Monday, February 8, 2010

ဂျူဝဲလ်ရဲ့ လက်များ

အရင်တုံးက နားမလည် ခုမှ သိရှိခံစား (ဂျူဝဲလ်ရဲ့ လက်များ)

ခေါင်းစဉ်ကို အစက အဲ့လိုတင်ထားတာပါ
ရှင်းပြမယ်လေနော်...........

သီချင်းတပုဒ်ကို နားထောင်ရင် သံစဉ် မယ်လိုဒီ ကိုပဲ နားထောင်တတ်တာ ကိုယ့်ရဲ့ အကျင့်ပါ
ခုနောက်ပိုင်းတော့ အသက်ရလာလို့ထင်တယ် စာသားလေးတွေလဲ ဂရုတစိုက်နားထောင်ဖြစ်တယ်
ဒါတောင် အကုန်မဟုတ်ပါဘူး ဒါပေမယ့် သီချင်းတော်တော်များများကို စာသားတွေ အလွတ်ရပါတယ် လိုက်ဆိုနိုင်ပါတယ် ဒါပေမယ့် ဘာအဓိပ္ပာယ်လဲဆိုတာ သေချာသတိမထားမိဘဲလိုက်ဆိုနေမိတာများတယ်လို့ပြောချင်တာပါ
နားထောင်ဖြစ်တဲ့ သီချင်းအမျိုးအစားကလဲ တော်တော်များပါတယ်
pop, Rock, Alternative, punk, hip hop, gospal, classical, စတာတွေ ပါသလို
မြန်မာသံ သီချင်းကြီးသီချင်းခန့်တွေလဲကြိုက်တတ်ပါတယ်
နောက် ဘာသာစကားကလဲ တတ်တာများတော့ (ကြွားချက်နော်) သီချင်းဆိုလဲ စုံနေအောင်နားထောင်ပါတယ်
လောလောဆယ်ကို ipod ထဲမှာ (ထပ်ကြွား) သီချင်းအပုဒ်ပေါင်း ၁၃၀၀၀ ကျော်ရှိပါတယ်
ဘာတွေပါလဲ ဟုတ်လား
အကုန်လုံးဆိုပါတော့ အများစုကတော့ သေချာတယ် pop တွေများတယ်
english, chinese, cantonese, Thai, Japanese, french, korean, Myanmar စတာတွေပါ
နားထောင်လားဆိုတော့ တော်တော်များများ နားထောင်ဖြစ်ပါတယ် နားထောင်ဖြစ်ဆို တနေ့ ၁၆ နာရီလောက်က နားထဲ ipod ကြီးတတ်ပြီး လျောက်သွားနေတာပဲ အိပ်ချိန်လောက်ပဲ နားမထောင်တာ ဒါတောင် မအိပ်ခင်ဖွင့်ထားတတ်သေးတာ
ဆိုတော့ သီချင်းတွေကို မြူးဇစ်ခ် ကို အဲ့လိုကို ကြိုက်ပါတယ် သံဇဉ်တွေနဲ့ ကမ္ဘာလေးထဲမှာနေပါတယ်ပေါ့
ipod ထဲမှာ ရှိတဲ့ သီချင်း အားလုံး နားထောင်ဖြစ်လားဆိုတော့ တခါစီတော့ အနည်းဆုံးနားထောင်ဖူးတယ်
ဒါပေမယ့် လူ့သဘာဝအရပဲ အများအားဖြင့်တော့ ကြိုက်တာလေးတွေ ပိုနားထောင်ဖြစ်တယ်ပေါ့
ဒါပေမယ့် ကျတော် က လိုချင်တာ ကို လိုချင်တဲ့အချိန်မှာ ရချင်တယ် အဲ့အတွက် ရွေးချယ်မှု ရအောင်လဲ ကြိုးစားထားတတ်တယ် (တတ်နိုင်မယ်ဆိုရင်ပေါ့) ဥပမာ သီချင်းတပုဒ်ကိုနားထောင်ချင်တယ်
ဥပမာနော် မြန်မာပြည်သိန်းတန်ရဲ့ မန်းမြေမှာ လေးနှစ်တာ ....
အဲ့ဒီသီချင်းကို ကိုယ်မန္တလေးရောက်နေရင် တခါတလေ နားထောင်ချင်မယ် အဲ့တာဆို စက်ထဲမှာ ရှိနေတာလိုချင်ပါတယ်
ချစ်ကြည်နူးနေချိန်ဆို အဲ့ဒီဖီလင်နဲ့လိုက်တဲ့ သီချင်းမျိုး အသည်းကွဲနေချိန်ဆိုရင်တော့ အို ပြောမနေနဲ့တော့
အဲ့လို စိတ်ရှိတာပါ အဲ့စိတ်ကြောင့်လဲ တခါတခါ တော့ခက်နေပြန်ပါတယ်
ဒီလိုလေ အဲ့လိုစိတ်ရှိတော့ ခရီးထွက်တိုင်းလဲ မဝတ်ဖြစ်မှာသေချာတဲ့ အင်္ကျီတွေတော်တော်များများကို ထည့်ထည့်သွားတတ်ပါတယ် လေးတာပေါ့ ခရီးက ခဏခဏ ထွက်ရတော့ ပိုဆိုးတယ်
မတတ်နိုင်ဘူးလေ ကိုယ်က ရွေးချယ်မှု ရှိတာ ကိုလိုချင်တာကိုးနော်
နောက်တခု ရည်းစားတွေ ချစ်သူတွေဆိုလဲ အဲ့လိုပါပဲ
ရွေးချယ်မှုရှိတာကို လိုချင်ပါတယ် ကိုယ်ဘယ်လိုအခြေအနေ အချိန်အခါ မျိုးမှာ ဘယ်သူနဲ့ ရှိနေချင်တယ်
ဆိုတာ မသေချာဘူးလေ အဲ့တော့ ရွေးချယ်မှု ရအောင် များများထားပါတယ်
(အဟဲ သဘောတူသူများ လက်ခုပ်တီးပါ)
ကဲ ခုနပြောတာတွေ ပြန်ကောက်ရရင် ဒီသီချင်းလေးကလဲ အဲ့လိုပါပဲ
jewel ဆိုတာ အဆိုတော်တွေထဲမှာ ကိုယ့်ရဲ့ all time favourite ပါ ဒီသီချင်းက သူ့ရဲ့ ဒုတိယမြောက် အခွေမှာ ပါလာတာပါ ၉၀ ပြည့်နှစ်နှောင်းပိုင်လောက်တွေကလို့ ထင်ပါတယ် နားထောင်တယ် ကြိုက်တယ် သီချင်းကို အလွတ်ရတယ် လိုက်ဆိုနေကျ ဒါပေမယ့် သူဘာတွေ ဆိုနေလဲသေချာသတိထားနားမထောင်မိခဲ့ဘူးဘူး
ခုကျတော့လဲ အသက်အရွယ်ကပဲရင့်ကျက်လာလို့လား အတွေ့အကြုံနဲ့ပဲ တိုက်ဆိုင်လာလို့လားတော့မသိ စာသားလေးတွေကို သတိထားမိသွားတယ် ကြိုက်လို့ ဘာသာပြန်ပြီးဝေမျှလိုက်ပါတယ် ပြန်တာမကောင်းရင် ကိုယ်ညံ့လို့ပါ သီချင်းကတော့ ကောင်းပြီးသား
ကဲကဲ လျာရှည်တာလဲများပြီ သီချင်းလေးကို ခံစားကြည့်ကြရအောင်နော်





လက်လေးတွေ

ကမ္ဘာကိုသာ ငါ တခုခုပြောခွင့်ရခဲ့မယ်ဆိုရင်….
အဲ့တာက
“တို့တွေအားလုံး အဆင်ပြေသွားမှာပါ” ဆိုတာပါပဲ….
ပြီးတော့ စိတ်ပူမနေကြဖို့ပြောမယ်
ဘာလို့လဲဆိုတော့ စိတ်ပူတယ်ဆိုတာ
ဒီလိုအချိန်မျိုးမှာ အချိန်ကုန်၊ လူပမ်းပြီးတော့ သိပ်အကျိုးမရှိလှတာမို့ပါ

ငါကိုယ်တိုင်လဲ အသုံးမဝင်သလိုမနေပါဘူး
စိတ်ဓါတ်ကျမှုတွေနဲ့လဲ “ကြောင်” မနေပါဘူး
ငါ့ရဲ့ ယုံကြည်မှုတွေကြားမှာ
ငါ့စိတ်ဓါတ်ကို ငါ…
အလင်းက အမှောင်ကို ပယ်ဖျက်သလိုမျိုးပဲ
ပြန်လည်ဆောက်တည်မှာပါ

ငါ့လက်လေးတွေက သေးသေးလေးတွေပါ
ငါသိပါတယ်
ဒါပေမယ့် သူတို့က ငါ့လက်တွေလေ
ဘယ်သူ့ရဲ့ လက်မှမဟုတ်ပါဘူး
အဲ့တာတွေနဲ့ဆိုရင် ငါဘယ်တော့မှ
မကျိုးပျက်ဘူးလေ

ဆင်းရဲမွဲတေမှု က မင်းရဲ့ ရွှေရောင်ဖိနပ်ကို
ခိုးယူသွားကောင်း ယူသွားမယ်
ဒါပေမယ့်
မင်းရဲ့ ရယ်သံတွေကိုတော့
သူမခိုးယူနိုင်ပါဘူး

နာကျင်ခြင်းတွေ ငါ့ဆီကို
အလည်အပတ်ရောက်လာပေမယ့်လည်း
ဒါတွေဟာ အမြဲတမ်းအတွက်မဟုတ်ဘူးဆိုတာ
ငါသိတယ်

ငါတို့တွေ “မတရားမှုတွေ” အတွက်
တိုက်ပွဲဝင်နေကြတယ်
ဘာလို့လဲဆိုတော့
တယောက်ယောက်ကတော့
“အမှန်တရား” က ဘာ ဆိုတာ “ထ” ပြောဖို့လိုတယ်မှလား
ဘာလို့လဲဆိုတော့
သူတို့ ကိုယ်တိုင်အတွက် မပြောနိုင်တဲ့
“အသံမဲ့လူသား” တွေ
ငါတို့ဆီမှာ အများကြီးရှိနေသေးတာကိုး
သူတို့တွေအတွက် ငါတို့
ဆက်လက်သီဆို…..ပေးနေရမယ်

ငါ့လက်လေးတွေက သေးသေးလေးတွေပါ
(ငါလုပ်နိုင်တာတွေက နည်းနည်းလေးတွေပါ)
ငါသိပါတယ်
(ငါသိပါတယ်)
ဒါပေမယ့် သူတို့က ငါ့လက်တွေလေ
(ဒါပေမယ့် ဒါ… ငါ…. လုပ်နိုင်တာတွေလေ)
ဘယ်သူ့ရဲ့ လက်မှမဟုတ်ပါဘူး
(ဘယ်သူ့ အကူအညီမှမလိုပါဘူး)
အဲ့တာတွေနဲ့ဆိုရင် ငါဘယ်တော့မှ
(ငါလုပ်နိုင်သလောက်ပဲ လုပ်မယ်)
မကျိုးပျက်ဘူးလေ
(ဘယ်တော့မှ အရှူံးမပေးဘူးလေ)

နောက်ဆုံးမတော့
ကြင်နာခြင်းကသာ အဓိကပါ
ကြင်နာခြင်းကသာ ပဓာနပါ
ငါ့ဒူးထောက်ပြီး ဆုတောင်းပါမယ့်
ငါ့ဒူးထောက်ပြီး ဆုတောင်းနေပါမယ့်
ငါ့ဒူးထောက်ပြီး ဆုတောင်းသွားပါမယ့်

ငါ့လက်လေးတွေက သေးသေးလေးတွေပါ
(ငါလုပ်နိုင်တာတွေက နည်းနည်းလေးတွေပါ)
ငါသိပါတယ် (ငါသိပါတယ်)
ဒါပေမယ့် သူတို့က ငါ့လက်တွေလေ
(ဒါပေမယ့် ဒါ… ငါ…. လုပ်နိုင်တာတွေလေ)
ဘယ်သူ့ရဲ့ လက်မှမဟုတ်ပါဘူး
(ဘယ်သူ့ အကူအညီမှမလိုပါဘူး)
အဲ့တာတွေနဲ့ဆိုရင် ငါဘယ်တော့မှ
(ငါလုပ်နိုင်သလောက်ပဲ လုပ်မယ်)
မကျိုးပျက်ဘူးလေ
(ဘယ်တော့မှ အရှူံးမပေးဘူးလေ)

ငါတို့တွေ ဘယ်တော့မှ အရှူံးမပေးဘူးလေ…
ငါတို့ က
ဘုရားသခင်ရဲ့ မျက်လုံးတွေပါ
ဘုရားသခင်ရဲ့ လက်တွေပါ
ဘုရားသခင်ရဲ့ နှလုံးသားပါ
ဘုရားသခင်ရဲ့ အတွေးတွေပါ…….

(Jewel ရဲ့ hands သီချင်းစာသားကို ဘာသာပြန်ခံစားသည်)

A Chen
1:48 am
8th February 2010
Home
Bangkok



Hands Lyrics
By Jewel
Album: Spirits

If I could tell the world just one thing
It would be that we're all OK
And not to worry 'cause worry is wasteful
And useless in times like these
I won't be made useless
I won't be idle with despair
I will gather myself around my faith
For light does the darkness most fear
My hands are small, I know
But they're not yours, they are my own
But they're not yours, they are my own
And I am never broken
Poverty stole your golden shoes
It didn't steal your laughter
And heartache came to visit me
But I knew it wasn't ever after
We'll fight, not out of spite
For someone must stand up for what's right
'Cause where there's a man who has no voice
There ours shall go singing
My hands are small I know
But they're not yours, they are my own
But they're not yours, they are my own
I am never broken
In the end only kindness matters
In the end only kindness matters
I will get down on my knees, and I will pray
I will get down on my knees, and I will pray
I will get down on my knees, and I will pray
My hands are small I know
But they're not yours, they are my own
But they're not yours, they are my own
And I am never broken
My hands are small I know
But they're not yours, they are my own
But they're not yours, they are my own
And I am never broken
We are never broken
We are God's eyes
God's hands
God's mind
We are God's eyes
God's hands
God's heart
We are God's eyes
God's hands

No comments:

Post a Comment