Tuesday, April 5, 2011

Alice in wonderland


foto from google

Alice in Wonderland

ဒီမနက်
မတော်တဆ လျှို့ဝှက်ဆန်းကျယ်
ပန်းဥယျာဉ်ကြီးတခုထဲကို ရောက်သွားတယ်

အဲ့ဒီမှာ
စကားပြောတတ်တဲ့ ငှက်တကောင်နဲ့တွေ့တော့
သူက...

နွေဦးရဲ့ ဥယျာဉ် က ပန်းတွေ တအားမွှေးတာပဲ
ပြီးတော့
နွေ ရဲ့ ဥယျာဉ်ကတော့ လူအစည်ကားဆုံး

နောက်ပြီး
ဆောင်းဦးရဲ့ ဥယျာဉ်က ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းပြီးတော့
ဆောင်း ရဲ့ ဥယျာဉ်ကလဲ တိတ်ဆိတ်သာယာပါသတဲ့

အော် ပြီးတော့ ပြောသေးတဲ့
ဒီနေ့ ရဲ့ “ကိုယ်” ကလဲ သိပ်လှတာပဲတဲ့....

A Chen
5:40 AM
31st march 2011
Thursday
Home
Bangkok

No comments:

Post a Comment