Tuesday, November 23, 2010

1 B


1B

The woman sitting next to me
in 1B has burn marks on her hands.
As she sleeps, I let myself stare
trying to figure out
if it was a cooking accident
or…

She boarded quietly,
but her eyes
grazed me with
malignant anger.

She is awake now.
I turn away,
look out of the window.

Reaching for the phone
the sleeve of her business jacket lifts, revealing
a neat row of round burn marks
all up her forearm.

Was she hurt as a child?
Was it a late husband,
mean boyfriend, crazy sex fetish?

I try to catch the title
of the book she’s reading
for clues.

It’s just some mystery novel

I can tell/I’m making her/uneasy.
I go back to my writing.


She looks so hard- a lot of women in L.A.
Dark secrets hunting her insides,
softness sucked out,
a deep sadness in her eyes.

Jewel Kilcher


ဘီ ၁

ကျမ ရဲ့ဘေးက ခုံ ဘီ ၁ မှာ ထိုင်နေတဲ့
မိန်းမရဲ့ လက်တွေပေါ်မှာ မီးလောင်ရာတွေရှိပါတယ်
သူမအိပ်နေတဲ့အခါ အဲ့ဒီ ဒဏ်ရာတွေကို
သူမ ဘယ်လိုများရလာတာလဲ လို့ အတွေးနယ်ချဲ့ရင်း
ကျမ စိုက်ကြည့်မိပါတယ်
ချက်ရင်း ပြုတ်ရင်း မတော်တဆ ရတာလား
ဒါမှမဟုတ်…

သူမ ကားပေါ်ကို တက်လာတုံးကတော့
တိတ်တိတ်ဆိတ်ဆိတ်ပါပဲ
ဒါပေမယ့် သူမ မျက်လုံးတွေက
ကျမ ကိုခါးသက်သက် မုန်းတီးမှုအပြည့်နဲ့
သမန်ကာရှန်ကာ ကြည့်သွားတယ်

ခုတော့ သူမ နိုးလာပါပြီ
ကျမ မျက်လုံးတွေ ကို သူမဆီကနေ ခွာပြီးတော့
ပြတင်းအပြင် ကိုငေးနေလိုက်တယ်
ဖုန်းကို လှမ်းနှိုက်လိုက်တဲ့အခါမှာ
သူမ အပေါ်အင်္ကျီ လက်က တက်သွားတဲ့ အတွက်
သူမရဲ့ လက်ဖျန်တလျောက်က
သေသေသပ်သပ် ဝိုင်းဝိုင်းစက်စက်
မီးလောင်ရာလေးတွေ အစီအရီပေါ်လာပါတယ်

သူမကလေးအရွယ်က ရခဲ့တဲ့ နှိပ်စက်ရာတွေလား
သေသွားတဲ့ ယောက်ျား ဒါမှမဟုတ်
ရက်စက်ယုတ်မာတဲ့ ရည်းစားဟောင်းတယောက်ယောက်က
လိင်မှုဆိုင်ရာ စိတ္တဇ ရှိသူတယောက်ယောက်လား

သူမဘတ်နေတဲ့ စာအုပ်ကနေတဆင့်များ
ခြေရာကောက်နိုင်မလားလို့
ကျမ စာအုပ် ခေါင်းစဉ်ကို
ကြိုးစားကြည့်မိတယ်

ရိုးရိုးသာမာန် လျှို့ဝှက်သည်းဖို ဝတ္ထု တအုပ်ပါပဲ

ကျမကြောင့်
သူမ စိတ် အနှောင့်အယှက်\မသက်မသာ
ဖြစ်နေတယ်လို့တော့
ကျမသေချာပြောနိုင်တယ်
ကျမ ရေးလက်စ စာဘက်ပဲ ပြန် အာရုံစိုက်နေလိုက်တယ်

L A မှာ ရှိတဲ့ မိန်းမ တော်တော်များများ လိုပါဘဲ
သူမကိုကြည့်ရတာ
မာဆတ်ဆတ်နဲ့
ခက်ခက်ထန်ထန်နဲ့
ခပ်မှောင်မှောင် လျှို့ဝှက်မှုတွေက အတွင်းလှိုက်စားလို့
နက်ရှိုင်းတဲ့ ဝမ်းနည်းမှုတွေ
ပြည့်နက်နေတဲ့ မျက်လုံးအစုံကလည်း
နူးညံ့မှုတွေ စုပ်ထုတ်ခံထားရသလိုပေါ့

A Chen
2:51 PM
23rd Nov 2010
Tuesday
Bangkok

2 comments:

  1. ကဗျာလေးဖတ်ရင်း..
    နှုတ်ခွန်းဆက်ပါတယ် တီချမ်းရေ...။

    ReplyDelete