Tuesday, September 29, 2009

နွေ မိုး ဆောင်း ညောင်း


နွေ မိုး ဆောင်း ညောင်း

Addy:
မှိုင်းနေတဲ့ ရာသီဥတု
ပျင်းခြောက်ခြောက် နဲ့
ပျက်နေတဲ့
ငါ့ရဲ့စိတ်တွေ
နင်ဘယ်မှာလဲ
ကူမင်းရေ ပျင်းတယ်ဟယ်
စိုစွတ်စွတ် မိုးရေစက်တွေနဲ့
အတူဘယ်သူ့ ကိုမှန်းမသိ
လွမ်းတယ်

မိဘုတ်:
နေပူပူမှာမှ
ပလတ်စတစ်ဆန်နေရတဲ့ ဘဝ
လွမ်းရတာတောင်ပြာဖွေးဖွေးနဲ့ . . .
ရန်ကုန်ရေ
သီတင်းမကျွတ်ခင်
လမ်းကြုံဝင်ငိုမယ်ဆိုတဲ့
မိုးရေ
တစ်ပေါက်နှစ်ပေါက်ပဲဖြစ်ဖြစ်ပေါ့ဟာ . . .

Addy:
အေးလိုက်တာခိုက်ခိုက်လို့တုန်
နှင်းတွေနဲ့ဖွေးနေတဲ့
ဖူဂျီရာမာ...
ချယ်ရီတွေတောင်ပွင့်လို့နော်
အခါးရေနွေးနွေးတခွက်နဲ့
နင့်ကိုလဲပစ်မယ်ကွာ

မိဘုတ်:
စိတ်ကူးထဲမှာတောင်နှင်းမဖွဲမှတော့
ရာသီဥတုဆိုတာလည်း
အလကားပဲ
တိမ်တွေကို ပေးတဲ့ကျိန်စာတွေလည်း
မီးခိုးကြောင်းထပ်နေပြီ
တစ်လောကလုံး
နားလေးနေရော့သလား

A Chen and BS
Kunming and Yangon
21st September 2009
12:21 pm

3 comments:

  1. ဟိ.. အနော်ဝင်မပါလိုက်ရတဲ့ ကဗျာလေး..

    ReplyDelete
  2. ပြောသားပဲ ညီက ကဗျာမရေးဘူးဆို
    ဘွားဘွား ပြောတော့ ရေးတယ်တဲ့
    ဖော်လျှော

    ReplyDelete
  3. ကူမင်းက လူပျင်း ..
    ငါးခူစင်းကောဟင်းကို လွမ်းနေတယ်မလား
    ဟီဟိ

    ReplyDelete