ကြုံကြိုက် ဆုံခိုက်
တကယ်လို့ မင်းနဲ့များမဆုံဖြစ်ခဲ့ရင်
ငါ့မှာ အခုနဲ့မတူတဲ့ ဘဝ တခုများရှိနေလိမ့်မလား
အဆုံးသတ်မှာ
ရလဒ်ရှိသည်ဖြစ်စေ မရှိခဲ့ဘူးဆိုရင်ဖြစ်စေ
ငါကတော့
မင်းနဲ့တွေ့ကြုံဆုံတွေ့ခဲ့ရတာကို
ကျေနပ်ပါတယ်လေ…
A Chen
8:40 pm
14th March 2010
Home
Bangkok
Sunday, March 14, 2010
Friday, March 12, 2010
တယောက်တည်းအိပ်တဲ့ နှစ်ယောက်အိပ်ကုတင်
တယောက်တည်းအိပ်တဲ့ နှစ်ယောက်အိပ်ကုတင်
လောကကြီးမှာ
အဝေးဆုံးဆိုတဲ့ အကွာအဝေးက
ရှင်ခြင်းနဲ့ သေခြင်းကြားက အကွာအဝေးမဟုတ်သလို
တောင်နဲ့မြောက်
အရှေ့နဲ့အနောက်
တယောက်နဲ့တယောက်
ကမ္ဘာတခြမ်းစီ ခြားနေတဲ့
အကွာအဝေးမျိုးလဲမဟုတ်ပါဘူး
ဘာနဲ့တူလဲဆိုတော့
မင်းရဲ့ရှေ့မှာ ငါရပ်နေရဲ့သားနဲ့
ငါမင်းကို အသည်းနှင့်အောင် ချစ်နေတယ်ဆိုတာ
မင်းမသိသလိုမျိုးပါ။
A Chen
3:58 pm
12th March 2010
Home
Bangkok
လောကကြီးမှာ
အဝေးဆုံးဆိုတဲ့ အကွာအဝေးက
ရှင်ခြင်းနဲ့ သေခြင်းကြားက အကွာအဝေးမဟုတ်သလို
တောင်နဲ့မြောက်
အရှေ့နဲ့အနောက်
တယောက်နဲ့တယောက်
ကမ္ဘာတခြမ်းစီ ခြားနေတဲ့
အကွာအဝေးမျိုးလဲမဟုတ်ပါဘူး
ဘာနဲ့တူလဲဆိုတော့
မင်းရဲ့ရှေ့မှာ ငါရပ်နေရဲ့သားနဲ့
ငါမင်းကို အသည်းနှင့်အောင် ချစ်နေတယ်ဆိုတာ
မင်းမသိသလိုမျိုးပါ။
A Chen
3:58 pm
12th March 2010
Home
Bangkok
Thursday, March 11, 2010
အပွေ့အဖက်
အပွေ့အဖက်
ပွေ့ဖက်ရတဲ့ခံစားချက်က သိပ်ကိုကောင်းပါတယ်
အဲ့တာက ဘာနဲ့တူလဲဆိုတော့
ခန္ဓာတွင်းက နှစ်သိမ့်ကျေနပ်မှုနဲ့
ကြမ်းတမ်းခဲယဉ်းတဲ့ လောကအတွက်
ဆုလဒ်တခုလိုပေါ့
A Chen
10:10 pm (who miss me???)
11th March 2010
Home
Bangkok
ပွေ့ဖက်ရတဲ့ခံစားချက်က သိပ်ကိုကောင်းပါတယ်
အဲ့တာက ဘာနဲ့တူလဲဆိုတော့
ခန္ဓာတွင်းက နှစ်သိမ့်ကျေနပ်မှုနဲ့
ကြမ်းတမ်းခဲယဉ်းတဲ့ လောကအတွက်
ဆုလဒ်တခုလိုပေါ့
A Chen
10:10 pm (who miss me???)
11th March 2010
Home
Bangkok
ချစ်မိ မျက်ရည်မရှိ
ချစ်မိ မျက်ရည်မရှိ
အချစ်က ပစ္စုပ္ပန်ထဲမှာ မရှိပါဘူး
အတိတ်နဲ့ မျှော်လင့်ချက်ထဲမှာသာရှိတာပါ
အသွားခရီးဟာ များသောအားဖြင့်
အပြန်ခရီးနဲ့ တလမ်းထဲဖြစ်နေတတ်ပါတယ်
ဒီလို အချစ်မျိုးမှာ တုံ့ပြန်မှု မလိုပါဘူး
ဒီလိုအချစ်မျိုးက
သူ့ဘာသာ အဖြေရှိပြီး
သူ့ဘာသာ ကျေနပ်နေတတ်တာမျိုးပါ။
A Chen
12:24 am
11th March 2010
Home
Bangkok
အချစ်က ပစ္စုပ္ပန်ထဲမှာ မရှိပါဘူး
အတိတ်နဲ့ မျှော်လင့်ချက်ထဲမှာသာရှိတာပါ
အသွားခရီးဟာ များသောအားဖြင့်
အပြန်ခရီးနဲ့ တလမ်းထဲဖြစ်နေတတ်ပါတယ်
ဒီလို အချစ်မျိုးမှာ တုံ့ပြန်မှု မလိုပါဘူး
ဒီလိုအချစ်မျိုးက
သူ့ဘာသာ အဖြေရှိပြီး
သူ့ဘာသာ ကျေနပ်နေတတ်တာမျိုးပါ။
A Chen
12:24 am
11th March 2010
Home
Bangkok
Tuesday, March 9, 2010
ညည့်နက်ထဲက အပွေ့အဖက်
ညည့်နက်ထဲက အပွေ့အဖက်
နှစ်တနှစ်ရဲ့ ညတညမှာ
သူတို့ဆုံတွေ့ကြတယ်
သူမက သူ့ကို
ပထမဆုံး
တွေ့ဖူးတယ်လို့ထင်တာ
ဒါပေမယ့်
သူတို့နှစ်ယောက်
အချိန်ကာလ ရဲ့
အပိုင်းအခြားတခုမှာ
တွေ့ခဲ့ဖူးကြတယ်ဆိုတာ
သူပဲသိပါတယ်။
A Chen
11:35 pm
9th March 2010
Home
Bangkok
နှစ်တနှစ်ရဲ့ ညတညမှာ
သူတို့ဆုံတွေ့ကြတယ်
သူမက သူ့ကို
ပထမဆုံး
တွေ့ဖူးတယ်လို့ထင်တာ
ဒါပေမယ့်
သူတို့နှစ်ယောက်
အချိန်ကာလ ရဲ့
အပိုင်းအခြားတခုမှာ
တွေ့ခဲ့ဖူးကြတယ်ဆိုတာ
သူပဲသိပါတယ်။
A Chen
11:35 pm
9th March 2010
Home
Bangkok
Subscribe to:
Posts (Atom)