မှုံဝေဝေ နားလည်ခဲ့တယ်
ခံနိုင်ရည်မဲ့သည် ကြုံဆုံချစ်ကွဲဇာတ်တွေ
တကယ်ကိုလွန်လွန်း(ခဲ့)ပြီ
သူလေ ကြင်နာတာငတ်သည်
အယောင်အဆောင်ချစ်ခြင်းများစွာ
ကြုံလာခဲ့ဘူး ရိုးပြီ
အမှန်တရား လား?
ကိုယ့်ကိုပေးတဲ့ မင်းရဲ့အချစ်များ
ဟန်ဆောင်ထား လား?
ကိုယ့်မှာ မူးယစ် နောင်တများ
ကိုယ်တကယ်တုံးသလား
တကယ်ကို တုံးသလား
ဟိုတချိန်က သူပေးတဲ့ အနမ်းများ
တူတူထိုင်ကာ ပြောခဲ့ စကားများ
တို့ ရဲ့အနာဂတ်က မှုန်လို့ ဝါး
ချိုသကာ ပျားစကား
ကိုယ်လေယုံမှတ်လို့မှား
ကိုယ်အများထဲက တယောက်တဲ့လား?
ဝန်ခံကာ သူမပြောခဲ့လဲ
ခုတော့
ကိုယ်ခံစားရ
ဟူး…ခံစားရ
A Chen
12:35 AM
26th September 2010
Home
Bangkok
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
2 weeks ago
:)...တီချမ်း ....အလည်ရောက်လာပါတယ်။
ReplyDeleteမတွေ့ တာများကြာခဲ့ပေါ့။ သတိရလျှက်။
“အမှန်တရားလား၊ ကိုယ့်ကိုပေးတဲ့မင်းရဲ့ချစ်များ
ဟန်ဆောင်ထားလား”....အလွမ်းတွေပြည့်နေလား
တီချမ်းရေ။ ......အဆင်ပြေပါစေလို့ ။။။
...ခင်မင်လျှက်..ခင်မာလာအောင်...:)