Thursday, April 21, 2011

ကိန် လို့ခေါ်တဲ့ ယိုးဒယား အုန်းနို့ခေါက်ဆွဲ

ဒီနေ့တော့ တလောက ကိုတင်ဇာအေး သူ့ဘလောခ် မှာ တင်သွားတဲ့ ယိုးဒယား အုန်းနို့ ခေါက်ဆွဲ (ကိန်) လို့ခေါ်တဲ့ အစားအသောက်တမျိုး ချက်ကျွေးချင်ပါတယ်။ သူက ပြင်ဆင်ရတာလဲ လွယ် ချက်ရတာလဲ လွယ် စားရတာလဲ လွယ် ဆေးရတာလဲလွယ်ပါတယ် အဲ့တာကြောင့် တီ့ မိုတို နဲ့ လဲ ကိုက်ညီ တဲ့ အတွက် ချက်ကျွေးလိုက်ပါတယ်နော်





ပြင်ရတာ ကိုက မခက်တာပါ တွေ့လား ခရမ်းသီး လိုမယ် နောက် ကဖောင်းချက်ရင် ထည့်တဲ့ ပင်စိမ်းရွက်လိုမယ် နောက် ဟင်းချက်မယ့် အနှစ်လိုမယ် (ဆိုင်တွေမှာ ရှာဝယ်လို့လွယ်ပါတယ် သူက ဒီဟင်းချက်တဲ့ အနှစ်ပဲ ယိုးဒယားတွေက ဟင်း အားလုံး လိုလို လုပ်ပြီးသားအနှစ်တွေနဲ့ ချက်တတ်တဲ့ အတွက် ဝယ်တဲ့ အခါ သတိတော့ထားပါနော် ( သေချာချင်ရင် အထုပ်ပေါ်မှာ English လို Red curry လို့ ရေးထားတဲ့ အထုပ်ရှာဝယ်ပါ သူက အစပ်ထုပ်ပါ ၊ နောက်ထပ် Green curry နဲ့ Yellow curry ဆိုပြီးတော့လဲ လာပါသေးတယ် သူတို့ က တော့ အချိုတွေပါ အခုဟာက တော့ အနီ ထုပ်ကို သေချာရှာဝယ်ပါ) ပုံ ကိုသေချာချဲ့ ပြီး အထုပ်ကို ကြည့်ပါ။

ပြီးရင်တော့ နောက်ပုံမှာ ပြထားတဲ့ အတိုင်း ခရမ်းသီးတွေ ကိုလှီး ပြီးရေဆေး စစ်ထားပါမယ် တီက လျာရှည်ပြီး ခရမ်းသီး နှစ်မျိုး ဝယ်ပါတယ် ကြိုက်တဲ့ အမျိုးထည့်ပါ ခရမ်းရောင် အသီး ကိုတော့ အရောင်ပိုလှအောင်ပါ မရရင် အစိမ်းသီးလေးတွေလဲထည့်ရပါတယ် နောက် ခရမ်းကြွပ်သီး လဲထည့်တယ် နောက် တမျိုး အစိမ်း မာမာသေးသေးလေးတွေလေ (ပဲစိမ်းသီးစေ့လေးတွေလိုမျိုး) ရှိသေးတယ် ခရမ်းသီး မျိုးနွယ်ပဲ နည်းနည်းခါးတယ် ယိုးဒယားတွေကတော့ အဲ့တာလေးတွေလဲ ထည့်တယ် ထားတော့ ခရမ်းသီး ရေခင်းပြနေရတာ နဲ့ ရှည်နေပြီစာက
နောက်ပြီး ပုံဘေးက ပင်စိမ်းရွက်ကိုလဲသင်ပြီး ရေစိမ်ထားနော်....





နောက်ပြင်ထားရမှာ က အုန်းနို့ပါ ဒီဟင်းမှာ သူက မင်းသမီးပဲလေနော်။ နောက်တော့ အသား တီက မောင်ကြက်သားမစားတဲ့အတွက် ဝက်သား နဲ့ ချက်ပါတယ် ဒီမှာကတော့ ကြက် ဝက် ငါး အကုန်ချက်ကြပါတယ် အသားလုံးလေးတွေထည့်လဲ ရတယ် ဝက်သား ကို ပုံမှာ ပြထားတဲ့အတိုင်း ပါးပါးလှီးပါ နောက် ငံပြာရည် ဆား အချိုမှုန့် နည်းနည်း နယ်ထားပါ နောက် မင်းသား မုန့်တီ ဖတ်လေးတွေ ကိုပြင်ထားပါ အပေါ်က ပြောတာတွေအကုန်လုပ်ပြီးပြီဆိုရင်တော့ စချက်ပါတော့မယ်





ပထမဆုံး ကျမတို့ ဆီအိုးလေးတည်ပါမယ် ဆီတွေပူလာပြီဆိုရင်တော့ အုန်းနို့ကို နည်းနည်းလေးထည့်ပါမယ် ပြီးရင်အုန်းနို့လေးတွေပြစ်လာအောင် ဆီသတ်ပါမယ် ပုံမှာ ပြထားသလို အပေါက်အပေါက်လေးတွေ ပေါက်လာတဲ့ အထိ လုပ်ပါ တူးမသွားအောင်လဲ မွှေပေးနေအုံးနော် မီးလဲအရမ်းမပြင်းစေနဲ့ အုံး
(အမလေး အကုန် ကိုစေ့စေ့ပေါက်ပေါက် ပြောနေရတာပဲ ခေတ်ကာလသားသမီးတွေများ တကယ် တကယ်....ပြောချင်ဘူး ပြောကိုမပြောချင်ဘူး ဒေါ်မြလေးလို ရင်ဘတ်ကို လက်ကလေးနဲ့ဖိ) ဒါကတော့ ပြဇာတ်မရေးတာ ကြာလို့ စိတ်နည်းနည်းပါသွားတာ ခွင့်လွှတ် .....





နောက်အဆင့်ကတော့ ခုနက အုန်းနို့ ဆီသတ်ထားတာထဲကို ဟင်းနှစ် နှစ်ထုပ်လုံးဖောက်ထည့်လိုက်ပါမယ် ပြီးရင် ဆက်ပြီး မွှေးလာအောင်မွှေပေးနေပါ။ (မတူးစေနဲ့နော်......အင်း ပြောရပြန်ပြီ ကဲဟာ .....ဒေါက်.......ခေါင်း ကို ခေါက်လိုက်တာဖြစ်ပါတယ်) မွှေးလာပြီဆိုရင်တော့ နောက်ဆုံး ပုံမှာ ပြထားသလို ခုနက နယ်ပြီး နပ်ထားတဲ့ ဝက်သား ကို ထည့်ကြော်ပါမယ် ဝက်သား ကိုမွှေးလာအောင်ကြော်ပေးပါမယ်နော်





ဝက်သား ရပြီဆိုရင်တော့ ခရမ်းသီး တွေကိုထည့်ကြော်ပါမယ် ခရမ်းသီး ကို အနူးကြိုက်ရင် ဒီနေရာမှာ အရင်ခဏ ကြော်ပေးပါ ရတယ် ရိုးရိုးပဲဆိုရင်လဲ ခဏနေ ဟင်းရည်အိုး ဆူပွက်ပြီး ရခါနီးမှ ထည့်ရင်လဲရပါတယ် ခရမ်းသီး ကိုနည်းနည်း ပိုနူးချင်ရင်တော့ တီပြထားသလိုပဲ ဟင်းအနှစ် ထဲ ဝက်သားထည့်ပြီး မွှေးလာရင် ထည့်ကြော်ပေးပါ ခရမ်းသီး နည်းနည်းနွမ်းတဲ့ အထိကြော်ပေးပါမယ်နော်





ခရမ်းသီး နဲ့ဝက်သား ဟင်းအနှစ်ကိုကြော်နေတဲ့အချိန်မှာ တပြိုင်တည်း ရေနွေးအဖြူတအိုး တည်ထားပေးပါမယ် ရေနွေးဆူရင် ခုနက ပိုတဲ့ (ဒီအုန်းနို့ က မုန့်လုံးရေပေါ် လုပ်တုံးက ပိုတဲ့ အုန်းနို့ပါပဲ)အုန်းနို့ နည်းနည်းထည့်ပြီး တည်ပေးပါ အုန်းနို့တွေမွှေးပြီးဆူလာပြီဆိုရင်တော့ ခုန က ချက်ထားတဲ့ ခရမ်းသီး ဝက်သား အနှစ် တွေကိုလောင်းထည့်လိုက်ပါမယ် ပြီးရင် အပေါ့ အငံ မြည်းပြီး လိုတိုး ပိုရေရော လုပ်ပေးပါ





နောက်ထပ်ပြင်ထားရမှာ တခုက ကြက်သွေး ပဲသွေး ဘဲသွေး ဝက်သွေး ကြိုက်ရာ ရရာ စားတတ်ရာ ဝယ်ပြီးတော့ သေးသေးလေးတွေ တုံးထားပါ တီက တော့ ခု ချက်တာ ပြုတ်တာ ပြမှာ မို့လို့ပုံရိုက်ကောင်းအောင် ပြင်ထားတာပါ ချက်တော့လဲ အကုန်ပစ်ထည့်တာပဲလေနော့် နောက် ခုနက ရွေးထားပြီး သား သင်ထားပြီးသား ပင်စိမ်းရွက်တွေကို ရေစိမ်ပြီး ဆေးထားပါမယ်





အုန်းနို့ ဟင်းရည်ထဲ ကို ခရမ်းသီးရောအပြီး နောက်တခါ ဆူလာပြီဆိုရင် တော့ ရပါပြီ ခရမ်းသီး နူးမနူး တချက်ကြည့်ပြီးရင် ရပါပြီ အချိုပေါ့ ငံ ကို ခုန က တခါတည်းမြည်းထားပါ ပြီးရင် အသွေးတုံးတွေ လှီး ထားတာ ထည့်ပါမယ် နောက် တခါ ထပ်ပေးဆူလိုက်ပါ အသွေးတွေထည့်ရင် သူက ခဏ ပြန်အေးသွားတတ်လို့ပါ နောက်တခါ ပြန် ဆူပြီးဆိုရင်တော့ အပေါ့အငံ ထပ်မြည်း လိုအပ်ရင် နည်းနည်းပြင် ပါ ပြီးရင်တော့ ပင်စိမ်းရွက် အုပ်လိုက်ရင် အိုးချ လို့ ရပါပြီ





ဒါတွေကတော့ မုန့်တီကိန် နဲ့ စားရမယ့် ငံပြာရည်ပါ ငံပြာရည်ထဲကို ငရုတ်သီးစိမ်း ပါးပါးလှီး ပြီး ခဏ စိမ်ထားပေးပါ အရသာဝင်အောင်ဖြစ်ပါတယ် ဘေးကတော့ နံနံပင်နဲ့ သံပရာသီးပါ နောက်ဆုံးပုံက မုန့်ဖတ်တွေ ထည့်ပြီး ပွဲပြင်တာပါ နံနံပင် ကြိုက်တတ်ရင် နည်းနည်ထည့်ပါ ငံပြာရည် နည်းနည်းဆမ်းလိုက်ပါ ကြိုက်တတ်ရင် ငရုတ်သီးဖတ်လေးတွေ ဆယ်ထည့်ပါ





ခုနက ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ဆမ်းလိုက်ရင် အရသာရှိတဲ့ ကိန်မုန့်တီ တပွဲ ရပါပြီ တီက အသားထက် အသွေးကြိုက်လို့ရွေးထည့်ထားတယ် ကြက်သားနဲ့ ချက်ရင်လဲ အရသာတမျိုး ထူးပါတယ် မြန်မာကြက်ရရင်တော့ ပိုကောင်းတာပေါ့
ဒီမှာတော့ ဆိုင်တွေမှာ သွားစားရင် ဝက်ခေါက်တို့ ပဲပင်ပေါက်ရေနွေးဖျော် တို့ ကြက်ဟင်းခါးသီး ပြုတ် တို့ ကန်စွန်းရွက်ပြုတ် တို့ စတာတွေ နဲ့ အရွက်စိမ်း ပင်စိမ်း ပူဆီနံ စတာတွေနဲ့ လဲတွဲစားကြပါတယ် ကြိုက်သလိုသာ စားကြပေတော့နော်.........

A Chen
9:17 PM
21st April 2011
Thursday
Home
Bangkok

21 comments:

  1. ခရမ်းသီးက ရှုပ်တယ်

    ReplyDelete
  2. စားမယ် ဝါးမယ် ပါးပါးလှီးမယ်.. ဘဲသွေးနဲ့သိပ်ကောင်းတာ..

    ReplyDelete
  3. ဒေါ်ရီတာ ခရမ်းသီး မကြိုက်ရင် တခြား သီးစုံကုလားဟင်းထဲ ထည့်တဲ့ အသီးတွေနဲ့ လဲအဆင်ပြေမယ်ထင်တယ်

    ဒါပေါ့ ဒါပေါ့ ကိုတင်ဇာ နောက်နေ့ကျရင် ရှမ်းခေါက်ဆွဲ ကျိုင်းတုံစတိုင်လ်အတိုင်း ကြက်သွေးလေးနဲ့ တင်ပေးအုံးမှာ

    ReplyDelete
  4. နွေးနေခြည်April 21, 2011 at 10:35 PM

    ဒီမှာတော့ ယိုးဒယားဆိုင်မှာ သွားစားဖြစ်တယ်။ တီ ချက်သလောက်တောင် မစုံပါဘူး။ အုန်းနို့ရည်ရယ် fish ball ရယ်ပဲပါတယ်။ တီ့လက်ရာက ကောင်းမှာသေချာတယ်း)

    ReplyDelete
  5. တီချမ်း..
    မုန့် ဖတ်က မုန့် တီဖတ်လာ။ဟင်?

    ReplyDelete
  6. အော် လက်စသတ်တော့ နနခ က နခမ ကိုး ခုမှသိတော့တယ်
    ကျေးဇူးပါအေ

    ဟုတ်တယ် အိုင်အိုရာ မုန့်တီဖတ်ပါ မုန့်ဟင်းခါးဖတ် ရခိုင်မုန့်တီ ဖတ် တူတူပါပဲ ဒီမှာ တော့ ယိုးဒယား လိုခေါက်နွန်ကျန်းမ် လို့ခေါ်ကြတယ်

    ReplyDelete
  7. အသားမပါတပွဲပေးပါ။။
    ခရမ်းသီးတော့မကြိုက်ဘူး..ဒါမဲ့ ချက်စားကြည့်ချင်တယ်..။
    တီချမ်းသင်ပေးတာ ပျော်စရာကြီး။
    ဖတ်ရင်း ရယ်နေတယ်။

    ပေါက်

    ReplyDelete
  8. အသားမပါဘဲ တခြား အသီးတွေ ပိုထည့်ပြီး ချက်ကြည့်လေ
    အချိုမှုန့်တော့ ပိုထည့်ပေါ့ အေ

    ဘာက ရယ်ရလို့လဲပေါက်ရဲ့ ရယ်စရာလဲ မပါဘူး ဒါ အတည်ရေးထားတာပါရှန်.......

    ReplyDelete
  9. Green curry ဆို ”အသေ”ကြီုက်.. “ရေလျှံတုန်း” ဘန်ကောက်ကို “ကညော့” လာခဲ့ပီး တီ့အိမ်ပေါ် “ဖလမ်းဖလမ်း”လာထမယ်... စားချင်တာတွေ “နင့်”နေအောင် “၀က်ဝက်ကွဲ”အောင် ချက်ကျွေးခိုင်းမယ်..

    ReplyDelete
  10. ချက်ထားတာက စားချင်စရာလည်းကောင်း။ ရေးထားတာလည်းဖတ်လို့ကောင်း

    ReplyDelete
  11. နောက် တမျိုး အစိမ်း မာမာသေးသေးလေးတွေလေ (ပဲစိမ်းသီးစေ့လေးတွေလိုမျိုး) ရှိသေးတယ် ခရမ်းသီး မျိုးနွယ်ပဲ နည်းနည်းခါးတယ် ...အဲဒါ ခရမ်းကဆော.သီးလို. ခေါ်တယ် တီရဲ.

    ReplyDelete
  12. ချစ်ကြည်အေးApril 23, 2011 at 10:08 AM

    တီချမ်း.....စားလို့အရမ်းကောင်းမှာ...ကြည့်တာနဲ့သိတယ်။ မောင် ကံကောင်းလိုက်တာကွယ်...။ ချက်ပြုတ်ကျွေးနေတာတွေ တွေ့လို့ ခုလို မှတ်ချက်ချမိတယ်။ ဘလော့ဂ်နောက်ကွယ်မှာ တီချမ်းကြီး မောင့်ခေါင်းကို သနပ်ခါးတုံးနဲ့ ထုချင် ထုနေမှာ...ဒါတော့ တို့ မသိဘူးနော်.....:)

    ReplyDelete
  13. လာလာ သူသူရေ
    ရှင်လာမှ မောင့်ကို ချက် “ကျွေး” ခိုင်းမယ်
    ကျုပ်ပါ “ကုန်းဆင်ဒ” အုံးမှာ
    တခါတည်း ဗိုက် “ပွင့်” သွားစေရမယ်

    ကျေးဇူးပါ စုဘူးရေ တုတ်ထိုး လဲ လိုက်စားခဲ့တယ်

    ကျေးဇူးတင်တယ် အနော်တိမတ်စ်ရေ ပြင်လိုက်မယ် ကစော် က ဒီလိုပေါင်းတာထင်တယ်နော်

    ဒေါ်ချစ်ရေ တကယ်ပဲ ချက်ကျွေးတုန်းတော့ ချိုတယ် ပြီးရင် တော့ ထုတော့ တာပဲ လင်နဲ့မယားဆိုတော့ ဒီလိုပဲပေါ့ ကိုယ်ကတော့ သူ့ကို ခဏခဏ ကို ကိုက်ပစ်တာပဲ

    ReplyDelete
  14. သစ်သစ်April 24, 2011 at 7:43 AM

    ရောက်တယ် တီချမ်းရ.. အသစ်တင်တိုင်းလာဖတ်တယ် စာမရေးဖြစ်တာက ကျောင်းတက်နေလို့ပါ အိမ်မှာတောင်ချက်မစားဖြစ်တော့ ချက်တာတွေမရေးဖြစ်ဘူး ဖြစ်နေတာ တီချမ်းချက်တာတွေပဲ သားရည်လာကျတော့မယ်လေ .. မကောင်းဘူးလား..း)

    ReplyDelete
  15. တီချမ်းရေ
    စိတ်ရှည်ရှည်ဓါတ်ပုံတွေအများကြီးနဲ့ချက်နည်းပြောပြတာကျေးဇူးပါ
    ထိုင်းစာတွေသိပ်ကြိုက်တာ...

    ReplyDelete
  16. တီရေ.. မြန်မာပြည်ခဏပြန်လည်နေလို့။
    အုန်းနို့ခေါက်ဆွဲတော့ ကြိုက်တယ်။ ခရမ်းသီးထည့်ချက်တာတော့ ဒီတခါပဲ မြင်ဖူးတယ်။
    တရွာ တပုဒ်ဆန်းပေါ့နော်။

    ReplyDelete
  17. တီချမ်း ရေ

    ခရမ်းသီး ထည့် ချက်တာတော့ စားဖူးဘူး အုန်းနို့ခေါက်ဆွဲ နဲ့ တူတယ်နော် စားကောင်းမှာပါ

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  18. ထိုင်းတွေကဘာလို.ခရမ်းသီး ခရမ်း ကစော့်သီးကြက်ဟင်းခါးသီးပင်စိမ်း ပူဆီနံတွေကိုထည်.စားကြတာလဲမသိဘူးနော်မုံ.ဟင်းခါးထဲလဲထည်.စားတာဘဲ

    ReplyDelete
  19. စားပုံမတူတာနေမှာပေါ အနောနိမတ်ရယ်

    အဲ့တာတွေ အကုန်က အရွက်ပြုတ်တွေပဲဆိုတော့ အရွက်စားတာ ကောင်းပါတယ်

    တီတောင် နောက်နေ့ တွေကျရင် သက်သက်လွတ်တွေ တင်ပေးအုံးမယ်

    ReplyDelete
  20. Can you please put up a burmese coconut curry recipe?

    ReplyDelete
  21. http://chenaddy.blogspot.com/2010/03/blog-post_617.html

    ReplyDelete