ရာသီပျက်အလွမ်း
Addy:
မိုးတွေညို့နေတယ်
မှုတ်သုန်လာပြီလား
ငါ့မှာတော့…
အလွမ်းတွေဝေလို့
ဆောင်းအကြွင်းအကျန်တွေနဲ့လေ
ရွက်ကြွေတွေလွင့်ကုန်ပြီ
နွေရေ...သွားတော့မလား
မြက်ခင်းတွေစိမ်းမြမြ
မိုးရေ…လာတော့မလား
ရာသီတွေမှားတာများ
နွေ မိုးနဲ့ဆောင်းတောင်ရှေ့နောက်တွေလွဲ
အခါများစွာ ငါဟာရူးသွပ်
နင်မရှိတော့တာတော်တော်ကြာပြီလေဟာ
စက်ဝိုင်းကိုနောက်ပြန်တွေဆွဲလဲပဲ
၃၆၀ ဒီဂရီကတော့ ရှိမယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
2 weeks ago
No comments:
Post a Comment