Sunday, December 8, 2013

“လည်” တာလား “အ” တာလား မောင်တို့ ယောက်ျားတွေရယ်…….

“လည်” တာလား “အ” တာလား မောင်တို့ ယောက်ျားတွေရယ်…….

ယောက်ျားတွေဟာ တစ်ခါတစ်ခါ သိပ်ကို တုံးအ နေတတ်ပြန်ပါတယ်။ သူတို့တွေဟာ မိန်းမတွေ စိတ်ထဲမှာဘာဖြစ်နေတယ် ဘာတွေးနေတယ် ဘာလိုချင်နေတယ်ဆိုတာ သိလေ့မရှိကြပါဘူး။


ဥပမာ လမ်းခွဲကြမယ့်အချိန်မှာ…..ကိုယ်က …..မျက်ရည်လည်ရွှဲနဲ့ ……..
“ကျမနောက်ကို ရှင့်မျက်နှာ ဘယ်တော့မှ မမြင်ချင်ဘူး။ ရှင်ထွက်သွား” လို့ပြောလိုက်ရင် သူက တကယ်ပဲ ကိုယ့်စကားကို မြေဝယ်မကျ နားထောင်ပြီး ခေါင်းငိုက်စိုက်နဲ့ ထွက်သွားတော့တာပါပဲ။

သူကိုယ့်ကိုပွေ့ဖက်ထားတုံး ကိုယ်က……သူ့ကိုတွန်းလွှတ်ပြီးတော့………
“လွှတ် ရှင်ကျမ ကိုလွှတ်။ ကျမ အသားကို မထိနဲ့”…….လို့များပြောရင် သူတကယ်ပဲ အူကြောင်ကြောင် (သူဘာများ အမှားလုပ်မိလို့လဲဆိုတဲ့ မျက်နှာ နဲ့) လွှတ်ပြီးတော့ ချောင်တစ်ခုမှာ ကုတ်နေတတ်ပါတယ်။ (အမှတ်တရ ထဲက မောင့်ကိုတောင်သတိရမိသေးတော့)

တစ်ခါ ကိုယ်က
“ရှင့်အသံကို ကြားရတာ မီးလို ပူလောင်လွန်းလို့ ရှင့် အသံ ကို မကြားပါရစေနဲ့တော့” လို့ပြောမိရင်……..သူက ဖုန်းတောင်မဆက်ရဲတော့ဘူး။

ကိုယ်က “ကျမတို့ လမ်းခွဲကြရအောင်…….ရှေ့ဆက်ပြီး တူတူနေလို့မဖြစ်တော့ဘူး” လို့ပြောရင်……….။ အဲ့ဒီစကားတခွန်းကိုပြောတုံးက ကိုယ့်ပုံက အေးစက်စက်နဲ့ သိပ်ပြတ်သားပုံပေါက်နေပေမယ့် တကယ့်တကယ်က ကိုယ် ဘယ်လောက်ထိ ပြတ်သားရမလဲ ကိုယ့်ဘာသာသေချာလဲမသိသေးပါဘူး။ တကယ်က ကိုယ်အဲ့လောက်ထိပြတ်သားသေးတာလဲမဟုတ်ပါဘူး။ တကယ်က ကိုယ်လိုချင်တာ သူ့ဆီက တောင်းပန်လာမယ့် စကားတခွန်း…….သူကသာ “ကိုယ်မှားပါတယ်ကွာ ကိုယ့်ကို အမှားပြင်ဆင်ခွင့်၊ ကြိုးစားကြည့်ဖို့ နောက်ထပ် အခွင့်အရေးလေးပေးပါလို့များ တောင်းပန်လာခဲ့ရင်…….ကိုယ်စိတ်ပျော့ပြီး ခွင့်လွှတ်မိအုံးမှာပါ။ ဒါပေမယ့် သူက စိတ်ဓါတ်ကျ ကြေကွဲ မျက်ဝန်းတွေနဲ့ ကိုယ့်ရှေ့က ခေါင်းငိုက်စိုက်ထွက်ခွာ…….ပြီးတော့ ဖုန်းလဲ ဆက်မလာရဲ……..အဆက်အသွယ်လဲ ထပ်မလုပ်ရဲ…….ကိုယ်ပြောတဲ့ စကားတခွန်းကို တကယ် အတည်ယူလို့………..ကိုယ်တကယ်ပဲ သူနဲ့ လမ်းခွဲချင်ပြီ လို့ ထင်။

သူက မဆက်သွယ်လာတော့ ကိုယ်ကလဲ စပြီး သူ့ကို မဆက်သွယ်ချင်၊ ဆက်သွယ်လို့မရ ကိုယ့်ရဲ့ခေါင်းမာမှုက ခွင့်မပြု၊  မာနတွေကို မချချင်……ဒီလိုနဲ့ပဲ ကိုယ်တို့ နှုတ်မဆက်ရဘဲ လမ်းခွဲ ထွက်ခွာ……ကြေကွဲ။

အမှန်က ကိုယ်က တကယ်လမ်းခွဲရမလား မခွဲရဘူးလားကြားမှာ လူးလာခေါက်တုံု့ ဝေခွဲမရဖြစ်နေတုံးပဲရှိသေးတာ။ ဒါပေမယ့်လဲ နောက်ဆုံးတော့ လမ်းခွဲ ကြဖို့ ဆိုတဲ့ လမ်းကသာ ကိုယ့်အတွက် ရွေးချယ်စရာ ကျန်တော့………

တကယ်လို့ သူသာ အဲ့လောက် မတုံးအခဲ့ဘူးဆိုရင်…ကိုယ်တို့ဇာတ်လမ်းက အဆုံးသတ် နောက်တမျိုးဖြစ်အုံးမှာ။ သူဒီလောက်တောင် ချစ်တဲ့ မိန်းမတစ်ယောက် စိတ်ထဲမှာ ဘာတွေတွေးနေလဲ ဆိုတာ သူအဲ့လောက်တောင် မရိပ်မိဘူးလား။ ဇာတ်လမ်းက မဆုံးသေးဘဲ နောက်ထပ် ဆက်ရန် ကျန်သေးလို့ ရတယ်ဆိုတာ သူမသိဘူးလား။ သူသာ တကယ်မပြတ်ချင်သေးရင် ကြိုးစားချင်စိတ်ရှိသေးရင် ကိုယ်တို့ တကယ်လမ်းခွဲစရာ မလိုဘူး ဆိုတာ သူ နည်းနည်းလေးမှတောင် မတွေဝေမိဘူးလား။

ဒါပေမယ့်လဲပေါ့လေ……မောင်တို့ ယောက်ျားတွေဟာ တကယ်တော့လဲ အဲ့လောက် မတုံးအ ပါဘူးလေ။ တကယ်လို့သာ ကိုယ်ကများ……..“ရှင်သွားသေလိုက်လေ” လို့ ပြောရင် သူတို့ တကယ် သွားမသေပါဘူး။ အဲ့လို အချိန်ကျတော့ သူတို့လောက် လည်တာ နှစ်ယောက်ျမရှိဘူး။ ကိုယ်တကယ်သေစေချင်လို့ ပြောနေတာ မဟုတ်ဘူးဆိုတာ သူတို့ ကောင်းကောင်း သဘောပေါက်ပါတယ်။

T Chen
11:11 AM | 5th Dec 2013 | Thursday
J’s Donut, Yaw Min Gyi St | Yangon | MYANMAR

Long live the King.   






Thursday, December 5, 2013

နောက်ဆုံးမှာ ကိုယ် ဘာကိုလိုချင်တာလဲ?

နောက်ဆုံးမှာ ကိုယ် ဘာကိုလိုချင်တာလဲ?

တနေ့က ဖဘ မှာ သူငယ်ချင်းတယောက် သူ့ဘဝရဲ့အရေးကြီး ကိစ္စ နဲ့ ခေါင်းစားနေကြောင်း စတေးတပ်စ် တင်လာပါတယ်။ ထုံးစံအတိုင်း အိမ်ထောင်ရေး ပွေလီပွေလာတွေပေါ့။ အရင်ကလဲ သူ့ကို ခဏခဏ ကွာလိုက်ပါတော့ ကွဲလိုက်ပါတော့ အကြံတွေပေးဖူးပါတယ်။ သို့သော်လဲ သူကပဲ ခေါင်းမာတာလား ခေါင်းမပါတာလားမသိပါဘူး။ မကွဲနိုင်သေးပါဘူး။

သို့သော် အဲ့လိုမျိုး ဖဘမှာ တခါတခါ ဘာလုပ်ရမလဲ မသိတော့ဘူးတို့၊ စိတ်ညစ်လှပြီတို့ ရေးလာတဲ့အခါ ကိုယ့်သူငယ်ချင်းဆိုတော့ သနားပြန်ပါတယ်။ သို့သော်လည်း သူရွေးချယ်တဲ့လမ်းပဲလေလို့ အသက်တစ်ရာမနေဘဲ အမှုတစ်ရာပါချင်လို့မရဘူးမှလား။

တခါတခါ ကိုယ်တို့တွေ ဘဝမှာ မေးခွန်းတွေနဲ့ တွေဝေတတ်ပါတယ်။ ဥပမာ…..
“သူနဲ့ တကယ် လမ်းခွဲရမှာလား?”
“သူနဲ့ တကယ်ကွာရှင်းရမှာလား?”
“A ကိုရွေးရမလား? B ကိုရွေးရမှာလား?”
“အငယ်အနှောင်းအဖြစ်ဆက်ချစ်နေရဦးမှာလား?”
“ကိုယ်ချစ်နေတာ သူသိအောင် လုပ်ရမလား?”
“တိတ်တိတ်လေးပဲ အဝေးကနေ တဘက်သတ် ဆက်ချစ်နေရမလား?”
“သူနဲ့ တကယ်လက်ထပ်သင့်ပြီလား?”
“သူ့ကို တကယ်ယူရမှာလား?”
“ဆက်ပြီးတော့ ဖောက်ပြန်ရမလား?”
“သူ့ မယားငယ်အကြောင်းကို သိနေပြီလို့ ဖော်ထုတ်ရမလား? မသိချင်ယောင်ဆက်ဆောင်နေပေးရမလား?”

အက်စက်ထရာ အက်စက်ထရာ စတဲ့မေးခွန်းတွေအကုန်ဟာ လူ့ဘဝရဲ့  “အရေးကြီး”တဲ့ အမှတ် (၂၀) ဖိုး မေးခွန်းတွေပါ။

အချိန်ကုန်ခံမနေပါနဲ့လေ။ နောက်ဆုံးတော့ လူ့ဘဝမှာ အဆုံးသတ်မှာ ကိုယ်ဘာလိုချင်လဲပဲ တွေးပါ။ ဘဝမှာ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ၊ ဘာလိုချင်တာလဲသိရင် အရာရာ အိုကေမှာ စိုပြေလို့ အဆင်ပြေသွားပါလိမ့်မယ်။ ဘဝဆိုတဲ့ အရာဟာလဲ လွယ်ကူရိုးရှင်း သွားပြီး လှပ လာပါလိမ့်မယ်။

တကယ်လို့ ကိုယ်လိုချင်တာက လူပြောသူပြောများနေတဲ့ အရည်မရ အဖတ်မရ “အချစ်” ဆိုရင် သူကမှ ကိုယ့်မချစ်တော့တာ များများ စဉ်းစားမနေနဲ့ ကွာလိုက် ကွဲလိုက် လမ်းခွဲလိုက်။ မိန်းကလေးမို့ကောင်းပါ့မလားတွေ၊ ပတ်ဝန်းကျင်က ဘယ်လိုမြင်မလဲတွေ၊ လင်မရှိသော မိန်းမ မောင်ရှိပေမယ့် မတင့်တယ်တွေ လျောက်တွေးမနေပါနဲ့။ လူ့ဘဝက တိုတိုလေးပါ။ စိတ်ချမ်းသာအောင်နေပါ။ အလကား ကိုယ့်အတွက် ရှေ့ဆက် အကျိုးမရှိနိုင်မှာ သေချာနေတဲ့ အရာတွေကို ဆုပ်ကိုင်မထားပါနဲ့။ ဖက်တွယ်မထားပါနဲ့။ ကိုယ့်အတွက်လဲမကောင်းဘူး။ သူ့အတွက်လဲ ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ ကိုယ့်ကိုမှ မချစ်တော့တဲ့ သူတစ်ယောက်ကို  ဘာအတွက် ဆက် ဖက်တွယ်နေတော့မလဲနော်။ ကွာစရာရှိတာကွာ။ ကွဲစရာရှိတာကွဲ။ ပစ္စည်းဆိုတာ ခွဲယူလို့ရတယ်။ လွယ်တယ်။ ငွေဆိုတာကလဲ လူမသေမချင်း ဆက်ရှာနေရမှာ။ ပြန်ရှာလို့လဲရတယ်။ ကလေး ဆိုလဲ ဘယ်သူယူမလဲ ဆုံးဖြတ် ၂ ယောက်ရှိရင် တစ်ယောက် ကို ကလေးတစ်ယောက်ခွဲယူ။ ၄ ယောက်ဆို တယောက် ၂ ယောက်ယူ။ သူ က သေချာယူချင်လား မယူချင်ဘူးလားမေး။ မယူချင်ရင် ကလေးစားရိတ် မယားစရိတ် တခါတည်းတောင်း။ မိန်းမ မာနတွေ ဘာတွေ ဒီနေရာမှာ မတွေးပါနဲ့။ ခေါင်းမမာပါနဲ့။ ယူစရာရှိတာယူပါ။ ကလေးက ကိုယ်တယောက်ထဲ လုပ်လို့ ထွက်လာတာ မဟုတ်။
ဒါတွေက မာနတွေ ဂုဏ်သက္ခာတွေ စတဲ့ စိတ္တဇ နာမ်တွေနဲ့မဆိုင်ဘူး။ လက်တွေ့ကျတဲ့ တာဝန်ယူမှုနဲ့ပဲဆိုင်တယ်။ မွေးတုံးက သူပါခဲ့တဲ့ ကလေးတွေရဲ့တာဝန်ကို သူလဲ ညီတူ မျှတူယူရမယ်။ ကိုယ်ကတော့ ကလေးတွေနဲ့ ဆက်ရုန်းကန်နေရမယ့် အချိန်မှာ သူ့ကို စိတ်လွတ်ကိုယ်လွတ် လူလွတ် လုပ်ခွင့်မပေးထားနဲ့။    

တကယ်လို့ ကိုယ်လိုချင်တာက ပိုက်ဆံ၊ တည်ငြိမ်တဲ့ဘဝ၊ တန်းမီ လူနေမှုအဆင့်အတန်း၊ ဂုဏ်ပကာသနတွေဆိုပါတော့ သူက ကိုယ့်ကို မချစ်တော့ဘူး သို့သော် အဲ့တာတွေ ဖြည့်ဆည်းပေးနေနိုင်သေးတယ်ဆိုရင်လဲကွာစရာမလိုပါဘူး။ ရှင်းပါတယ်။ ကိုယ်ဘာလိုချင်လဲပဲ သေချာသိဖို့လိုတာပါ။

A က စိတ်တိုတယ်၊ ထက်တယ်၊ အတ္တကြီးတယ် သို့သော် လောလောဆယ်မှာတော့ နူးနူးညံ့ညံ့၊ ကြမ်းကြမ်းတမ်းတမ်း၊ ရိုမန်တစ်ဆန်ဆန်၊ ချစ်တတ်တယ်။ စွန့်စားမှုကို မြတ်နိုးတယ်၊ ဘဝမှာ အံချီဘနန်းစရာတွေ၊ ရင်သတ်ရှုမောစရာတွေကိုယ့်ကိုပေးမယ်။ အသက် ၇၀၊ ၈၀ တယောက်တည်း အပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ အသက်ကြီးလာရင် အထီးကျန်မှာ မကြောက်ဘူး။ A ကိုရွေးပါ။

B ကတော့ ရိုးသားတယ်။ အေးဆေးတယ်။ အဲ့အတွက်ကြောင့်မို့ “ပျင်း”စရာကောင်းတယ်။ စိတ်လှုပ်ရှားစရာမရှိဘူး။ ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းချင်တယ် အသက် ၇၀၊ ၈၀ ထိလဲ တယောက်ဆိုတယောက် ပိတောက်ဆိုပိတောက် ရိုးမြေကျ ပေါင်းချင်တယ်။ ကိုယ့်ကို ဆံဖြူသွားကျိုး စောင့်ရှောက်မယ့် သူတယောက် လိုချင်တယ် ဆိုရင်…. B ကိုရွေး။   

ကိုယ့် ကာမပိုင်လင် ယောက်ျား နဲ့ တိတ်တိတ်ပုန်း ချစ်သူဆိုရင် ယောက်ျားကိုတော့ ပိုချစ်တတ်ကြတာ သဘာဝပါ။ ကိုယ်ကချစ်တဲ့ ကိုယ့်ကိုချစ်တဲ့ လင်ယောက်ျားနဲ့ပဲ ရိုးမြေကျ ပေါင်းဖက်ချင်ကြတာပေါ့။ အဲ့တာဆို လွယ်လွယ်လေးပါ။ မဖောက်ပြန်ပါနဲ့။ တိတ်တိတ်ပုန်းချစ်သူတွေ ပွင့်ပွင့်လင်းလင်း ချစ်သူတွေ မထားပါနဲ့။

လူ့ဘဝမှာ စိတ်အရှုပ်ရဆုံးဆိုတဲ့အရာဟာ “ရွေးချယ်မှု” တွေမဟုတ်ပါဘူး။ ဘဝမှာ ကိုယ်တကယ်လိုချင်တာက “ဘာဆိုတာ” မသိမှုပါ။ တနည်းပြောရရင် ကိုယ့်ကိုယ်ကို နားမလည်တာ။ ဘာလိုချင်မှန်းသေချာ မသိတာ။ ဝေခွဲမရဖြစ်တာ၊ တွေဝေတာ။

ဘဝ ရဲ့အထွတ်အထိပ်တွေမှာ နောက်ဆုံးချိန်တွေမှာ ကိုယ့်ဘေးနားမှာ ဘယ်လိုလူတွေ ရှိစေချင်တာလဲဆိုတာ မသိတာ။ 

အချိန်တွေ မဖြုန်းပါနဲ့တော့။ 
လုပ်နေတာတွေ ခဏလေးရပ်လိုက်။
အချိန်ယူ။
စဉ်းစား။

ဘဝမှာ “နောက်ဆုံး” ကိုယ်ဘာကို (တကယ်) လိုချင်တာလဲ?......

T Chen
12:26 PM
5th Dec 2013 | Thursday
Ya Kun, Bread Shop, Parksan Shopping Mall
Yangon | MYANMAR

Long Live the KING


Tuesday, November 12, 2013

To Angel from Alaska



I worship you
I admire you
I fell down my kneels for you
From time to time
And again and again

It been over two decades
That I been loving you from a distance
I listening about you from time to time
On the TV on the radio
Read about you from page to page
In the magazines

I am afraid to know you more
As sometime the jokes you makes
Expose you a little
And I am afraid that,
That will ruin my mental image of "the perfect you"

And I am afraid that if I get to know the real you
The sharp ends of what you say
Will be my sentence for life long imprisonment

And I have to confess,
Even I am not a big fan of breasts
I did ogle your half shown big firms twins
On the cover of magazines
I did appreciate them and their beauty
But again, let me stress
I am not a big fan of breasts 
 
Now that you are riding with devil
Towards the breaking dawn
In the spirit of maintaining innocence
All I can wish is
May be and just a may be
My dreams to last as long as possible
I know I am playing a foolish game
But when I drink my cup of coffee
I miss you sitting next to me
Eating your pancake with maple syrups

I don't have a little sister
But there's a hole in my heart
Which perfectly clear
That is in your shape
Hearts are broken everyday
But again and again I fall for you

To serve my ego
In this grey matters
…….

If I could tell the world just one thing
It would be
I love you "Jewel"

T Chen
10 45 AM
11th November 2013
Monday
On the bus
NPT highways


Saturday, November 2, 2013

အပြောင်းအလဲ

အပြောင်းအလဲ



ကိုယ်ရုပ်ရှင်ကြည့်နေရင်း အတွေးလေးပေါ်လာလို့ပါ။ Gossip Girl ကို အစကနေပြန်ကြည့် နေရင်းနဲ့  Rufus နဲ့  သူ့မိန်းမ Alison တို့ တယောက်နဲ့ တယောက် ပြန်သင့်မြတ်ဖို့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတစ်ခု ကို မပျက်စီးအောင် ပြန်အဖတ်ဆယ်ဖို့ ကြိုးစားနေကြရင်းနဲ့ Rufus ကလဲ သူ့ရည်းစားဟောင်း Lilly နဲ့ ပြန်ဆက်မိသလို၊ Alison ကလဲ သူ့ ရည်းစား  Alex  နဲ့ ပတ်သက်မှု မရပ်နိုင်တာ ကြည့်ရင်း အတွေးလေးတွေပေါ်မိပါတယ်။

ကိုယ်လဲ ရည်းစားအသစ်ရနေတယ်။ အမှန်တော့ ကိုယ်နဲ့ မောင် အတူတူနေတာ ၂၀၀၅ ထဲကဆို ခု ၈ နှစ်ထဲမှာပေါ့။ ခုတလော ကိုယ်ခြေလှမ်းပျက်နေတာ မောင်ကလဲ ရိပ်မိပါတယ်။ ကိုယ်ကလဲ မဘုန်းကွယ်ခဲ့ဘူးလေ။ မောင်ကလဲ ပြောလာတာက သူ့ကို အခြားတယောက် ကလဲ ဇာတ်လမ်းတွေထွင်နေပါသတဲ့။ သူကတော့ အဲ့တယောက် သူ့ကို စ"ကျူ" နေကတည်း က သူ့မှာ မိန်းမ ရှိတယ်လို့ ပြောထားပါသတဲ့။

အရင်ကလဲ ကိုယ်ခုလို ခဏခဏ မကြာမကြာဆိုသလို ခဏချစ် ရှာတတ်ပါတယ်။ ကိုယ့် ဆင်ခြေကတော့ Relationship တခုက ကြာရင် ပျင်းလာလို့ "ဖြည့်အား" ရှာတယ်ပေါ့လေ။ အဲ့လိုဖြစ်တိုင်းလဲ မောင့် ခံစားချက်၊ ရပ်တည်ချက် စတာတွေကို မတွေးမိပါဘူး။ မောင့် အနေနဲ့သာဆိုရင် ဘယ်လိုဖြစ်မလဲ ဘယ်လိုခံစားရရှာမလဲ လို့ တခါမှ မတွေးကြည့်ခဲ့မိတာ အမှန်ပါ။ ကိုယ့်ဘာသာတော့ တယောက်ထဲ နဲ့ ကာလရှည်ကြာလာရင်  relationship တခုမှာ kick လိုတယ်ပေါ့။

အမှန်တော့ ကိုယ်တို့တွေဟာ ကိုယ်တို့တွေရဲ့ ငြီးငွေ့မှုကို တခြား အသစ်အသစ်တွေနဲ့ ရှာဖွေ ဖြေဖျောက်ဖို့ ကြိုးစားကြည့်ကြတယ်။ လူဟောင်းကိုပဲ အချစ်သစ် နဲ့ တဖန်ပြန်ချစ်ကြည့်ဖို့ မကြိုးစားကြည့်ကြဘူး။ အဲ့လိုပဲ တကယ်လို့နောက်ဆုံး တနေ့ ကိုယ့်တို့ နှစ်ယောက် အချင်း ချင်း မပြတ်နိုင်တဲ့ တနေ့ကျရင် အဲ့ဒီ ဘေးလူတွေ ဘယ်လို ကျန်နေခဲ့မယ်။ ဘယ်လို ခံစား ရမယ် ဆိုတာမျိုးလဲ မတွေးမိပေးကြပြန်ဘူး။

ကိုယ်တွေက ကိုယ့်ဘဝရဲ့ ပျင်းတဲ့ အချိန်တွေမှာ သူတို့ ကို ခဏတာ အစားဖြည့် ပျော်ပြီးတော့ ကိုယ်တို့ တွေအပျင်းပြေသွားတဲ့ တနေ့ ပြန်လည်သင့်မြတ်သွားကြတဲ့ တနေ့ကျတော့ သူတို့ တွေကို လွယ်လင့်တကူထားခဲ့ပြီး ပြန်လည်ပေါင်းဖက်ကြပေါ့လေ။

ဒါပေမယ့် နှာခေါင်းသွေးဆိုတာာ အပျက်အပျက်နဲ့ မှထွက်တာမျိုးပါလေ။ ဟော ခုလိုကျတော့ မောင်ကလဲ ကိုယ်က အသစ်ကို အတည်ချစ်နေပြီ ထင်လာတဲ့အခါမျိုးမှာ…….ကိုယ်ကလဲ မောင် ကိုယ့်အပေါ်ဖုံးကွယ်မှုတွေရှိလာပြီ ထင်လာချိန်မျိုးမှာ…….အစစ အရာရာ အသေးအဖွဲ လေးတွေက အစ အထင်လွဲစရာတွေချည်းဖြစ်လာတတ်ပါတယ်။ သံသယ နဲ့ အရာရာ ကို ကြည့်လာကြပြီလေနော်။    

ဒီလိုနဲ့ အပျင်းပြေ ခဏတာ လို့ ကိုယ်တွေ လိုသုံးသုံးခဲ့ကြတဲ့သူတွေဟာ ကိုယ်တို့ ရဲ့ ပြဿာနာ အရင်းမှန်မဟုတ်ဘဲ၊ တယောက်ကို တယောက် သံသယရှိတတ်လာတာ။ အကောင်းမမြင်နိုင် တော့တာ။ တယောက်ဘာပဲ လုပ်လုပ် အပြစ်လို့မြင်လာတာ စတာတွေကသာ ကိုယ်တို့ ရဲ့ ပြဿာနာ အစစ်အမှန်တွေဖြစ်လာတော့တာပဲ။

တကယ်တော့ အချိန်က ကိုယ်တို့ကို "ပြောင်းလဲ" ပေးလိုက်တယ်ထင်တယ်နော်။ ဘေးလူ တွေကို ဘယ်လိုပဲ အကြောင်းပြပြ၊ ဘယ်လိုပဲ အသုံးချချ၊ ဘေးလူတွေက  ဘယ်လိုပြောပြော ဘယ်လိုမြင်မြင် ကိုယ်တွေက သာ တကယ်ပြောင်းလဲ ကုန်ရင် Relationship ဟာ ဘယ်လိုမှ ပြန်အဖတ်ဆယ်လို့ မရနိုင်တော့ပါဘူး။ ကိုယ်တို့ အချစ်တွေလဲ ကိုယ်တို့ ပြောင်းလဲမှု တွေ နဲ့ အတူ ပြောင်းလဲ ကုန်တာကိုးနော်။

အဲ့တော့ ကိုယ့်ဘေးက လူကို တကယ်တန်ဖိုးထားတယ် ချစ်တယ်ဆိုရင် သူတို့ ရှိနေချိန်မှာ သူတို့ တန်ဖိုးကို သိပါ၊ မြင်ပါ၊ အလေးထားပါ။ တကယ်လို့ အရာရာ နောက်ကျကုန်မှ ပြန်လည် အဖတ်ဆယ်မယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ပျက်ပြီးသား ကြိုးက ပြန်ဆက်ရင် ဆက်ထုံးရှိ သလိုပဲ၊ ဒဏ်ရာ ရထားတဲ့ နှလုံးသားကလဲအမာရွတ်ရှိနေမှာပါ။ အဲ့တာကြောင့် တကယ်ချစ်တဲ့ သူကို တန်ဖိုးထားနိုင်ပါစေ၊ ပြဿနာကို မြင်နိုင်ပါစေ၊ ပြင်နိုင်ပါစေ၊ အပြောင်း အလဲတွေ ရှိခဲ့ ရင်လဲ အချိန်မနှောင်းခင် ပြင်နိုင်ပါစေလို့………….  

Tချမ်း
1:15 AM | 30th Sept 2013 | Monday | D's Place Office | San Chaung T/S |
Yangon | MYANMAR

Wednesday, August 28, 2013

ဘယ်သူလဲ?

ဘယ်သူလဲ? 

" ဒေါက် ဒေါက် ဒေါက်"

အချစ်လား? 
ဝင်ခဲ့လေ 
တံခါး ဖွင့်ထားတယ် 

(မတွေ့တာကြာပြီနော်)

တီချမ်း 
အချစ်ဒဿနများ 
၅း၂၄ မိနစ်
၂၈ရက် သြဂုတ်လ
၂၀၁၃ ခုနှစ် 
ဒီနေရာ ၊ ရန်ကုန် ၊ မြန်မာ။