Tuesday, November 12, 2013

To Angel from Alaska



I worship you
I admire you
I fell down my kneels for you
From time to time
And again and again

It been over two decades
That I been loving you from a distance
I listening about you from time to time
On the TV on the radio
Read about you from page to page
In the magazines

I am afraid to know you more
As sometime the jokes you makes
Expose you a little
And I am afraid that,
That will ruin my mental image of "the perfect you"

And I am afraid that if I get to know the real you
The sharp ends of what you say
Will be my sentence for life long imprisonment

And I have to confess,
Even I am not a big fan of breasts
I did ogle your half shown big firms twins
On the cover of magazines
I did appreciate them and their beauty
But again, let me stress
I am not a big fan of breasts 
 
Now that you are riding with devil
Towards the breaking dawn
In the spirit of maintaining innocence
All I can wish is
May be and just a may be
My dreams to last as long as possible
I know I am playing a foolish game
But when I drink my cup of coffee
I miss you sitting next to me
Eating your pancake with maple syrups

I don't have a little sister
But there's a hole in my heart
Which perfectly clear
That is in your shape
Hearts are broken everyday
But again and again I fall for you

To serve my ego
In this grey matters
…….

If I could tell the world just one thing
It would be
I love you "Jewel"

T Chen
10 45 AM
11th November 2013
Monday
On the bus
NPT highways


Saturday, November 2, 2013

အပြောင်းအလဲ

အပြောင်းအလဲ



ကိုယ်ရုပ်ရှင်ကြည့်နေရင်း အတွေးလေးပေါ်လာလို့ပါ။ Gossip Girl ကို အစကနေပြန်ကြည့် နေရင်းနဲ့  Rufus နဲ့  သူ့မိန်းမ Alison တို့ တယောက်နဲ့ တယောက် ပြန်သင့်မြတ်ဖို့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတစ်ခု ကို မပျက်စီးအောင် ပြန်အဖတ်ဆယ်ဖို့ ကြိုးစားနေကြရင်းနဲ့ Rufus ကလဲ သူ့ရည်းစားဟောင်း Lilly နဲ့ ပြန်ဆက်မိသလို၊ Alison ကလဲ သူ့ ရည်းစား  Alex  နဲ့ ပတ်သက်မှု မရပ်နိုင်တာ ကြည့်ရင်း အတွေးလေးတွေပေါ်မိပါတယ်။

ကိုယ်လဲ ရည်းစားအသစ်ရနေတယ်။ အမှန်တော့ ကိုယ်နဲ့ မောင် အတူတူနေတာ ၂၀၀၅ ထဲကဆို ခု ၈ နှစ်ထဲမှာပေါ့။ ခုတလော ကိုယ်ခြေလှမ်းပျက်နေတာ မောင်ကလဲ ရိပ်မိပါတယ်။ ကိုယ်ကလဲ မဘုန်းကွယ်ခဲ့ဘူးလေ။ မောင်ကလဲ ပြောလာတာက သူ့ကို အခြားတယောက် ကလဲ ဇာတ်လမ်းတွေထွင်နေပါသတဲ့။ သူကတော့ အဲ့တယောက် သူ့ကို စ"ကျူ" နေကတည်း က သူ့မှာ မိန်းမ ရှိတယ်လို့ ပြောထားပါသတဲ့။

အရင်ကလဲ ကိုယ်ခုလို ခဏခဏ မကြာမကြာဆိုသလို ခဏချစ် ရှာတတ်ပါတယ်။ ကိုယ့် ဆင်ခြေကတော့ Relationship တခုက ကြာရင် ပျင်းလာလို့ "ဖြည့်အား" ရှာတယ်ပေါ့လေ။ အဲ့လိုဖြစ်တိုင်းလဲ မောင့် ခံစားချက်၊ ရပ်တည်ချက် စတာတွေကို မတွေးမိပါဘူး။ မောင့် အနေနဲ့သာဆိုရင် ဘယ်လိုဖြစ်မလဲ ဘယ်လိုခံစားရရှာမလဲ လို့ တခါမှ မတွေးကြည့်ခဲ့မိတာ အမှန်ပါ။ ကိုယ့်ဘာသာတော့ တယောက်ထဲ နဲ့ ကာလရှည်ကြာလာရင်  relationship တခုမှာ kick လိုတယ်ပေါ့။

အမှန်တော့ ကိုယ်တို့တွေဟာ ကိုယ်တို့တွေရဲ့ ငြီးငွေ့မှုကို တခြား အသစ်အသစ်တွေနဲ့ ရှာဖွေ ဖြေဖျောက်ဖို့ ကြိုးစားကြည့်ကြတယ်။ လူဟောင်းကိုပဲ အချစ်သစ် နဲ့ တဖန်ပြန်ချစ်ကြည့်ဖို့ မကြိုးစားကြည့်ကြဘူး။ အဲ့လိုပဲ တကယ်လို့နောက်ဆုံး တနေ့ ကိုယ့်တို့ နှစ်ယောက် အချင်း ချင်း မပြတ်နိုင်တဲ့ တနေ့ကျရင် အဲ့ဒီ ဘေးလူတွေ ဘယ်လို ကျန်နေခဲ့မယ်။ ဘယ်လို ခံစား ရမယ် ဆိုတာမျိုးလဲ မတွေးမိပေးကြပြန်ဘူး။

ကိုယ်တွေက ကိုယ့်ဘဝရဲ့ ပျင်းတဲ့ အချိန်တွေမှာ သူတို့ ကို ခဏတာ အစားဖြည့် ပျော်ပြီးတော့ ကိုယ်တို့ တွေအပျင်းပြေသွားတဲ့ တနေ့ ပြန်လည်သင့်မြတ်သွားကြတဲ့ တနေ့ကျတော့ သူတို့ တွေကို လွယ်လင့်တကူထားခဲ့ပြီး ပြန်လည်ပေါင်းဖက်ကြပေါ့လေ။

ဒါပေမယ့် နှာခေါင်းသွေးဆိုတာာ အပျက်အပျက်နဲ့ မှထွက်တာမျိုးပါလေ။ ဟော ခုလိုကျတော့ မောင်ကလဲ ကိုယ်က အသစ်ကို အတည်ချစ်နေပြီ ထင်လာတဲ့အခါမျိုးမှာ…….ကိုယ်ကလဲ မောင် ကိုယ့်အပေါ်ဖုံးကွယ်မှုတွေရှိလာပြီ ထင်လာချိန်မျိုးမှာ…….အစစ အရာရာ အသေးအဖွဲ လေးတွေက အစ အထင်လွဲစရာတွေချည်းဖြစ်လာတတ်ပါတယ်။ သံသယ နဲ့ အရာရာ ကို ကြည့်လာကြပြီလေနော်။    

ဒီလိုနဲ့ အပျင်းပြေ ခဏတာ လို့ ကိုယ်တွေ လိုသုံးသုံးခဲ့ကြတဲ့သူတွေဟာ ကိုယ်တို့ ရဲ့ ပြဿာနာ အရင်းမှန်မဟုတ်ဘဲ၊ တယောက်ကို တယောက် သံသယရှိတတ်လာတာ။ အကောင်းမမြင်နိုင် တော့တာ။ တယောက်ဘာပဲ လုပ်လုပ် အပြစ်လို့မြင်လာတာ စတာတွေကသာ ကိုယ်တို့ ရဲ့ ပြဿာနာ အစစ်အမှန်တွေဖြစ်လာတော့တာပဲ။

တကယ်တော့ အချိန်က ကိုယ်တို့ကို "ပြောင်းလဲ" ပေးလိုက်တယ်ထင်တယ်နော်။ ဘေးလူ တွေကို ဘယ်လိုပဲ အကြောင်းပြပြ၊ ဘယ်လိုပဲ အသုံးချချ၊ ဘေးလူတွေက  ဘယ်လိုပြောပြော ဘယ်လိုမြင်မြင် ကိုယ်တွေက သာ တကယ်ပြောင်းလဲ ကုန်ရင် Relationship ဟာ ဘယ်လိုမှ ပြန်အဖတ်ဆယ်လို့ မရနိုင်တော့ပါဘူး။ ကိုယ်တို့ အချစ်တွေလဲ ကိုယ်တို့ ပြောင်းလဲမှု တွေ နဲ့ အတူ ပြောင်းလဲ ကုန်တာကိုးနော်။

အဲ့တော့ ကိုယ့်ဘေးက လူကို တကယ်တန်ဖိုးထားတယ် ချစ်တယ်ဆိုရင် သူတို့ ရှိနေချိန်မှာ သူတို့ တန်ဖိုးကို သိပါ၊ မြင်ပါ၊ အလေးထားပါ။ တကယ်လို့ အရာရာ နောက်ကျကုန်မှ ပြန်လည် အဖတ်ဆယ်မယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ပျက်ပြီးသား ကြိုးက ပြန်ဆက်ရင် ဆက်ထုံးရှိ သလိုပဲ၊ ဒဏ်ရာ ရထားတဲ့ နှလုံးသားကလဲအမာရွတ်ရှိနေမှာပါ။ အဲ့တာကြောင့် တကယ်ချစ်တဲ့ သူကို တန်ဖိုးထားနိုင်ပါစေ၊ ပြဿနာကို မြင်နိုင်ပါစေ၊ ပြင်နိုင်ပါစေ၊ အပြောင်း အလဲတွေ ရှိခဲ့ ရင်လဲ အချိန်မနှောင်းခင် ပြင်နိုင်ပါစေလို့………….  

Tချမ်း
1:15 AM | 30th Sept 2013 | Monday | D's Place Office | San Chaung T/S |
Yangon | MYANMAR

Wednesday, August 28, 2013

ဘယ်သူလဲ?

ဘယ်သူလဲ? 

" ဒေါက် ဒေါက် ဒေါက်"

အချစ်လား? 
ဝင်ခဲ့လေ 
တံခါး ဖွင့်ထားတယ် 

(မတွေ့တာကြာပြီနော်)

တီချမ်း 
အချစ်ဒဿနများ 
၅း၂၄ မိနစ်
၂၈ရက် သြဂုတ်လ
၂၀၁၃ ခုနှစ် 
ဒီနေရာ ၊ ရန်ကုန် ၊ မြန်မာ။


Friday, August 16, 2013

ပိုးဟပ် သီဝရီ

ပိုးဟပ် သီဝရီ

August 16, 2013 at 7:36am



ခုတလော စထရက်စ်တွေ အရမ်းများနေပါတယ်။ အလုပ်တွေ ပိနေတာပါ။ ငွေနောက်လိုက်မိတဲ့ ကိုယ့်အပြစ်ပဲပေါ့။ အမှန်က ကိုယ်ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမိတာပါသလို၊ လုံးလုံးတော့လဲ ကိုယ့်အပြစ်ချည်းမဟုတ်ဘဲ အညာခံရတာပါပါတယ်။ ထားပါတော့။ ပြောချင်တာက အောက်မှာပါတဲ့ အီးအော် ကိုကြည့်ပါ မြန်မာပြန်ကတော့ ဒီလိုလေးပါတဲ့.......

ကိုယ့်ကိုကိုယ်တိုးတက်မှု အတွက် ပိုးဟပ် သီဝရီ ကို ကြားဖူးကြပါသလား? 

စားသောက်ဆိုင်တခုမှာဖြစ်ပါတယ်။ ပိုးဟပ်တကောင်ဟာ ဘယ်ကမှန်းမသိ ပျံသန်းလာပြီးတော့ အမျိုးသမီး တယောက်ရဲ့ ပေါင်ပေါ်မှာ သက်ဆင်းပါတယ်။ မိန်းမဆိုတာ အော်လိုက်တာ ကြွက်ကြွက်ညံ ဝက်ဝက်ကွဲ ပေါ့လေ။ (ဟုတ်ကဲ့ ပိုးဟပ်တင်မက ကြွက်တွေကော ဝက်တွေပါပါတယ်)။ မျက်နှာ တခုလုံး ရှုံမဲ့ပြီးတော့ အသံတုန်တုန်ပြာပြာ ဝါဝါ ကွဲကွဲ နဲ့ကို တုန်လှုပ်ခြောက်ခြားစွာ အော်ပါသတဲ့။ (အတိသရဝုတ္တိ များစွာနော်) ပြီးတော့ ခုန်တယ်၊ စွတယ်၊ အော်တယ် ထပ်ခုန်တယ်၊ လကနှစ်ဘက်နဲ့လဲ တုန်လှုပ်ခြောက်ခြားစွာနဲ့ ပိုးဟပ် ကိုဖယ်ဖို့ ကြိုးစားပါသတဲ့။ အဲ့လို သူမက ခုန်လိုက် အော်လိုက် လက်တရမ်းရမ်း လုပ်နေတာ သူမတို့ တဖွဲ့လုံးက မိန်းမတွေကို ကူးစက်ပြီး အကုန် ခုန်ဆွဆွ ဖြစ်ကြကုန်လေသတဲ့။

နောက်ဆုံးတော့ အဲ့ဒီ မိန်းမ အောင်မြင်စွာ နဲ့ သူ့ကိုယ်ပေါ်က ပိုးဟပ်ကို ခါထုတ်လို့ရသွားပါတယ်။ ဒါပေမယ့် ပိုးဟပ်က သူ့ကိုယ်ပေါ်ကနေ သူတို့ အဖွဲ့ထဲက နောက် မိန်းမတယောက်ဆီ ထပ်ကပ်သွားတော့ တခါ အကုန်လုံး ခုန်ဆွဆွ အော်ကြ ဟစ်ကြ လက်ခါ ကြ လုပ်ကြပြန်ပါတယ်။ 

လာပါပြီ။ မင်းသား ကယ်တင်ရှင် သူရဲကောင်း အမောင် မဟာ................................................စားပွဲထိုး 
အဲ့အချိန်မှာပဲ ဒုတိယ မိန်းမ ခါထုတ်လိုက်တဲ့ ပိုးဟပ်က ကယ်တင်ရှင် စားပွဲထိုးပေါ် ကို ကျသွားပါသတဲ့ မောင်ညီမလေးတို့ရယ်။       
အမောင် စားပွဲထိုးဟာဆိုလို့ရှိရင် မကြောက်မရွံ ကြံ့ကြံ့ခိုင် တည်ကြည်တဲ့ မာန်တမျိုး နဲ့ သူ့ ရှပ် အင်္ကျီပေါ်က ပိုးဟပ်ကို လေ့လာပါသတဲ့........သူလေ့လာလို့ အခြေအနေကို သေချာသိသွားတဲ့အခါကျတော့မှ ပိုးဟပ်ကို လက်နဲ့ သေသေချာချာဖမ်းပြီး ဆိုင်ပြင်ဘက်ကို တောက်ထုတ်လိုက်ပါသတဲ့ကွယ်။ 

ဘေးကနေ ကော်ဖီသောက်ရင်း အားယားနေတဲ့ စာရေးဆရာ [အဲ့သူထက် ပိုအားနေတဲ့ (အမှန်ကတော့ မအားပါဘူး မအားတဲ့ ကြားက စာပြန်ရေးပါ တစာစာတောင်းဆိုနေတဲ့ စာဘတ်သူတွေအတွက်ရေးတာပါ လေးစားဦးညွှန်ကြလေကုန်) ဘာသာပြန်သူကတော့ တီပေါ့လေ။ ] က အတွေးစလေးတွေ ကောက်ရပါသတဲ့။ အဲ့တာကြောင့်ပြောတာပေါ့ လျှာရှည်လေ တွေးမိလေ လျှာရှည်လေ တွေ့ရှိလေ ဟုတ်တယ်မှလား။ နယူတန်တောင် အားအားယားယား ပန်းသီးပင်အောက် သွားထိုင်တွေးနေလို့ နိယာမ အသစ်တွေ့သလို အာခိမီးဒီးစ် ကလဲ ရေချိုးတာ မြန်မြန်မချိုးပဲ လျောက် စဉ်းစားနေလို့ ဘောလောပေါ် နိယာမ တွေ့တာ မဟုတ်လားလေ။ တီ့ အမေ က ငယ်ငယ်က ရေချိုးရင် အမြဲ မြန်မြန်အော် လို့ တီ ဘာ နိယာမ မှမတွေ့ခဲ့တာနေမယ်။ ထားတော့ ခုန ဟာပြန်ဆက်ရရင်....ကော်ဖီသောက်နေတဲ့ နောင် ခုစာရေးတဲ့ သူဖြစ်လာမယ့် အားအားယားယား ကိုယ်တော်က တောရောက် တောင်ရောက် စဉ်းစားပါသတဲ့။ ခုန က မိန်းမ တသိုက် ကုလားသိုက် ကျားကိုက် သလိုဖြစ်တာ လက်ပံပင် ဆက်ရက်ကျတာ တရုတ် နှစ်ယောက် ရထားပေါ်တက်လာသလိုဖြစ်တာ ပိုးဟပ်မှာ တာဝန်ရှိသလားပေါ့။ ဒီကောင် သေသင့်သလားပေါ့။ မိုးနတ်မင်းကြီး နဲ့ တိုင်ပင်ဖို့ စဉ်းစားတယ်ပေါ့လေ။ အဲ့လိုဆိုရင် ဘာဖြစ်လို့ ဝိတ်တာ သူရဲကောင်း ကျတော့ မတုန်လှုပ်တာလဲပေါ့။ အိုင်ဆေး မိုးနတ်မင်း ဘယ်လိုသဘောရပါသလဲပေါ့။ အမောင် ဝိတ်တာ သူရဲကောင်းဟာဆိုလို့ရှိရင် အခြေအနေ ကို တည်တည်ငြိမ်ငြိမ် တုန်လှုပ်မှုကင်းကင်း နဲ့ ၁၀၀% ပြည့်နီးပါး ကစဥ့်ကလျားမှုကင်းစွာ ကိုင်တွယ်သွားနိုင်တယ်ပေါ့။ 
အဲ့တော့ အမောင် ပိုးဟပ်မှာ အပြစ်မရှိပေဘူးပေါ့။ တုန်လှုပ်မှု ကိုမထိန်းချုပ်နိုင်တဲ့ အချင်း မိန်းမ များတွင်သာ အပြစ်ရှိစေပေါ့။ ပိုးဟပ်ကြောင့်ဖြစ်ပေါ်လာစေတဲ့ အကြောက်တရား အရွံတရားတွေကသာလျှင် ထိုထို မိန်းမများကို ဆောက်တည်ရာမရ ဖြစ်စေတာပဲပေါ့။ 

ထိုနည်း နှင်နှင်ပဲ ကျွန်ုပ်တို့ ဘောစ့်များ မာတာမိခင် ဒယ်ဒီဖေဖေဖားသားများ ကွိစိကွစ ပွစိပွစိ မိန်းမများ က ကျွန်ုပ်တို့ကို အနှောင့်အယှက်ပေးတာ မဟုတ်ဘဲ အဲ့ဒီ ဆူညံ့ဆူညံ့ ပူညံ့ပူညံ့ ဒဏ်တွေကို မခံနိုင်တဲ့ သည်းမခံနိုင်တဲ့ လျှစ်လျှူမရှုနိုင်တဲ့ ကျွန်ုပ်တို့ရဲ့ ခန္ဓီစ ပါရမီနည်းပါးမှု ကသာ အနှောင့်အယှက်တွေရဲ့ အခရာဖြစ်ပါသတဲ့။    

လမ်းပေါ်က ကားတွေများလို့ ကားပိတ်တာက နှောင့်ယှက်တာ မဟုတ်ပါဘူးတဲ့။ အဲ့ဒီ အနှောင့်အယှက်တွေကို လက်ခံနိုင်စွမ်း မရှိတာကသာ တကယ့်အနှောင့်အယှက်ဖြစ်ပါသတဲ့။ 

ပြဿနာတွေထက် အဲ့ဒီ ပြဿနာတွေကို တုံ့ပြန်မှု တွေက ကိုယ်တို့ ဘဝတွေ မှာ ကစဉ့်ကလျားဖြစ်မှုတွေ ကို ပိုဖြစ်စေတာပါတဲ့။ 

အင်မတန် ဗုဒ္ဓဘာသာဆန်တာနော်။ 

ကဲ အဲ့တော့ ပုံပြင်လေးက ဘာကိုပြသလဲဆိုတော့......

ဘဝမှာ ဘာကိုမှ ဆန့်ကျင်ဘက် မတုံ့ပြန်ပါနဲ့တဲ့ လိုက်လျောစွာ တုံ့ပြန်မှု ပြုပါတဲ့ကွယ် (အင်း အီးလိုက ရှင်းတယ် မြန်မာလိုပြန်တော့ အဲ့လိုထွက်တာပဲ ဒါတောင် နှစ်ခုလုံးက တုံ့ပြန်ဖြစ်နေလို့ ဒစ်ရှင်နရီ ကြည့်လိုက်သေးတာ)။ မိန်းမတွေက ဆန့်ကျင်ဘက် တုံ့ပြန်လိုက်တဲ့ အချိန်မှာ သူရဲကောင်း မောင်ဝိတ်တာကတော့ လိုက်လျောစွာ တုံ့ပြန်လိုက်ပါတယ်တဲ့။ ဆန့်ကျင်ဘက်တုံ့ပြန်မှုတွေက အမြဲလိုလို အလိုအလျောက်ဆန်တဲ့ ပေမယ့် လိုက်လျောစွာ တုံ့ပြန်ဖို့ ကတော့ သေသေချာချာ စဉ်းစားပြီးမှ တွေးတောပြီးမှ အခြေအနေတခုကို လွန်သွားမှ ဖြေရှင်းရခက်တာမျိုး ကို ဆင်ခြင်စေနိုင်တယ်တဲ့။ ဒီလိုဆို တို့တွေ အားလုံး ချစ်ခြင်းထဲမှာ အက်ကွဲကြောင်းတွေ မဖြစ်စေဖို့ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသနဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုနဲ့ လောလော မပြုမိပါစေနဲ့တဲ့ကွယ်။ 

ချစ်ခြင်းများစွာဖြင့် 
မသေသေးတဲ့ 
တီချမ်း 

Fri Aug 16 7:44 AM
2013
D's Place Office

Original 

Have you heard of the Cockroach Theory for Self
Development?
At a restaurant, a cockroach suddenly flew from somewhere and sat on a lady. She started screaming out of fear. With a panic stricken face and trembling voice, she started jumping, with both her hands desperately trying to get rid of the cockroach. Her reaction was contagious, as everyone in her group also got panicky.
The lady finally managed to push the cockroach away but ...it landed on another lady in the group.
Now, it was the turn of the other lady in the group to
continue the drama. The waiter rushed forward to their rescue.
In the relay of throwing, the cockroach next fell upon the waiter. The waiter stood firm, composed himself and observed the behavior of the cockroach on his shirt. When he was confident enough, he grabbed it with his fingers and threw it out of the restaurant.
Sipping my coffee and watching the amusement, the antenna of my mind picked up a few thoughts and started wondering, was the cockroach responsible for their histrionic behavior?
If so, then why was the waiter not disturbed?
He handled it near to perfection, without any chaos. It is not the cockroach, but the inability of the ladies to handle the disturbance caused by the cockroach that disturbed the ladies.
I realized that, it is not the shouting of my father or my boss or my wife that disturbs me, but it's my inability to handle the disturbances caused by their shouting that
disturbs me. It's not the traffic jams on the road that disturbs me, but my inability to handle the disturbance caused by the traffic jam that disturbs me.
More than the problem, it's my reaction to the problem that creates chaos in my life.
Lessons learnt from the story:
Do not react in life. Always respond. The women reacted, whereas the waiter responded.
Reactions are always instinctive whereas responses are always well thought of, just and right to save a situation from going out of hands, to avoid cracks in relationship, to avoid taking decisions in anger, anxiety, stress or hurry.

Monday, July 8, 2013

တီချမ်း ဘလောခ် အခိုးခံရခြင်း

အော် ဘာမှ မတင်တာကြာလို့ အခိုးခံရတယ်ထင်ပါ့ ဒီမှာ  ဒီမှာ  နဲ့ ဒီမှာ  တွေသာသွားကြည့်ကြပါတော့။