Sunday, December 4, 2011

With Thousands of Kisses.........Khin

ငယ်ငယ်တုံးက ကိုယ့်မေမေ (မွေးစား) က ရှေ့တန်းထွက် ဗိုလ်မှုး ဖေ့ဖေ့ ကို ရေးပေးတဲ့စာလေးတစောင်ဘတ်ရတယ်။ သူ့ ကိုယ်လုံးပေါ်အလှဓါတ်ပုံနောက်မှာ ရေးထားတာပါ။ မေမေတို့က စစ်ကြို စစ်ပြီးခေတ်တွေမှီတဲ့ အတွက် အင်းဂလိရှ် ကျောင်းတွေတက်ခဲ့ထွက်ခဲ့ရပါတယ်။ အဲ့တော့ စာရေးတာ အင်းဂလိရှ် လိုပဲ ရေးကြလေ့ရှိပါတယ်။ အိမ်မှာလဲငယ်ငယ်ကဆို မေက ဖေ့ ကို သားသမီးတွေကို အီးလိုပဲ ပြောလေ့ဆိုလေ့ရှိကြတယ်။ ကိုယ့်တောင် ငယ်ငယ်က ဝိုင်အမ်စီအေ မှာ မူကြိုထားခဲ့ကြတာ။ အဲ့စာကို ခု သေချာ မမှတ်မိပေမယ့် နောက်ဆုံးမှာ ဆုံးထားတဲ့ With Thousands of Kisses .....Khin ဆိုတာလေးကို မှတ်မိနေတယ်။ ကိုယ်မှတ်မိသေးတယ်။ ကိုယ် ၆ တန်းက ထင်ပါတယ် အမ က ကျောင်းမှာ အင်းဂလိပ်စာပြ ဆရာမပါ။ ကိုယ်က အဲ့ဒီထောင်ထားတဲ့ ဓါတ်ပုံ နောက်မှာပါတဲ့ စာကို Thousands မှာ အက်စ်ပါတာ အမှန်လား မမှန်လားလို့ သွားမေးတာပါ။ နောက်ကြုံရင် မေ့မေ့ ပုံကို တင်ပါအုံးမယ်။ သိပ် ကျက်သရေရှိတယ်။ ထားတော့ ကိုယ်ပြောချင်တာတခြားပါ။ ခုမှလာမယ်။

=======================================

ကိုယ်အခု ၂၀၁၁ ခုနှစ်မှာ အသက်မရှင်ချင်ဘူး။

အရင်လွန်ခဲ့တဲ့ အချိန်တွေ နှစ် ၉၀၊ ၁၀၀ လောက်ဖြစ်ဖြစ်ပေါ့ အဲ့ဒီ အချိန်မှာ အသက်ရှင်ချင်တယ်။ ကဲပါလေ အဲ့လောက် အချိန်အကွာကြီးမပြောဘဲ အရင်လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ် ကိုယ်ကျောင်းတက်နေတဲ့ အချိန်ပဲ ပြောပါအုံး။ ကိုယ်အရင်ကဆို နေ့တိုင်း ဒိုင်ယာရီရေးတယ်။ ဘောပွိင့်ပင်နဲ့ စာအုပ်နဲ့။ အခုဆို ကိုယ်ပန်းသီး ဝယ်ပြီးကတည်းက စာရွက်နဲ့ ဘောပင် မထိတာ ဘယ်လောက်ကြာပြီလဲ။ ရုံးအလုပ်ကိစ္စ အနည်းငယ်တော့ ကိုယ်စာအုပ်နဲ့ ရေးမှတ်တဲ့ အလေ့အကျင့်ရှိနေသေးတယ်။ နောက် ကိုယ့် စကက်ဂျူးတွေကို ပြက္ခဒိန်မှာ ရေးမှတ်တာ။ အရင် ငယ်ငယ်က ရည်းစားတွေ ထားတုံးက ဆို ရည်းစားတွေကို စာရေးပေးတာ ရည်းစားတွေက ပြန်စာရေးပေးတာ မောင်နဲ့ စတွေ့တုံးကဆို နေ့တိုင်းလို တွေ့တိုင်း စာရေးဖြစ်လေ့ရှိကြတယ်။ မောင်ကို ကိုယ်က တွေ့တဲ့ အခါပေးတယ် မောင်ကလဲ ကိုယ့်ကိုတွေ့တဲ့အခါတိုင်း စာတစောင်ရေးပြီး ယူယူလာတတ်တယ်။ နောက် ကိုယ့်တခြားရည်းစားတွေအတွက် တယောက်ကို တအုပ် ဒိုင်ယာရီသဘောမျိုးလေးလဲ ရေးထားတာရှိတယ်။ ခုထိရှိသေးတယ်။ (မောင့်ကို စိတ်ကောက်တဲ့ အခါတွေမှာ ပြန်ပြန်ဘတ်တတ်တယ် တခါတခါ ဘလောခ့်ရေးဖို့လဲ အင်စပရေးရှင်း ယူတတ်သေးတယ် မှတ်ချက် မောင့်ကို ပြန်မပြောရ)

ကဲပါ စာဘတ်သူကော စာအုပ်နဲ့ ဘောပင် မထိတာ ဘယ်လောက်ကြာပြီလဲ ပြန်တွေးကြည်ပါအုံး။ (လက်မှတ်ထိုးတာ ထည့်မတွက်ရ)။ ဒါတောင် ကိုယ် အိုင်ပက်မဝယ်ရသေးဘူး၊ စမတ်ဖုန်းမကိုင်ဘူး၊ ခုထိ ကိုယ်လွန်ခဲ့တဲ့ ၃ နှစ်က ဝယ်ထားတဲ့ နိုကီယာ အိတ်စ်ပရက်စ် မြူးဇစ် အစုတ်ကလေး ကိုင်နေတုံးပါ။ မောင်က ကိုယ့်ကို ဘလက်ဘယ်ရီ ဘိုး ၉၉၀၀ သို့မဟုတ် အိုင်ဖုန်း ၄ ဝယ်ခိုင်းနေတာ ကြာပါပြီ။ အလုပ်မှာလဲ လူတိုင်းက ဘယ်ရီသီး ကိုယ်စီနဲ့ ဆိုတော့ ကိုယ့် ရာထူးနဲ့ မသင့်တော်ဘူး ပြောပါတယ်။ ကိုယ်ကတော့ ပန်းသီးလောက်နဲ့ ပဲကျေနပ်နေသေးတာပဲ။ ဖုန်းကို ကိုယ်က ဆက်သွယ်ရေးအတွက်ပဲ သုံးတာကိုး။ ကိုယ့် တွီတာ မသုံးဘူး။ ဖဘ မှာ အက်တစ်ဖ် မဖြစ်ဘူး။ ကိုယ် ဖဘ ကို ဓါတ်ပုံ တင်ဖို့လောက်သုံးတာပါ။ ဂျီတော့ ကိုသုံးတယ် ဒါပေမယ့် ချက်ကို အမြဲ အင်ဗစ်ဇဘယ် ထားတယ်။ မလိုဘဲ မချက်ဘူး မကျူဘူး။

ကိုယ့်သူငယ်ချင်းတွေ ရှိတယ်။ ဘယ်နေရာရောက်ရောက် သူတို့ရဲ့ စမတ်ဖုန်း ပန်းသီး ဘယ်ရီသီး တွေနဲ့ ရောက်တဲ့ နေရာကို လူတကာသိအောင် ချက်ကင် ဆိုတာ အမြဲလုပ်ပါတယ်။ သူငယ်ချင်းတွေအချင်းချင်း ကော်ဖီသောက်ဖို့တွေ့ကြမယ် ချိန်းတယ် ရောက်လာတာနဲ့ ဖုန်းနဲ့ တကုတ်ကုတ် အလုပ်တွေရှုပ်ပါတယ် (သို့အရှုပ်တွေ လုပ်ပါမယ်) အဲ့တာဆို သူငယ်ချင်းတွေတွေ့ဖို့ ဆုံတာ ဘာအလုပ်လဲ လို့ကိုယ်မေးချင်ပါတယ်။

နောက် ပန်းသီး ဖုန်းကလဲအင်မတန်မှ သုံးရတာ အလုပ်ရှုပ်ပါတယ်။ သုံးရတာက နည်းနည်း သူ့ကို အားသွင်းနေရတာ က များများပါ။ ကိုယ်တခါကလဲ ကီယာနူးရိဗ် နဲ့ ဆန္ဒြရာဘူးလောခ့် တို့ ခုချိန်ထိ ခေတ်ပေဓ အီး ကွန်မြူနီကေးရှင်း မသုံးကြဘဲ စက္ကူစစ်စစ်ပေါ်မှာ ဖောင်တိန်ပင်နဲ့ ရေးတဲ့ စာနဲ့ အဆက်အသွယ်လုပ်ကြတဲ့ အကြောင်းရေးဖူးပါတယ်။

ခုခေတ်ကလေးတွေ အကြောင်းလဲ ကိုယ့်ခေါင်းထဲ ရောက်ပါတယ်။ ကိုယ်တို့ငယ်ငယ်က ဒီလိုအချိန် ဒီဇင်ဘာကျောင်းပိတ်ရက်ဆို ကစားကွင်းထဲ ပြေးလွှားဆော့ကစားလွန်းကြလို့ ညဘက် ကို ၁၀ နာရီ အိမ်ပေါ်ပြန်တက်ရမယ် လို့အိမ်က စည်းကမ်းထုတ်ပါတယ်။ ဒီဇင်ဘာကျောင်းပိတ်ရက်လိုမျိုး သီတင်းကျွတ်ကျောင်းပိတ်ရက်လိုမျိုး နွေရာသီကျောင်း ပိတ်ရက်လိုမျိုးမှာ ဆို အိမ်ရှေ့ က ကစားကွင်းထဲမှာ စိန်ပြေးတန်းလိုမျိုး၊ ရောင်းရိုက်တာ လို့ကိုယ်တို့ကလေးတွေခေါ်ကြတဲ့ ခရစ်ကက်လို ဘောလုံးကို သစ်သား ဘက်တံပြားလေးနဲ့ ရိုက်ပြီး ပြေးရတဲ့ ကစားနည်းမျိုး၊ ခိုတွန်းတာမျိုး၊ ရပ်ကွက်ခြား စိန်ပြေးလိုက်တမ်းမျိုး၊ လသာတဲ့ အခါတွေဆိုရင် ထုတ်စည်းတိုးတာလိုမျိုး အစုံဆော့ပါတယ်။ ခုခေတ်ကလေးတွေကတော့ သနားစရာသိပ်ကောင်းတယ်။ ကျောင်းနဲ့အိမ်၊ ဘာသာစကားနဲ့ ပီယာနို၊ ကစားတယ်ဆိုလဲ ဒေါသထွက်နေတဲ့ ငှက်လို ဇွန်ဘီ လိုလောက်ပဲဆော့ကြရတော့တာ။ သူတို့လေးတွေအတွက် ပြေးတယ် မြေနဲ့ ထိတယ်ဆိုတဲ့ ကစားနည်းတွေက ကာတွန်းကားထဲက ပုံပြင်လိုပါပဲ။ ယုံတမ်းစကားတွေဖြစ်လို့ပေါ့။

စကားကိုပြန်ကောက်ရရင် အရင်တုံးက ချက်ခန်းတွေ ပေါ်တော့ ကိုယ်လဲ ပါဝင်ခဲ့ဖူးပါတယ်။ နောက်တော့ ဂျီမေးကနေ ချက်ကြတယ် နောက် ဖဘ ကနေချက်ကြတယ်။ တချို့များ ဗီဇက်အိုလို စကိုက်ပ် လို ကျူကျူချက် လိုတွေလဲ သုံးကြပါသေးတယ်။ နောက် ကိုယ်တို့ဘလောခ် တွေ ရေးတော့ စီဘောဇ် ခေါ်တဲ့ ဘေးနားက ကွန်မန့် ဘောဇ်မှာ ချက်ကြပါတယ်။ မကျေနပ်ရင် ဟိုးစ် ဘလောခ်ဂါ ရဲ့ လင့်ကနေ တဆင့် ဆက်ချက်ကြပါတယ် ဂရုချက်ပေါ့။ ဖဘ ရဲ့စတေးတပ်စ် ကိုလဲ မကြာခဏ ပြောင်းကြတယ်။ တကယ်ပါ ဒီကမ္ဘာမှာ ကိုယ်တို့တွေ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်သူနဲ့ဘာလုပ်တယ်ဆိုတာ ဘယ်တော့မှ လျှို့ဝှက်ချက်မဟုတ်တော့ပါဘူး။ (မဆီမဆိုင် ရေဒီယိုဖွင့်တဲ့ ကစားနည်းကိုတောင် သတိရမိပါသေးတယ်) အခုနေမှာ တယောက်ယောက် အသတ်များခံရလို့ကတော့ အလီဘိုင်ဆိုတာ လူသက်သေပြစရာမလိုပါဘူး ဖဘ မှာ ရှာရင် လုံလောက်မယ်ထင်ပါတယ်။ ရှေ့နေတွေလဲ မလိုတော့ အဟိ....

တကယ်ပြောရမယ်ဆိုရင်လဲ အခုခေတ်အခုအခါမှာ ဒါတွေ မရှိတဲ့ ကမ္ဘာမှာ ဘယ်လို အသက်ရှင်ရမလဲဆိုတာလဲ ကိုယ်သေချာမသိတော့ပါဘူး။ အဆင်ပြေလွန်းအားကြီးနေတော့ လူကလဲ ပိုပိုပျင်းလာပါတယ်။ မြန်မာပြည်ပြန်အလုပ်လုပ်ဖို့ စဉ်းစားနေတာ ၁ နှစ် ရှိပါပြီ မပြန်ဖြစ်သေးတဲ့ အကြောင်းပြချက်က တကယ့်ကို ကွန်မြူနီကေးရှင်း အက်စ်စက်စ် တွေပါပါတယ်။ ခုဒီစာကိုရေးနေတဲ့ အချိန်အခိုက်အတန့်မှာကိုပဲ ဂျီမေးလ်ဘက်က အင်ဗစ်စဘယ်လုပ်ထားရက်နဲ့ တတင်တင်တတောင်တောင် ဖြစ်နေပါတယ် ဖဘကလဲနေမယ်ထင်လား သူကလဲအပြိုင်ပါပဲ။ ခုတော့ သိပ်မခင်တဲ့ သူတွေကို ပြန်လည်စီစစ်ရေးလုပ်ပြီး ဘလောခ် ပြစ်လိုက်ပါတယ်။ ဘတ်မိလဲမတတ်နိုင်တော့ဘူး။

တခါတခါ ထမင်းစားချိန်တွေကိုလဲသူတို့တွေက စားပစ်တာ များပါတယ်။ အပ်ဒိတ်လုပ်ရလွန်းတော့လဲ တခါတခါ ရုံးမှာ ပြောနေတဲ့ ချက်က အိမ်ပြန်ရောက်တာနဲ့ ကို ဇာတ်လမ်းတွေ အတင်းတွေသတင်းတွေ တော်တော်များများ လွတ်သွားတတ်ပါတယ်။ ညဘက် ပြန်ရောက်တာနဲ့ ထမင်းဟင်းအရင် မချက်နိုင်သေးဘူး ရုံးနဲ့ အိမ် အပြန်ကြားလွတ်သွားတာတွေ ကို ချက်ချင်း ပြန်အပ်ဒိတ်လုပ်ရပါတယ်။ မလုပ်ရင် နောက်နေ့ကို ကိုယ်က တကယ့်ကို So Yesterday ဖြစ်သွားတော့တာပဲ။ အဲ့လိုနေ့ရက်တွေ တကယ်ရှိခဲ့ပါတယ်။ အလုပ်လဲမလုပ်နိုင် စာလဲ မဘတ်နိုင်၊ ထမင်းစားလဲပျက် လူလဲတော်တော့ကို အနှောင့်အယှက်ဖြစ်ခဲ့တာပါ။ တခါတခါ သူငယ်ချင်းတွေနဲ့ ခရီးလေး ဘာလေး စုထွက်ဖြစ်ရင် အင်တာနက် အီးမေးလ် မရနိုင်တဲ့ နေရာကိုပဲ ဦးစားပေးရွေးချယ်ရပါတယ်။ ဖုန်း ကွန်နက်ရှင် ပါမရနိုင်ရင် ပိုကောင်းပါတယ်။ တကယ်ပြောတာပါ။ အဲ့လိုနေရာ ကို သူငယ်ချင်းတွေ နဲ့ ချည်းပဲ သက်သက် ၅ ရက်လောက် သွားနေကြည့်လိုက်ပါ။ လူအသစ်ဖြစ်ပြီးတော့ ကို အရာရာ လွင်သစ် လတ်ဆတ်ပြီးတော့ ပြန်ရောက်လာပါမယ်။ ပြန်ရောက်လာမှာ သံသရာ ပြန်လည်တာတော့ မီးလဲ မတတ်နိုင်တော့။

တခါတခါ ရိုဒင်ထဲက လို ဘာမှမရှိတဲ့ တောထဲမှာ အနိမ့်ဆုံး အဆင့် လိုအပ်ချက်တွေနဲ့ပဲ သွားနေချင်သေးတယ်။ ဒီဘဝတော့ မဖြစ်နိုင်တော့။ အဲ့တာကလဲ ခုခေတ်မှာ လူလာဖြစ်နေတာကိုက ကိုယ့်အဖြစ်ဆိုးတွေထဲက တခုပဲလို့ ပဲ ပြောရပါမယ်။

တကယ်ပါ တခါတခါ စဉ်းစားမိတယ်။ အရင်တုံးက ဆိုပါတော့ ၁၉၀၀ ကျော်လောက်ကသာ လူဖြစ်ခဲ့မယ်ဆိုရင် ကိုယ်လဲ ဒီစာကိုအခုလို ပန်းသီးနဲ့ မရေးဘဲ ရွှေမင်တံ မင်ဆွတ်ပြီး စာရွက် စစ်စစ် နဲ့ ရေးနေရမှာပါ။

ခုလောလောဆယ်တော့ နောက်ဆုံးတခေါက် ဘောလ်ပင်နဲ့ စာရွက်နဲ့ စားရေးခဲ့တာ ဘယ်တုံးကလဲ ဆိုတာ မမှတ်မိတော့တဲ့ ကိုယ်ပါ။ ခုလို ကါန်ပျူတာ မရှိ ဘာမရှိ ပဲ နဲ့ လူတယောက်ကို နေ့တဝက်စာလောက် ပြန်စာ ရေးရမယ် ဆိုရင် စဉ်းစားကြည့်ပါ။ ကိုယ့်လက်ရေးဘယ်လောက်ဆိုးဆိုး၊ စာကြောင်းညီညီမညီညီ ပူစရာမလိုဘဲနဲ့လေ။ တတီတီတတောင်တောင်မည်နေမယ့် ချက် ရဲ့အချက်ပေးသံတွေကလဲ အနှောင့်အယှက်ကင်းမယ်ဆိုရင် ကိုယ့်ပြန်စာကို ကိုယ်သေသေချာချာ အာရုံစိုက်နိုင်မှာ အတွေးတွေကို လှလှပပ စာစီနိုင်မှာ အသေအချာပါပဲ။
အဲ့တာကြောင့် အရင်ခေတ်တွေက အချစ်တွေက ပိုခံတယ်။ သစ္စာတွေက ပိုမြဲတယ်ဆိုတာ အမှန်ပဲနေမှာ။ အရင်တုံးကရေးကြတဲ့ မင်းကို ကိုယ်ထာဝရအတွက်ချစ်တာပါဆိုတာ ညာတာမဟုတ်၊ ရင်ထဲကတကယ်လာတဲ့ ခံစားချက်အစစ်အမှန်၊ မြန်မာဗီဒီယိုဇာတ်လမ်းတွေထဲက မင်းသားက မင်းသမီးကို စိတ်မပါ ဖီလင်မပါဘဲ ပြောတဲ့ စကားပေါ့ပျက်ပျက် တခွန်းလုံးဝမဟုတ်။ ချက်ခန်းထဲက ခပ်ပေါ့ပေါ့ကျူလိုက်တဲ့ စကားတခွန်းမဟုတ်၊ လိုတိုရှားရေးတဲ့ imu, ilu, ttyl, gtg, gn, xoxo, muahhhhhhhhhh.................လုံးဝမဟုတ်။ တနေ့လုံးတညလုံးသေချာစဉ်းစား သေချာစာစီပြီးမှာ လာတဲ့ ရင်တွင်းဖြစ် စစ်စစ် စစ်စစ် စစ်စစ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုံးကဆိုရင် လူတယောက်ဆီကို စာရေးတယ်ဆိုတာ ကိုယ့်ရင်ထဲက တကယ့် ခံစားချက်အစစ်အမှန်တွေကို ဘောလ်ပင် ဖောင်တိန်ကတဆင့် စာရွက်ပေါ်ကို သွန်ချတာပါ။ ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေ ကို အိတ်သွန်ဖာမှောက် သေချာစီစစ်ရွေးချယ်ထားတဲ့ စကားလုံးတွေနဲ့ ပန်းပွင့်လေးတွေကြိုးနဲ့သီသလိုမျိုး အလှဆင်ပြီး ခံစားချက်ကို နုံနဲ့မသွားအောင် ပေါ့ပျက်သွမ်း မသွားအောင် ရေးတာမျိုးပါ။ စကားလုံးတလုံးချင်းစီဟာ ရင်ထဲကလာတဲ့ ခံစားချက်အစစ်အမှန်ကို ကိုယ်စားပြုလို့ တလုံးဘတ်လိုက်တိုင်း ဘတ်လိုက်တိုင်း ဟတ်ထ်ထိ တယ်ဆိုတဲ့ ခံစားချက်တမျိုးနဲ့ စာတစောင်ကို အကြိမ်ကြိမ်အခါခါ ပြန်ဘတ်ချင်အောင် ပြန်ဘတ်တိုင်းလဲ တသိမ့်သိမ့်ခံစားချက်ကျန်အောင် ရေးနိုင်ကြပါတယ်။ ရေးနိုင်ဖို့လဲအချိန် ခံစားချက်တွေစိုက်ထုတ်ခဲ့ကြတယ်။ ဘောလ်ပင်က စာရွက်ပေါ်မှာ သူ့စိတ်တိုင်းကျပြေးလွှားနေတယ်ဆိုရင် ကိုယ့်ရင်ထဲမှာ မင်းကို ပြောစရာတွေ တကယ် ရင်နဲ့ မဆန့်တော့လို့ပါ။ မင်းကိုသိအောင်ပြောပြဖို့ ဒီစာရွက်ပေါ်မှာ မင်းကြွေအောင်ရေးပြနိုင်မှာ မင်းအပေါ်မှာ ရှိတဲ့ ကိုယ့်ခံစားချက်တွေကို မင်းသိမယ်။ စကားလုံးတလုံးဆိုတလုံး မင်းကို ထိအောင်ရေးပြနိုင်မှ ဖြစ်မယ်။ ရေးပြီးရင်လဲ မင်းဆီက လာမယ့် ပြန်စာကို ရက်ပေါင်းများစွား စောင့်ရအုံး မယ်။ အတွေးတွေ၊ စိတ်ရှည်မှုတွေ၊ သေချာမှုတွေ၊ သည်းခံနိုင်စွမ်းတွေ၊ အကြင်နာတွေ၊ ဂရုနာတွေ၊မြတ်နိုူးမှုတွေ၊ တမ်းတမှုတွေ၊ မျှော်လင့်မှုတွေ၊ အရေးအကြီးဆုံးက အချစ်တွေ.........အကုန်အကုန်ပါပါမယ်။

ဒီနေ့ခေတ်မှာတော့ နေ့စဉ်အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေက ကိုယ်တို့ အပေါ် မှာ ပေးထားတဲ့ ဖိအားများတာတင်မက ကိုယ်တို့ ရဲ့ဆက်သွယ်မှုပုံစံ ကိုလဲ တမျိုးပြောင်းလဲစေခဲ့ပါပြီ။ တိုရေရှား စာစီစာရိုက်နည်းပညာပါ။ အရင်က ရွှေဥဒေါင်းတို့ခေတ်က လက်နှိပ်စက်စာရေးမတွေ လက်ရေးတိုဆိုတာ သပ်သပ် သင်တန်းတက်ရပါတယ်တဲ့။ ကိုယ်စိတ်ဝင်စားခဲ့ဖူးတယ်။ ခုတော့ ကိုယ်တိုင်လဲ မသိလိုက်မသိဘာသာ လက်ရေးတို ဆိုတာထက် စာတိုရေးနည်းစနစ် တခုမှာ ကိုယ်သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အကျွမ်းဝင်နေတာ ကာလ တခုရှိပြီ။ SMS က စာလုံးရေ ၁၆၀ ပဲရတယ်။ ဒေါ်စု အခုသုံးဖို့ စဉ်းစားနေတယ်ဆိုတဲ့ တွီတာက စာလုံးရေ ၁၄၀ ခုပြောနေတာတွေက ဖူးလ်စတော့ တွေ ဟိုက်ဖန်တွေ ကော်မာတွေက အစတွက်တယ်
ထားတော့ နောက်ထပ်ကိုယ်တို့မှာ ဖဘ တို့ ဘီဘီအမ် တို့စတဲ့ ကိုယ့်ခံစားချက်တွေကို ထုတ်ဖော်ပြောကြဖို့လူတကာသိအောင်လုပ်ဖို့ နေရာတွေအများကြီး ထပ်ရှိလာတယ် ဆိုပေမယ့် အဲ့တာတွေ အကုန်လုံးလိုလိုကလဲ သူ့လစ်မစ်နဲ့သူပါ။ နည်းပညာတွေက ကိုယ်တို့ကို တိုရေရှားရေရှိဖို့ နဲ့စိတ်မရှည်အောင် သင်ပေးနေပါတယ်။

အီးမေးလ်လိုမျိုး စကားလုံးရေအကန့်အသတ်မရှိတဲ့နေရာတွေကျတော့လဲ ကိုယ်တို့က အတိုကောက် စကားလုံးတွေ၊ သုံးကြပြန်ပါတယ်။ နောက်တခါ စကားလုံးတွေ ကို ကိုယ်စားပြုတဲ့ စမိုင်းလ်လီ လေးတွေသုံးကြတယ်။ စားရေးတဲ့ သူတွေက တိုရေရှားရေ ရှိကြသလို စာပြန်မယ့် တဘက်ကလည်း ထိုနည်း၎င်းပါပဲ။ ခုခေတ်မှာ လူတွေ က အကျိုးမရှိတဲ့ စိတ်ဝင်စားဖို့မကောင်းတဲ့ အရေးမကြီးတဲ့ စာရှည်ရှည်တွေကို ဘတ်ဖို့တောင် အချိန်မရှိကြတော့ ရေးဖို့ဆိုတာ ဝေလာဝေးပဲ။ ကဲစာဘတ်သူကော ခုရေးနေထားတာတွေကို ဘတ်နေရင်းနဲ့ ဘေးက တတောင်တောင် တတင်တင် အနှောင့်အယှက်တွေ ကြောင့် ခုရေးထားတာထိကောရောက်ရဲ့လား။

ကိုယ်ခုထိပြောနေတာတွေကို ဒီအထိ စိတ်ရှည်ရှည်ဘတ်ခဲ့ပြီ ဆက်ပြီးတော့လဲ နားလည် သဘောပေါက်နေသေး တယ် ဆိုရင် အောက်မှာ ဇာတ်လမ်းကို ဆက်ပါမယ်။ ဒီလိုပြောရတာ စာဘတ်သူကို စော်ကားတာမဟုတ်၊ ကိုယ်ရေးတဲ့စာကလဲကိုယ့်အတွေးလိုပဲ ဟိုရောက်ဒီရောက်မို့ပါ။ နောက် ခုနက ပြောတဲ့ ဂျီမေးလ် ဖဘ က တတောင်တောင် တဒင်ဒင်တွေကိုလှမ်းဖြေရ ပြောရ အပ်ဒိတ်လုပ်ရတဲ့ အနှောင့်အယှက်ကလဲ ရှိသေးတယ်လေ။

ကဲအဲ့တော့ ခုနက ကိုယ်ပြောတဲ့ ကိုယ်ခုခေတ်မှာ အသက်မရှင်ချင်ဘူး လွန်ခဲ့တဲ့ အနှစ် တရာ လောက်ကို ပြန်သွားချင်တဲ့ အကြောင်းအရင်းကို သိပြီမှလား။ ကိုယ်လူတွေနဲ့ကွန်မြူနီကိတ်လုပ်ရမယ်။ ကိုယ်ချစ်သူနဲ့ကွန်မြူနီကိတ်လုပ်ရမယ်။ သူ့ရဲ့ အတွေးထဲမှာ နှလုံးသားထဲမှာ ကိုယ်ဘယ်လောက်နေရာယူနိုင်သလဲသိဖို့ကိုယ့်အတွက် အရေးကြီးတယ်။ ပြီးတော့ ဟီးရိုး ရုပ်ရှင်ထဲကလဲ ဗင်ပိုင်းယား ကားတွေထဲက ကောင်ကောင်တွေလို ကိုယ်က သူတပါး အတွေးတွေ ကို မဘတ်နိုင်ဘူး။ အဲ့တော့ ကိုယ့်ကို ချစ်တဲ့သူက ကိုယ့်ကို သူဘယ်လောက်ချစ်ကြောင်း ပြောပြရမယ်။ ပြောနေရမယ်။ စိတ်ချင်းပြောရအောင် စိတ်ထဲက နားလည်တယ်ဆိုတာတွေ လာမပြောနဲ့ ကိုယ် တယ်လီပသီ မကျင့်ထားဘူး။ သူလဲကျင့်ထားတယ် မထင်ဘူး။ အဲ့တော့ ပြောရမယ်။ ပြောတာနဲ့မလုံလောက်ရင် ရေးရမယ်။ နှုတ်တရာ စာတလုံးဆိုတယ်မှလား။ ကိုယ့်ဝိညဉ်တခုလုံးနဲ့ ဆက်သွယ်ရမယ့် လူ၊ ကိုယ်တဘဝလုံး ပုံပေးရမယ်လူ၊ ကိုယ်နဲ့ချစ်ခြင်းအားဖြင့် ဆက်သွယ်ရမယ့်လူ နဲ့ ကိုယ်က အက်စ်အမ်အက်စ်ကနေ imu, ilu, ttyl xoxo, လုပ်နေမယ်ဆိုရင် ဘယ်နှယ့်လုပ်ရပါ့။

ဟိုးအရင်က ရုပ်ရှင်ဟောင်းတွေ ကောင်းတွေကြည့်ရင် အမြဲတမ်းလိုလို စိတ်ထဲမှာ ဖြစ်ပေါ်တဲ့ ခံစားချက်တခုရှိပါတယ်။ အဲ့တာက ဘာလဲဆိုတော့ အချိန်ကာလ ရဲ့ တိုက်စားမှု ကိုခံနိုင်မယ့်၊ ပြင်းပြမွတ်သိပ်တဲ့၊ မှတ်ကျောက်တင်ခံနိုင်မယ့် အချစ် တခုကို လိုချင်တာပါပဲ။

Sex and the City မှာပါတဲ့ ဇာတ်ဝင်ခန်းတခန်းကြောင့် ကိုယ်က အဲ့ဇာတ်ဝင်ခန်းမှာပါတဲ့ စာအုပ်တအုပ်*ကို အမေရိကား အထိမှာယူခဲ့ဖူးတယ်ဆိုရင် ကိုယ်ဟာ ခံစားချက်တွေကို ဝင်္ကဝုတ္တိ တွေနဲ့ဖော်ညွှန်းထားတဲ့ အချစ်ပေလွှာ (ရိုးရှင်းနည်း ရည်းစားစာ) တွေကို ဘယ်လောက်စိတ်ဝင်စားသလဲဆိုတာ ရှင်းမယ်ထင်ပါတယ်။

ကိုယ်လိုချင်တဲ့ ချစ်ခြင်းတခုမှာ အဲ့လိုမွတ်သိပ်တဲ့ ခံစားချက်တွေအပြည့်နဲ့ ရေးထားတဲ့ စာတစောင်ကိုလဲ နည်းနည်းမှမလျော့စေပဲ ပါရမှာ ဖြစ်တယ်။ "ilu" "imu" တို့လောက်နဲ့တော့ အလုပ်မဖြစ်ဘူး။ တကယ်ပါ။

အဲ့တာကြောင့်ပြောတာပေါ့ ကိုယ်လွန်ခဲ့တဲ့ အနှစ် ၁၀၀ လောက်ကို ပြန်သွားချင်တယ်လို့။ စာဘတ်သူတွေကတော့ ပြောမယ် ဘာကြောင်တာလဲလို့။ တကယ်ပါ အဲ့လို စာတစောင်ရဖို့ဆို လက်ရှိ ရှိနေသမျှ ပန်းသီးတွေ ဘယ်ရီသီးတွေအကုန်နဲ့လဲဆို လဲပါ့မယ်။

ချစ်ခြင်းများစွာဖြင့်
A Chen
6:32 AM
Tuesday
6th Dec 2012
Home
Bangkok


P.S
ဒီပိုစ့်ကို ရေးနေတာ ၃ ရက်လောက်ရှိပါပြီ။ မပြီး မပြီးနဲ့ပါ။ ရေးနေရင်း တွေးမိတာလေးတွေ ထပ်ဖြည့်ထည့်နေတာလဲ ပါတယ်။ ခုတော့ ပြီးပြီ။ ဘတ်ပြီး ကြိုက်ရင် တခုခု ရေးခဲ့ပေါ့။

P.S.S
မောင့်ကိုလဲပြောထားပါတယ်။ ကိုယ်တို့ ချစ်ခါစ အချိန်တွေကလို စာပြန်ရေးရအောင်လို့။

P.S.S.S
မောင်ကိုယ့်ကိုရေးပေးထားတဲ့ စာတွေကိုလဲ နောက်မှ ကြုံရင် ဘလောခ် လုပ်တင်ပါအုံးမယ်။

P.S.S.S.S
ဒီပိုစ့်မျိုးနှင်နှင် တပိုစ့်ရေးဖူးပါတယ်။ နန်းညီ ရဲ့ ရည်းစားစာပုံနဲ့ပါ။ ဒီမှာ ဘတ်နိုင်ပါတယ်။

4 comments:

  1. တီချမ်း စာပြန်ရေးတာ ဝမ်းသာတယ်။ စာရေးကောင်းလို့  တီချမ်းစာတွေ အကုန်ဖတ်ဖြစ်တယ်။ ဟို တလောက ပျောက်နေလို့  စိတ်ပူနေသေးတာ။

    ReplyDelete
  2. Like · · Unfollow Post · Share · Delete

    Nang Nyi, Khine Soe Lung, Sydney MayThu KyiSoe and 8 others like this.
    2 shares
    Aye Myat Myat Ko စာရွက် ဘော့ပင်နဲ့ နောက်ဆုံးရေးခဲ့တာ ပြီးခဲ့တဲ့အပတ်ကမှ... လက်တဝါးစာ စာရွက်ကလေးပေါ်မှာ ဟိုဘက် သည်ဘက် အပြည့်ရေးပေးလိုက်တယ်။
    20 hours ago · Like
    Aye Myat Myat Ko သိနေကြပါလား =D =D =D
    20 hours ago · Like · 1
    Khin Win Myat Hi Addy, very good. Thanks for tagging me , love the headline.
    20 hours ago · Like
    Mya Thet Su Maw Nice Thoughts
    18 hours ago · Like
    Ma Su Mon great post!
    18 hours ago · Like · 1
    Thet Nandar Pls upload yr mom's pic!
    16 hours ago · Like
    Ei Ei Khin စာရွက်နဲ့  ဘောတံနဲ့ က ယနေ့  နေ့ ခင်းအထိ ထိတုန်း။ လူနာဖိုင်တွေက အားလုံး ကွန်ပျူတာရိုက်စ် မဖြစ်နိုင်သေးပါ။
    သို့ သော်ငြား ရက်ချိန်းက ဂလက်စီပေါ်တွင် မှတ်ပြီး ရက်ဂြစ်စတာက ပန်းသီးပေါ် တင်ထားကြောင်း ... (ကြုံတုန်း ကြွားတယ်လို့  မထင်ပါနှင့်)
    9 hours ago · Like
    Victor Feng · 14 mutual friends
    richard branson ကတော့ အီးမေးလ်တောင် သိပ်မသုံးဘူးဆိုပဲ၊ စာရွက်ပေါ်မှာ လက်နဲ့ရေးပြီး စာတိုက်ကပို့သတဲ့..
    8 hours ago · Like
    Nang Nyi နေဦး အရင်လိုက်ခ်ထားမယ် .. နောက်မှ ပြန်လာဖတ်ဦးမယ်.. ခုက rush ဖြစ်နေတယ်
    7 hours ago · Like
    Addy Chen ဆိုလိုတာက ဘာရေးရေး ကောင်းကောင်းမကောင်းကောင်း လိုက်ခ်တယ်ပေါ့လေ အဲ့တာ အဂတိ မိညီမ Nang Nyi
    3 hours ago · Like
    Addy Chen အကတိ
    3 hours ago · Like

    ReplyDelete
  3. 1 person liked this - Hnin Mon
    Hnin Mon - အရမ်းကြိုက်တယ်။ Your Article of the year ;)12/6

    ReplyDelete
  4. ထောက်ခံတယ် တီချမ်း

    Zune

    ReplyDelete