Friday, October 16, 2009

တီချမ်းတို့နာမည်ကြီးခြင်း

အင်း ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး
မပြောလဲမပြောချင်တော့ပါဘူး

တနေ့က ဒနည က ဂျီတော့ခ် ကနေ ပြောလာပါတယ်
တီရေတီ့ ဘန်နာ နာမည်ကြီးနေပြီတဲ့


ဟဲ့ ပလုတ်တုတ် အိုဘာတုန်းလို့ ဆိုတော့

အဲ့လင့်ကိုသွားကြည့်တဲ့ http://formmbloggers.blogspot.com/2009/10/blog-post_15.html

ကဲကဲ ကြည့်လိုက်ပါတယ် ဘာတွေ့လဲ ဆိုတော့ နာမည်ကြီးဘလောခ်ဂါ တချို့ ဟိဟိ ကိုယ်လဲအဲ့ထဲမှာ ပါတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် တွေးလိုက်ပါတယ် နော့ မမကွမ်(ခင်ဦးမေ) မယ်လိုဒီမောင် ကိုပေါ စတဲ့ သူတွေကိုဝေဖန်ထားတာ အဖြူရောင်နတ်သမီး တီချမ်း စတဲ့ နာမည်ကြီး အကျော်ဒေးယျ ဘလောခ်ဂါတွေပေါ့လေ ခိခိခိ အော် ကိုယ်တောင် ဘာလိုလိုနဲ့ တော်တော်မြင့်တဲ့အပင်ဖြစ်နေပါပေါ့လားပေါ့ ကျေနပ်မိပါတယ် ကြည်းနူးမိပါတယ် သာယာမိပါတယ် လေဟပ်မိပါတယ် ညှင်းညှင်းညှင်း

မမရီတာ ကလဲ ဒါတွေနဲ့ပတ်သက်ပြီး ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတဲ့ ပိုစ့်လေးရေးပြန်ပါတယ်
လူတွေစုံကြတာပ ကောင်းလေစွ ကောင်းလေစွ

တဆက်တည်းမှာ ပဲ သူတို့ နာမည်ကိုနှိပ်လိုက်ရင် Google.co.th နောက် the blogger not exist but name available စတဲ့ အမည်မဖော်လိုသူ ဆရာကြီးများက ဖိုးသူတော်၊ ကိုပါကြီး၊ နောက်ခေတ်မှီစွာ Annonymous စတဲ့ နာမည်တွေနဲ့ ကွန်မန့်တွေ စွတ်လာပေးနေပါတယ် ပျော်စရာကြီး ကောင်းလေစွ ကောင်းလေစွပေါ့လေနော့ တီချမ်းကလဲမရေးတော့ဘူးစိတ်ကူးတာပါပဲ
နောက်တော့လဲ မနေနိုင်တော့ နဲနဲ ကညော့တယ်ပေါ့ ဒီလောက်ပါပဲ
တခုပဲပြောချင်တာ တီ့ကိုပြောချင်ကြတဲ့ သူတွေ က ဘလောခ် ကိုလဲသေချာမဖတ် စာကိုလဲသေချာမဖတ် ပရိုဖိုင်းတောင် သေချာမကြည့်ပဲနဲ့ သူတို့ ကိုသူတို့ ဘလော်ခ်ဂါ တွေကိုဝေဖန်အုံးမတဲ့
ကဲ ဘာပြောရမှန်းမသိဖြစ်သွားပါတယ်
ပထမတော့ ရီချင်တယ် နောက်တော့ သူတို့လေးတွေ ကို သနားလာတယ် (သနားတာ ကိုပိုမိုပေါ်လွင်စေချင်တဲ့အတွက် “လေး” လို့တောင် သုံးထားပါတယ်နော့)
အင်းသေချာတာကတော့ လူတွေလူတွေ ဘိုင်ပိုလာ ဒစ်အော်ဒါ ဖြစ်တာ တော်တော် များလာတာပဲ
ဒုက္ခ ဒုက္ခ ဒုက္ခ
ကဲကဲ ပရိသတ်တွေ ရှူ.........................


နှာဘူးမကြီး တစ်ယောက်အကြောင်း
Posted by ဘလောဂ်ဂါတို့ရဲ့ ဘလောဂ့်ဂါ Labels:


မိန်းမတချို့များ နာဘူးထလာရင် ဘယ်လိုမှ ထိမ်းသိမ်းလို့ မရဘူးဆိုတာ အခုမှ ပဲယုံကြည်တော့တယ်။ ဒီဘန်နာကို အစက တွေ့တုန်းက မြန်မာ အမျိုးသမီးမှ ဟုတ်ပါ့မလားလို့ သံသယ ဖြစ်မိသေးတယ်။ ဘန်နာကိုလုပ်တဲ့သူက NangNyi လို့တွေ့တော့မှ သေချာသွားတော့တယ်။ တကယ်တော့ နန်းညီမှာ အပြစ်မရှိ။ သူက အကူအညီတောင်း သို့မဟုတ် ပိုက်ဆံရလို့ လုပ်ပေးတာ ဖြစ်နိုင်သည်။ လုပ်ခိုင်းတဲ့လူက တကယ့်တရားခံ။ဘလော့ဂ်နာမည်က တီးချမ်းရဲ့ကမ္ဘာတဲ့။ အခန်းထဲမှ အ၀တ်မရှိတဲ့ ယောင်္ကျားတစ်ယောက်က မှောက်အိပ်ပြီး အဖော်ကိုစောင့်နေတဲ့ပုံစံ။ ဒီလောက်နှာဘူးထနေရင်လည်း ကိုယ့်ဟာကို တိုးတိုးတိတ်တိတ်လုပ်ဆောင်ပါလား။ အခုတော့ ဒီလိုမဟုတ် ဘန်နာကြီး တည်ဆောက်ပြီးတော့ မြူဆွယ်နေလိုက်တာ။ကျန်ုပ်တို့ မြန်မာ အမျိုးသမီးများသည် ထိုကဲ့သို့သော အရှက်မရှိသောအလုပ်များကို လုပ်ဆောင်ရမှာ သေမလောက်ရှက်တက်ကြပါသည်။ မိမိကိုယ်ကို မိကောင်းဖခင်သားသမီးများအဖြစ် သတ်မှတ်ထားသောသူတို့သည် ထိုကဲ့သို့သော ကိစ္စမျိုးကို လူရှေ့တွင်တောင်ပြောဆိုဖို့ ပို၍ပင် ကြောက်တက်ကြသေးသည်။အခုတော့ တီချမ်းဆိုသူက သူ့ရဲ့ကမ္ဘာဆိုသည်မှာ အခန်းထဲတွင် အ၀တ်မရှိသော ယောင်္ကျားနှင့်နေရခြင်းကို ဆိုလိုနေသလိုဖြစ်နေသည်။ ထို့အတူ တခြားသော ယောင်္ကျားများကို စွဲဆောင်သည့်အလား ဘန်နာခပ်ကြီးကြီးလုပ်၍ အရှပ်မရှိ ရဲရဲတင်းတင်းနှာဘူးထနေလေသည်။ထိုအခြင်းအရာကို မြင်တွေ့လိုက်သည့်အခိုက် ကျန်ုပ်တို့ အဖွဲ့သားများ ခေတ္တခဏမျှ ငြိမ်သက်သွားကြသည်။ အံ့သြခြင်း မိမိ မြန်မာအမျိုးသမီးအတွက် ရှက်မိခြင်း တပြိုင်နက်ထဲ ခံစားမိလေသည်။သောက်ရှက်မရှိသော နှာဘူး ဘလော့ဂ်ဂါ အလိုမရှိ။P.S( လိင်ခွဲခြားမှုမရှိ။ မိန်းမဖြစ်ချင်သောသူကို မိန်းမအဖြစ်သတ်မှတ်ပေးရမည်။မောင်ဘ (သုံးသပ်တင်ပြသည်)
at 7:19 AM
Delicious Digg StumbleUpon Subscribe to RSS Feed

0 comments:
Post a Comment
Newer Post Older Post Home

သူတို့ရဲ့ကွန်မန့် တွေကိုကြည့်လိုက်ရင် လူတွေ သူတို့ကို ဘယ်လောက်ချဉ်နေတယ်ဆိုတာ အသိသာကြီးပါ
အောက်မှာ တခြားပို့တွေ (အစပိုင်းက ပိုစ့်တွေ ကို တခြားသူတွေ ရေးထားတဲ့ ကွန်မန့်တွေ ပါထည့်ပေးလိုက်ပါတယ်)အစပိုင်းကတော့ လူတွေကလည်း သူတို့ ကို ပြင်စေချင်တဲ့စေတနာ နဲ့ ဝိုင်းဝန်း ဖြောင်းဖျကြပုံရပါတယ် တီကတော့ များများမပြောချင်တော့ပါဘူး
သူတို့ ရဲ့ဘိုင်ပိုလာ ကိုယ်စား သက်ပြင်းကြီးကြီးတချက်ပဲ ချပေးနိုင်ပါတော့တယ် ဟူး............................

Nge Naing said...
C-Box မတွေ့လို့ ဒီမှာပဲ ရေးထားခဲ့တယ်။ ကျွန်မ ဘလော့ဂ်ကို လာလည်တာ ကျေးဇူးတင်ပါတယ်။ ပြန်လာလည်ရင်းနဲ့ ရေးထားတဲ့ ပို့စ်တွေကို ဖတ်မိလို့ မှတ်ချက်ရေးစရာအကြောင်းက ပေါ်လာတယ်။ ဘယ်သူမှ ပြီးပြည့်စုံတယ်ရယ်လို့ မရှိနိုင်တဲ့အတွက် ဘလော့ဂ်တွေကို အပြုသဘောနဲ့ ဝေဖန်သုံးသပ်ပေးတာ သိပ်ကောင်းတဲ့ အလုပ် ဆိုတာလက်ခံပါတယ်၊ ဒါပေယ့် ဝေဖန်ထားတဲ့အထဲမှာ တချို့ ဝေဖန်ချက်တွေက ကောင်းပေမယ့် တချို့မှာက ဖေါ်ပြတဲ့ အကြောင်းအရာနဲ့ မဆိုင်ပဲ ပုဂ္ဂိုလ်ရေး သိပ်ဆန်လွန်းတဲ့ ဝေဖန်မှုမျိုးကျတော့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ အများအတွက် (သို့) ဘလော့ဂါအတွက် အကျိုးရှိစေတဲ့ ဝေဖန်မှုမျိုးကနေ လမ်းလွဲသွားနိုင်တာမျိုးကို သတိပြုသင့်တယ်လို့ ထင်တယ်။ စာရေးတဲ့သူတိုင်းက ဘာရည်ရွယ်ချက်နဲ့ပဲ ရေးရေး ကိုယ့်စာကို သူများဖတ်စေချင်တဲ့ စေတနာ စာရေးသူတိုင်း (ဘလော့ဂါတို့ရဲ့ ဘလော့ဂါအပါအ၀င်) မှာ ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ တယောက်လက်ခံထားတဲ့ အမူအကျင့်တခုကို တခြားတယောက်က မနှစ်သက်တာ ရှိနိုင်ပေမယ့် အများကို မထိခိုက်ရင် ဒါကို သူကြိုက်လို့ သူလက်ခံထားတဲ့ ကိစ္စအတွက် အပြစ်မရှိပါဘူး။ ဒါကြောင့်မို့ ကိုယ့်ဘလော့ဂ်ကို လူလာစေချင်လို့ သူ့နည်းသူ့ဟန်နဲ့ ဆွဲဆောင်တဲ့ ကိစ္စမှာ ဘယ်သူ့ကိုမှ မထိခိုက်ရင် အပြစ်မပြာသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်မ မအားတဲ့ကြားက အားလုံးကို ပြီးအောင် ဖတ်ပြီးမှ ပထမဆုံးပို့စ်မှာ မှတ်ချက်ထားခဲ့တာပါ။ ဝေဖန်သူကို ပြန်ဝေဖန်သွားတာ အမှားပါသွားတယ် ထင်ရင် တောင်းပန်ပါတယ်။

Nai ရဲ့  ရွှေရတုမှတ်တမ်း said...
ပြောစရာရှိလာပြီဆိုတော့ပြောရပေါ့ဗျာ.....ဘလော့ဂါရဲ့ဘလော့ဂါ..ဆိုတဲ့ညီလေးများနဲ့..မြတ်နိုးခင် ဆိုပြီး ယောင်္ကျားလား..မိန်းမလား..အခြောက်လား..ကွဲကွဲပြားပြား မရှိလှတဲ့..blog ပိုင်ရှင်များကိုပါ....ညီလေးတို့က..ကိုယ့်ကိုယ်ကို ဝေဖန်ရေး ဆရာကြီးများ ဆိုပြီး အမျိုးသမီးများရဲ့ blog တွေ ကို အသားလွတ် ပုဂ္ဂိုလ်ရေးတိုက်ခိုက် မှုတွေပြုလုပ်လာလို့ပါ။ ငါ့ညီတို့အခု ရေးနေတာက..ဝေဖန်ရေးမဟုတ်ပဲ..ယောင်္ကျားရန်လို..စအိုတကြွကြွ..ဆိုသလို လူတဖက်သားကို အမနာပတွေ ပြောနေကြတာတွေ..မြင်ရတာ..အင်မတန်မှ..ယောင်္ကျားတယောက်အနေနဲ့ ရှက်စရာကောင်းလှပါတယ်...ငါ့ညီတို့..satire ရေးကြတယ်..ဆိုရင်လဲ ဆရာ့ဆရာကြီးတွေ..ဆရာစိန်ခင်မောင်ရီတို့ ဆရာမောင်သော်က တို့ဘယ်လိုရေးတယ်ဆိုတာ လေ့လာကြပါဦး...ဝေဖန်ရေးမှရေးချင်တယ်ဆိုလဲ..ဆရာမောင်စွမ်းရည်..ဆရာအောင်သင်းတို့ ဘယ်လိုဝေဖန်တယ်ဆိုတာ ဖတ်ကြည့်ကြပါဦး။ blog ရေးချင်းဟာလည်း..အနုပညာ တရပ်ပါ...blogger တွေ အားလုံးဟာ ဘက်စုံ ရှုထောင့်စုံက သူတို့ရင်တွင်းဖြစ်တွေကို ခံစားတင်ပြနေကြတာပါ...အခုငါ့ညီတို့က..အားနွဲ့သူမိန်းမသားများ ကိုမှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတော့..အကိုတော့ဘာကြောင့်လဲဆိုတာနားမလည်ဘူး...ယောင်္ကျားblog တွေ မပုတ်ခတ်ရဲတာ ..အကိုထင်တယ်လေ...( ငါ့နှမများ..ငါ့တူမများ..နားနဲ့မနာဖဝါး နဲ့သာနာကြပါတော့)..ယောင်္ကျား blogger များက မင်းတို့ ကို ပြန်ဗျင်းရင်..မင်းတို့ အီးပေါက်ရင်..ဘူ..လို့တောင် မမြည်ပဲ ဝရော...ဆိုပြီးထွက်သွားအောင်..စအိုဝကျယ်သွားမှာကြောက်လို့မဟုတ်လား....အကိုပြောချင်တာကတော့ အတောင် ၂၀ ဝတ် မင်းယောင်္ကျားဂုဏ်ကိုထိမ်းသိမ်းကြပါ...ဒါပါပဲ...

5 comments:

  1. တီရေ ... ကိုယ်ရေးတဲ့ သူအကြောင်းတောင် သေချာမသိပဲနဲ့ မြန်မာအမျိုးသမီးမှဟုတ်ရဲ့လားမသိဘူးလို့ ပြောထားတယ်
    ဘာပဲပြောပြော တီ နံမည်ပိုကျော်သွားပြီး လူသိများသွားတာပေါ့

    ReplyDelete
  2. အဲ့တာပြောတာ ဦးမွန်ရေ
    စာတွေအကုန်မဖတ်ရင်နေပါ
    ပရိုဖိုင်းလေးပဲ ဖတ်ပါလို့
    အခြောက်ကြီး ပါလို့ပြောထားရက်နဲ့
    သူများကို လာလာကြောတယ်
    လူဇိုးတွေ ခိခိခိ အဟိ

    ReplyDelete
  3. ကျွန်တော်က ကိုယ့်ညီကို ထိခိုက်နစ်နာလိုစိတ်မရှိပါဘူးဗျာ..း(။ ကိုယ့်ညီက ကိုယ်လျှောက်ရမယ့်လမ်းကို သိပြီးသားဖြစ်နေတဲ့လူမို့ အကောင်းဆုံးဖြစ်စေချင်တာ တစ်ခုရယ်ပါ။ အဲဒီဝေဖန်ရေး ချာတူလန်ဘလောဂ့်ပြောတာ စိတ်ထဲတောင်မရှိဘူးဗျ။ ကိုယ့်ညီ အနေနဲ့ အခြောက်ဖြစ်နေတာတောင် မကောင်းတဲ့ လိင်တူဆက်ဆံတဲ့အကြောင်းတွေ ဘလောဂ့်ပေါ်တင်ရေးနေတာ မဖြစ်စေချင်ရုံသက်သက်ပါ။ ကဗျာတွေ စာတွေ အက်ဆေးတွေ ပညာပေးတွေ ကိုယ့်ညီရေးနိုင်နေတာလည်း တွေ့ရတာပဲ။ ကိုယ့်ရဲ့ အကုသိုလ်ကြောင့် ကိုယ့်အရောင်တွေ မမှိန်ပါစေနဲ့။ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ။

    ReplyDelete
  4. အခြောက်ဖြစ်နေတာ ဘာမကောင်းဘူးလဲ လာပြောပါ
    လိင်တူဆက်ဆံတာ မကောင်းဘူးဆိုတာလဲ ချက်နဲ့လက်နဲ့လာပြောပါ
    တခုချင်းစီရှင်းမယ်
    ခုကျတော် လူတော်တော်များများမရတဲ့ လစာ ကို ဆယ်တန်းဆိုတဲ့ ပညာအရည်အချင်းနဲ့ရထားတယ်
    ဂုဏ်လုပ်ပြောနေတာ မဟုတ်ဘူး
    နောက် ပြီးတော့ ကျတော့ ပတ်ဝန်းကျင် ကျတော့လို ပေါ့စတစ်တွေအများကြီးကိုလဲ ကူညီနေနိုင်တယ် ကူညီခဲ့တယ်
    နိုင်ငံတကာ ရင်ဘောင်တန်းပြီးလဲ ဒီအလုပ်တွေအကုန် ကိုကိုယ်စားပြုလုပ်ပေးနေတယ်
    အဲ အဲ့တော့ ဘယ်မလဲ အခြောက်တွေမကောင်းတာ
    အသုံးမကျတာ
    ကျတော့ ပုဂ္ဂိလိက အမြင်ကတော့ လူတယောက်ဟာ
    သူ့ပတ်ဝန်းကျင် သူ့လူမျိုး သူ့ဘဝတူတွေအတွက် အကျိုးပြုနိုင်ရင် တော်တာပဲ
    ကျတော့ကတော့အဲ့လိုပဲ ခံယူတယ်
    ကျတော့ ဘာသာ ယောက်ျားကိုကြိုက်ရင်ကြိုက်မယ်
    ခံရင်ခံမယ်
    အဲ့တာ ဘယ်သူ့ ကိုမှမထိခိုက်ဘူးလို့ထင်ပါတယ်
    (အင်း သူတို့ ကိုမကြိုက်မိလို့ တစုံတယောက်က ထိခိုက်တယ်လို့ခံစားရရင်တော့ ထားပါတော့ အဟိ မနေနိုင်လို့မွှေမိတယ် နည်းနည်းပါ)

    ReplyDelete
  5. (အခြောက်ဖြစ်နေတာ ဘာမကောင်းဘူးလဲ လာပြောပါ
    လိင်တူဆက်ဆံတာ မကောင်းဘူးဆိုတာလဲ ချက်နဲ့လက်နဲ့လာပြောပါ
    တခုချင်းစီရှင်းမယ်) <<<< အခြောက်ဖြစ်တာ ကောင်းမကောင်းကတော့ ကျွန်တော်ကယောင်္ကျားစစ်စစ်အဖြစ်ကို ဘ၀ပေးကုသိုလ်ကံအကျိုးပေးကြောင့် ရထားလို့မသိပါဘူး။ လိင်တူဆက်ဆံတာ မကောင်းဘူးကောင်းတယ်ဆိုလဲ ရှိသင့်တဲ့ တဏှာကာမစိတ်ထက် သိပ်ဖျင်းတဲ့တဏှာစိတ်မရှိလို့ မသိရကြောင်းပါ ငါ့ညီရေ :D။

    (ခုကျတော် လူတော်တော်များများမရတဲ့ လစာ ကို ဆယ်တန်းဆိုတဲ့ ပညာအရည်အချင်းနဲ့ရထားတယ်
    ဂုဏ်လုပ်ပြောနေတာ မဟုတ်ဘူး
    နောက် ပြီးတော့ ကျတော့ ပတ်ဝန်းကျင် ကျတော့လို ပေါ့စတစ်တွေအများကြီးကိုလဲ ကူညီနေနိုင်တယ် ကူညီခဲ့တယ်
    နိုင်ငံတကာ ရင်ဘောင်တန်းပြီးလဲ ဒီအလုပ်တွေအကုန် ကိုကိုယ်စားပြုလုပ်ပေးနေတယ်
    အဲ အဲ့တော့ ဘယ်မလဲ အခြောက်တွေမကောင်းတာ
    အသုံးမကျတာ)<<<< ကိုယ့်အသက်ရှင်ရပ်တည်ရေးအတွက် မြင့်မားတဲ့လစာရတာ ဂုဏ်ယူပါတယ်။ ပတ်ဝန်းကျင်က ပေါ့စတစ်တွေကိုကူညီပေးတာကိုရောပေါ့။ :) အဲဒီလို အင်္ဂါရပ်တွေကြောင့် နှမြောတာပေါ့။ ဒါပေမယ့် ငါ့ညီဟာ တကယ်လို့ သားယောင်္ကျားလေးတစ်ယောက်မွေးထားတဲ့ အဖေဖြစ်တယ်ဆိုပါစို့ (ဥပမာနော်)။ ငါ့ညီရဲ့သားကို အခြောက်အဖြစ်ခံမလား။ ဆုံးမမလား.... ??။ စိတ်မရှိပါနဲ့ တကယ့်လောကဓမ္မကို ဆန့်ကျင်တယ်ဆိုတာ ကောင်းတယ်မကောင်းဘူးဆိုတာ ငါ့ညီရဲ့ ပင်မနှလုံးသားနဲ့ ဦးနှောက်က ငြင်းမရပါဘူး။

    (ကျတော့ ပုဂ္ဂိလိက အမြင်ကတော့ လူတယောက်ဟာ
    သူ့ပတ်ဝန်းကျင် သူ့လူမျိုး သူ့ဘဝတူတွေအတွက် အကျိုးပြုနိုင်ရင် တော်တာပဲ
    ကျတော့ကတော့အဲ့လိုပဲ ခံယူတယ်
    ကျတော့ ဘာသာ ယောက်ျားကိုကြိုက်ရင်ကြိုက်မယ်
    ခံရင်ခံမယ်
    အဲ့တာ ဘယ်သူ့ ကိုမှမထိခိုက်ဘူးလို့ထင်ပါတယ်)<<<< ငါ့ညီအမြင်က မှန်သင့်သလောက်မှန်ပါတယ်။ အဲ... ယောင်္ကျားကိုကြိုက်ရင်ကြိုက်မယ်... ခံရင် ခံမယ် :D ဆိုတာကတော့ အများကြီး စဉ်းစားသင့်တာပေါ့။ ငါ့ညီက ပေါ့စတစ်လေ။ ဒီတော့ ရောဂါတွေကို ထပ်ဖြန့်နေအုံးမှာလား။ ဘယ်လိုအကာအကွယ်နဲ့ ကာကွယ်ပါတယ်ပြောပြော တဖက်လူမှာ ဒုက္ခဖြစ်မသွားနိုင်ဘူးလား။ ဘယ်သူ့မှ မထိခိုက်ဖူးလို့ ပြောလို့မရတော့ဘူးလေ ငါ့ညီရယ်။ ကိုယ့်အကုသိုလ်ကံက ကိုယ့်ကို ပြန်အကျိုးပေးလာတဲ့တစ်နေ့ အလူးအလဲ ခံရရင် တရားနှလုံးမသွင်းနိုင်ပဲ သေခါနီးမကောင်းတဲ့ အာရုံတွေက အထုံဖြစ်လို့ ဘ၀ကူးအချိန်အတွက် အန္တရာယ်များလှတာပေါ့ကွာ။

    ဒါကတော့ ငါ့ညီက အချက်ကျကျပြောပေးပါဆိုလို့ ပြောပြတာပါ။ ငါ့ညီစိတ်ဆိုးနေတယ်ဆိုတာ သိရလို့ တခါတည်းတောင်းပန်ခဲ့တယ်ကွာ။ အကျိုးပြုစာတွေအတွက် မျှော်နေမယ်။ မင်းရဲ့ လူမှုရေးလှုပ်ရှားမှုတွေ၊ ဘ၀ဒဿနခံယူချက်အပြည့်ပါတဲ့ စာတွေကိုပဲ တခါတည်းတောင်းဆိုခဲ့မယ်။ အဲ..တစ်ခုပြောခဲ့ချင်သေးတယ်။ ဟိုဘလောဂ့်တစ်ခုက လူလို့တော့ မထင်ပါနဲ့ ကိုယ်က တကယ့် Reader သပ်သပ်ပါ။ ကျွန်တော့်အပြောတွေ သိပ်ဆိုးသလိုဖြစ်ခဲ့ရင် ငါ့ညီပြောသလို အပင်သိပ်မြင့်လို့ လေတိုက်ခံရတယ်ပဲ မှတ်ပါ။

    စစ်မှန်တဲ့ ကံအကျိုးပေးရပါစေ ညီရေ...။

    ReplyDelete