Saturday, September 29, 2012

Advertisment

ဒီယား စာဘတ်ပရိတ်သတ်များ

အခု တီချမ်း မြန်မာပြည်ပြန်ရောက်နေပါတယ် ပြန်ရောက်ကတည်းက မအားတာ အခုထိပါပဲ။ အခု တီချမ်း က မြန်မာပြည်မှာ D's Place ဆိုပြီးတော့ အတိုင်ပင်ခံ အဖွဲ့ကလေးတခု လုပ်ပြီး မြန်မာပြည်မှာ ရှိတဲ့ လူထုအခြေပြုအဖွဲ့လေးတွေ နဲ့ အန်ဂျီအိုတွေကို သင်တန်းပေးတာတွေ ပရောဂျက်တွေ ပရိုဂရမ်တွေကို ပြင်ဆင်တည်းဖြတ်တာတွေ၊ မွမ်းမံတာတွေ၊ စတာတွေကို အတိုင်ပင်ခံလုပ်ပေးပါတယ်။ နောက် တီတို့ အဖွဲ့လေးကနေပြီးတော့ ပွဲတွေစီစဉ်တာတွေလဲ လုပ်ပေးပါတယ်။ လူစွမ်းအားအရင်းအမြစ် စီစဉ်တာတွေ  လူရှာပေးတာ အလုပ်ဖြုတ်ပေးတာတွေအကုန်လုပ်ပေးပါတယ်။ အခုမှ စလုပ်တာ ၃-၄ လပဲရှိသေးတာဆိုတော့ လုပ်ရင်းသင် သင်ရင်းလုပ်ပေါ့နော်။ တီတို့ ဝဘ်ဆိုက်လေးကိုလည်းကြည့်ကြည့်လို့ရတယ်နော်။ ဖေ့စ်ဘွခ်မှာ ကြည့်ချင်ရင်တော့ အပေါ်က ပေးထားတဲ့ လင့်ခ် ကိုကြည့်ပါနော်။ ဝဘ်ဆိုက်ကတော့ ခု ပြင်ဆင်ဆဲကာလဖြစ်နေတော့ နောက်ပြင်ပြီးတော့ တခါ ထပ်ကြော်ငြာပါ့မယ်နော်။

တခုပဲ မြန်မာပြည်ပြန်ရောက်ကတည်းက အရမ်းကိုပျော်နေပါတယ်လို့။ ပြည်ပရောက်ရွှေမြန်မာများလည်း အမြန်ပြန်လာ ပျော်ရွှင်ခြင်းနဲ့ နိုင်ငံတော်သစ်ကို ကြိုဆိုကြပါစို့လို့  (မွှေပေါ့အေ)

နောက် တီအခုလည်း စာတွေပြန်ရေးဖို့ လုပ်နေပါတယ်။ စာရေးရတာလဲ လွမ်းတယ်။ စာဘတ်ပရိတ်သတ်တွေကိုလည်း လွမ်းနေပါတယ်လို့.............

အားလုံးကိုချစ်တဲ့
တီချမ်း
1:04PM
29th Sept 2012
Saturday
TRADERS Hotel Yangon
Myanmar

16 comments:

  1. ပာင်းချက်နည်းလည်းတင်ပါအုန်းတီချန်းရေ

    ReplyDelete
  2. ပိတ်သတ်ကြီးကလဲ လွမ်းနေပါတယ်
    တီချမ်းရဲ. မြန်ကောင်းသက်သာ ဟင်းချက်နည်းတွေ မဖတ်ရလို.ပေါ.
    အားရင် ဘလော.ဘက်လှည်.ပြီး ရေးပါဦးနော်

    ReplyDelete
  3. ပြန်လာမယ်၊ ဆိုင်ဖွင့်ဖို့ နေရာရှာထားပေးပါ :)

    ReplyDelete
  4. တီချမ်းရေ...မိုးနတ်က ဘလော့ဂါအသိုင်းအ၀ိုင်းထဲမှာ အသစ်ပါ.ရောက်လာတာမကြာသေးဘူး...ဒါပေမဲ့ တီချမ်းလင့်ကိုတော့ယူထားတယ်..
    မိုးနတ်ဆီလဲ အလည်လာပါအုံးနော်..မသိတာတွေရှိရင်လဲ မေးပါရစေရှင်...
    ခင်မင်လေးစားလျက်..မိုးနတ်

    ReplyDelete
  5. ရွှေစင်ဦး ကလည်း လွမ်းနေပါတယ်ဗျာ အချိန်ရရင်စာရေးပါအုန်း မန္တလေး ရောက်ရင် ဝင်ခဲ့နော်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  6. Miss you sooooo much my CHAN. Post new post about your experience in Myanmar. Wishing best wishes for you and your family.

    ReplyDelete
  7. တီချမ်း ပျောက်နေတာကြာပေါ့။ ပို့စ် အသစ်လေးတွေ မျှော်နေမယ်နော်။

    ReplyDelete
  8. Miss you & your recipe. :)
    WD

    ReplyDelete
  9. တီချမ်း

    အစစ အရာရာ အဆင်ပြေတယ်ကြားလို့  ၀မ်းသာရပါတယ်

    ခင်မင်တယ့်

    ကြည်စန္ဒာ

    ReplyDelete
  10. တခါမှ comment မရေးဘူးပါ. ဖတ် နေတာ ကတော့ ကြာပေါ့  2009 ကစပြီ။မြန်မာပြည် ပြန်ရောက်ပြီး အကျိုးပြုလုပ်ငန်းတွေလုပ်နိုင်တာသိရတော့  ဝမ်းသာရပါတယ်။အောင်မြင်ပါစေ။မြန်မာပြည်ရောက်ရင်လာလည်မယ် ဘယ်မှာနေတာသိပါရစေ.

    ReplyDelete
  11. ဖတ်ရတာနဲ့ တင် မြန်မာပြည်မှာ ဘယ်လောက်ပျော်နေလဲ သိတယ်..အားရင် ဟင်းချက်နည်းတွေ တင်ဦးနော်..

    ReplyDelete
  12. miss u t chan,, pls write some more new post :))))

    ReplyDelete
  13. လွမ်းပါ့အေ..
    မြကျေး

    ReplyDelete
  14. တီ့အိမ်က မီးဖိုကြီးနဲ့ မခွဲရတော့ဘူးပေါ့နော်... မီးအားကောင်းတဲ့ မီးဖိုကြီးနဲ့ ဟင်းတွေ ချက်ပေးဦး...

    ReplyDelete