China’s assessment calls for Burma’s Myitsone Dam to be scrapped
မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းကို “လုံးဝ” ပယ်ဖျက်ရန်အတွက် မြန်မာ့မြစ်ဆုံ ရေကာတာဆန်းစစ်ချက်က တရုတ်ပြည်ကို တောင်းဆိုခြင်း
China Power Investment Corporation is forging ahead with its controversial Myitsone dam in northern Burma despite its own assessment calling for the project to be cancelled.
တရုတ်ပြည်၊ တရုတ်စွမ်းအင် ရင်းနှီးမြုပ်နှံရေး (CPI) ကော်ပိုရေးရှင်းက ၄င်း အဖွဲ့ ကိုယ်တိုင် ပြုလုပ်ထားတဲ့ ဆန်းစစ်မှုတွေမှ မြန်မာပြည် မြောက်ပိုင်းမှာ ဆောက်လုပ်နေတဲ့ မြစ်ဆုံ ရေကာ တာ စီမံကိန်းကို ဆောက်လုပ်မှုများ ရပ်ဆိုင်းသင့်ကြောင်း တောင်းဆိုမှုတွေကို လစ်လျှူရှုပြီး အစွမ်းကုန်အောင်မြင်အောင် ဆက်လက်လုပ်ဆောင်နေပါတယ်။
The 945-page “environmental impact assessment,” fully funded by China’s CPI Corporation and conducted by a team of Burmese and Chinese scientists, recommends that the Irrawaddy Myitsone Dam not proceed. “There is no need for such a big dam to be constructed at the confluence of the Irrawaddy River” says the assessment.
၎င်း စီပီအိုင် ကော်ပိုရေးရှင်း အဖွဲ့ရဲ့ ရာနှုန်းပြည့် ငွေကြေးစိုက်ထုတ်မှု နဲ့ တရုတ်၊ မြန်မာ သိပ္ဗံ ပညာရှင်များက “သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုဆိုင်ရာ လေ့လာ ဆန်းစစ်ချက်” တရပ်လုပ်ခဲ့ပါတယ်။ စာမျက်နာ ၉၄၅ မျက်နှာ ရှိတဲ့ ၄င်း လေ့လာ ဆန်းစစ်ချက်က ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကို ဆက်လက်ဆောက်လုပ်ခြင်းများ ရပ်တန့် ရန် အကြံပြုထား ပါ တယ်။ “ဧရာဝတီ မြစ်ရဲ့ မြစ်ဆုံမှာ အဲ့လောက်ကြီးမားတဲ့ ရေကာတာ ဆောက်လုပ်ရန် မလို အပ်ကြောင်း” လဲ ၄င်း လေ့လာဆန်းစစ်မှုက ဆိုပါသေးတယ်။
CPI is planning to build and operate seven mega dams on the Irrawaddy and its tributaries. According to the assessment the dams will impact millions that depend on the river and threaten biodiverse ecosystems: “The fragmentation of the Irrawaddy River by a series of dams will have serious social and environmental problems not only at upstream of dams but also very far downstream to the coastal area.”
ဧရာဝတီမြစ် နဲ့ ၄င်း ရဲ့ မြစ်လက်တက်တွေမှာ ကြီးမားတဲ့ ရေကာတာကြီး ၇ ခုကို ဆောက်လုပ် မောင်းနှင်ဖို့ စီပီအိုင်က စီစဉ်နေပါတယ်။ လေ့လာဆန်းစစ်ချက်များအရကတော့ အဲ့သည် ရေ ကာတာတွေကိုဆောက်လုပ်အသုံးပြုခဲ့ရင် မြစ်ကို မှီတင်းနေထိုင်ကြတဲ့ သန်းချီတဲ့ လူတွေ အ ပေါ်မှာ သာမက သတ္တဂေဟစနစ်တွေ အပေါ်မှာပါ ခြိမ်းခြောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။
“မြစ်ကို ပိုင်းဖြတ်ပြီး ရေကာတာတွေ အစဉ်လိုက်ဆောက်လုပ်ခြင်းအားဖြင့် မြစ်အထက်ပိုင်း ရေကာတာဆောက်လုပ်ရာ နေရာများမှာသာမက မြစ်အောက်ဆုံးပိုင်းဖြစ်တဲ့ မြစ်ဝကျွန်းပေါ် နဲ့ ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာပါ ပြင်းထန်တဲ့ လူမှုရေး နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ပြဿနာများဖြစ်ပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။
Last month fighting broke out between the Kachin Independence Organization and the Burma Army near China’s Dapein Dams, also in Burma’s northern Kachin State. An estimated 30,000 people have been displaced.
ပြီးခဲ့တဲ့လက တာပိုင် (Dapein) တရုတ် ရေကာတာအနီး နဲ့ မြန်မာပြည်မြောက်ပိုင်း ကချင် ပြည်နယ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ခန့်မှန်းခြေ လူ ၃ သောင်းခန့် နေရာပြောင်းရွေ့ ပေးခဲ့ရပါတယ်။
Mega dams in Kachin State and Burma are deeply unpopular and numerous appeals to Chinese companies and government to stop the dams have gone unanswered. CPI’s own assessment warned, “the majority of local races oppose construction of the dams” and called for consultation with and consent of affected peoples.
မြန်မာပြည်တွင်း နှင့် ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ ရေကာတာကြီးများနဲ့ပတ်သက် ပြီး လူအများ မကျေနပ်ချက်များကြောင့် ရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်တန့် ပစ်ဖို့အတွက် တရုတ်ကုမ္ဗဏီ နဲ့ အစိုးရဆီ တောင်းဆိုထားမှုတွေဟာလဲ အခုချိန်ထိ အကြောင်း ပြန်ချက် တစုံတရာ မရရှိသေးဘဲဖြစ်နေပါတယ်။ စီပီအိုင် ကုမ္ဗဏီ ကိုယ်တိုင်က ပြုလုပ်ခဲ့တဲ့ ဆန်းစစ်ချက်ကလဲ “ဒေသတွင်း မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားအများစုက ရေကာတာ ဆောက်လုပ်ခြင်း ကို ဆန့်ကျင်ကြကြောင်း” ဖော်ပြပါရှိပြီး၊ ဆောက်လုပ်ရေးကြောင့် ထိခိုက် နစ်နာမယ့်သူများရဲ့ သဘောထား နဲ့ ခွင့်ပြုချက်တွေကို ရယူဖို့ သတိပေးထားပါတယ်။
Although finished in late 2009, the assessment has never been made public.
လေ့လာဆန်းစစ်မှုများအားလုံးဟာ ၂၀၀၉ ခုနှစ်မှာ ပြီးဆုံးခဲ့ပေမယ့် စစ်တမ်း ကိုတော့ လူထု နဲ့ အများစု သိအောင် ကြောညာ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။
“Chinese companies are increasing their investments in Burma yet they are not following their own standards” said Sai Sai, coordinator of the Burma Rivers Network. “While CPI Corporation is hiding its assessment from the people of Burma, construction of the dams is speeding ahead.”
“တရုတ်ကုမ္ဗဏီအများစုဟာ မြန်မာပြည်တွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုတိုးချဲ့ လုပ်ဆောင်လာ ခဲ့ကြပေမယ့် သူတို့ကုမ္ဗဏီရဲ့ ကိုယ်ပိုင် စံတွေကို လိုက်နာကျင့်သုံးမှု မရှိနေကြသေးပါဘူး” လို့ မြန်မာမြစ်ကြောင်းများ ကွန်ယက် ညှိနှိုင်းရေး အရာရှိ ကိုစိုင်းစိုင်း က ပြောပါတယ်။ စီပီအိုင် ကော်ပိုရေးရှင်းက မြန်မာပြည်သူတွေအပေါ် လေ့လာချက်စစ်တမ်းကို ဖုံးကွယ်ထားပြီး ရေ ကာတာ ဆောက်လုပ်ရေးတွေကိုလဲ မြန်နှုန်းမြှင့်ပြီး လုပ်ဆောင်လျက်ရှိနေပါတယ်။
The study also recommends a full social impact assessment be conducted along the length of the whole river but this has not happened.
လေ့လာချက်စစ်တမ်းမှာ နောက်တချက်အနေနဲ့ မြစ်ကြောင်းတလျောက် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေအတွက် ပြည့်ပြည့်ဝဝ လေ့လာဖို့ အကြံပြုထားပေမယ့် လုပ်ဆောင် ခြင်းမရှိသေးပါဘူး။
ဆက်သွယ်ရန်
စိုင်းစိုင်း
(+ ၆၆) ၈၈၄၁၅၄၃၈၆
အနန်
(+၆၆) ၈၄၈၈၅၄၁၅၄
လေ့လာချက်စစ်တမ်း အပြည့်အစုံ ကိုဘတ်ရှုရန်အတွက်
မှတ်ချက်။
ခက်တာပဲ မြစ်ဆုံတောင် ရောက်ဖူးသေးတာမဟုတ်ဘူး၊ အမြန်ပြေးကြည့်ပြီး နောက်ဂျင်နရေးရှင်းတွေကို ဘီဒိုရိုက်ထားပြီး ပြန်ပြရမယ်။
ReplyDeleteလွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သောင်တွေ ကောနေကတည်းက တနေ့နေ့တော့ သွားရှာတော့မယ်လို့ ထင်သား၊ ဒို့နိုင်ငံမှာ ဒို့ပြည်သူတွေ ဘာများပြောခွင့်ရှိလို့တုန်းနော် :( ခက်စ်။
အဲဒီမှာ ဘာလုပ်နေတယ်ဆိုတာကို သိတာ၊ အဲဒါကိုလုပ်ရင် ဘာဖြစ်မယ်ဆိုတာကို သိတာ တော်ပါသေးရဲ့။ ကိုယ်လိုဆို ဘာမှသတိထားမိမှာမဟုတ်ဘူး။
ReplyDeleteဒေါ်သလင်း ခုမှ ဗီဒို သွားရိုက်လို့ မမှီတော့ပါ
ReplyDeleteပိတ်ထားပြီ နောက် အဲ့မှာ အခု စစ်ဆေးရေးတွေလဲ ချထားတယ် လို့ အရင်လက နောက်ဆုံးရောက်ခဲ့တဲ့ သည်ချင်းက ပြောတယ်
နောက်ထပ် အပ်ဒိတ်ရှိရင် တင်ပေးမယ်
ဒေါ်ရီတာ ဘတ်ချင်ရင် အဲ့ဒီ ၉၄၅ မျက်နှာ ဆန်းစစ်ချက် ရှိတယ် အီးလို