Friday, January 25, 2013

taxi ပေါ်မှာ

အမှန်က ဒါအချဉ်ပေါင်းအဆက်ပိုစ့်ပါ။ အဲ့တာကြောင့် လေဘယ်မှာ အချဉ်ပေါင်းပဲ တပ်ပါမယ်။ တီချမ်း မြန်မာပြည်ပြန်ရောက်ကတည်းက တက္ကစီပဲ စီးပါတယ်။ အဲ့လိုပြောလို့ အရင်ကတော့ ကိုယ်ပိုင်ကားစီးတယ် မထင်စေချင်ပါ။ ဘယ်တုံးကမှ ကားမပိုင်ခဲ့သေးသလို ကားလဲ မပိုင်သေးပါဘူး။ တက္ကစီခကလဲ တော်တော်ကုန်ပါတယ်။ အပြင်ထွက်တဲ့နေ့ဆို ၅ ထောင် နဲ့ ၁ သောင်းကြားကုန်ပါတယ်။ အဲ့တော့ ဘာလို့ ကားဝယ်မစီးတာလဲ မေးရင် မဝယ်နိုင်သေးလို့လို့ပဲဖြေရမှာပါ။ လောလောဆယ် မဝယ်နိုင်သေးပါဘူး။ နောက်ပြီး ကားတစီးရဲ့ ဝေယျာဝစ္စ ဒုက္ခတွေလဲ မခံနိုင်သေးလို့ပါ။ အမေ နဲ့ ညီကတော့ ကားဝယ်ကြမယ် တကဲကဲပါပဲ။ သို့သော် သူတို့ စကားသာ နားထောင်ပြီး ပြန်လာကာစ က ဝယ်လိုက်လို့ကတော့ အနည်းလေး ၃၀ လောက်ရှုံးပါမယ်။ ထားတော့။

ကားတစီး ရဲ့ ဒုက္ခ အကျဉ်း 
  1. ဝယ်မယ်ဆိုရင် ပိုက်ဆံကုန်ပါမယ် 
  2. ကားရပ်ရန်နေရာ (အိမ်မှာ)
  3. နောက် ဘယ်နေရာသွားသွား ကားရပ်ရန်နေရာ (ပိုအရေးကြီးပါတယ်) အထူးသဖြင့် မြို့ထဲသွားရင် ဘယ်နေရာမှာ ကားရပ်ရမလဲဆိုတာ ခေါင်းအင်မတန်ခြောက်စေတဲ့ ကိစ္စပါ။ တက္ကစီစီးတော့ သွားချင်တဲ့နေရာ ကို ရပ် ဖုတ်ဖက်ခါ ထ သွားရုံ
  4. နောက် အကုသိုလ်စိတ် ကားရပ်ထားရင် အရပ်ထဲက မိမနိုင်ဖမနိုင် ကလေးတွေရန် (အိမ်နားဝန်းကျင်မှာ အများကြီးရှိတယ်) 
  5. ကားကို သန့်ဖို့ အပေါ်ထပ် က အဖိုးကြီးအဖွားကြီး လင်မယား တ ပတ် ကား ၃ ခါဆေးတာ တွေ့ရတာ အလုပ်ရှုပ်တယ်ထင် ကိုယ်ကတော့ ကားဆေးရမယ်ဆိုရင် ဂျင်းဘောင်းဘီ ကြပ်ကြပ်ဝတ်ထားတဲ့ စွပ်ကျယ်လက်ပြတ်နဲ့ -ို့ကြီးကြီးမိန်းမ သီချင်းမိုက်မိုက်ကလေးဖွင့်ထားတာပဲ မြင်နိုင်တယ်
  6. ကားပြင်ရမယ် 
  7. ဆီထည့်ရမယ် ကားဝယ်မှတော့ ဆီထည့်ရမှာပေါ့ သို့သော် တတ်သိနားလည်သော သူငယ်ချင်း များ စီးနေကျ တက္ကစီ များကိုတိုင်ပင်ကြည့်တော့ တ ရက် ကို ၁ သောင်း သို့ တလ ကို ၃ သိန်း ပျမ်းမျှခန့် သာ ကုန်ရင် ကားဝယ်မစီးသင့်ပါဘူးတဲ့ သူတို့တွက်ပြတော့လဲဟုတ်နေတာပဲ ထားတော့ ကိုယ်မှ အဲ့လောက်မကုန်တာ ထွက်တဲ့နေ့မှ ၅ ထောင် နဲ့ ၁ သောင်းကြားကုန်တာလေ မထွက်တဲ့နေ့ဆိုမကုန် 
  8. ကား မမောင်းတတ်တော့ ဒရိုင်ဘာလိုပါတယ်
    1. လခ
    2. နောက် အက်တီကျူ ကောင်းတဲ့ လူရှားပါးမှု 
    3. လူပျို မှအဆင်ပြေပါမယ် ကိုယ်သွားချင်တဲ့အချိန်သွား လာချင်တဲ့အချိန်လာလို့ရအောင် 
    4. သူ့အတွက် နေစရာ ပေးမလား မပေးဘူးလား စတဲ့ ဘာဟီရတွေ 
ကဲ အခုပြောသွားတာတွေက ရမ်းသရူးပဲရှိသေးတာနော် ကားဒုက္ခက ပိုင်တဲ့သူတွေပိုသိပါတယ် နောက် ကိုယ်တို့လို ကိုယ်ပိုင်ခြံနဲ့ဝန်းနဲ့မဟုတ်သေးတဲ့သူတွေအတွက် ဘယ်မှာထားရမှန်းမသိတဲ့ဒုက္ခကပိုမယ်ထင်ပါတယ် လမ်းတွေကကျဉ်း ကားတွေကများဖြစ်နေတာလေ နောက် မောင်းရင်လဲအခု ကားတွေပိုများလာတော့ လမ်းတွေပိုကြပ် လူတွေက ပိုရမ်း ဒေါသတွေပိုထွက် စသဖြင့် အများကြီးပါပဲ။

သို့သော် တက္ကစီ စီးရတဲ့ ဒုက္ခကလဲ မသေးပါဘူး တနေ့ကတောင် ဘန်ကောက်က လာလည်တဲ့ သူငယ်ချင်း နပလိစ် တယောက် ကိုပြောပြသေးတယ် သူက မေးတယ်လေ ဘန်ကောက်ကို မလွမ်းဘူးလားတဲ့ အင်းလမ်းတယ်လို့ တက္ကစီတွေကိုလို့ဘာလို့လဲတဲ့ ကြိုက်တဲ့ကားတက်စီးရုံပဲ ဈေးဆစ်စရာမလို ကားစုတ်မှာပူစရာမလို ကားထဲမှာ ပူမှာ ပူစရာမလို ကဲ ကြိုက်တဲ့ တား တက်စီး မွှေးပြီးအေးနေရော ကြိုက်သလောက်စီး ကျသလောက်ပေး ကဲမကောင်းလား

မြန်မာပြည်မှာတော့ အဲ့လိုမဟုတ်ပေါင်

ကားက တားလိုက်ရင် လမ်းမကြုံလို့ဆိုတာ လာသေးတယ် လမ်းကြုံ တက္ကစီ ဆွဲနေတာလား တခါတခါ စိတ်ပေါက်လာလို့ တားပြီးရင် အရင်ဆုံးမေးတယ် လမ်းကြုံလားလို့ ဟုတ်တယ်လေ တခါတခါတော့လဲ ပြောလိုက်တယ် ကားမောင်းမနေနဲ့တော့ ဦးလေးရယ် ဘဏ် ဓါးမြတိုက်စားလို့

အဲ့တာတချက် စိတ်ညစ်ရတယ်

နောက်တခုက လူပါရဲ့သားနဲ့တင်တာ ကိုယ်ကတော့ လာရပ်ရင်တောင် လက်ခါထုတ်လိုက်တာပဲ အဲ့တာ ကိုယ့်ပရင်စီပယ်နဲ့ညှိတယ် မစီးဘူး တခါ ကြုံဘူးတယ် ကိုယ်စီးလာတာ လမ်းတဝက်ရောက်နေပြီ လမ်းမှာထပ်တင်တာ ကိုယ်က ဘာလုပ်တာလဲ ကားဆရာ ဆိုတော့ လမ်းကြုံတင်မလို့ပါတဲ့ ပြောလိုက်တယ် လမ်းကြုံတင်ချင်ရင် ကျတော့ကို အရင်မေးရမှာလေ လို့ပြီးတော့ ဟုတ်ပြီ အဲ့တာဆို ကျတော် ၂၀၀၀ နဲ့ငှားလာတာ ၁၅၀၀ ပဲပေးမယ် လို့ တကယ်ပဲ ဆင်းတော့ ၁၅၀၀ ပဲပေးလိုက်တယ် မှတ်ထား

တခါက ကျတော့ လမ်းမှာအဲ့လိုပဲ လူထပ်တင်တာ ကိုယ်က ချက်ချင်း ဆင်းချပလိုက်တယ် နောက်ထပ်မှတ်ထား ကိုယ်ကားတားနေတုံး လူပါတဲ့ ကားရပ်နေလဲ ဆော်ရီးပဲ အချစ်ရယ်ပဲ အဲ့တာ ကိုယ့်ပရင်စီပယ် မြူနီစပယ်ထက်ဆိုးတယ်

နောက်တခုက ကားဆရာတွေ ဆေးလိပ်သောက်တာ အမှန်က သူ့ရိုက်စ်နဲ့သူပါ သောက်ပါရပါတယ် သို့သော် ကားပေါ်မှာ ပါဆင်ဂျင်ပါလာရင်တော့ လေးစားရမယ်လေ နော် ကိုယ်ကတော့ ပြောပစ်တာပဲ ပြောလိုက်တော့လဲ သောက်တာ ရပ်ပါတယ် နောက်တော့ သူမနေနိုင်ဘူးထင်တယ် လှည်းတမ်း ပွိုင့်ရောက်တော့ မီးပွိုင့်မိနေတာ ကားအောက်ဆင်းသောက်ပါတယ် အဲ့တာက ကိစ္စမရှိဘူး ရတယ်

ကိုယ်ကြုံဘူးသမျှ တက္ကစီ ကိစ္စတွေကတော့ ဒီလောက်ပါပဲ။

နောက်ကြုံမှ ထပ်ရေးပါအုံးမယ် အရင်တလောက ကောင်မလေးတွေ ကို မတော်တာတွေပြတာမျိုးတော့ ကိုယ်လဲမကြုံဖူးဘူး ဟိ ကိုယ့်ကို မတော်တာတွေလာပြလို့ကတော့ ကိုယ်က မတော်တာပြန်လုပ်လိုက်မယ် ဟွင်းဟွင်း (နိုကိုဇူးဇင် ဇာတ်ကောင်မင်းသားကဲ့သို့ရယ်သည်)

အားလုံးကိုချစ်တဲ့
တီချမ်း

A Chen
4:12 PM
Friday
25th Jan 2013
Traders Hotel
Yangon | Myanmar

6 comments:

  1. ရန်ကုန်ပြန်ရောက်နေမှ တီချမ်းလည်း အတော် တိုးတက်နေတယ် နိုကိုဇူးဇင် ဇာတ်ကောင်မင်းသားကဲ့သို့ရယ်သည် တွေ ဘာတွေရလို့ ...

    ရွှေစင်ဦး တို့လည်း ကားထားစရာ မရှိုလို့ ဝယ်တော့ဘူး တက်စီး ဘဲ စီးတော့မယ် မန်းလေး ကတော့ ကားတက်စီး မရှိဘူး ဆိုင်ကယ်တက်စီး ဘဲရှိတယ်

    တက်စီး ဒလိုင်ဘာ ကို လူပျို လူအိုတော့ မရွေးတော့ပါဘူး ... ဗလကောင်းကောင်း အရပ်ရှည်ရှည် တော့ရွေးရတယ် လဲ ရင် ထောက်နိုင်အောင်လို့

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  2. နိုဝင်ဘာ တစ်လ ပြန်တုန်းက ကြုံခဲ့တာပေါ့ရှင် ... ခစ်ခစ် (ဒီလိုပဲ ရီ/ရယ်သွားတယ်နော်)

    ReplyDelete
  3. တီချမ်း ကျန်ခဲ့ လို့  ဘဲဥ လက်ဖက်ရည်ဖိုး

    ReplyDelete
  4. အဟက် တက်စီးလား ...တော်တော်ကောင်းတာဆိုတော့လေ :(
    အဟိ ကိုယ်ပိုင်ကားတော့ ၀ယ်မလို့ စိတ်ကူးနေတယ်...
    ဒါပေသိ ခုနေ၀ယ်ရင်တောင် ရှုံးဖို့ကသေချာနေတော့
    ကိုယ့်ပိုးကိုယ်သတ်ပြီး အသာလေးငြိမ်နေရဒယ်
    အဖြစ်က ဆိုးထှာနော်...:)
    ခင်တဲ့....မိုးနတ်

    ReplyDelete
  5. တီပြောတာသိပ်မှန်တယ်
    ရန်ကုန်မှာကားတွေသိပ်ကျပ်တာပဲ
    ကိုယ်တိုင်ကားမောင်းမယ်ဆို အတော်ပင်ပမ်းမယ်
    ခေါင်းလဲစားမယ်
    တော်ပီ တက်ချီပဲစီးတော့မယ်
    :)))

    ReplyDelete
  6. တီချမ်းရေ..................... တီချမ်းရဲ့ အာလူးထမင်း ကိုလွမ်းတယ်.......... မာလာဟင်းကိုလဲလွမ်းတယ်.......ကြာဇံ ချက်ကိုလဲလွမ်းတယ်................ တီချမ်းကိုလဲလွမ်းပါတယ်... :D

    ReplyDelete