Saturday, April 24, 2010

ထမင်းပွဲ

ထမင်းပွဲ

တိမ်တွေတောင်ညို
ရောက်လာပေါ့ ညချမ်း
ချစ်တဲ့သူ အိမ်ပြန်လမ်း
လည်ဆန့်လို့ မှန်း

မင်းပူပူ
ဟင်းခပ်ရည် ဆူဆူလေးနဲ့
ပြန်လာမယ့် မယ့်လင်မောင်ကို
ဝိုင်းပြင်လို့တမ်း

မယ်တို့မှာ ကြေးကယ်မပြည့်တာကြောင့်
ရိုးဆင်းတဲ့ ညနေစာ
ဆူးပုပ်ကိုရေပူခပ်
ဟင်းလုပ်လို့ ဟတ်

ဆားထောင်းနဲ့ မိုးမျှော်
ဟပ်ပါမှ ရှူးရှဲ
မောမောနဲ့ နယ်ကာဟဲ
သုဓာ သို့ပဲ

နန်းမတော် တီချမ်း
သာသနာ သက္ကရာဇ် ၁၃၇၂ ခု
ကဆုန် လဆန်း

6 comments:

  1. ဟင် ခြေလေးချောင်းလဲ မပါဘူး။
    ကိုယ်တော့ သက်သတ်လွတ် ရှောင်တယ်။

    ReplyDelete
  2. ကောင်းတယ် ဗိုက်တောင်ဆာလာတယ် ..ကျနော်ကအသားတွေမကြိုက်ဘူး

    ReplyDelete
  3. ဗိုက်ဆာတယ် မှန်ပါ့ ဖွတ်လေး ပုဒတ်လေးကင်ထားတာလဲမပါဘူး
    နန်းမတော် အတုကြီး ... ရှေးခေတ်က ဒါတွေပဲစားတာ
    ဆူးပုပ်ကို ရေပူခတ်တဲ့ ပဲမပါဘူးဆိုတဲ့သဘောလား
    အဲ့လိုသာကျွေးလို့ကတော့ ကျွေးတဲ့မယားကို မျက်ခွက်ဆောင့်ကန်မယ်
    ငါရှာထားတာတွေ နင်ပါတိတ်ဝမ်းဆက်ပဲ ၀ယ်ဝတ်နေလားဆိုပီး

    ReplyDelete
  4. "မယ်တို့မှာ ကြေးကယ်မပြည့်တာကြောင့်" ...
    ဟုတ်ပမလား သူဌေးမကြီး မယ်ချမ်းရေ့ ..း)

    ReplyDelete
  5. အိုမယ့်မောင်ရယ်

    မယ်တို့ကို ကြေးရတတ်ရယ်လို့ အထင်လွဲတာ တမျိုး
    ဖွတ်ပုဒတ် မပါလို့ မျက်ခွက်ကန်မှာ တဖုံ
    ခြေလေးချောင်းမပါလို့ ငြူစူတာတပါး
    သြော်
    ဘဝဘဝ နိမ့်ကျတော့လဲ
    နှိမ့်ချကြသာပ
    မယ်တို့ဒုက္ခ

    ReplyDelete
  6. တီချမ်း.....မရောက်ဖြစ်တဲ့ ကာလတွေအတွက်တောင်း
    ပန်ရင်း စာလာဖတ်သွားပါတယ်။ တီချမ်းနေကောင်းကျန်းမာပါစ။
    ရေပူခတ်ထားတဲ့ ဆူးပုပ်လေးတော့ တကယ်ကိုစားချင်မိသား တီချမ်းရေ။
    ဘာပဲပြောပြော လွမ်းတယ် အားလုံးကို။ အမွှာနှစ်ယောက်၊ တီချမ်း၊ Immm..
    အားလုံးပါပဲ။ :)..ပျော်ရွှင်ပါစေ တီချမ်း။ Singapore ရောက်ရင် အကြောင်းကြားဖို့ ပြောထားတယ်နော်။ :)
    သတိရခြင်း များစွာဖြင့် ....ခင်မာလာအောင်...

    ReplyDelete