် တမျိုးမျိုး ပဲသီး တသဖြင့် ပေါ့ အဲ့လို အရောင် လှအောင် ကြော်လေ့ရှိကြတယ် လို့ အမေပြောတာ မှတ်သားဖူးတယ်။

ခုလဲ တီချမ်းတယောက် ချက်မယ် စိတ်ကူတော့ ရှိတာ အကုန် ထုတ် ချက်ပြုတ် လုပ်ချလိုက်တယ်။




အရမ်းကိုဒေါသထွက်နေပြီ ရေးရင်းနဲ့ သောက် ဘလောခ်ဂါ နဲ့ သောက် ဂူဂဲ (stupid google and it's new interface) ပုံတွေ တင်ပြီးသားကို အဆင်မပြေတော့ဘူး။

ထားတော့။

ပထမဆုံး ကြော်မယ့် ဟင်းပွဲက ကြက်ဥ နဲ့ ဝက်သားချဉ်ပါ။ ပုံမှ ပြထားတဲ့ အတိုင်း ကြက်ဥ လိုသလောက် ကို ဆား အချိုမှုန့် ငရုတ်ကောင်း မှုန့် တို့ နဲ့ ခေါက်၊ ထည့်မယ် ဝက်သားချဉ် ကို စိတ်ကြိုက် လှီးရင်လဲ လှီး မလှီးရင်လဲ ချေထားပေးပါမယ်။





ပြီးရင် ဝက်သားချဉ် ကို ကြက်ဥထဲရောပြီး မွှေပေးပါ။





ဆီပူလေးနဲ့ ပွပွလေးကြော်လိုက်ရင်တော့ အရသာရှိတဲ့ ဝက်သားချဉ် ကြက်ဥ မွှေကြော်တခွက်ရတာပေါ့ အဝါရောင်နော်။





မုန်ညှင်းဖြူ ဟင်းရည် ချက်ပါမယ်။ မုန်ညှင်းဖြူ ထုပ်ကို ကြိုက်သလို လှီးထားပါ အကြီးအသေး အနေတော်ပေါ့လေ နောက် ဝက်တုံး ၃ တုံးလေက်ကို တည်မယ့် ဟင်းရည်အိုးထဲထည့်ပါ အရည်ဆူရင် မုန်ညှင်းရွက် ခတ်လိုက်ပါ။





လွယ်ကူ ပြီး ပေါ့ပေါ့ပါးပါး မုန်ညှင်းဖြူ တခွက်ရတာပေါ့နော်။ ဒါက အဖြူပေါ့နော်။





အစိမ်းရောင်အတွက်တော့ ဘိုစားပဲ သီးလေးလဲ ကြော်ပါမယ် ကြော်မယ့် ပဲသီးတွေကို တစောင်းလေးတွေလှီးထား ရေဆေး စစ်ထားပေးပါ။





မကပ်တဲ့ အိုးထဲ ကို ဆီ နည်းနည်းလေးအရင်ထည့်ပါ ငရုတ်သီးခြောက်ကို တခါတည်း ထည့်ပါ ဆီပူ မှ မထည့်ပါနဲ့ နော် မီးကျွမ်း တတ်လို့ပါ။ ပြီးလို့ ငရုတ်သီး မွှေးလာရင် ပဲသီးထည့် နောက် ခဏ မွှေပြီး ကြော်လိုက်ပါ။ ဆားအချိုမှုန့် ထည့် ခရုဆီ ကြိုက်တတ်ရင် နည်းနည်းထည့် ရင် ရပါပြီ။ အစိမ်းရောင်ဟင်းပေါ့နော်။





နောက်တခွက်ကတော့ ဝက်သားမုန်ညှင်းချဉ်ကြော်ပါ။ အရင်ကလဲဒီနေရာမှာ ကြော်နည်း ပေးပြီးသားပါ။





ဝက်သားနဲ့ ကြော်မယ့် မုန်ညှင်းချဉ် ကို တောက်တောက်စင်းထားပါ။





ကြက်သွန်နီ ဥ ကို ၈ စိတ် လှီးထားပါ။ ဝက်သားက ကြိတ်သားပဲ အလွယ် ဝယ်ပါတယ်။





ခုနက လိုပဲ ဆီမပူခင် ငရုတ်သီးခြောက်ကို ထည့်ပါ။ နောက် ကြက်သွန်နီထည့်၊





ပြီးတော့ ဝက်သားထည့်၊ ဝက်သားကို မထည့်ခင် အရင် ကော်မှုန့် ဆားအချိုမှုန့်ငရုတ်ကောင်းမှုန့် တို့ နဲ့ ပဲငံပြာရည် နည်းနည်းထည့်ပြီး အရင်ကြိုနှပ်ထားရင် ပိုကောင်းပါတယ်။ ပြီးရင်တော့ ဝက်သားကို ခုန က ကြော်လက်စ ကြက်သွန်နဲ့ ငရုတ်သီခြောက်ကြော်ထဲထည့် ခဏ ကြော်ပေး အသား ကျက်လာရင် မုန်ညှင်းတောက်တောက်စင်းထားတာတွေ ထည့်။





သကြားနည်းနည်းထည့် ရေနည်းနည်းထည့် ပြီးတော့ ခဏ ပေးဆူ ပြီး ရေခန်းကာနီးရင် ချလို့ ရပါပြီ။ ဒါလေးကတော့ အနီပေါ့လေ။





ကဲ အငွေ့တွေ တထောင်းထောင်းနဲ့ တရုတ်စာ အမြန်အဆန် ကြော်လှော်ချက်ပြုတ် ထားတဲ့ ရောင်စုံ ထမင်းပွဲပေါ့နော်။ အားပေးကြပါအုံး။

တောက် မုန်းတယ် စောက်သုံးမကျတဲ့ စောက် ဂူဂဲလ် stupdi google stupid blogger stupid stupid

A Chen
4:13 PM
Thursday
19th Apr 2012
Office
Bangkok