Thursday, October 22, 2009

အတုအယောင်ခွင့်ရက်နဲ့မျှစ်ချဉ်ဝက်သား

တီ ဒီနေ့ အရမ်းပျင်းနေပါတယ် မနက်က မနိုးသေးတဲ့အချိန်မှာ ဘောစ့် က ဖုန်းဆက်ပြီးနိုးပါတယ် ဒီနေ့ အစည်းအဝေးရှိတယ်မှလားတဲ့ လူက မမှတ်မိဘူးရယ်သာပ အူကြောင်ကြောင်ဖြစ်နေတယ်လေ အဲ့တာနဲ့ ချက်ချင်းငါ မနေ့ညက အစာအဆိပ်ဖြစ်တယ် ပေါ့ အဲ့တာ ဝမ်းတွေလဲလျှော အန်လဲအန် အထက်လန်အော်ကလျှောဖြစ်နေတယ် နင်ပဲကြည့်လုပ်လိုက်တော့ ပေါ့ ဆိုတော့ မောင်ဘောစ့်ခမျာ တော်တော် သနားသွားရှာသာပ
အေးပါ ရပါတယ် တဲ့ နေကောင်းအောင်နေတဲ့ ဆေးမှန်မှန်သောက်တဲ့ ပြောသာပါပဲ “အိုခေ” လို့ ပြန်အိပ်လိုက်အုံးမယ် ဆိုတော့ အေးအေးတဲ့တော်

အဲ့တာနဲ့ခဏပြန်အိပ် နောက် နေ့လည်မှထ ပြီးတော့ ဟိုတနေ့ကတည်းက ဝယ်ထားတဲ့ ဝက်သားရှယ် သုံးထပ်သားတွေကို ရေခဲဖြေ လှီး ပြီးတော့ မျှစ်ချဉ် (မဲစောက်က ဝယ်လာတာ)
အဲ့တာလေးနဲ့ချက်မယ်ပေါ့ စဉ်းစားသာလေ မချက်စားသာကြာတော့ လျှာရင်းမြက်မြက်လေးလွေးချင်သာပ ချဉ်ချင်းနေမယ် ထင်သာပါပဲအေတို့ရယ်
အဲ့သဟာနဲ့ တီလဲ စချက်လေသတည်းပေါ့တော်

ပထမဆုံး ဝယ်လာတဲ့မျှစ်ချဉ်ကို ရေဆေးပါတယ် ပြီးတော့ ရေနွေးနဲ့ပြုတ်ပါတယ်
နောက်တရေခမ်းပြီ ဆိုတော့မှ ရေဆစ်ပြီး ပန်းကန်လေးနဲ့ထည့်ထားသာပ အဆင့်သင့်အောင်လေနော့



ဒါကတော့ အသင့်လှီးချွတ်ထားတဲ့ ဝက်သား သုံးထပ်သားရှယ်ပါ နယ်မလို့လေ ဆား အချိုမှုန့် ငံပြာရည်နဲနဲ နဲ့အရင်နယ်ထားပါတယ် အသားထဲအရသာစိမ့်ဝင်အောင်ပါ



ပြီးတော့ ထုံးစံအတိုင်းမပါမဖြစ်ကြက်သွန်ဖြူနီ ကို ဆီသတ်ပါတယ် မွှေးလာတဲ့အထိကြော်ပေးရပါတယ် တခါတည်း ကြော်နေရင်းနဲ့အရောင်တင်မှုန့် ထည့်ပါတယ် ကြိုက်တတ်ရင် များများထည့်လို့ရပါတယ် တီကတော့ အစပ်လျှော့ချင်လို့ စဉ်းငယ်မျှပဲ ထည့်သာပ



ဒီလိုကြက်သွန်ဖြူနီတွေမွှေးလာပြီဆိုရင်တော့ ဇာတ်လိုက်ကျော် ဝက်သားကိုထည့်ပါမယ်



ပြီးရင် ဝက်သားကိုလဲမွှေးလာတဲ့အထိ သေသေချာချာစိတ်ရှည်လက်ရှည်ကြော်ပေးရပါမယ် မဟုတ်ရင် တခါတည်း အပျင်းနည်းနဲ့ရေထည့်အလုံပြုတ်လုပ်လိုက်ရင် ဝက်စော်နံပါမယ် အဲ့တော့ မွှေးနေတဲ့အထိ စိတ်ရှည်လက်ရှည်ကြော်ပေးပါတယ် လက်ဖက်ကောင်းစားချင်ရင် ဝက်သားမွှေးမွှေးကြော်ရမယ် မဟုတ်လားတော် အော်အရေးကြီးတာ ပြောဖို့ကျန်ပါတယ် ဆီကို ကြက်သွန်ကြော်တုံးက မဆိုစလောက် နည်းနည်းလေးပဲထည့်ပါတယ် ဘာလို့လဲဆိုတော့ ဝက်သားက သုံးထပ်သားရှယ်လေ နော့ အဲ့တော့ အဆီထွက်ပါမယ် အဲ့သာကြောင့် အစကနဦးကတည်းက ဆီနည်းနည်းလျှော့ထည့်တော့ ဟော ဝက်ကလဲဆီထွက်လာရော အတော်ပေါ့ နောက်တခုက မကပ်တဲ့အိုးကိုသုံးပါ ပိုအဆင်ပြေပါတယ် ဆီနဲနဲပဲထည့်လဲမကပ်တော့ဘူးပေါ့

ပြီးရင်တော့ မျှစ်ချဉ် (အသင့်ပြုတ်ထားပြီး) ကိုထည့်ပါမယ် နောက်တရေ နှစ်ရေ စသဖြင့် ဝက်သားနူးအိနေတဲ့အထိတည်လိုက်ရင် စားချင်စဖွယ် ရနံ့သင်းပျံ့တဲ့ ဝက်မျှစ်ချဉ်တခွက်ကိုရပါပြီ



စာကြွင်း
ချက်ပြီးတော့ စား စားပြီးတော့ တက် တက်တော့ အိပ်လိုက်တာ ညနေ ၇ နာရီမှ ပြန်နိုးပါတော့တယ်
အဲ့တာနဲ့နောက်တရက်လဲဆက်ပြီးတော့ အထက်လန်အောက်လျှောဆက်ဖြစ်နေလိုက်ပါတယ်
တီချမ်းတို့ ပိုင်ချက်နော်

A Chen
3:29 pm
21st Oct 2009
Bangkok





12 comments:

  1. တီရယ် ..... ညတုန်းကတောင် တီ့ကို ဟင်းချက်ကျွေးပါလို့ ပြောလိုက်တာ။ အခုတီက ချက်ကျွေးတယ်နော်။ ဒါကြောင့် ချစ်နေရတာ။း)

    ချစ်တီရေ
    မိရောင်

    ReplyDelete
  2. nye: မန့်ပေး


    Addy: မန့်လေ ဒီမှာ တီတင်ပေးမယ်


    nye: တီ ဘာလဲ
    နေဝင်းမြင့်တွေများ ဖတ်ထားသလား
    ရေးပုံက
    (မျှစ်ချဉ်ဝက်သားကတော့ အထူးအဆန်းလုပ်လို့..
    မစားချင်ပေါင်)
    အဲလိုမန့်မယ်


    Addy: မန့်စေဗျား
    nye: ဟုတ်
    မြန်မြန်လည်း မမန့်ပေးဘူး
    ၁ မရတော့ဘူး
    ဗြဲ
း(

    ReplyDelete
  3. လာသွားရည်ယိုသွားကြောင်းပါ..
    ဟင့်...
    မစားရ သွားရည်ယို...
    မြင်သာမြင် မကြင်ရ....
း(

    ReplyDelete
  4. စားချင်လိုက်တာဟယ် မျှစ်ချဉ်နဲ့ဝက်သားကတော့ ဦးမွန်အကြိုက်ဆုံးထဲမှာ ပါတယ် ၀က်သားမွှေးအောင်ချက်ရမယ် ဟုတ်သားနော် နာတော့ တစ်ခါတည်း ထည့်လုံးပစ်တာ များတယ် ဟီးဟီး

    ReplyDelete
  5. ဂလု ဂလု ဂလု
    သီးတောင်သီးတယ်အေ. . . ငါလည်း စားချင်တာပေါ့ဟာ :'(

    ReplyDelete
  6. စနိုး: ဟင့်.. စားချင်တယ်။ အိမ်မှာဆို မေမေက အဲဒါ ခဏခဏချက်တယ်.. လွယ်လို့.. သူချက်ပုံက လွယ်တာကို ပြောတာ..

    ReplyDelete
  7. တီရယ် ချက်တတ်လိုက်တာ.. ရေးထားတာလဲ အကွက်စေ့စေ့နဲ့
    ကြိုက်တယ် စားချင်တယ် ပို့လိုက်

    ReplyDelete
  8. Fistly when I strat the read about blogs, most the bloggers , who they live in abroad, write always about our traditional, it is nonsense....but now I realize when I am away from our country...Miss our traditional food!But I am not a good chef, but I hate bread , cheese ,and frozen meats... so now make my maeal what I like....ha ha ...I love my country and Miss ......

    ReplyDelete
  9. မမန့်ဘူး လုံးဝပဲ

    ReplyDelete
  10. မျှစ်ချဉ်နဲ့ ၀က်သားကို အရင်ကတော့ သိပ်ကြိုက်တယ်။ အခုတော့ အသားမစားတော့လို့ ငါးနဲ့ ဒါမှမဟုတ် ပုဇွန်နဲ့ တခါတလေ ချက်စားဖြစ်တယ်။ ၀က်သားနဲ့ မတူပေမဲ့ မျိုးအရသာရှိတယ်၊ စမ်းချက်စားကြည့်ပါ။

    ReplyDelete
  11. စားချင်လိုက်တာ ဒီမှာတော့ မျှစ်ချဉ်လည်းမရ ဘာလည်းမရနဲ :(

    ReplyDelete