Monday, November 15, 2010

ပျော်ရွှင်တဲ့ မွေးနေ့လေးဖြစ်ပါစေ

ပျော်ရွှင်တဲ့ မွေးနေ့လေးဖြစ်ပါစေ

နာကျင်ခြင်းက
ဘာကိုမှ
ပြောင်းလဲစေမှာ မဟုတ်ပါဘူးဆိုတာ
ကိုယ်သိပါတယ်

အဲ့တာကြောင့်
ကိုယ့်ကို နည်းနည်းတော့
ပိုရိုးသားခွင့်ပေးပါ
ရိုးသားမှုမှာ ရှောင်လွဲမနိုင်ရတဲ့
ထိန်းချုပ်ရခက်တဲ့ဖော်ညွှန်းမှုတွေတော့ရှိမှာပေါ့
တံခါးတွေကို ပိတ်ပြီး
ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲနေရအောင်ပါ

အခန်းလွတ်ထဲမှာ
တယောက်တည်းထိုင်ပြီးတော့
လက်ကိုင်ဖုန်း ကိုလဲ
တညတာလောက် အနားပေးရအောင်ပါ

အတိတ်ကိုဖြတ်ပစ်မယ့်
အခါခါ အထပ်ထပ်
ရာထောင်ချီနေတဲ့ ပုံရိပ်တွေနဲ့
မျက်ရည်ကျမှုတွေကို
ည ၁၂ နာရီ မကျော်စေရဘူး

ပျော်ရွှင်တဲ့မွေးနေ့လေးဖြစ်ပါစေလို့
ကိုယ့်ကိုယ်ကို ဆုတောင်းပေးလိုက်တယ်
ဖယောင်းတိုင်လဲထွန်းပြီးပြီ
အထီးကျန်မှုတွေလဲ လင်းလို့ပေါ့
ပျော်ရွှင်တဲ့မွေးနေ့လေးဖြစ်ပါစေ
မျက်ရည်တွေလဲ ပျော်ကုန်ပြီ
မင်းထားခဲ့တဲ့
မင်းယူသွားတဲ့
အရာရာအတွက် ကျေးဇူးပါ

မင်းကို….
အမုန်းတွေနဲ့ အတူ
ချစ်နေတုံးပဲ
တည်ငြိမ်ဖို့တော့
အချိန်နည်းနည်းလို အုံးမယ်
ပူလောင်တဲ့ အချစ်နဲ့
နာကျင်တဲ့ ဒဏ်ရာတွေ
ပြန်မြင်ယောင်နေတဲ့ ပုံရိပ်တွေနဲ့အတူ
ပျော်ရွှင်တဲ့ မွေးနေ့လေးဖြစ်ပါစေ လို့
ကိုယ့်ကိုယ်ကို ဆုတောင်းပေးလိုက်တယ်။

A Chen
4:09 PM
Monday
15th Nov 2010
Bangkok

7 comments:

  1. အတိတ်ကိုဖြတ်ပစ်မယ့်
    အခါခါ အထပ်ထပ်
    ရာထောင်ချီနေတဲ့ ပုံရိပ်တွေနဲ့
    မျက်ရည်ကျမှုတွေကို
    ည ၁၂ နာရီ မကျော်စေရဘူး

    မကျော်ပါစေနဲ့ တော့..တီချမ်းရေ။ :)
    အဲ...သီချင်းလေး ခံစားရင်း ပြောတာပါ။ :)
    ...ခင်မင်လျှက်...ခင်မာလာအောင်..:)

    ReplyDelete
  2. ပျော်ရွှင်တဲ့ မွေးနေ့လေးဖြစ်ပါစေ လို့
    AddyChen ကို ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  3. ပျော်ရွင်ပါစေ. မျက်ရည်တွေထားခဲ့. နစ်သစ်ကိုရှေ့ရှူခဲ့ နာကျင်တာတွေ ထားခဲ့. ရင်နာမှုတွေထားခဲ့. ချမ်းမြေ့မှူကို ရှေ့ရှူခဲ့. အချိန်တွေ ကို ထားခဲ့.အမုန်းတွေ ကိုထားခဲ့. ဘာဘဲဖြစ်ဖြစ်ချစ်ခဲ့မိတဲ့ အချစ်တွေ နဲ့ နစ်သစ်မှာ ချမ်းမြေ့စေဘို့ ဆုတောင်းပေးလိုက်တယ်။

    ReplyDelete
  4. Mg ထား ခဲ. လို လား တီ ?
    Happy BD !!!!!!

    ReplyDelete
  5. ပထမဆုံး အလည်လာခြင်းပါ။နောက်ကျနေပေမယ့် မွေးနေ့မှသည် သက်ဆုံးတိုင် ပျော်ရွင်နိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်..။

    ReplyDelete
  6. တီချမ်း ဒုတိယအကြိမ်လာလည်ပါတယ်
    ဆက်လက်ပြီးရေးနိုင်ပါစေ

    ခင်တဲ့

    ဆုစ်
    www.cutiemeemee.blogspot.com

    ReplyDelete