Monday, November 1, 2010

ဟိုခြစ် ဒီခြစ် ဒွိဟ အချစ်



ဘာရယ်မဟုတ်ပါဘူး
ဟိုခြစ်ဒီခြစ်လျောက်ခြစ်ထားတာပါ
တိုက်ဆိုင်တော့လဲ ခံစားရတာပေါ့နော်...

ဒွိဟ ခက်ခဲ

ဘယ်သူမင်းကိုများ ကျန်စေ အထီးတည်းသာ

ဒီလိုညများ မင်းကို ဘယ်သူ ပေးရက် ခဲ့သလဲ

အမှောင်ယံညတွေ တယောက်တည်း တကိုယ်ရေ အထီးတည်းသာ

ဒီလိုကျန်အောင် မင်းကထားခဲ့သလား

Pre:

ခေါင်လွန်းတဲ့ ဘဝမှာ ရေကြည်တပေါက်သာ

တမ်းတခွင့်လည်း ရှားလွန်းနေသလား

(တမ်းတတာတောင် ရှားလွန်းနေသတဲ့လား)

မှောင်လွန်းတဲ့ညမှာ ရောင်နီလာမလား

တွေးတိုင်းလဲ ဝေးလွန်းနေသလား

Chorus:

တကယ်ကို သွားရန်ခဲ ထားရန်မလွယ် ဘယ်နဲ့လဲ (ဘယ်လိုလုပ်မလဲ)

အချစ်များစွာ အကြိမ်ကြိမ်အခါခါ အရဲစွန့်ကာ ဒွိဟခံစား (ဝေခွဲရန်ခက်)

တကယ်ပါ ချစ်ရန်မလွယ် မုန်းရန်ခဲ ကိုယ်မဆုံးဖြတ်ရဲ

အတွေးနဲ့တောင်မကြင်နာ ရင်မှာ ခါးသလား

Ending:

(အတွေးနဲ့တောင် မကြင်နာ ကိုယ်ကမှားသလား)

A Chen

28th Oct 2010

Wednesday

Immigration office,

Bangkok

Thailand

1 comment:

  1. အဲလို လက်ရေးမျိုးကြိုက်တယ် =)

    ReplyDelete