Thursday, January 28, 2016

ဘဝအတွက် ချစ်သူ

ဘဝအတွက် ချစ်သူ
မင်း ဘဝရဲ့အမှတ်တရတိုင်း အတူတူဖန်တီးခဲ့
မင်းပေးတဲ့ အချစ်တို့နဲ့လှပ
ကိုယ့်အပေါ် စတွေ့ကတည်းကမင်း ၁၀၀%အပြည့်
အဆုံးအစမဲ့တဲ့ နားလည်မှု နဲ့
အိုး why မင်းအချစ်က တန်ခိုးရှိတဲ့အရာ
Oh Why ကိုယ်သာပိုင်ဆိုင်ရမှာ (တာ)
ရင်ခုန်မိစေသူ ချစ်မိခဲ့စေသူ
ကိုယ်ပျော်ရွှင်ခဲ့စေသူ တန်ခိုးရှိလေသူ (တဲ့သူ)
အကြင်နာပေးနိုင်သူ ဖေးမပေးနိုင်သူ
ဘဝအတွက်ချစ်နိုင်သူ ဟူး…….
Ending
ကိုယ့်ရဲ့ အချစ်တွေအကုန် မင်းယူ
ကိုယ်လိုချင်တာ အကုန်ဖြည့်ဆည်းသူ
ထာဝရ ချစ်သူ အိုး…..ရေး….
အကြင်နာတွေအကုန်ကိုပေးသူ
ကိုယ်မထင်ထားဘူး
ဒီဘဝထဲ ပိုင်ရမယ် မင်းလို့………

လမ်း နဲ့အလွမ်း

လမ်း နဲ့အလွမ်း
ခပ်ဆင်ဆင် လမ်းကလေးမှာ
အလွမ်းတွေ သိပ်သည်းလိုက်တာ
အမှတ်တရတွေ သည်းသည်းလှုပ်နေတာများ
တလမ်းလုံးကို ဖွေးလို့
ချမ်း

မှန်ရဲ့အခြားတဘက်

ချစ်သူ
မှန်ရဲ့ တဘက်တချက်မှာ
ကိုယ်တို့လက်ကလေးတွေ ထောက်လိုက်ရင်
မှန်ခြားနေပေမယ့် ထိလို့ရသလိုမျိုး 
ကိုယ့်ရင်ထဲက အချစ်တွေ
မင်းကို သိစေချင်တာ....
ချမ်း

သခင်ကြင်နာ မြင်လှည့်ပါ

သခင်ကြင်နာ မြင်လှည့်ပါ

သခင့်အသံ
နေ့တိုင်းသာဖို့
အကျွန်မျှော်လင့်
ရောင်နီလင့်၏
သခင့်မျက်နှာ
နေ့တိုင်းဖူးဖို့
ဆေးလေးပို့ပါ
ခွင့်တောင်းသော်လည်း
သခင်ကြည်၏
မကြည်၏မို့
ပို့သော်ရသည်
နေ့တိုင်းမပီဘူး
သခင့်အတွေး
မေးဆသော်လည်း
မှန်းရသိပ်ခက်
သခင့်စိတ်ချက်
သခင့်စကား
ဓိပ္ဗါယ်ရှာလဲ
ပွင့်ပွင့်လင်း၏
မလင်း၏
သခင့် နှလုံး
ဝမ်းတော်ပြုံးဖို့
သင့်နိုးရာရာ
ဆောင်ကြည်းသော်လည်း
သခင့်စိတ်တွင်
သိပ်မရွှင်လို့
အကျွန့်ဘာများ
မှားသလဲ
သခင့်ကိုယ်စား
ဖတ်မှတ်ရာရာ
အကျွန်ရှာသည်
စုံစွာရ၏ မရ၏
သခင်ထံပါး
ခစားချင်လည်း
သခင်လို၏ မလို၏ မို့
မျှော်ကိုး မပေး
လွမ်းရေးခက်သေး
သခင့်နှလုံး
စိတ်ရွှင်ပြုံးရေး
အကျွန့်မှာသာ
ဖြည့်ဆည်းပါသည်
မျှော်လင့်စာနှာ
ကျွန့် သည်းညှာကို
သခင်ကြင်နာ
မြင်လှည့်ပါ

လှိုင်ထိပ်ခေါင်ချမ်း

သဲသောင်ပြင်ပေါ်

သဲသောင်ပြင်ပေါ်
@အထီးတည်းငါ့မှာ သဲသောင်ပြင်ပေါ်
လေအေးလေးတိုက်လာ ကမ်းခြေပေါ်မှာ
ကိုယ်ဖိနပ်ထဲမှာ ဝင်နေသဲတွေ ခါထုတ်ရင်း ဆက်လျောက်ဆဲ
တယောက်ထဲ ဖော်ကွာမဲ့ ကျန်နေတယ်
@ရေစိမ်းမြမြပြာ ကောင်းကင်ပြာပြာ အချစ်ခရီးရဲ့
တဝက်မှာ မင်းချန်နေတာ ကိုယ်ဒီလို အမှတ်မဲ့
ရေပြာနက်ထဲ ဟိုးအဝေးကူးခတ်လို့သွား
ကြင်နာသူမင်း
ရင်မှာမင်း တိုင်တည်ကာ
‪#‎ပင်လယ်ရေလှိုင်းသံ‬ တီးတိုးရှိုက်ကာငို 
တိမ်ဖြူအဝေးမှာ တွယ်ရာမဲ့လွင့် ရင်ခွင်သစ်ထဲက
မင်းကိုယ့်ကို လွမ်းရင်
ငဲ့ကြည့် ဟမ်း ဟင်း........
only blue only blue
အချစ်ကပေးတဲ့ ငရဲမီး
ရင်နာရင်း ရင်မှာမင်း ကိုယ်လွမ်းမိ
@သောင်ကမ်းစပ်နားက ကိုယ့်လှေငယ်ဟာ
ဟိုးအဝေးကို ခတ်ကာသွားနိုင်ပါ့မလား
ကိုယ်အကြိမ်ကြိမ်ကြိုးစား
ဒီသောင်ကမ်းက ခွာလဲ မေ့ဖို့က အခက်သား 
ရင်မှာမင်း ငါငိုရင်း ကြင်နာမယ့်သူ မရှိပြီ နင်ချန်ထားခဲ့ ငါ့မှာ
တစ်ဘဝလုံး blue
Only blue only blue ......