အရင်ကကျတော် နဲ့ အခုကျတော်
(Before and after…me!)
ကမ္ဘာကြီး ကိုချစ်တဲ့ကျတော်
အစိမ်းရောင်တွေ ကိုချစ်တဲ့ကျတော်
လယ်ကွင်းစိမ်းစိမ်း နဲ့
တမျှော်တခေါ် ကောင်းကင်ကျယ်ကျယ်
တိမ်စိုင်လွင့်လွင့် တွေ ကိုချစ်တဲ့ကျတော်
ဆိုင်ကယ် ကိုအရှိန်နဲ့စီးရင်း
မျက်နှာ ကိုလေတိုးတဲ့အခါ
စွမ်းအားရှင်တယောက်
လေကိုခွင်းပြီးပျံသန်းနေသလို
ခံစားရတဲ့ အရသာ ကိုကြိုက်လို့
ကောင်းကင်ကျယ်ကျယ်
တိမ်စိုင်လွင့်လွင့် အောက်က
လယ်ကွင်းစိမ်းစိမ်းဘေး
ကွန်ကရစ်လမ်းလေး မှာ
ဆိုင်ကယ် ကိုအရှိန် ပြင်းပြင်း
စီးတတ်တဲ့ ကျတော်
သြော်……ခုတော့
လူဦးရေ ထူထပ်တဲ့
တိုက်တာ အဆောက်အအုံတွေ
မြင့်မား သိပ်သည်း
လူတွေ ကားတွေ ယာဉ်မျိုးစုံတွေ
ဥဒဟို သွားလာ ပိတ်ဆို့
မီးခိုးငွေ့ အဆိပ်ငွေ့
ကာဗွန်ငွေ့တွေနဲ့
မွန်းကြပ် ပိတ်လှောင်နေတဲ့
မြို့တော်ကြီးထဲမှာ
ရုံးဆင်းချိန် ကိုတခါတခါ
အိပ်ပြားပြားလေးထဲက
ဘတ်ဂျက် ကိုခဏမေ့
လူစော် ချွေးစော်
အလုပ်ဆင်း အပြီး
အိမ်ပြန်ရောက်ချင်စိတ်တွေ စောနေတဲ့
ဇောတွေနဲ့ လှောင်ပြည့် လျှံကျနေတဲ့
ဓါတ်ရထား ကိုရှောင်
Taxi (တက်စီ) ကိုမျက်စိမှိတ်ပြီးတား
နားထဲ ကို IPod (အိုင်ပေါ့) လေးထည့်
မီးပွိုင့်တွေ ကိုစိတ်ရှည်လက်ရှည်စောင့်
လေးဘက်လေးတန် မှန်အပြည့်
ကာရံထားတဲ့
စက်တတ်ယာဉ်ငယ်လေးထဲက
သဘာဝ ကိုဆန့်ကျင်
သန့်စင်ထားတဲ့
“ပြုလုပ်” လေအေးအေးလေး ကိုရှူ
တရိတ်ရိတ်တက်နေတဲ့
မီတာ ကိုမမြင်ချင်ယောင်ဆောင်
အိတ်ထဲက မှတ်စုစာအုပ်ငယ်လေးကိုထုတ်
ဝ.၅ ဘောလ်ပွိုင့်ပန်လေးနဲ့
ကဗျာ ကိုရေးရင်း
ဘဝအမောတွေ ကနေ
ခဏတာ ထွက်ပြေးနည်း ကို
သင်ယူတတ်မြောက်ခဲ့ပါပြီလေ။ ။
A Chen
7th October 2009
06:06 pm
On the road of Bkk
အရင်တပတ် ကမဲစောက်သွားလည်အပြီး အရှိန်မသေသေးလို့
ဒီကဗျာလေးကိုရေးဖြစ်ပါတယ်
လယ်ကွင်းတွေ ကိုလွမ်းတယ်
တိမ်စိုင်တွေကိုလဲလွမ်းတယ်
ကောင်းကင် ကျယ်ကျယ်
ပြာပြာလွင့်လွင့် ကိုလဲလွမ်းတယ်
အင်း…………….
မင်းကိုတော့
မလွမ်းဘူး
မေ့နေတယ်
အဟိ
မင်း သနားပါတယ်
ReplyDeleteဒါမဲ့ ကိုယ်လဲ တူတူပဲ
စိမ်းစိုစိုလယ်ကွင်းတွေဘေး
ReplyDeleteလေနုအေးကိုရှူ ..
ဆိုင်ကယ်ကို ခပ်ပြင်းပြင်းမောင်း ... ပျော်စရာပါ
လယ်ထဲက ကျွဲကျောင်းနေတဲ့ကလေးတွေ လယ်စိုက်နေသူတွေကို
ဟေးးးးးးးးးးးးးး လို့ အကျယ်ကြီးကော အော်နှုတ်မဆက်ခဲ့ဘူးလား တီရ
သူတို့တွေက ပြန်လက်ပြရင် ဒါလည်းပျော်စရာ
အဟိ အကုန်လုံးကိုလွမ်းပြီး မင်းကိုတော့ မလွမ်းဘူးဆိုတာ ညာတာနေမှာပါ။ မလွမ်းရင် ရေးဖို့ကို သတိရမှာ မဟုတ်ဘူး။
ReplyDeleteကိုယ်ကတော့ သဘာဝပတ်ဝန်းကျင်ကို စင်ကာပူရောက်မှ ခံစားရတယ်လို့ထင်တယ်။ ရန်ကုန်မှာတော့ ကျပ်ပိတ်သိပ်တဲ့ မြင်ကွင်းတွေချည်းပဲ။ ကားဖြစ်ဖြစ် အိမ်တွေဖြစ်ဖြစ်...ဒါတောင်ကိုယ်က စက်ရုံဝန်းထဲ နေလာရတော့ မြေကြီးနဲ့ နေလာရတယ်ပြောရမယ်။
ReplyDeleteဒီမှာတော့ တအိမ်နဲ့ တအိမ်ကြား မြေကွက်လပ်တွေနဲ့ ကျယ်ကျယ်လွင့်လွင့်... သစ်ပင်တွေလဲ အများကြီး။ ရုံးသွားတဲ့ လမ်းမှာဆို ဥသြသံတောင် ခဏခဏ ကြားရသေးတယ်။
မြန်မာနိုင်ငံမှာ ကိုယ့်စိတ်ထဲ အရင်းနှီးဆုံးခံစားရတာ ရန်ကုန်ပါ။ ဒါပေမဲ့ ဘီလျှံနာလောက်ဖြစ်မှ နေပျော်မဲ့ နေရာလို့ ခံစားမိတယ်။
မိုးတွင်းဆို သနပ်ခါးတုံးတွေ မှိုစော်နံပြီး မမွှေးတော့တာ သိပ်မုန်းတာပဲ။ ကိုယ့်မှာ ခဏခဏ နေလှန်းရတယ်။ ဒီမှာတော့ ventilation သိပ်ကောင်းတယ်။ အဲလို မဖြစ်ဘူး။
မြန်မာပြည်နဲ့ ဒီပဲ နေဖူးတာဆိုတော့ ယှဉ်စရာကလဲ ဒီနှစ်ခုပဲ ရှိတာ။
ပုံမိုက်တယ်...
ReplyDeleteမင်းကိုတော့ မလွမ်းဘူး မေ့နေတယ် .. အဲ့ဒါလည်း မိုက်တယ်
မိညီမ
ReplyDeleteပုံက မဲစောက်က ရတ်ဖြူဂျီ ကမ့် တခု က ကစားကွင်း ကိုရိုက်ထားတာပါ
မမရီတာ
ကွန်မန့်ရှည်ရှည်အတွက်ကျေးဇူးပါ
ကိုယ်လဲ ကုန်ကုန် ကိုသာအချစ်ဆုံးပါ အင်း မီးမလာတာတော့ စိတ်ပျက်တယ် အဲ့ဒီတခုပဲ
သနပ်ခါးကတော့ ရွှေပြည်နန်း ဘူးကိုပဲမကောင်းမှန်းသိပေမယ့် သွေးရမှာ ပျင်းနေတော့ ဒါပဲ လိမ်းဖြစ်တယယ်
နွေဆူးရေ
တကယ်ပါ မလွမ်းပါဘူး ကဗျာ မို့လို့ထည့်ရေးတာပါ
အမှန်ကိုပြောမယ်နော် (ဘယ် “မင်း” ကိုလွမ်းရမလဲမသိလို့ပါ အဟိ)
မြောင်းငယ်
နောက်အပတ်ထပ်သွားအုံးမှာ ဒီတခါ အော်ခဲ့မယ်
ဒါပေမယ့် ခုက မစိုက်ကြသေးဘူး
နောက်ပြီး စက်ပဲ သုံးတာများတော့ ကောက်စိုက်သမ လေးတွေတောင် ရှိပါ့မလားပဲ
ကန်စွမ်းရွက်ရေလုံပြုတ် ကိုတောင် သတိရသွားပြီ ညည်းလုပ်တာနဲ့
ဒေါ်မေး
ရှင်လဲအဲ့တာကြောင့် ဓါတ်ပုံတွေ စွတ်ပြုလုပ်နေတာပေါ့လေ
သိတယ်မှလား
ဓါတ်လျှောတယ် တို့ ဓါတ်ဆင်းတယ်တို့ ဓါတ်သက်တယ်တို့ ခိခိခိ
အဲ့လို ဓါတ်ပုံတွေ ထုတ်လုပ်တာလေ
တခါတခါ မိညီမလဲ အဲ့လိုတွေလုပ်တယ် ဟိ
ဆိုတော့ ဆိုတော့
အင်း.............................
ကျုပ်တို့တွေပေါင်းပြီး ဓါတ်ပုံတွေ ကိုအခြောက်လှန်း အလုံးလေးတွေလုပ်
ဓါတ်လုံးဆိုပြီးရောင်းရရင် ကောင်းမယ် ခိခိခိ
အနော်: တီရေ ခန ခန တွေးနေမိတဲ့ မွန်းကျပ်မှုပဲ
ReplyDeleteဟွန်
ReplyDeleteကဗျာကို ကောင်းကောင်းနဲ့ဖတ်နေတာ
အောက်ကျမှ ဓါတ်လုံးနဲ့တိုးတော့တာပဲး( :P
ဒီကဗျာလေးကို ကြိုက်တယ်။
ReplyDeleteကိုယ့်ကိုယ်ကို သနားစရာလေးလို့တောင် မြင်လာတယ်။ :D ဆိုင်လားတော့ မသိ။
စနိုး
I like this poem a lot as our feeling are same... Thx ..
ReplyDelete