Tuesday, October 20, 2009

ဖိုးသူတော် နှင့် အမေးအဖြေ (ဒေါ်ရီတာ အား အလျင်အမြန်အတုခိုးခြင်း)

ဖိုးသူတော် said...
ကျွန်တော်က ကိုယ့်ညီကို ထိခိုက်နစ်နာလိုစိတ်မရှိပါဘူးဗျာ..း(။ ကိုယ့်ညီက ကိုယ်လျှောက်ရမယ့်လမ်းကို သိပြီးသားဖြစ်နေတဲ့လူမို့ အကောင်းဆုံးဖြစ်စေချင်တာ တစ်ခုရယ်ပါ။ အဲဒီဝေဖန်ရေး ချာတူလန်ဘလောဂ့်ပြောတာ စိတ်ထဲတောင်မရှိဘူးဗျ။ ကိုယ့်ညီ အနေနဲ့ အခြောက်ဖြစ်နေတာတောင် မကောင်းတဲ့ လိင်တူဆက်ဆံတဲ့အကြောင်းတွေ ဘလောဂ့်ပေါ်တင်ရေးနေတာ မဖြစ်စေချင်ရုံသက်သက်ပါ။ ကဗျာတွေ စာတွေ အက်ဆေးတွေ ပညာပေးတွေ ကိုယ့်ညီရေးနိုင်နေတာလည်း တွေ့ရတာပဲ။ ကိုယ့်ရဲ့ အကုသိုလ်ကြောင့် ကိုယ့်အရောင်တွေ မမှိန်ပါစေနဲ့။ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ။
October 19, 2009 11:48 PM

အန်တီချမ်းပါ said...
အခြောက်ဖြစ်နေတာ ဘာမကောင်းဘူးလဲ လာပြောပါလိင်တူဆက်ဆံတာ မကောင်းဘူးဆိုတာလဲ ချက်နဲ့လက်နဲ့လာပြောပါ တခုချင်းစီရှင်းမယ် ခုကျတော် လူတော်တော်များများမရတဲ့ လစာ ကို ဆယ်တန်းဆိုတဲ့ ပညာအရည်အချင်းနဲ့ရထားတယ် ဂုဏ်လုပ်ပြောနေတာ မဟုတ်ဘူး
နောက် ပြီးတော့ ကျတော့ ပတ်ဝန်းကျင် ကျတော့လို ပေါ့စတစ်တွေအများကြီးကိုလဲ ကူညီနေနိုင်တယ် ကူညီခဲ့တယ် နိုင်ငံတကာ ရင်ဘောင်တန်းပြီးလဲ ဒီအလုပ်တွေအကုန် ကိုကိုယ်စားပြုလုပ်ပေးနေတယ်
ကဲ အဲ့တော့ ဘယ်မလဲ အခြောက်တွေမကောင်းတာ အသုံးမကျတာ ကျတော့ ပုဂ္ဂိလိက အမြင်ကတော့ လူတယောက်ဟာ သူ့ပတ်ဝန်းကျင် သူ့လူမျိုး သူ့ဘဝတူတွေအတွက် အကျိုးပြုနိုင်ရင် တော်တာပဲကျတော့ကတော့အဲ့လိုပဲ ခံယူတယ် ကျတော့ ဘာသာ ယောက်ျားကိုကြိုက်ရင်ကြိုက်မယ် ခံရင်ခံမယ် အဲ့တာ ဘယ်သူ့ ကိုမှမထိခိုက်ဘူးလို့ထင်ပါတယ် (အင်း သူတို့ ကိုမကြိုက်မိလို့ တစုံတယောက်က ထိခိုက်တယ်လို့ခံစားရရင်တော့ ထားပါတော့ အဟိ မနေနိုင်လို့မွှေမိတယ် နည်းနည်းပါ)
October 20, 2009 1:45 PM

ဖိုးသူတော် said...
(အခြောက်ဖြစ်နေတာ ဘာမကောင်းဘူးလဲ လာပြောပါလိင်တူဆက်ဆံတာ မကောင်းဘူးဆိုတာလဲ ချက်နဲ့လက်နဲ့လာပြောပါတခုချင်းစီရှင်းမယ်) <<<< အခြောက်ဖြစ်တာ ကောင်းမကောင်းကတော့ ကျွန်တော်ကယောင်္ကျားစစ်စစ်အဖြစ်ကို ဘ၀ပေးကုသိုလ်ကံအကျိုးပေးကြောင့် ရထားလို့မသိပါဘူး။ လိင်တူဆက်ဆံတာ မကောင်းဘူးကောင်းတယ်ဆိုလဲ ရှိသင့်တဲ့ တဏှာကာမစိတ်ထက် သိပ်ဖျင်းတဲ့တဏှာစိတ်မရှိလို့ မသိရကြောင်းပါ ငါ့ညီရေ :D။ အင်းငါ့ညီ ငါ့ညီ ဆိုတဲ့အတွက် ကိုဖိုးသူတော် (URL google.co.th) က အသက်ကြီးမယ် ထင်ပါတယ် ယောက်ျားဘဝက မိန်းမတွေအခြောက်တွေထက်ပိုမြင့်မြတ်တယ်လို့ ကျတော်ဘယ်တုံးကမှ မယူဆ ထားခဲ့ဘူး
အဲ့လိုပြောတယ် ဆိုရင်လဲ အဲ့တာ ဟာ ဘာသာတရားထဲမှာ ပိတ်မိနေတဲ့ ဘောင်ခတ်ကျဉ်းကျဉ်းနဲ့ သေးသိမ်တဲ့အတွေးလို့ပဲ ထင်ပါတယ် ဘာလို့လဲဆိုတော့ လောက မှာ အခြောက် အောက်ခံဘောင်းဘီ နားခိုစား၊ မိန်းမ ထမိန်နားခိုစားနေကြတဲ့ ယောက်ျားတွေအများကြီး ကျတော်တို့ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါပဲ အဲ့တော့ ယောက်ျား သည် ဘာအကြောင်းကြောင့်မှ မိန်းမတွေ အခြောက်တွေထက် ပိုမြတ်တယ် သတ်မှတ်လို့မရဘူး ဒါကလုံးဝ generalize လုပ်လို့မရဘဲ တဦးတယောက်ချင်းစီ ရဲ့ သူတို့ ပတ်ဝန်းကျင်က လူသားတွေအပေါ်အကျိုးပြုမှုနဲ့သာ individualize လုပ်ရမယ့်ကိစ္စ အဲ့လိုပဲ အခြောက်ထဲမှာလဲမကောင်းတဲ့ လူရှိနိုင်သလို မိန်းမထဲမှာ လဲမကောင်းတဲ့လူတွေရှိနိုင်တာပဲ
ယုတ်ညံ့တယ် နိမ့်ကျတယ်ဆိုတာတွေက အပြုအမူ အပြောအဆို သူတို့ လုပ်တဲ့ လုပ်ရပ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးစတာတွေ ကြည့်ပြီးမှ ပြောရမှာပါ ယောက်ျား ဖြစ်ရုံနဲ့တော့ မမြင့်မြတ်နိုင်သလို အခြောက်ဖြစ်ရုံနဲ့လဲ မယုတ်နိမ့်ပါဘူး လို့ပဲ ပြောချင်ပါတယ် ဒီနေရာမှာ ကျတော က ဘာသာတရား နဲ့ပြောတဲ့ ဘုရားဟောဆိုတာ လက်မခံပါဘူး တကယ်လို့ ဂေါတမ အသက်ထင်ရှား ရှိနေအုံးမယ် ဆိုရင်လဲ ဒီအဆို ကိုလက်ခံလိမ့်မယ် လို့ထင်ပါတယ် (အင်းဘာလိုလိုနဲ့ အကို့ ကိုပြန်ပြောပြဖြေရှင်းရ အကိုကလဲ တနေ့ ၇ ခါလောက်လာဖတ် ပြန်ပြောနေရနဲ့ ဘိုင်ပိုလာတွေ ဘိုင်ပိုလာတွေ ဖြစ်ဖြစ်နေပြီ ထင်တယ်)

လိင်တူဆက်ဆံတာ မကောင်းဘူးကောင်းတယ်ဆိုလဲ ရှိသင့်တဲ့ တဏှာကာမစိတ်ထက် သိပ်ဖျင်းတဲ့တဏှာစိတ်မရှိလို့ မသိရကြောင်းပါ ငါ့ညီရေ :D။

ရှိသင့်တဲ့ တဏှာကာမစိတ်ထက် သိပ်ဖျင်းတဲ့တဏှာစိတ်

ကျတော် ပြန်ပြီး quote လုပ်ချင်ပါတယ်
ရှိသင့်တဲ့ တဏှာပေမ စိတ် နဲ့ သိမ်ဖျင်းတဲ့ တဏှာပေမ စိတ် အင်း................
ကိုသူတော် ဘောင်နည်းနည်းကျဉ်းနေတယ် နည်းနည်းထပ်ချဲ့လိုက် သိမ်ဖျင်းတဲ့ တဏှာပေမ စိတ်ဆိုတာ ဘာကိုပြောတာလဲ
အကိုပြောချင်တာ ဘာသာရေးအရလား မိရိုးဖလာ စွဲကြောင့်လား လိင်ဆက်ဆံတယ်ဆိုတာ တဏှာပေမ ကိုစိတ်နဲ့ခံစားတာ မဟုတ်ဘဲ မျိုးပွားရေးသက်သက်အတွက်လို့အကိုက ပြောချင်တာလား မျိုးပွားဖို့အတွက် ခုခေတ်မှာ လိင်ဆက်ဆံစရာမလိုတော့တာ အကိုလဲသိမှာပါ လိင်ကိစ္စ ခံစားတယ် ဆိုတာ လူ့ရဲ့သဘာဝတရားက ပေးတဲ့ သိစိတ်ပါပဲ ကျတော်တို့ ခန္ဓာ ကိုယ်ကြီးကို အဓိက မောင်းနှင်နေတာ libido လို့ ခေါ်တဲ့ sex drive (sexual desire) ပါ အဲ့တော့ တဏှာပေမ က ဘယ်မှာ သိမ်ဖျင်းလို့လဲ
သိပ္ပံပညာတွေ လေ့လာတွေ့ရှိချက်တွေအရတော့ လူ နဲ့ တခြားသတ္တဝါ အနည်းငယ်ကသာ လိင်ဆက်ဆံတာ ကိုခံစားစိတ်နဲ့ဆက်ဆံတာဖြစ်ပါတယ်တဲ့ အကိုပြောသလိုဆို ကျတော်တို့ ကမ္ဘာကြီးမှာ သိမ်ဖျင်းမှုတွေ ပြည့်ကြပ်နေရောပေါ့ တခုပါပဲ ကမ္ဘာကြီးဟာ လူမျိုးတမျိုး ဘာသာတရားတခုထဲနဲ့တည်ဆောင်ထားတာ မဟုတ်တဲ့အတွက် အယူကွဲလွဲမှု အမြင်မတူညီမှုတွေရှိနိုင်ပါတယ်
အကိုကျတော့်ကိုဝေဖန်တာကို ကျတော်လက်ခံနိုင်သလိုပဲ ခုပြောတာ ကိုလဲ လက်ခံနိုင်မယ် ထင်ပါတယ် လိင်ဆက်ဆံတာ ကိုသိမ်ဖျင်းတဲ့တဏှာ လို့ ယူဆ ပြောဆို သင်ပေးတဲ့ ဘာသာ လူမျိုးပတ်ဝန်းကျင်ရှိနိုင်သလို
အဲ့တာ သည် သဘာဝ အပြစ်မဟုတ် လူ့ သဘာဝ လို့ သင်ပေး လက်ခံယူဆ တဲ့ပတ်ဝန်းကျင်လဲရှိနိုင်ပါတယ် ဆိုတာပါပဲ အယူအဆ မတူတာနဲ့တော့ ကိုင်းကျဉ်းကျဉ်း မျက်မှန်အစိမ်းကြီးနဲ့ စကားမပြောသင့်ပါဘူး

(ခုကျတော် လူတော်တော်များများမရတဲ့ လစာ ကို ဆယ်တန်းဆိုတဲ့ ပညာအရည်အချင်းနဲ့ရထားတယ်ဂုဏ်လုပ်ပြောနေတာ မဟုတ်ဘူးနောက် ပြီးတော့ ကျတော့ ပတ်ဝန်းကျင် ကျတော့လို ပေါ့စတစ်တွေအများကြီးကိုလဲ ကူညီနေနိုင်တယ် ကူညီခဲ့တယ်နိုင်ငံတကာ ရင်ဘောင်တန်းပြီးလဲ ဒီအလုပ်တွေအကုန် ကိုကိုယ်စားပြုလုပ်ပေးနေတယ်အဲ အဲ့တော့ ဘယ်မလဲ အခြောက်တွေမကောင်းတာအသုံးမကျတာ)<<<< ကိုယ့်အသက်ရှင်ရပ်တည်ရေးအတွက် မြင့်မားတဲ့လစာရတာ ဂုဏ်ယူပါတယ်။ ပတ်ဝန်းကျင်က ပေါ့စတစ်တွေကိုကူညီပေးတာကိုရောပေါ့။ :) အဲဒီလို အင်္ဂါရပ်တွေကြောင့် နှမြောတာပေါ့။ ဒါကိုအပေါ်မှာ ရှင်းပြီးပါပြီ ကျတော့်ရဲ့ လုပ်ဆောင်မှုနဲ့ ကျတော့်ရဲ့ ရွေးချယ်မှု ကို ခွဲမြင်စေချင်ပါတယ် ကျတော် လုပ်တဲ့အလုပ် ကို ကျတော့် လိင်ရွေးချယ်မှုနဲ့ ကြည့်ရင်တော့ အဲ့တာ မတရားတာပါ ခုနက အပေါ်မှာ ရှင်းပြပြီးသားပါ

ဒါပေမယ့် ငါ့ညီဟာ တကယ်လို့ သားယောင်္ကျားလေးတစ်ယောက်မွေးထားတဲ့ အဖေဖြစ်တယ်ဆိုပါစို့ (ဥပမာနော်)။ ငါ့ညီရဲ့သားကို အခြောက်အဖြစ်ခံမလား။ ဆုံးမမလား.... ??။

ကျတော်ကလေးယူဖို့အစီအစဉ် ရှိပါတယ် လိုလဲလိုချင်ပါတယ် (ဘာနည်းနဲ့ ယူမလဲလို့ စကားကိုကပ်မငြင်းပါနဲ့ သိပ္ပံ ပညာတွေအရမ်းကိုတိုးတက်နေတဲ့ခေတ်လို့ပဲ ပြောပါရစေ) ကျတော့ ကလေးက အခြောက်ပဲဖြစ်ချင်ပါတယ် ဖင်ပဲခံချင်ပါတယ်ဆိုရင်လဲ အဲ့တာ သူ့ရွေးချယ်မှုပါ ကျတော့ အသိအမှတ်ပြုပါမယ် ပြီးတော့ ဆောင်ရန်ရှောင်ရန် ကိုပြောပြပါမယ် ဆိုလိုတာကလဲ ဖင်မခံနဲ့လို့ပြောမှ မဟုတ်ဘဲ ဖင်ခံရင်တော့ ဘာတွေသတိထားဖို့လိုတယ် လို့ပဲ ပြောမှာပါ ရွေးချယ်မှု ကို ကျတော် တန်ဖိုးထားပါတယ် နောက်တခုက အခြောက် နဲ့လိင်တူဆက်ဆံတာ ကိုလဲ ကိုဖိုးသူတော် က တွဲမြင်နေပါတယ် ထို့အတူ အခြောက်=နိမ့်ကျတဲ့ဘဝ လို့လဲ မြင်နေပါတယ် အဲ့တာတွေက ဘာသာရပ်ကို အသေအချာ လေ့လာနေတဲ့ သူတွေတောင်မှ အရှည်အကျယ်ငြင်းရမှာ ဖြစ်တဲ့အတွက် သေချာလေ့လာပါအုံးလို့ပဲ ပြောချင်ပါတယ် မိရိုးဖလာ ရှေးရိုးစွဲအယူအဆတွေ ငယ်ငယ်က အဲ့လိုပဲ လို့သင်ထားတာတွေ ခွာချရမယ့်အချိန်ရောက်နေပါပြီ
ခေတ်တွေမတူတော့တာ ကိုသတိထားမိမှာပါ

စိတ်မရှိပါနဲ့ တကယ့်လောကဓမ္မကို ဆန့်ကျင်တယ်ဆိုတာ ကောင်းတယ်မကောင်းဘူးဆိုတာ ငါ့ညီရဲ့ ပင်မနှလုံးသားနဲ့ ဦးနှောက်က ငြင်းမရပါဘူး။(ကျတော့ ပုဂ္ဂိလိက အမြင်ကတော့ လူတယောက်ဟာသူ့ပတ်ဝန်းကျင် သူ့လူမျိုး သူ့ဘဝတူတွေအတွက် အကျိုးပြုနိုင်ရင် တော်တာပဲကျတော့ကတော့အဲ့လိုပဲ ခံယူတယ်ကျတော့ ဘာသာ ယောက်ျားကိုကြိုက်ရင်ကြိုက်မယ်ခံရင်ခံမယ်အဲ့တာ ဘယ်သူ့ ကိုမှမထိခိုက်ဘူးလို့ထင်ပါတယ်)<<<< ငါ့ညီအမြင်က မှန်သင့်သလောက်မှန်ပါတယ်။ အဲ... ယောင်္ကျားကိုကြိုက်ရင်ကြိုက်မယ်... ခံရင် ခံမယ် :D ဆိုတာကတော့ အများကြီး စဉ်းစားသင့်တာပေါ့။ ငါ့ညီက ပေါ့စတစ်လေ။ ဒီတော့ ရောဂါတွေကို ထပ်ဖြန့်နေအုံးမှာလား။ ဒီနေရာမှ ကျတော် အဓိက ပြောချင်တာ ရှိပါတယ် ထပ်ဖြန့်တယ် မဖြန့်ဘူးဆိုတာ ထက် ကျတော် ပြောချင်တာာ က self protection ပါ လူတိုင်းမှာ မိမိကိုယ်ကို ကာကွယ်ဖို့ တာဝန်နဲ့ရွေးချယ်မှု ကမိမိလက်ထဲမှာပဲ ရှိပါတယ် ဒါကရွေးချယ်မှုနဲ့ လုပ်တဲ့ လိင်ဆက်ဆံမှုတခုမှာ ပြောချင်တာပါ
sex worker တွေက မိမိကိုယ်ကို ကာကွယ်ဖို့ ကွန်ဒုံး သုံးဖို့ရွေးချယ်မှုနည်းတယ် လို့ စကားကိုကပ်ပြောရင် သပ်သပ် ပြန်ချေပ ပါမယ် ခုပြောနေတဲ့ လိင်တူဆက်ဆံမှုနဲ့ ကျတော့ကို ရောဂါတွေ ထပ်ဖြန့်နေမှာလားလို့ ပြောတဲ့ အပေါ်ကိုပဲ ပြန်ချေပတာပါ
ကျတော် ကူးလာခဲ့တယ် တယောက်ယောက် ဆီက ဘယ်သူမှန်းကျတော်မသိသလို ကျတော် သူ့ ကိုလဲအပြစ်မတင်ပါဘူး
ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်တုံးက ကွန်ဒုံးမသုံးခဲ့တာ ကျတော့ရွေးချယ်မှုလေ
မသိလို့ နားမလည်လို့ လို့ စကားကိုကပ်ပြောမယ်ဆိုရင်လဲ ခုခေတ်သည် သိချင်တာ လေ့လာ ချင်တာ အကုနု လေ့လာလို့ရတယ် ခေတ်ဆိုတာ ပဲပြောချင်ပါတယ် နောက်ပြီးတော့ ကျတော်တို့ မြန်မာ ပြည်အနေနဲ့ပဲပြောရင်
ကွန်ဒုံး ပရိုဂရမ်တွေ အများကြီး လုပ်နေတာ ဆယ်စုနှစ်တခု မကတော့ပါဘူး
ဒါပေမယ့် ခုထိကို ကူးစက်ပျံနှံ့ မှုနှုန်းတွေ ရှိနေတုံးပဲ
အဲ့တာ ဘာကိုပြလဲဆိုတော့ ရွေးချယ်မှု နဲ့ ဆင်ခြင်ဥာဏ်ရှိတဲ့လူတွေ က ကျတော်တို့ ကွန်ဒုံးသုံးလို့ပြောတိုင်းမသုံးကြလို့ပါပဲ

နောက်ဥပမာ တခုပေးရရင် ကိုဖိုးသူတော် ကို ဖင်ခံကြည့်လို့ ပြောရင် ခံမှာ မဟုတ်ပါဘူး (အဲ့လိုပဲ ကျတော် ယူဆပါမယ် မသေတော့မသေချာပါ) ဘာလို့မခံလဲဆိုတဲ့အကြောင်းပြချက်ကလဲ ကိုဖိုးသူတော် ဆီမှာ ခိုင်ခိုင်လုံလုံရှိမှာပါ အဲ့တာ ကိုဖိုးသူတော်ရဲ့ဖင်မခံဖို့ ရွေးချယ်မှု လို့ ကျတော်ပြောရင် ငြင်းမယ်မထင်ပါဘူး

အဲ့လိုပါပဲ ပြန်ချုပ်ရရင် လူတိုင်း ကိုယ့်ကို ကိုယ်ကာကွယ်ဖို့ အခွင့်အရေး နဲ့ ရွေးချယ်မှု က ကိုယ့်ဆီမှာပဲ ရှိပါတယ်
ကျတော် က ကွန်ဒုံး မသုံးချင်ဘူးပြောလဲ သုံးတဲ့ သူက သုံးမှာပဲ ဖြစ်သလို
ကျတော် က သုံးပါမယ် ပြောလဲ မသုံးချင်တဲ့ သူက သုံးမှာ မဟုတ်ပါဘူး
အဲ့အခါ အဲ့ဒီလူနဲ့ လိင်ဆက်ဆံခြင်း၊ မဆက်ဆံခြင်းဆိုတာ အဲ့ဒီအဖြစ်အပျက်မှာပါတဲ့ လူနှစ်ယောက်စလုံးနဲ့ ပဲ သက်ဆိုင်ပါတယ် မသုံးချင်တဲ့ လူနဲ့ဆက်ဆံမလား ရှောင်ထွက်မလား ရွေးချယ်မှုပါပဲ ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်

ဘယ်လိုအကာအကွယ်နဲ့ ကာကွယ်ပါတယ်ပြောပြော တဖက်လူမှာ ဒုက္ခဖြစ်မသွားနိုင်ဘူးလား။ ဘယ်သူ့မှ မထိခိုက်ဖူးလို့ ပြောလို့မရတော့ဘူးလေ ငါ့ညီရယ်။

အဲ့ဒီထိခိုက်မှုနဲ့ အန္တာရယ်ကိုယူမယူ ဆိုတဲ့ရွေးချယ်မှု က တဖက်လူရဲ့ လက်ထဲမှာပါပဲ ကျတော့် ကိုကျတော် ကာကွယ်ဖို့ တာဝန် ကျတော့်မှာရှိသလို သူ့ကိုကာကွယ်ဖို့ တာဝန်သူ့မှာပဲ ရှိပါတယ် သူ့အတွက် ကျတော် မကာကွယ်ပေးနိုင်ပါဘူး အဲ့တာ က အကို က ကျတော့် ကိုပိုးရှိသူမှန်းသိပြီးပြောနေတာပါ ကျတော် နဲ့ဆက်ဆံမယ့်နောက် တဖက်လူ မှာ ဘာရှိမှန်းမသိပါဘူး (ဒါက ရှင်းပြရမယ်ဆိုရင် အရှည်ကြီးပြောရမှာပါ HIV ပိုးမျိုးကွဲတွေအကြောင်းနဲ့ ဆေးမတိုးတော့တဲ့ ပိုးတွေ တခြား ဘီ၊ စီ စတဲ့ ပိုးတွေ လဲအများကြီးသူ့ဆီကနေရလာနိုင်သေးတာပဲ အဲ့တာကြောင့် ကျတော်ကတော့ မိမိကိုယ်ကို ကာကွယ် ဖို့ တာဝန်မိမိမှာပဲ ရှိတယ် လို့ ပြောတာ ပါ)

ကိုယ့်အကုသိုလ်ကံက ကိုယ့်ကို ပြန်အကျိုးပေးလာတဲ့တစ်နေ့ အလူးအလဲ ခံရရင် တရားနှလုံးမသွင်းနိုင်ပဲ သေခါနီးမကောင်းတဲ့ အာရုံတွေက အထုံဖြစ်လို့ ဘ၀ကူးအချိန်အတွက် အန္တရာယ်များလှတာပေါ့ကွာ။

ဒါတွေကတော့ ကျတော်က ကံတွေ ဝဋ်တွေ မယုံလို့ အကျယ်မငြင်းချင်ပါဘူး လက်ညောင်းပါတယ်

ဒါကတော့ ငါ့ညီက အချက်ကျကျပြောပေးပါဆိုလို့ ပြောပြတာပါ။ ငါ့ညီစိတ်ဆိုးနေတယ်ဆိုတာ သိရလို့ တခါတည်းတောင်းပန်ခဲ့တယ်ကွာ။ အကျိုးပြုစာတွေအတွက် မျှော်နေမယ်။

ကျတော် စိတ်မဆိုးပါဘူး (စကားပြော ခနဲ့တတ်တာကတော့ အခြောက်မို့လို့ လို့ပဲ လက်ခံလိုက်ပါ ဟိဟိ အမွှေပေါ့ လူကနေပေမယ့် ပညာကမနေတာပါ) စိတ်တော့မဆိုးပါဘူး အဲ့အတွက် တောင်းပန်စရာမလိုပါဘူး

မင်းရဲ့ လူမှုရေးလှုပ်ရှားမှုတွေ၊ ဘ၀ဒဿနခံယူချက်အပြည့်ပါတဲ့ စာတွေကိုပဲ တခါတည်းတောင်းဆိုခဲ့မယ်။ အဲ..တစ်ခုပြောခဲ့ချင်သေးတယ်။ ဟိုဘလောဂ့်တစ်ခုက လူလို့တော့ မထင်ပါနဲ့ ကိုယ်က တကယ့် Reader သပ်သပ်ပါ။ ကျွန်တော့်အပြောတွေ သိပ်ဆိုးသလိုဖြစ်ခဲ့ရင် ငါ့ညီပြောသလို အပင်သိပ်မြင့်လို့ လေတိုက်ခံရတယ်ပဲ မှတ်ပါ။ စစ်မှန်တဲ့ ကံအကျိုးပေးရပါစေ ညီရေ...။

ဟိုအဖွဲ့ က ဟုတ်ဟုတ်မဟုတ်ဟုတ် အကို့ကို ကျတော်က ဒီလိုပဲ သေချာရှင်းပြမှာပါ ရန်ဖြစ်တာမျိုးမဟုတ်ဘဲ စကားချေတင်ပြောတာမျိုးပါ ဒါပေမယ့် ကျတော်အမြဲခံယူထားတာတခုကတော့ agree to disagreement ပါ အဲ့တော့ အကိုပြောတာ ကိုလဲ ကျတော် က ဘာမှ ဆင်ခြင်ကန်စရာမလိုပါဘူး အဲ့တာတွေကို အကို ဒီလို ပြောနိုင်ဖို့၊ ပြောဖြစ်ဖို့၊ ပြောဖို့ အကိုကြုံတွေ့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် နဲ့ အကိုသင်ခဲ့တာတွေ ဖတ်ခဲ့တဲ့ စာတွေ ပေါ်မူတည်နေပါလိမ့်မယ်
အဲ့လိုပဲ ကျတော် ပြောတာတွေကလဲ ကျတော့ ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင် ဖတ်ခဲ့တဲ့စာတွေ နဲ့ ဘဝအတွေ့အကြုံပေါ်တည်တာပါပဲ
သေချာတာကတော့ ကျတော့ ပတ်ဝန်းကျင်မှာ ခြောက်တွေထက်ပိုမိုမြင့်မြတ်တဲ့ ယောက်ျားတွေမတွေ့ဖူးခဲ့သလို ယောက်ျားတွေထက် အခြောက်ဖြစ်တာလေးတခုထဲနဲ့ နိမ့်ကျနေတဲ့ အခြောက်တွေလဲ မရှိဘူးလို့ပဲ ပြောချင်ပါတယ် ဘာပဲ ဖြစ်ဖြစ် ဒီလို အပြန်အလှန်ဆွေးနွေးရတဲ့အတွက်လဲ ဝမ်းသာပါတယ်

26 comments:

  1. 4:43 PM nye: ဟဲဟဲ
    4:48 PM me: ဘာလဲ
    nye: ဒီဘိတ်
    ဖတ်ပီးပီ
း)
    me: ပြင်နေတယ်
    ပြန်ဖတ်
    4:49 PM nye: ဟုတ်
    4:50 PM me: ကြည့်နေပြီလား
    4:51 PM nye: ဖွင့်နေ
    4:52 PM me: ရလား
    4:53 PM nye: လုဒ်ဒင်း
    4:57 PM me: ရလား
    nye: ရ
    ဖတ်နေ
    4:58 PM me: ဘယ်လိုသဘောရလဲ
    4:59 PM nye: ပြောတတ်ဘူးရော
    5:00 PM အဲလိုတွေ
    တင်နေသေးတယ် တီကလည်း
    me: ဟင်မကောင်းဘူးလား
    5:01 PM nye: မကောင်းဘူး ကောင်းတယ် ထက်
    အင်း.. အင်းပေါ့လေ
    မကောင်းဘူးပေါ့
    me: အာဘာညလဲကွာ
    ဘာမကောင်းတာလဲ ချက်နဲ့လက်နဲ့လာပြော
    nye: သက်သက် အမွှေဘလော့လို ဖြစ်နေတာပေါ့
    မမိုက်တော့ဘူး
    me: အင်း
    စဉ်းစားစရာပေပ
    5:02 PM nye: မဟုတ်ဘူးလေ ပြန်ပြောနေတာတွေကိုပြောတာ
    ပစ်ထားလိုက်ပီးရော
    me: အင်း
    nye: အကြောင်းသိသူ နားလည်တတ်သူက လာဖတ်နေ လာပတ်သက်နေမှာပဲ
    me: အခုဟာက အခြောက်များအခွင့်အရေးအတွက် တီကတိုက်နေတာပါကွယ်
    ဟိဟိ
    nye: ဘုမသိ ဘမသိ တခါတလေလေးလာပီး ဘာညာလာပွားနေသူက အချိန်တန်ရင် ပီးသွားမှာ
    me: အင်းပါ
    နောက်ဆိုမရေးတော့ဘူး
    5:03 PM nye:း)
    အေးလေ.. အခြောက်များအခွင့်အရေးအတွက်လို့
    စဉ်းစားပြန်တော့လည်း
    :D
    me: တီပြောချင်တာ က
    သူပြောထားတယ် အခြောက်တွေကနိမ့်ကျတယ်တဲ့ ဘယ်မလဲ
    အဲ့တာကိုရှင်းတာ ပါ
    နောက် ရောဂါဖြန့်တယ်ဆိုတဲ့ကိစ္စ
    အဲ့လောက်ပါပဲ
    5:04 PM တီကဖက်မဖြစ်တတ်ပါဘူး
    ဖက်ရင်တော့ တခြားဟာတခုခုပဲလုပ်ချင်တယ် အဟိ
    ရွေးချယ်ခွင့်ရှိရင်ပြောတာပါ
    nye: အေးလေ..
    me: ခုပြောနေတာတွေမန့်မှာတင်မယ်နော်
    5:05 PM nye: မန့်မှာ သူနဲ့ပဲမန့်လေ.. သူလာဖတ်နေတာပဲ.. ပြန်တင်လိုက်တော့... လာဖတ်သူတွေကျ ဘယ်လိုပြောမလဲ အရှုပ်ထဲပါသွားရော
    me: အင်းပါ ညီပြောတာ သဘာဝကျပါတယ်
    ခေါင်းစဉ်မှာကိုကပြောထားတယ်လေ
    မမရီတာ ကိုအလျင်အမြန် အတုခိုးပါတယ်လို့ဆို ဟိဟိ
    5:06 PM nye:း)

    ReplyDelete
  2. အန်တီချမ်းရေ ..... ဆွေးနွေးခန်းလေး လာဖတ်ပြီး ပြုံးသွားတယ်နော်။

    ReplyDelete
  3. :)

    ကောင်းတယ်
    ပြောသွားတဲ့ထဲက generalized နဲ့ individualize ကိစ္စ မှန်တယ် လို့ ယူဆပါတယ်။

    နောက်တခုက ရွေးချယ်ခွင့်။

    (ဒါပေမယ့် ငါ့ညီဟာ တကယ်လို့ သားယောင်္ကျားလေးတစ်ယောက်မွေးထားတဲ့ အဖေဖြစ်တယ်ဆိုပါစို့ (ဥပမာနော်)။ ငါ့ညီရဲ့သားကို အခြောက်အဖြစ်ခံမလား။ ဆုံးမမလား.... ??။) သူမေးသွားတာ... ဒီကိစ္စမျိုးဟာ (ဘာသာတရားကို ခဏ ဘေးဖယ်ထားလိုက်ပါဦး။) ဆုံးမလို့ ရတဲ့ ကိစ္စမျိုးလို့ ကိုယ်တော့ မထင်ဘူး။ အဲဒါ တကယ့်ကို တဦးချင်းစီရဲ့ ရွေးချယ်ခွင့်ကိစ္စပဲ။

    ခြောက်နေတဲ့လူတွေသည် မိဘမဆုံးမလို့ မဟုတ်သလို၊ မခြောက်တဲ့လူတွေဟာလဲ မိဘက မခြောက်အောင် ဆုံးမထားလို့ မဟုတ်ဘူး။ တခုတော့ ရှိတာပေါ့လေ။ (ပေါ်တင်ခြောက်နဲ့ ရွက်ပုန်းခြောက်တော့ ကွာချင်ကွာမှာပေါ့။ ခြောက်တဲ့လူဟာ တသက်လုံးခြောက်မှာပဲ။) ဒီကိစ္စက ဆုံးမတားမြစ်တာနဲ့ ဘာမှ မဆိုင်တဲ့ ကိစ္စပဲ။

    ကောင်းပါတယ်။ ကိုယ်ကတော့ အရိုးစွဲနေတဲ့ အမြင်တွေနဲ့ ငြင်းရခုန်ရတာကို ကြိုက်တယ်။

    တခုတော့ ဝန်ခံချင်ပါတယ်။
    ကိုယ့်မှာသာ ကလေးရှိရင် ..
    သူသာ အဲလို ဖြစ်မယ်ဆိုရင် မရဘူးလို့ သိနေပေမယ့်လည်း တားမြစ်မိမှာပဲ။ ရမှာလဲ မဟုတ်ဘူး။
    မရတဲ့ အခါမှာ ကိုယ် ဝမ်းနည်းမိမယ်။
    ပြီးတော့ ရှက်မိမယ်။ အဲဒီခံစားမှုတွေကိုတော့ ကိုယ် လွန်ဆန်လို့ ရမှာ မဟုတ်ဘူး။

    ဒါပေမဲ့ Addy ကတော့ ကိုယ့် သူငယ်ချင်းပါ။

    ဒါ အလဟဿဖြစ်တဲ့ post လို့ ကိုယ်ကတော့ မထင်ပါဘူး။ ဆွေးနွေးသင့်တဲ့ ကိစ္စပါ။

    ReplyDelete
  4. ကျမကတော့ အခြောက်တွေရဲ့ သတ္တိကိုချီးကျူးတယ်။
    တချို့ တွေဆိုမိဘတွေကိုလုပ်ကျွေးနေကြတာ။

    ReplyDelete
  5. Too much writing above. Not enough time to read for the time being. I will read properly later on.

    To be honest, I never want to be a gay coz my sexual orientation is only to the opposite sex, preferably non-virgin aged between 22 and 35. But I won't criticise those with a same sex relationship. There are many gay and lesbian couples among my friends and colleagues. They are just normal human beings with love. These days, in some part of the world, gay marriage has been recognised.

    There are famous gay and lesbian celebrities. such as Elton John, George Michael, Lindsey Lohan.....

    Here are some

    http://www.queerattitude.com/society/famous.php

    ReplyDelete
  6. ကဲ ... မနေနိုင်လို့ ဧည့်သည်အဖြစ် လာလာကြည့်နေရာကနေ ၀င်ရေးပါသည် ... ( အမှားပါရင်လဲ ခွင့်လွှတ်ကြပါ )

    ၁ . အခြောက်ဖြစ်နေတာကို မကောင်းဘူးလို့ ကိုဖိုးသူတော်အနေနဲ့ ဘယ်အချက်အလက်ကို ကိုင်ပြီး ပြောပါသလဲ ... ယောက်ျားစစ်စစ် ဖြစ်နေခြင်း မဖြစ်နေခြင်းထက် လောကကို မိသားစုကို ပတ်ဝန်းကျင်ကို အကျိုးပြုနေခြင်း မပြုနေခြင်းဆိုတာကိုသာ ကြည့်သင့်တယ် မဟုတ်ပါလားဗျာ ... ကျနော်ဆိုလိုချင်တာက ယောက်ျားစစ်စစ်ပါပဲ ဒါပေမယ့် ပတ်ဝန်းကျင်ကို မိသားစုကို ဒုက္ခပေးနေတဲ့ သူတစ်ယောက်နဲ့ ကိုယ့်ဘာသာကို အေးအေးချမ်းချမ်း ကိုယ်လုပ်စရာရှိတာကိုယ်လုပ်နေတဲ့ အခြောက်တစ်ယောက် ... ဘယ်ဟာကို လူ့ပတ်ဝန်းကျင်က လက်ခံမလဲ စဉ်းစားကြည့်ပါ ( အဲ ... မိရိုးဖလာ စွဲလမ်းယုံကြည်မှုတွေ. ဘာသာတရားဆိုတာတွေကိုတော့ ခဏလောက် ဖယ်ထားလိုက်ကြရအောင် ... နော့် ) ဥပမာ ... ဘယ်သူ့ကိုမှ မပြောချင်ပါဘူး ... ကိုယ့်ဘ၀ကို ကိုယ့်ဘာသာပဲ ပြောပါ့မယ် . ကျနော်သည် homo တစ်ယောက်ပါ . ကျနော့် အသက် ၁၈ မှာ အလုပ်စလုပ်တယ် .ရတဲ့ လခ တစ်ဝက်တိတိကို အမေ့ ပြန်ပေးတယ် . ကျနော့်ထက် အသက် ၉ နှစ်နီးပါး ကြီးတဲ့ ( အဲဒီတုန်းက ၂ ၈ ပေါ့ )ကျနော့် အကို . အလုပ်မလုပ်ဘူး . ပင်စင်စား မုဆိုးမ မိခင်ကြီးဆီက လက်ဖြန့်တောင်းတယ် . သူ တောင်းတဲ့ amount မရရင် ပြဿနာ ရှာတယ် . ရလာတဲ့ ပိုက်ဆံနဲ့ ဆေးချတယ် . အရက်သောက်တယ် . အပေါင်းအသင်းတွေကို ကျွေးမွေးတယ် .
    ကုန်ကုန်ပြောရင် အဲဒီငွေနဲ့ ဖာ သွားချတယ် ( ရိုင်းသွားရင် ခွင့်လွှတ်ကြပါ )
    ကဲ ...ဖိုးသူတော်ဆိုတဲ့ အကိုကို ကျနော် မေးချင်ပါတယ် .
    ဘယ်သူက ကောင်းပြီးတော့ ဘယ်သူက မကောင်းဘူးလဲ
    ငါ့ အကိုအနေနဲ့ generalized နဲ့ individualized ကို ခွဲခြားတတ်ရင် အရမ်းကောင်းသွားမှာပါဗျာ .
    အဲ ... တခုတော့ ရှိတာပေါ့ .
    ကျနော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရသလို ...
    ဒီကျီးကန်း မဲသည် . ဟိုကျီးကန်းလဲ မဲသည် .
    ထို့ကြောင့် ကျီးကန်း အားလုံး မဲသည် . လို့တော့ ကောက်ချက်မချနဲ့ပေါ့
    အရမ်းကို ဆွတ်ဆွတ် ဖြူနေတဲ့ ကျီးကန်းတွေလဲ လောကကြီးမှာ ရှိပါသေးတယ်ဆိုတာ အသိပေးရင်း . . .

    မလိမ်မိုး မလိမ်မာ ဧည့်သည်လေး
    အူဝဲ

    ***လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်. ***

    ( ကျနော် မကျေလည်တဲ့ အချက်လေးတွေ တစ်ချက်ချင်း ရှင်းသွားချင်ပါတယ် ... အရမ်းအိပ်ချင်နေတဲ့ကြားက တစ်ချက်ကိုတော့ ရှင်းခဲ့ပါပြီ ... အခု စာ ဆက်ရိုက်ဖို့ ခွန်အား ရှိနေသေးရင် ဒုတိယ မကျေလည်တာလေး ဆက်ပြောပါ့မယ် )

    ReplyDelete
  7. အလိုလေ..လေး စည်ကားနေပါ့လားဗျ။ :D။ ဒီပိုစ့်ကို ဘော်ဒါတွေပေးဖတ်တော့ တ၀ါးဝါးရီလိုက်ရတာဗျာ။ သူတို့တွေ တော်တော်လေးသဘောကျနေကြတယ်။ ငါ့ညီကို ပုဂ္ဂိုလ်ခင်လို့ တရားမင်ပြီးဝိုင်းပြောပေးကြတာ ပျော်စရာတော့ကောင်းပါတယ်။ ဒါပေမယ့် ငါ့ညီကိုခင်တဲ့လူတွေက အကိုရေးခဲ့တဲ့ကွန့်မန့်ကို သေချာပြန်မဖတ်မိကြဘူး။ သူတို့ရဲ့ တကယ့်ရင်ထဲမှာ ရှိနေတဲ့ ဖြစ်သင့်တဲ့သဘောကို ပုဂ္ဂိုလ်ရေးခင်မင်မှုနဲ့ ဖုံးကွယ်ထားကြတာပါ။ ထားပါလေ ကာယကံရှင်တွေသိပါတယ်။ :D။

    ကိုယ့်အနေနဲ့လွန်သွားတာလေး တစ်ခုရှိတယ်။ အမှန်ဆို ဒီစာမျက်နှာကို မဖတ်ချင်ကျော်သွားလို့ရတာပေါ့လေ။ ဒါပေမယ့် အမျိုးကောင်းသားသမီးတွေ ဖတ်မိရင်၊ မမြင်အပ်တဲ့ပုံတချို့တွေ မြင်မိရင်ဆိုတဲ့အတွေးရယ်ကြောင့် အမြင်မတော်လို့(မြန်မာဘလောဂ့်တစ်ခုအနေနဲ့) ၀င်ပြောမိတာပါ။ ဆောရီး :D။ မိုးကျရွှေကိုယ်တို့လို သဘာဝအရ လိင်နဲ့ပက်သက်တဲ့ porn site ဆိုရင်တော့ ထားတော့ပေါ့ဗျာ။

    ကိုယ်က အဲဒီပိုစ့်ကြောင့် http://chenaddy.blogspot.com/2009/07/kiss.html ၀င်ပြောမိတာပါ။ အခြောက်တွေ မကောင်းဘူးလို့ မဆိုလိုခဲ့ဘူး။ ကောင်းတဲ့အခြောက်ရှိသလို မကောင်းတဲ့အခြောက်လည်း ရှိတာပဲ။ ကောင်းတဲ့ ယောင်္ကျားရှိသလို၊ မကောင်းတဲ့ယောင်္ကျားလည်း ရှိတာပဲ။ အဲဒီလိုပဲ မိန်းမကောင်းရှိသလို မကောင်းတဲ့ မိန်းမလည်း ရှိတာပဲ။ ဒါက ကလေးတောင်သိတဲ့ အဆိုးအကောင်းဒွန်တွဲတတ်တဲ့ သဘောတစ်ခုပါ။ တီချမ်းဆိုတဲ့ ကိုယ့်ညီကို အဆိုးချည်းပဲ မပြောခဲ့ဘူး ကောင်းတဲ့အရေးအသားရှိလို့သာ မကောင်းတဲ့ ပိုစ့်အတွက် ဝေဖန်ခဲ့တာပဲ။ ကိုယ်က ဘလောဂ့်တစ်ခုကို ဖတ်ပြီဆို ပိုစ့်တွေတစ်ခုစီ သေချာလိုက်ဖတ်တတ်တယ်။ စာဖတ်တာလည်း ၀ါသနာပါလို့ပါ။ ကွန့်မန့်လည်း စိတ်ထဲရှိမှပေးတာပါ။

    ဘာသာရေးနဲ့ပက်သက်လို့ ကိုးကွယ်မှုမတူညီရင်တော့ ကျဉ်းမြောင်းတဲ့အယူဝါဒလို့ သတ်မှတ်နိုင်ပါတယ်။ ဒါနဲ့ပက်သက်လို့ ပြောစရာမရှိပါဘူး။ အဲ.. ဘုရားသခင်က လူယောင်္ကျား၊ လူမိန်းမအပြင် ဒီဖက်ခေတ်ထဲရောက်လာတော့ Modify လုပ်ပြီး လူအခြောက်ထည့်ဖန်ဆင်းတယ်ပဲ သတ်မှတ်ပါတယ်။ ကျေးဇူးတော်ပေါ့လေ။ :D။

    ကဲပါ ငါ့ညီတို့ရော လာအားပေးနေတဲ့ဘော်ဒါတွေပါ အချိန်ကုန်ပါတယ်။ ကျွန်တော်လည်း တခြားကိစ္စတွေလုပ်ဖို့ရှိတယ်။ ဒီတော့ ဘယ်သူဖြစ်ဖြစ် ပြောစရာရှိရင် ကျွန်တော့မေးလ် mr.phothudaw@gmail.com သာ လာပြောဗျာနော်။ အားရင်တော့ ပြန်ပြောမယ်။ မအားရင်တော့ စိတ်မရှိနဲ့ :)။ ခင်ရမင်ရတာပေါ့ဗျာ။ :)။ Peace နော် ငါ့ညီ :D။
    သတ္တ၀ါတစ်ခု ကံတစ်ခုပါပဲ။ Goodbye ဗျာ။

    စာကြွင်း။ ။ တချက်ချင်းရှင်းချင်တဲ့ ဘော်ဒါတွေကတော့ ဒီပိုစ့်မှာပဲဆက်ရှင်းနေခဲ့ပါ။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇတ် မျောက်လိုပဲ ကက၊ ဗုံစုတ်ပဲ တီးတီး ဘော်ဒါတို့နားထောင်ကောင်းရင် ပြီးတာပဲ။ အဲ.. အသံတော့ သိပ်မကျယ်စေနဲ့..ဟား ဟား။ (အပျော်ပါ) ကိုယ်တော့ တခြားဘလောဂ့်တွေ လည်လိုက်အုံးမယ်။ :D။ Cool Down နော်။ :D။

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. အခုမှလျောချနေတယ်

    ReplyDelete
  10. အဖျားရှူးကောင်ကြီး

    ReplyDelete
  11. ကော်မန့်တွေလဲ အားလုံးဖတ်တယ်။ ဆွေးနွေးတာတွေလဲ အားလုံးဖတ်တယ်။

    စာသားတွေ အတော်လေးထိမိပါတယ်။ တချို့ မဖတ်သင့်ဘူးထင်တဲ့ ပို့စ်တွေတော့ ကျော်ဖတ်သွားပေါ့ဗျာ..။

    လောကမှာ.. ယောင်္ကျားမိန်းမ အခြောက် အားလုံးဟာ တူတူပါပဲ။ ဘယ်သူမှ မြင့်မြတ်နေကြတာ မဟုတ်ပါဘူး။ အဲဒါကို အယင်အယင်က မဟာ ၀ါဒီကြီးတွေနဲ့ လာကိုင်ပေါက်တာကတော့ ရယ်စရာတွေပါပဲ။

    ဘာပဲဖြစ်ဖြစ် အခြောက်ဖြစ်ခြင်း မဖြစ်ခြင်းဆိုတာကလဲ အယင်အယင်ဘဝက တခုခုကြောင့် ဖြစ်ခဲ့တြတာပါ။ အပြစ်ပြောလိုပျွ မရတာ။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို အကျိုးပြုနေတယ်။ ကောင်းအောင်လုပ်ပေးနေသ၍ ယောင်္ကျားမိန်းမအခြောက်အားလုံး ဟာ ဂုဏ်ယူစရာပါပဲ..။

    ReplyDelete
  12. သြော် ကိုဖိုးသူတော်..

    ကျနော် တိတိချမ်းနဲ့ မခင်ပါဘူး။ ဟိုဘလော့မှာ တွေ့မှ စိတ်ဝင်စားလို့ လာဖတ်ရင် သူ့အကြောင်းကို သိတာပါ။
    လေးလဲလေးစားမိတယ်။
    ဘဝကို အရှုံးမပေးပဲ သူံပတ်ဝန်းကျင်ကို သူ ကူညီနေတာပါ.။

    တော်ကြာ ဘော်ဒါမျက်စိနဲ့ကြည့်ပီး အကောင်းပြောနေတယ်ထင်မှာဆိုးလို့ ထပ်ရေးတာပါ။

    တီချမ်းရေ.. မိန်းကလေးတွေ မဖတ်သင့်တဲ့ အချို့လေးတွေတော့ နဲနဲလောက် သတိထားပေးစေချင်ပါတယ်ဗျို့

    ReplyDelete
  13. အော် ... အေး
    သူမို့လို့ မရှက်တတ်တယ်

    ReplyDelete
  14. သြော် နိုင်ငံတကာအသိအမှတ်ပြု တရားဝင်ခိန်ဖို့ ကြိုးစားနေတဲ့ ဘလောက်ဂါကြီးပါလားနော်။ မြှောက်ပေးနေကြတဲ့ မိန်းမတွေကလဲ အံ့ဘအေ။ သူများခိန်တာ အားပေးစရာလားလို့ ခွိ ခွိ။ ၀ါသနာပါရင် ကိုယ်တိုင်ခိန်ကြလေ နော်။ ငါတော့ ၀ါသနာပါလို့ ကိုယ်တိုင်လှုပ်ရှားတယ် ကောင်မရေ။ ဒီလို စွန့်လွှတ်စွန့်စား ဘလောက်ဂါတီချမ်းကို အားပေးတယ်၊ ဘရာဘိုပါ။
    အဲ တချို့ဘလောက်ဂါမိန်းမစစ်စစ်တွေကတော့ သူများလွတ်လွတ်လပ်လပ်ခိန်တာကို ကြိတ်မနိုင်ခဲမရဖြစ်ပြီး အောက်စီဂျင်လိုလာကျင့်ကြံနေကြတယ်။ အဲဒီမိန်းမစစ်စစ်တွေလဲ ကိုယ်တိုင်ခိန်ဖို့ အားပေးတယ်နော်.. ဟိ ဟိ။

    သိပ်သိပ်ချစ်တဲ့
    ဘေဘီလေး

    ReplyDelete
  15. ကျနော် ဒီပိုစ့်လေးကို စိတ်ဝင်စားပါတယ် ကြိုပြောထားချင်ပါတယ် တီချမ်းဆိုတာက အင်တာနက်ကနေ ကျနော်သိခွင့် စကားပြောခွင့် ရဖူးပါတယ်။ ဒီပိုစ့်လေးကို ဖတ်ပြီး ဘာသာတရားဆိုတာထက် လူကျင့်ဝတ်ကို ကျနော့်အမြင်အရ သုံးသပ်ကြည့်တာပါ။ အပေါ်က ထောက်ပြသူ ကိုဖိုးသူတော်နဲ့ ရှင်းလင်းသူ တီချမ်းကို ကျေးဇူးတင်ပါတယ်။ အချက်အားလုံးကို ပျှမ်းမျှကောက်ကြည့်လိုက်ရင် တီချမ်းကို ထောက်ခံပါတယ်။ ( အခြောက် ဖြစ်ခြင်းဆိုတာ ဝေဖန်စရာမဟုတ်ပါဘူး။ လောကမှာ မဖြစ်သင့်ပဲ ဖြစ်သွားတဲ့ လူတွေ ရှိသလို ဖြစ်ချင်လို့ ဖြစ်လာတာတွေလဲ ရှိမှာပါပဲ။ လူလောကမှာ အားလုံးဟာ ကိုယ်နဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီအတွက် အခြောက်ဆိုတာကို ပုတ်ခတ်စရာမလိုသလို ဝေဖန်ရှုံ့ချခြင်းကိုလဲ ကျနော် သဘောမတူပါဘူး။ တချို့ယောကျာ်းရင့်မာကြီးတွေ အခြောက်ဆိုတဲ့ လူတွေလောက်အသုံးမကျတာတွေလဲ လောကမှာ အများကြီးပါ)

    ကျနော်အမြင်အရ တခုပဲ စဉ်းစားမိတာပါ။ တီချမ်းပြောသလို ကိုယ်တာဝန်ကိုယ်ယူကြရမယ်ဆိုတာကို သဘောပေါက်ပါတယ်။ ဒါပေမဲ့ တီချမ်းရဲ့ မတော်တဆ ဆိုတာကိုကော ပြောလို့ရပါ့မလား။ ဆိုလိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒါကိုကြောင့်လို့ မဆက်ဆံနဲ့လို့ ပြောလို့ရတယ်ဆိုပေမဲ့ ဆိုပါစို့ တဖက်သူကလဲ မကူးနိုင်လောက်ဘူး၊ မဖြစ်နိုင်လောက်ဘူးဆိုပြီး ဆက်ဆံမိတယ်၊ ပြီးမှ ကူးသွားတယ် ဒီလူကလဲ သူ့မှာ ရောဂါရှိပြီဆိုတာကို မသိဘူး နောက်လူတွေနဲ့ ဆက်ဆံတယ် ဒါဆိုရင် ရှေ့ဆက် ဘယ်လိုဖြစ်ကုန်မလဲ....

    တီချမ်းရဲ့ လူမူရေးလုပ်ငန်းတွေ၊ အားမလျှော့တဲ့ စိတ်ဓါတ်တွေကို ကျနော် တော်တော်လေး သဘောကျပါတယ်။ အားလဲ အားပေးပါတယ် တချိန်မှာ ကျနော်လဲ အဲ့လို ပရဟိတတွေ လုပ်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အဓိကက လူတွေရဲ့ စိတ်ဓါတ်လေးပါပဲ အရမ်းချစ်ကြတယ် မဖြစ်နိုင်ဘူးဆိုပြီး ဆက်ဆံကြမယ်။ မတော်တဆဆိုတာကြီးကို ထည့်တွက်မိခဲ့မယ်ဆိုရင်တော့......

    တဖက်သတ်နဲ့ ဗုဒ္ဓဘာသာအယူအဆ ဒါကို ကံကံ၏အကျိုးတရားလို့ ပြောရင်တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်ဘာသာရေးကို ဆွေးနွေးတာမဟုတ်ပါဘူး။ ကျနော်ဟာလဲ ဗုဒ္ဓဘာသာဝင်တယောက်မဟုတ်ပါဘူး ။ အားလုံး ဒီကိစ္စကို ပေါ့ပေါ့လေးမထားပဲ သေချာစဉ်းစားကြည့်ပြီး ရှင်းလင်းကြရင် တော်တော်လေး အကျိုးရှိနိုင်တဲ့ ပိုစ့်ကောင်းလေးတခု ဖြစ်လာနိုင်ပါတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  16. This comment has been removed by a blog administrator.

    ReplyDelete
  17. တီချမ်း
    ပြန်ပြောတတ်တာလေးတွေ သဘောတကျ ပြုံးဖတ်သွားတယ်။
    မြင့်မြတ်ပါတယ်ဆိုတဲ့ ယောင်္ကျားတစ်ယောက် မနက်ကဘဲ မေလေးဆီ သူများလင့်နဲ့ ၁၂ ကြောင်းတိတိဆဲသွားတယ်

    လူငယ်အာဟာရး မေလေးဆိုတဲ့ကောင်မကိုနောက်ကဆောင့်ပြီး......ချင်တယ်။ဘာတွေရေးနေမှန်းမသိဘူး။နောက်ထပ်ရေးရင် အိ
    အဲလို ၁၂ ကြောင်းတိတိဆဲသွားတယ် တီချမ်းရေ
    ဘယ်သူလဲဆိုတာတော့ ကာယကံရှင်သိမှာပါ
    ညနေမှပို့စ်တင်ရမယ်
    အိမ်ရောက်မှလာထပ်မန့်မယ်
    ခုတော့ရုံးမှာမို့

    ReplyDelete
  18. ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ..... ချမ်းချမ်း.. ဘယ်အချိန်ကစပြီးတော့ ကိုယ့်ကိုယ်ကို ဂေးမှန်းသိသွားတာလဲ..
    အဲဒါလေးရှင်းပြလို့ရရင်ရှင်းပြပေးပါ.. ဘယ်လိုစဖြစ်သွားတာလဲဆိုတာကိုပါ..

    ReplyDelete
  19. ဒီဘလော့ဂ်ကို လာလာဖတ်နေတာ ကြာပေမဲ့ ဘာမှဝင်မပြောဖြစ်ခဲ့ပါဘူး။ ငယ်ငယ်က အခြောက်တွေကို ရွံပါတယ်။ ဒါပေမဲ့ နည်းနည်းလေး ကြီးလာတော့ အခြောက်တွေကို ဘာဖြစ်လို့ အသိအမှတ်မပြုနိုင်ရမှာလဲလို့ တွေးမိတယ်။ ယောင်္ကျားလေးတွေလည်း ပျော်သလို မိန်းကလေးတွေနဲ့နေရင် သူတို့တွေမှာလေ ပျော်သလိုနေခွင့်ရှိရမှာပေါ့။ လိင်တူဖြစ်ဖြစ်၊ လိင်ကွဲဖြစ်ဖြစ် လိင်ဆက်ဆံတာက လိင်ဆက်ဆံတာပါပဲ။ ဘာဖြစ်လို့ နားမလည်ပေးနိုင်ရမှာလဲ။ နောက်ပြီး အမှန်အတိုင်းပြောရရင် ဒီဘလော့ဂ်ပိုင်ရှင်ရေးတဲ့ တချို့ပို့စ်တွေက အမြင်ရိုင်းပေမဲ့ မသိတာတွေ သိရတာတော့ အမှန်ပါ။ ဒါကြောင့်ရှိသင့်တဲ့ ဘလော့ဂ်လို့ မြင်ပါတယ်။ ရိုးသားတဲ့ မြန်မာမိန်းကလေးတွေအတွက်တော့ ရိုင်းတဲ့ပို့စ်လို့ထင်ရပေမဲ့ မြန်မာပြည်က စာအုပ်တွေထဲမှာ ရှာမတွေ့နိုင်တဲ့အကြောင်းအရာတွေပါ။ စာဖတ်တယ်ဆိုတာ ကောင်းတာတမျိုးတည်း ရွေးဖတ်သင့်တာမှမဟုတ်တာ။ တအားရိုင်းနေတယ်ထင်ရင်လည်း မဖတ်ဘဲကျော်သွားလို့ရတာပဲလေ။ ဝေဖန်ထားတဲ့သူက သူကုသိုလ်ကောင်းလို့ ယောင်္ကျားစစ်စစ်ဖြစ်တယ်ဆိုတော့ ဟိုးမမြင်ရတဲ့ဘ၀တွေမှာ သူကိုယ်တိုင် အခြောက်ဘ၀မရောက်ဘူးလို့ အာမခံနိုင်လို့လား။ အဲဒီအခါကျ ဘယ်လိုတုံ့ပြန်မလဲ အခွင့်အရေးရှိရင် လိုက်ကြည့်ချင်ပါသေးတယ်။

    ReplyDelete

    ReplyDelete
  21. Dear AC,

    I do agree that we all have to protect ourself.

    But we all must know the different between choice and responsibility.

    I believe that Taung Paw Thar's concern is responsibility.

    The best is if A who has positive must tell B that he / she has positive as it is A's responsibility. And then the rest is up to B.
    (If A or B really doesn't know if he/she has positive, it will be fine and it is totally "choice".

    I believe that B won't have sex at all or must use condom and proper way if B chooses to have sex with A.

    Because if we have sex with strangers or someone we knows recently or long time, it is not 100% to get positive compared to having sex with the person who has positive.

    That's why it is totally A's responsibility to tell B.

    If A doesn't tell about it and make sex with B without condom, A must feel guilty if A has clear conscience.

    The worst case is that A can be sued by B for not telling having positive as if B can trace back for having positive later. (This is what the HIV / AIDS specialists tell the HIV / AIDS patients.)

    Hope you can understand my point.

    Warmest Regards,

    DL

    ReplyDelete
  22. Dear DL,

    You comments is bias in a lot of levels.

    Am on my way to airport, will get back to you upon my return.

    Thanks for reading
    AC

    ReplyDelete
  23. Dear AC,

    I feel sorry to know that you feel that way.

    But I don't think I bias even a bit regarding this matter from any point of view including both society & medical.

    I just point out the A's responsibility and B's choice.

    There are at least two options IF we have to make choice.

    But the choice will be totally different IF WE KNOW EXACTLY THE OUTCOME for what we are going to do.

    If we have clear conscience, we must bear responsibility for what we do and say.

    So since A knows he/she has POSITIVE, it is A's responsibility to tell B no matter how B makes choice is nothing to do with A.

    I'm now discussing from A’s side only as the topic of your article focused on A.

    Familiarly if B has positive, B must tell A too.

    At the same time, A must use condom all the time to protect him/herself. Like what you said two positive patients can't do without protection as patient differs the virus differs and can cause the condition worst if combine different virus.

    Hope you will see clear picture.

    You can discuss with me every fact you can't agree.

    Now I would like YOU and ALL READERS to choose ONE of the followings.

    If A knows he/she has positive and before having sex with B,

    1) A WILL TELL B about having POSITIVE and ask B to use condom and do in proper way.

    2) A WON'T TELL B about it due to some reasons but try to protect him/herself & B by his/her own way by using condom and do proper way no matter how B is willing to use condom or not.

    3) A WON'T TELL B and let him make choice for his own safety and just follow according to his choice of using or without using condom. (Because A thinks everybody must protect themselves so A doesn't have to tell about it.)

    Have a great weekend!!!!!

    Warmest Regards,

    DL (One of Homo)

    ReplyDelete
  24. Dear All ...

    I do give my apologies for being unable to use Burmese font at this moment as something wrong with software.

    I can read Burmese font only but can't type.

    Warmest Regards,

    DL

    ReplyDelete
  25. Dear AC,

    I am waiting for your discussion of my comments at ဖိုးသူတော် နှင့် အမေးအဖြေ (ဒေါ်ရီတာ အား အလျင်အမြန်အတုခိုးခြင်း).

    Actually my comments are for both ရွေးချယ်မှု (ကိုတောင်ပေါ်သားနှင့် ကြုံတုန်း) and ဖိုးသူတော် နှင့် အမေးအဖြေ (ဒေါ်ရီတာ အား အလျင်အမြန်အတုခိုးခြင်း).

    I just love to discuss and share opinion only as you said you would get back later.

    Warmest Regards,

    DL

    ReplyDelete
  26. sorry,
    i am busy now
    will get back to it
    have that in my mental note

    :D

    ReplyDelete