Thursday, May 3, 2012

ယောက်ျားတွေပေးတဲ့ ကတိ




ယောက်ျားတွေ ဟာ ကတိပေးတဲ့နေရာမှာ သိပ်ရက်ရောပါတယ်။ ယောက်ျားတွေသူတို့တသက်တာမှာ မိန်းမတွေ ကို ပေးတဲ့ ကတိတွေဟာ များလွန်လွန်းလို့ ရေတွက်လို့တောင် မနိုင်ပါဘူး။ တခါတခါ ပေးတဲ့ ကတိတွေများလွန်းလို့ သူတို့ ဘာသာတောင် သူတို့ပေးထားတဲ့ ကတိတွေကို ပြန်ပြန် မေ့နေတတ်ပါတယ်။ မိန်းမတွေ ရဲ့အချစ်ဟာ ကတိ စကားမပါရင်မပြည့်စုံဘူးဆိုတာလဲ ယောက်ျားတွေက သိနေကြပြန်ပါသေးတယ်။ ကတိစကားမရှိဘူးဆိုရင် အနာဂတ်လဲ မရှိတော့ဘူးပေါ့။ တကယ်လို့ကတိစကားရှိမထားဘူးဆိုရင် မိန်းမတွေ စိတ်ထဲမှာ ဒီယောက်ျားက တကယ်တော့ သူတို့ ကို ဘဝအတွက်ရည်ရွယ်ချစ်တာ မဟုတ်ဘဲခဏအတွက် သာယာဖို့ ချစ်တယ်လို့ ထင်မယ်
လေ။

ယောက်ျားတွေပေးတဲ့ ကတိက ဘယ်လောက်ပဲ စိတ်ပျော့ သွားအောင်၊ အရည်ပျော်သွားအောင် ပြောနေပါစေ၊ ရင်သတ်ရှုမော ဖြစ်နေပါစေ အများစု အဓိပ္ဗါယ်ကတော့ တသက်လုံး ချစ်ပါမယ် စောင့်ရှောက်ပါမယ်တွေထဲက မထွက်တဲ့ မွဲပြာပုဆိုးတွေပါပဲ။ လက်ရှိ သူနဲ့ ချစ်နေတဲ့ မိန်းမတယောက်ကို ယောက်ျားတယောက်က....

“နောင်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ကိုယ်ကတိပေးတယ်။ ကိုယ်မင်းကို စောင့်
ရှောက်မယ်၊ ကာကွယ်မယ်၊ ချစ်မယ်။ အဲ့တာ တသက်လုံးအတွက် ယုံနော်” လို့ ပြောလေ့ရှိပါတယ်။ မဟုတ်ရင်လဲ ဒီနည်း နှင်နှင်ပါပဲ။ စကားလုံးပဲ ကွဲမယ် ကွာမယ် ဘာသာစကား လွဲမယ် ကမ္ဘာပေါ်မှာ ယောက်ျားက မိန်းမ ကိုပြောတဲ့ ပေးတဲ့ ကတိစကားတွေဟာ ဒီ နည်းနှင်နှင် ဒီအဓိပ္ဗါယ်သာသာတွေ ချည်းပါပဲ။

သူ့ကို ပြန်မချစ်တဲ့ သူက တဘက်သတ်ချစ်နေရတဲ့ သူငယ်ချင်း ကောင်မလေး သို့ သူ့ကိုမရွေးချယ်တဲ့ သူရည်ရွယ် ထားသူ၊ သူချစ်ခွင့်ပန်မှု ကိုငြင်းတဲ့ သူ ကောင်မလေးကိုလဲ....
“နောင်မှာ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မင်းဘယ်သူနဲ့ပဲ ရှိနေနေ ကိုယ်မင်းကို ထာဝရ စောင့်ရှောက်မယ် ကာကွယ်မယ် မင်းလိုအပ်တာတွေကို မင်းဘေးကနေ အကုန်ဖြည့်ဆည်းပေးမယ်။ မင်းကို အနိုင်ကျင့်တဲ့ သူရှိရင် ဘယ်သူပဲ ဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကိုယ် လုံးဝ ခွင့်မလွှတ်ဘူး”

မရနိုင်မှန်းသိလာတော့ ယောက်ျားတွေ ရဲ့ ကတိတွေကလဲ ပိုလေးနက်လာတယ်။ ပိုရက်ရောလာတယ်။ ပိုကြီး ကျယ်လာတယ်။ မိန်းမတယောက်ကို တကယ်မရနိုင်တော့ မှန်းသေချာလာလေ သူတို့ ပေးသမျှကတိတွေကို သူတို့ တကယ် ဖြည့်ဆည်းပေးရမယ့် အခြေအနေ က ပို နည်းနည်းလာလေဆိုတာ ယောက်ျားတွေကလဲ သိနေတယ်လေ။ အဲ့တာ သူတို့ပေးတဲ့ ကတိနဲ့ တိုက်ရိုက်အချိုးပဲ။ တကယ်ဖြည့်ဆည်းရမယ့် ကတိတွေကို
ယောက်ျားတွေက အင်မတန်မှာ သတိထားပြီး ပေးလေ့ရှိပါတယ်။ တကယ်ဖြည့်ဆည်းရမှာကိုး။ ယောက်ျားတွေ ရဲ့ စိတ်ကို နားလည်ပြီး ကိုယ်ချင်းစာတတ်တဲ့ မိန်းမတွေကလဲ တကယ် ကိုယ်က အချစ်မပေးနိုင်ပဲ နဲ့ကတိတွေ မတောင်းတတ်ပါဘူး။ ကိုယ်ချင်းစာတတ်တဲ့ မိန်းမတွေ လို့ ပြောရတာက ကိုယ်ချင်းမစာတတ်တဲ့ ကြိုးရှည်ရှည်နဲ့ လှန်ပြီး လိုရာ ခိုင်းချင်တဲ့ ယောက်ျားတွေ ကို အလှပြပြီး ကစားချင်တဲ့ မိန်းမတွေလဲ ရှိတတ်လို့ပေါ့။

ခုနက စကားကိုပြန်ဆက်ရရင် အချစ်ရေးမှာ ရှုံးနိမ့်တော့မယ် ယောက်ျားတယောက်ပေးတဲ့ ကတိဆိုတာက မိန်းမ ကို စိတ်များ ပျော့လာမလား။ သူ့ဘက်ပြန်လည်လာအုံးမလား။ သူများ ဒီကောင်မလေး စိတ်ကို နောက်ဆုံး အနေနဲ့ ကိုင်လှုပ်နိုင်အုံးမလား အဲ့တာမှ မဟုတ်ရင်လဲ သူ့ကို လက်မခံနိုင်ရင်တောင် နောင်မှာ သူ့ကို မေ့မသွား
အောင် အကြောင်းတိုက်ဆိုင်ရင် သတိရအောင်ပေါ့လေ။ တကယ်လဲအချိန်တွေ ကြာလာတဲ့အခါ မိန်းကလေးက အဲ့လို ကတိတွေအများကြီး သူ့ကို ပေးခဲ့တဲ့၊ သူ့အချစ်ကို မရလိုက်တဲ့ သနားစရာ အဲ့ဒီ ယောက်ျား အမောင် သကောင့်သားကို ကျိုးကြောင်း ဆုံခိုက် တိုင်ဆိုင်လာရင် သူ့ကိုရော သူပေးခဲ့တဲ့ ကတိတွေကိုကော သတိရနေ တတ်ပါတယ်။ သို့သော် ကတိပေးခဲ့တဲံ သူကတော့ သူပေးတဲ့ ကတိသူ သတိတောင်ရရဲ့ လားမသိပါဘူးပေါ့လေ။

ခေတ်တွေ က ပြောင်းလာတော့ စာတတ်လာတဲ့ မိန်းမတွေလဲ ကတိစကားတွေကို လွယ်လွယ် မယုံကြတော့ပါ ဘူး။ အဲ့လိုပဲ စာတတ်လာတဲ့ ယောက်ျားတွေကလဲ မိန်းမတွေကို ဘယ်လို ကတိမျိုးပေးရမလဲ ဆိုတာ ပိုနားလည် လာတာပေါ့။ Generic version promises လို့ပြောရမယ်ထင်ပါတယ်။

“ကိုယ် မင်းအရင် ဘယ်တုံးကမှ မိန်းမတယောက်ကို ဒီလို ကတိမပေးခဲ့ဘူးဘူး” ဆိုတာမျိုးပေါ့။

အဲ့လို အပြောခံရတဲ့အခါ မိန်းမတွေ က စိတ်မဆိုးတဲ့ အပြင် သြော်ဒီယောက်ျား တယ်ပွင့်လင်းပါလား။ ငါ့ကို အမှန်အတိုင်းပြောရှာတယ်၊ ရိုးသားရှာတယ်၊ မာယာမများရှာဘူး၊ ချစ်ဖို့ကောင်းလိုက်တာ၊ စသဖြင့် မဟုတ်တမ်း တရားတွေ လျောက်တွေးပြီး ကြည်နူးတတ်ပါတယ်။ အချစ်က မျက်လုံးကို ကွယ်စေပြီလေ။ ဘာလို့လဲဆိုတော့ ကောင်လေးက တခါမှ ဘယ်မိန်းမ ကိုမှ ဒီလို ကတိမပေးဘူးဘူး ဆိုတာကိုး။ တကယ်ဖြောင့်မှန်တဲ့ ယောက်ျားပဲ။ မသေချာ မရေရာတဲ့ အနာဂတ် အတွက် သူဘာမှ ကတိမပေးနိုင်ဘူး။ သေချာတာပဲ သူ တာဝန်ယူမယ်။ သူ့အတွက်မှသာ ကတိပေးတဲ့ အတွက် ဒီယောက်ျား သူနဲ့ တွေ့မှ တကယ်ပြောင်းလဲလာတာပေါ့။ အဲ့လိုနဲ့ ဒီယောက်ျားကို ပိုယုံကြည်၊ ပိုမြတ်နိုး၊ ပိုချစ်လာပါတယ်။

သြော်မိန်းမတွေများ ခက်ပဲ ခက်ရချည်သေးရဲ့နော်။

A Chen
11:28PM
3rd May 2012
Thursday
Home
Bangkok

13 comments:

  1. မှန်လိုက်တာ တီချမ်းရယ်။ အဲဒီလို လေးတွေ များများရေး။ စာအုပ်ပါထုတ်သင့် တာ။

    ReplyDelete
    Replies
    1. ဟုတ် ကြိုးစားနေပါတယ် စာအုပ်ထုတ်ဖြစ်ရ်ငလဲ အားပေးပါသီးနော်

      Delete
  2. စကားအပြောကောင်းလေ ပိုသတိထားရလေပဲ တီချမ်းရေ။
    မိန်းကလေးတွေရဲ့ အားနည်းချက်ကို ပိုသိတဲ့သူတွေဖြစ်နေလို့ပဲး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ချမ်းတီရဲ့ မောင်ကရော......:P

    ReplyDelete
  4. ဟုတ် မသက် ပြန်ရောက်ရင် စာအုပ် က နှစ်အုပ်ထွက်မယ် စဉ်းစားထားတယ် အချက်အပြုတ် တအုပ် ရယ် ဘလောခ်မှာ ဆောင်းပါး ခေါင်းစဉ်အောက်မှာ ရေးထားတဲ့ အဲ့ဒီ အတွေးတွေရယ်

    အားပေးတာ ကျေးဇူးပါ
    အမှန်ပဲ တီတင့် နှုတ်ချိုလေ မာယာများလေ

    ချမ်းတီ မောင်လဲ ယောက်ျားဆိုတော့ ဘယ်လောက်မှ မကောင်းပါဘူးကွယ်

    ReplyDelete
  5. တီချမ်း

    ဘာလို့ ဒီလောက်သိ :)

    kyi sandar

    ReplyDelete
  6. မသိပါဘူးကွယ် သိသလောက်ပြောရတာပါ

    ReplyDelete
  7. ဒါက ဒီလိုပြောလို့မရဘူးလေ လူနဲ့ဆိုင်တာပါ ကို ကြုံးတိုင်းအားလုံးကို အဲလိုထင်လို့မရဘူးလေ အနည်းစုဖြစ်ရင်ဖြစ်မယ်အများစုဖြစ်ရင်ဖြစ်မယ်
    မိန်းမတွေကရော လှည်းစားနေတဲ့မိန်းမတွေမရှိဘူးလား ကျားက အကြောင်းတစ်ခုခုကိုနောက်မှသိလာတာမဖြစ်နိုင်ဘူးလား ...???
    I JUST WANT TO SAY PLEASE BE CAREFUL WHEN WRITING BECAUSE NOT EVERYONE ARE SAME AND ESPECIALLY BE CAREFUL WHEN WRITING IN PUBLIC ..

    ReplyDelete
  8. NEVER THINK SAME
    TRY TO UNDERSTAND THINGS FROM DIFFERENT ANGLE,DIFFERENT POINT OF VIEW
    THERE MAY BE A LOT OF UNKNOWN REASONS

    ReplyDelete
  9. OK first use your name

    second if you wish to write in English try to use correct grammar

    thanks for visiting

    ReplyDelete
  10. မှန်လွန်းလို့ တဖက်ကမ်းလွန်ပါပဲ တီရယ်...

    ReplyDelete