ဒါကတော့ မောင်နဲ့ ကိုယ် ပေါ့ (လှတယ်နော်) နောက်က အလုံးတွေကတော့ သူတို့ တချက်ခုတ်နှစ်ချက်ပြတ် အလှဆင်ထားတာ ထင်ပါတယ် နယူးရီးယား ပြီးတာနဲ့ တရုတ်နှစ်သစ်ကူးလာပြီလေ အဲ့တော့ တခါတည်း ပြန်ဆင်စရာမလိုတော့အောင်လို့ထင်ပါတယ် အလုံးအလုံးတွေ နဲ့ ဝါးတွေ က တရုတ် ဒီဇိုင်းတွေပဲလေနော်... မောင်က ဝါးတွေ နဲ့ အနီရောင်တွေနဲ့ အမဲလေး ဝတ်ထားတော့ လှနေပါတယ် (ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရသာပ)
ဘေးကပုံကတော့ အပြင်ဘက်က အလှဆင်ထားတဲ့ မီးတွေ ပါ။
ဒါကတော့ အန်တီချမ်း ကြီးတယောက် အသားတန်းမှာ “ဘာစားရမလဲ ပြောပါကွယ် ချစ်သူငယ်ချင်းတို့ ရယ်” လုပ်နေတာပါ။ နောက်တော့ စိတ်ကူးပေါက်တာနဲ့ အသားကင်လေးတွေ Sizzlers လိုလုပ်စားမယ် စိတ်ကူးပါတယ် အဲ့တာနဲ့ပဲ နပ်ပြီးသား (marinatedလုပ်ထားတဲ့) အသားလေးတွေ ဝယ်လာပါတယ်။ အသားချည်းပဲစားမယ်ဆိုတော့ မနိပ်သေးဘူးဆိုပြီးတော့ ပိုမိုပြီး ဘိုဆန်အောင် ဝိုင်အနီလေးလဲ ဆွဲလာပါသေးတယ်။ ဆရာဝန်ကလဲ မှာထားတယ် ဝိုင်အနီ ကိုဖြစ်နိုင်ရင် တနေ့ တခွက် (ပိုလဲမပို လျော့လဲမလျော့) ဘဲသောက်ပေးနိုင်ရင် ကောင်းမယ် ဆိုလို့ ဆရာဝန်စကားနားထောင်တာပါ။ အဲ့တာနဲ့ နှပ်ထားတဲ့ အသား ဝက်ချည်းပဲ လေး မျိုး (အသား နေရာမတူသလို နှပ်ပုံမတူတာပါ) ဝယ်ပါတယ်။ နောက် နှစ်တိုင်း ဒီအချိန်ဆို နည်းနည်းပေါတတ်တဲ့ ချယ်ရီသီးတွေ တွေ့တာနဲ့ အချိုတည်းရအောင် ဝယ်ပါတယ် သူကလဲ ပေါတယ်သာပြောတာ တယ်တော့လဲမပေါဘူး တကီလို ၈၀၀ ကျော်သေးတယ် အဲ့တာပေါတဲ့အချိန် မပေါတဲ့ အချိန်ဆို ဒေါ်လာ ၅၀ လောက်ရှိတယ် အဲ့တော့ ပေါတဲ့အချိန်မှဘဲဝယ်စားရတော့တာပေါ့ နော့် ကိုယ်တွေက နှစ်ရက် လုပ်မှ တရက်စားရတဲ့ ဘဝ ကိုနော်...
ဒါကတော့ အပြင်ဘက်မှာ ရိုက်ထားတဲ့ ပုံတွေပါ မောင့်ကို အရင် ကိုယ်က ရိုက်ပေးတာ အလင်းအမှောင်ပုံလေးကို ကြိုက်တာနဲ့ ကိုယ်ပါ တပုံရိုက်လိုက်ပါတယ် ယုန်နှစ်မို့လို့ ယုန်ပါတယ် ယုန်ရဲ့ အင်္ကျီကိုကြည့်လိုက် အဲ့တာကြောင့် ကိုယ်က အဲလစ် ရဲ့ အံ့ဖွယ်ကမ္ဘာ လို့ ကိုယ်ကထင်တာလေ ဟုတ်ချင်လဲဟုတ်မယ် ဟုတ်ချင်မှလဲဟုတ်မယ် ပေါ့ ကိုယ်ထင် ကုတင်ခြေလေးချောင်းမှလား
ဒါလေးတွေကတော့ ဝယ်လာတာလေးတွေ ပါ ပထမဆုံးက အသားကြော်နဲ့ တူတူစားဖို့ ကညွတ်ခေါ်လား (ဖလန်တောင်ဝှေးတော့ မဟုတ်ဘူးထင်တယ်) asparagus ပါ နောက်ဘေးကတော့ မှိုပါ။ သူဘေးက ပုံက ခုနက ပြောတဲ့ အသားနှပ်ပြီးသားလေးမျိုး ပါ တမျိုး ကို နှစ်ပြားစီ နောက်လေးကတော့ ဝိုင်ပေါ့....
ချက်တာက လွယ်လွယ်လွန်းလို့ချက်တယ်လို့တောင်ပြောမရပါဘူး။ အိတ်ထဲကထုတ်ပြီးကြော်လိုက်တာပါပဲ ဒါပေမယ့် တီချမ်းရဲ့ မိုတိုအတိုင်းပေါ့ နော် လွယ်ကူ မြန်ဆန် ဘာတဲ့ စားရအရသာရှိ ဟုတ်လား ကိုယ့်ဘာသာ အရှေ့ က ပိုစ့်တွေမှာရေးပြီး မမှတ်မိတော့ဘူး ဒါပေမယ့် လွယ်လွန်းတယ် မထင်ရအောင်နည်းနည်းတော့ ပညာ ပြရအုံးမှာပေါနော့် တကယ်က အကြော်ကြော်တယ်ဆိုတာ အင်မတန်မှခက်ပါတယ်တဲ့ နန်းတွင်းစားဖိုမှုးကြီး ရဲ့ အဆက်အနွယ်တယောက်ဖြစ်တဲ့ နန်းမတော် မိမိချမ်းက ပြောပါတယ် ဆီပူလွန်းရင် အိုးကပ်ပြီး တူးနိုင်သလို အသားက မာလွန်းရင်လဲစားမကောင်းပါဘူး။ မကျက်တကျက်လေးဆိုရင်တော့ တီ့အကြိုက်ပေါ့ မီဒီယံ ရဲလေးပေါ့ သွေးလေးနည်းနည်းနဲ့ ဆိုရင် ပိုကောင်းပါတယ် ဒါပေမယ့် မောင်က မကြိုက်ဘူးလေ။ သူက သွေးတွေနဲ့ မစားတတ်ဘူးဆိုတော့ မောင့်ကို ချစ်တဲ့ ကိုယ်က မောင့်အကြိုက်ကိုပဲ လိုက်ရတာပေါ့နော်...မောင်ချင်းထပ်နေပြီ လူတွေအမြင်ကပ်ကြတော့မယ်....ဒန်ဒန့်ဒန့်
ဒါကတော့ ကြော်ပြီး လှီးပြီးသားပုံပါ နည်းနည်းလေးတော့ နီနေသေးတယ်နော် လုံးလုံးအကျက်ကြီး မဟုတ်ပါဘူး...စားကောင်းရုံလေးပေါ့
ဒါကတော့ ခုနက အက်စ်ပါရာဂပ်စ် နဲ့ မှို ကို ကိုယ်လိုချင်တဲ့ ပုံလေးတွေ လှီးပြီးတော့ ရေဆေးစစ်ထားတာပါ ပြီးတော့ ခုနက အသားကြော်တဲ့ အိုးမှာပဲ ကျန်တဲ့ ဆီနည်းနည်းထဲ ကို ထည့်ပြီး မီးပူပူနဲ့ ကြော်လိုက်ပါတယ် ဆားအချိုမှုန့် နည်းနည်းလေးပါတယ်ဆိုရုံထည့်ပြီး အိုးချခါနီးမှာ ခရုဆီ နည်းနည်း လောင်းလိုက်တော့ ပုံမှာ ပြထားတဲ့ အတိုင်း အရသာရှိလှစွာ မြန်ကောင်းသက်သာ အရွက်ကြော်လေးတပွဲရလာတာပေါ့နော်
ဒါကတော့ တာတာမီလေးပေါ်မှာ ပြင်ထားတာပါ ဂျပန်ခုံနဲ့ ဘိုစာပေါ့ လုံးဝထူးခြားနေရမယ်ဆိုတာလိုလေ...ဆော့တွေက ကြက်ကြော်တွေ ပီစာတွေ မှာမှာစားတုံးက ပိုတာတွေ အကုန် ညစ်ထည့်လိုက်တယ် ကဲမှတ်ကရော... သားရယ် သမီးရယ် နဲ့ တူတူ မိသားစု လိုက်စားကြပါတယ် ကလေးတွေက ဝိုင်မသောက်ကြဘူး....ဆိုတော့ ကိုယ်နဲ့ မောင်ပဲ
နှစ်ကူုးမှာ သားကြီး ငါးကြီးတွေ သေချာမချက်ဘဲ ဖြစ်သလိုလေးပဲ လွယ်လွယ်ကူကူ ပြီးလိုက်ကြတဲ့ ကိုယ်တို့ ရဲ့ ထမင်းစားပွဲလေးပါ
ဒါကတော့ နောက်ဆုံးပိတ်အိတ်နဲ့ လွယ် အချိုပွဲ ချယ်ရီသီးလေးတွေ ပါ စားသွားကြပါအုံးနော်...
A Chen
2:15 PM
25th Jan 2011
Tuesday
Bangkok
Thailand