Monday, October 26, 2009

ရွေးချယ်မှု (ကိုတောင်ပေါ်သားနှင့် ကြုံတုန်း)

အင်း ကိုတောင်ပေါ်သားဆွေးနွေးထားတာကောင်းပါတယ်
ကျေးဇူးလဲတင်ပါတယ် ဒီလိုအပြုသဘောဆွေးနွေးတာမျိုးကိုတော့ ကြိုဆိုပါတယ်
တခုပဲ အရင်ပြောထားပါရစေ
ကျတော် ဒီဘလောခ် ကိုရေးတာ က ကျတော့အလုပ်နဲ့ ပတ်သက်ပြီးရေးဖို့မရည်ရွယ်ပါဘူး
ကျတော်ဝါသနာပါရာ စာတိုပေစ ကဗျာ ဘာညာလေးတွေရေးပြီး နိုင်ငံရပ်ခြားအလုပ်လာလုပ်နေရတဲ့ ကျတော့ စိတ်ဖြေရာလေးတခုအနေနဲ့လုပ်တာပါ
အဲ့တာကြောင့် ရေးတာအများစုကတောင် အတည်အခန့်မဟုတ်ဘဲ အနှောက် အသောလေးတွေများပါတယ် အရင်ကတောင် အလုပ်အတူလုပ်ခဲ့ဘူးတဲ့ အမတယောက်က ကျတော့် အတွေ့အကြုံတွေ လုပ်ငန်းနဲ့ပတ်သက်တာတွေရေးစေချင်လို့ပြောဖူးပါတယ်
အမှန်အတိုင်းပြောရရင်မရေးချင်ပါဘူး အပျော်လေးတွေပဲရေးချင်တာပါ ခုနပြောသလို စိတ်ထွက်ပေါက်အနေနဲ့ ဘလောခ်ရေးတာပါ ပျော်ချင်လို့ပါ
အခု ကိစ္စတွေကလဲ တကယ်တော့ ဖိုးသူတော်ကို ပြန်ဖြေရှင်းရင်းနည်းနည်းပါးပါး ပါ သွား တဲ့သဘောပါ နောက်တခုပြောချင်တာာ က ကျတော်သူ့ကိုအဓိက ပြောချင်တာကလဲ rights ပါ အခြောက်တွေ ကိုနိမ့်ကျတဲ့ third sex ဘာဘာညာညာ စတဲ့ double standard အမြင်တွေကို ကျတော် မြင်တဲ့အတိုင်း ပြန်ဆွေးနွေးတာပါ မိန်းမတွေ က second sex မဟုတ်သလို ယောကျာ်းတွေကလဲ first sex မဟုတ်ပါဘူးဆိုတာပဲပြောချင်တာပါ
အဲ့တော့ ကျတော်ဒီမှာ အကျယ်မရှင်းတော့ပါဘူး
ကျတော် ပြောခဲ့တဲ့ ရွေးချယ်မှု နဲ့ ကိုတောင်ပေါ်သား ပြန်ဆွေးနွေးထားတဲ့အချက်လေးတွေကို ပဲ နည်းနည်းပြန်ဆွေးနွေးပါမယ်

ကျနော်အမြင်အရ တခုပဲ စဉ်းစားမိတာပါ။ တီချမ်းပြောသလို ကိုယ်တာဝန်ကိုယ်ယူကြရမယ်ဆိုတာကို သဘောပေါက်ပါတယ်။ ဒါပေမဲ့ တီချမ်းရဲ့ မတော်တဆ ဆိုတာကိုကော ပြောလို့ရပါ့မလား။ ဆိုလိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒါကိုကြောင့်လို့ မဆက်ဆံနဲ့လို့ ပြောလို့ရတယ်ဆိုပေမဲ့ ဆိုပါစို့ တဖက်သူကလဲ မကူးနိုင်လောက်ဘူး၊ မဖြစ်နိုင်လောက်ဘူးဆိုပြီး ဆက်ဆံမိတယ်၊ ပြီးမှ ကူးသွားတယ် ဒီလူကလဲ သူ့မှာ ရောဂါရှိပြီဆိုတာကို မသိဘူး နောက်လူတွေနဲ့ ဆက်ဆံတယ် ဒါဆိုရင် ရှေ့ဆက် ဘယ်လိုဖြစ်ကုန်မလဲ...

ကိုတောင်ပေါ် ကွန်မန့်မှာရေးထားတာပါ ကျတော်ပြန် quote လုပ်တာပါ

အမှန်ကတော့ အကိုပြန်ဆွေးနွေးတဲ့အထဲမှာ အဖြေပါသွားပြီးသားပါ
လောကကြီးမှာ ကျတော်တို့ ပတ်ဝန်းကျင်မှာ မသေချာမှုတွေ မတိကျမှုတွေ မတော်တဆမှုတွေ အများကြီးရှိနေပါတယ်
ကျတော် အရင်ဆွေးနွေးသွားတာက ကျတော့် အတွေ့အကြုံ ကိုပဲ အခြေတည်ထားသလိုဖြစ်နေပါတယ်
ကျတော် ကတော့ ကိုယ့်ဘာသာ ပေါ့စတစ်လို့သိနေတဲ့အနေအထားနဲ့ပြောတာပါ
ဒါပေမယ့် သဘောတရားက အတူတူပါပဲ
ဘာလို့လဲဆိုတော့ ကျတော်တို့ ဘယ်သူက ပိုးရှိမရှိ ကို မြင်ရုံနဲ့ မသိနိုင်ပါဘူး
အဲ့တာကြောင့် ကိုယ့်ကို ကိုယ်ကာကွယ်ရပါမယ်
ကျတော်တို့ လဲပေါ့စတစ်ဖြစ်နေတာတောင် ကိုယ့်ကိုကိုကာကွယ်နေရသေးတာပါပဲ
ငါတော့ ပေါ့စတစ်ဖြစ်နေပြီပဲ သန်းခေါင်ထက် ညည့်မနက်တော့ပါဘူး ပိုးချင်းတူတူပဲ ပြောမရပါဘူး ဘီ စီ အစရှိတဲ့ တခြားပိုးတွေ HIV ထဲမှာကိုပဲ ပိုးမျိုးကွဲတွေ နောက် ဆေးမတိုးတော့တဲ့ပိုးတွေ ဆက်ဆက်ပြီး နောက်ထပ်ရလာရင် super infection လို့ခေါ်တဲ့ နောက်ထပ်နောက်ထပ် ထပ်ဆင့် ကူးစက်မှုတွေကြောင် ခန္ဓာကိုယ်ထဲမှာ ပိုးမျိုးစုံပြီး သက်တမ်း ပိုတိုသွားနိုင်ပါတယ်
ဒီနေရာမှာ ကျတော်အရင်ကပြောသွားသလိုပဲ ငွေကြေးအတွက် အလုပ်လုပ်နေကြတဲ့ မိန်းကလေးတွေ ကို ထည့်မဆွေးနွေးသွားတာ က သူတို့မှာ ငွေကြေးနဲ့ပတ်သက်လာတဲ့အတွက် ရွေးချယ်ခွင့်နည်းတတ်တဲ့အဖြစ်တွေကြုံတွေ့ရတတ်လို့ပါ ဒါက ကျတော် အကြောင်းအချက်တခုတည်းကိုပဲ ထောက်ပြတာပါ factor တွေအများကြီးရှိနိုင်ပါတယ် သူတို့ အကာကွယ်သုံးဖို့ အခွင့်အရေးနည်းရတဲ့အကြောင်းအရင်း အမျိုးမျိုးရှိနိုင်ပါတယ် ဘာလို့လဲဆိုတော့ သူတို့ ဟာ ရွေးချယ်ခွင့် ပိုနည်းနေတဲ့အတွက်ပါ

နောက်တခု ကျတော်တို့ ဂေးတွေမှာလဲ ရှိတတ်ပါတယ် မသိတာမဟုတ်ဘူး သိတယ် ကာကွယ်ရမှာကိုလဲသိတယ် နည်းကိုလဲသိတယ် ဒါပေမယ့်………..

(ထုံးစံအတိုင်းပေါ့ ဒါပေမယ့် တော်တော်များများနောက်ကွယ် က ဟာတွေက မကောင်းတာ ဆက်လာတတ်သလိုပဲ)

ဥပမာ ကောင်လေးတယောက် ကို ကိုယ်ကအရမ်းကြိုက်နေတယ်
အခွင့်အရေးကလဲကြုံလာတယ်
ကွန်ဒုံးကလဲပါမလာဘူး
ဒီနေရာ မှာ ကိုယ်က အဲ့ကောင်လေးနဲ့ ဆက်ဆံမလား မဆက်ဆံဘူးလား ဆိုတာ ကိုယ့်ရွေးချယ်ခွင့်ပါ
ဒီမှာ ကျတော် အဲ့ကောင်လေး ကပေါ့စတစ် ဟုတ်မဟုတ် ကိုယ်က ပေါ့စတစ် ဟုတ်မဟုတ် ထည့်မပြောပါဘူး
ရွေးချယ်ခွင့် ကိုပဲ အဓိက ပြောမှာပါ ဘာလို့လဲဆိုတော့ HIV ဆိုတဲ့ပိုးရှိတာ ကိုလဲသိထားပြီ ကွန်ဒုံးဆိုတဲ့ အရာနဲ့ ကာကွယ် လို့ရတာလဲသိတယ် မပါဘဲနဲ့ အကာကွယ်မဲ့ ဆက်ဆံရင် ဘာဖြစ်လာနိုင်တယ် ဆိုတာလဲသိတယ် ကဲ……ရွေးချယ်မှုပါပဲ
(မိန်းမတွေကအရင်တုံးက ရွေးချယ်မှု အရာမှာ ယောက်ျားတွေထက်ပိုနည်းပါတယ် ဘာလို့ လဲဆိုတော့ ကွန်ဒုံး က လိင်တံမှာ ပဲစွပ်ဖို့ တီထွင်ထားတာကိုး အဲ့တာကြောင့် အခုနောက်ပိုင်း မှာ မိန်းမတွေအတွက် ကွန်ဒုံးတွေ လဲတီထွင်လာကြတာပါ အခုကျတော်ပြောတဲ့အချက်က ခုနက ပြောတဲ့ ငွေးကြေးနဲ့ အသက်မွေးဝမ်းကြောင်းလုပ်တဲ့ မိန်းကလေးတွေကိုလဲ apply ဖြစ်ပါတယ်….စကားချပ်)
အဲ့တော့ ကွန်ဒုံးမပါလာတဲ့အနေအထားတခုမှာ ကိုယ်က အကာကွယ်မဲ့ လိင်ဆက်ဆံတာ ကိုရွေးချယ်လို့ရသလို လိင်ဆက်ဆံမှုက ရှောင်ကြည်ဖို့ ကိုလဲဒီနေရာမှာ ရွေးချယ်လို့ရပါတယ်
အဲ့လိုမှမဟုတ်ဘဲ ကောင်လေးကို ကြိတ်ကြိုက်လာရတာ ကြာလှပြီဖြစ်တဲ့အတွက် လက်မလွှတ်ချင်ဘူးဆိုရင် အန္တာရာယ် နည်းတဲ့လိင်ဆက်ဆံမှုမျိုးကို လုပ်သင့်ပါတယ်
ဥပမာ ပါးစပ်နဲ့ဆက်ဆံတာမျိုး ပေါင်ကြားမှာ ဆက်ဆံတာမျိုး ပွတ်သပ်ကိုင်တွယ်ရုံနဲ့ အာသာဖြေတာမျိုး တခုခုပါ တယောက်နဲ့တယောက် လိင်အာသာဖြေမှု ပြေမှု မတူညီနိုင်ပါဘူး
အဲ့တာတွေအားလုံးကလဲ ကိုယ့်ရွေးချယ်မှုပါပဲ
အခုကျတော် တို့ က HIV အကြောင်းနဲ့ ဦးတည်ဆွေးနွေးနေလို့ပါ
ခုနဟာတွေ တခုခု လုပ်မယ်ဆိုရင်လဲ HIV မဟုတ်တဲ့ တခြားကာလသားရောဂါတွေအများကြီး ရဲ့ အန္တာရာယ်က ရှိပါသေးတယ် ကျတော်ပြောချင်တဲ့အဓိက အချက်ကတော့ လူတဦးချင်းစီရဲ့ မိမိကိုယ်ကို ကာကွယ်နိုင်မှု နဲ့ ရွေးချယ်းမှု ပါပဲ။ အန္တာရာယ် ရှိတာသိတယ် ဒါပေမယ့် အဲ့ဒီအန္တာရာယ် ရှိတဲ့အပြုအမှုကိုဘယ်အတိုင်းအတာ ထိလုပ်မလဲ ဆိုတာ က ကိုယ့်ရဲ့ရွေးချယ်ခွင့်ပါ Risk taking behavior လို့ ပြောပါတယ်

ပိုရှင်းတဲ့ ဥပမာ ပေးရရင် တခါတလေ ကျတော်တို့ ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းချင်ကြဘူး
ရဲဖမ်း ရင် ဒဏ်ငွေဆောင်ရနိုင်တယ်ဆိုတာလဲသိတယ် မှောက်ရင် ပြုရင် အနာတရ ဖြစ်နိုင်တာ လဲ သိတယ် ကားအောက်ထဲဝင်သွားရင် ဘာဖြစ်နိုင်တယ်ဆိုတာလဲသိကြပါတယ်
ဒါပေမယ့် လစ်ရင်လစ်သလို မဆောင်းချင်ကြပါဘူး
အကြောင်းတွေကတော့ အမျိုးမျိုးရှိနိုင်ပါတယ် ကေပျက်ကာအနေခက် မှာစိုး၍ သော် လည်းကောင်း လွတ်လပ်တာကိုကြိုက်၍သော်လည်းကောင်း လေတိုးတာကိုကြိုက်၍သော်လည်းကောင်း အစရှိသဖြင့်ပေါ့လေ အမျိုးမျိုးပါ ပြန်ဆွဲပြောရမယ်ဆိုရင် ကွန်ဒုံး သုံးခြင်းမသုံးခြင်းကလဲ အကြောင်းအမျိုးမျိုးပါပဲ ပူလို့ အလွှာခြားနေသလိုခံစားရလို့ မကြိုက်လို့ မတည့်လို့ အလုပ်ရှုပ်လို့ အလွယ်တကူမရနိုင်လို့ စသဖြင့်ပေါ့လေ

နောက်တခါ အသိရှိတာနဲ့ လိုက်နာနိုင်တာ knowledge and practicing behavior ကလဲ ဒီနေရာမှာ ထည့်ပြောရမယ့်အချက်ပါ

ဥပမာ ဆရာဝန်တွေ ဘာလို့ အရက်သောက်လဲ ဘာလို့ဆေးလိပ်သောက်လဲ သူတို့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုး အန္တာရာယ်တွေကိုမသိလို့လား သိပ်သိတာပေါ့ ဒါပေမယ့်
သိသိကြီးနဲ့ လုပ်နေကြတာပဲလေ အဲ့တာ ကို risk taking level လို့ပြောပါတယ်

ခုနက အပေါ်မှာ အကိုဆွေးနွေးတဲ့ မသိခဲ့ရင် နဲ့မတော်တဆ ဆိုတာ ကိုကျတော် ပြောပြချင်လို့ ဒီလောက်အရှည်ကြီးရေးနေတာပါ

သိသိကြီးနဲ့ တောင်မှ မဆင်ခြင်နိုင်ရင် မသိတာဆို ပိုမဆင်ခြင်သင့်ဘူးလား အန္တာရာယ် ရှိနိုင်တယ် ဆိုတာ သိရုံနဲ့ ဒီလမ်းကို မသွားသင့်ဘူးဆိုတာ သိရုံနဲ့ မသွားကြတော့ဘူးလား မလုပ်ကြတော့ဘူးလား ဆေးလိပ်မသောက်ကြတော့ဘူးလား အရက်မသောက်ကြတော့ဘူးလား အကာကွယ်မဲ့ လိင်ဆက်ဆံကြတော့မှာလား မဆက်ဆံကြတော့ဘူးလား ကျတော် အကုန်ယှဉ်ပြနေတာပါ
အန္တာရာယ် Level ညှိပြနေတာ မဟုတ်ပါဘူး ရွေးချယ်မှုကိုမြင်သာအောင် ပြောပြချင်တာပါ
အရာရာ မှာ အားလုံးက ကိုယ့်အပေါ်မှာပဲတည်ပါတယ် သိသိကြီးနဲ့ လုပ်မလား မသိလို့လုပ်မလား သိရင်မလုပ်တော့ဘူးလား သိသိ မသိသိ လုပ်နေအုံးမှာပဲလား

အကုန်လုံးရွေးချယ်မှုပါ
အဲ့တော့ မိမိကိုယ်ကိုကာကွယ်မှု ဆိုတာလဲ မိမိကိုယ်တိုင်ရဲ့ရွေးချယ်မှုပါပဲ

လူတွေအကုန်ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာပါ ကိုယ်လုပ်တဲ့အလုပ်တခု ကနေ အဖြစ်အပျက် တစုံတရာ နောက်ဆက်တွဲ ဆိုးကျိုးတစုံတရာ ရရှိလာတယ် ဆိုရင် လဲ ကျတော်တို့ က လက်ခံရမှာပါ ဘာလို့လဲဆိုတော့ အစကတည်းက ကျတော်တို့မှာ လုပ်မလား မလုပ်ဘူးလားဆိုတာ ကိုရွေးချယ်ခွင်ရှိခဲ့ကြလျက်နဲ့ လုပ်မယ်ဆိုတာ ကိုပဲ ရွေးချယ်ခဲ့ကြလို့ပါ

ကံကံ၏အကျိုးတွေ ဘာညာကျတော် မပြောလိုပါဘူး
ဒါပေမယ့် ကံဆိုတာ အလုပ်လို့ယုံရင် ယူဆ လက်ခံရင်
ရွေးချယ်မှု ဆိုတာကလဲ ကိုယ်ကလုပ်တာပါပဲ
အဲ့တော့ ကိုယ့်ကံ ကိုကိုယ်သာစီမံတာပါပဲ

28 comments:

  1. ချမ်းရေ.. တခါတလေလေး တည်တည်တန့်တန့် ရေးထားတာ ဖတ်သွားတယ်
    အဟတ်

    အဆင်ပြေပါစေ

    ReplyDelete
  2. ဟုတ်တယ် ဒီတစ်ခါတော့ စိတ်ဝင်းစားစွာနဲ့ ကိုဖတ်သွားတယ်ဗျ။

    စာလာဖတ်တဲ့ လူတွေလဲ စဉ်းစားဆင်ခြင်နိုင်တာပေါ့ဗျာ။

    ခင်တဲ့ ရီနို

    ReplyDelete
  3. စနိုး: လူတွေ.. လူတွေ.. သူတို့ကိုယ်တိုင်တော့ ဘယ်လိုနေတယ်မသိ.. ဝေဖန်ဖို့တော့ တော်တော်အားသန်ကြတာပဲနော်..

    ReplyDelete
  4. yeah, findings said most smokers know consequences of smoking.
    knowledge alone can't make behavior change but knowledge is a basic need for behavior change.
    choices ?
    you need to know your risk properly to get right choices.
    i'm very happy to read this blog.
    have a nice day !

    ReplyDelete
  5. တီချမ်းရေ ပထမဆုံး ကျနော် ကျေးဇူးတင်စကားပြောကြားလိုပါတယ်။ ကျနော်ဆိုလိုတာကိုလဲ တီချမ်းသဘောပေါက်သလို တီချမ်းပြောပြ ထောက်ပြသွားတာတွေလဲ ကျနော် နားလည်သဘောပေါက်ပါတယ်။ ကျနော်ရဲ့ အဓိက ရည်ရွယ်ချက်က တခုထဲပါ။

    ဥပမာ -
    ၁) ဆက်ဆံသူ ၂ယောက်လုံးကလဲ ရောဂါရှိနေမယ်၊ နှစ်ယောက်လုံးကလဲ သိတယ်ဆို ကျနော် ဘာမှ မပြောလိုပါဘူး (မသိပဲ ဆက်ဆံလဲ ထူးတော့မထူးတော့ဘူးကိုးနော့် )

    ၂) တယောက်က ရောဂါရှိနေမယ် တယောက်က အကောင်း ဒါပေမဲ့ အကောင်းတယောက်ကလဲ ဆက်ဆံမဲ့လူက ရောဂါရှိနေတယ်ဆိုတာ သိရက်နဲ့ ဆက်ဆံတယ် ဒါလဲ ကျနော်တို့ ပြောခွင့်မရှိပါဘူး။

    ၃) တယောက်က ရောဂါရှိနေမယ် တယောက်က အကောင်း၊ အကောင်းက ဆက်ဆံမဲ့လူမှာ ရောဂါရှိနေတာ မသိဘူး သူကိုယ်တိုင်ကလဲ ဆက်ဆံချင်တာ ဒါပေမဲ့ အဖော် (ကွန်ဒုံး) သုံးတယ်။ ဒါဆို စိတ်ချနိုင်ပါတယ် ဒါက တီချမ်းဆိုလိုချက်ပါ။ ကျနော်အားလုံးကို လက်ခံပါတယ်။ ကျနော်က ဒီကိစ္စကို လုံးဝမသိတာပါ။

    တခုပဲ ကျနော်စိုးရိမ်မိတာပါ ဒီလို နံပါတ် (၃) အခြေအနေနဲ့ တစုံတရာ၊ တနေရာရာမှာ မှားယွင်းသွားခဲ့ရင်ဆိုတဲ့အတွေးကို ကျနော်ဖက်က စဉ်းစားကြည့်တာပါ။ ကျနော်က လူကောင်းတယောက်ရဲ့ မသိခြင်းကြောင့် ရလာမဲ့ ဆိုးကျိုးတွေကို ကျနော် သုံးသပ်ကြည့်တာပါး)

    အမှန်ကတော့ လူဆိုတာ ကိုယ်မှန်မယ်ထင်ရင် လုပ်ကြတာပါပဲ။ လူတိုင်းလဲ မှန်မယ်ဆိုပြီး လုပ်ကြတာပါပဲ မှားနေတာပဲ ဆက်လုပ်မယ်ဆိုပြီး မရှိပါဘူး ဒါပေမဲ့ ကျနော်စိုးရိမ်တာက မှန်နေပေမဲ့ တချိန်မှာ လွှဲချော်ခဲ့မယ်ဆိုရင် သူတယောက်ထဲမဟုတ်ပါဘူး သူရဲ့နောက်လာမဲ့ မျိုးဆက်တွေ အားလုံးအတွက် စဉ်းစားကြည့်ယုံလေးပါ။

    နောက်ဆုံးအနေနဲ့ ကျနော်ဟာ ဝေဖန်ဖို့ကို အားသန်တာ မဟုတ်ရပါဘူး။ လူသဘောတွေကို ဘာသာရေးကို မကြည့်ပဲ အနဲငယ် သုံးသပ်ကြည့်တာပါ ။ တီချမ်းကို ကျေးဇူးတင်ပါတယ်။


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  6. လိင်တူဆက်ဆံတာဟာ ယုတ်ညံ့တာပဲ။ ဘယ်ဘာသာရေးအဖွဲ့အစည်းကမှလည်း ခွင့်ပြုမထားဘူး။ ဘယ် လူ့အဖွဲ့အစည်း(အခြောက်မှ အပ) ကမှလည်း လက်မခံဘူး။ ဒါကို ဇွတ်အတင်း အဆိုတင်သွင်းနေတယ်။ ဖတ်ရတာ ကျက်သရေယုတ်လိုက်တာ။

    ဒီကြားထဲ ကွန်မန့်တွေမှာ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မိန်းမဘလောဂ့်ဂါတချို့ ကလည်း ရှိသေးတယ်။ တကယ့် အံ့သြတယ်။ လိင်တူဆက်ဆံတာကို ((ကောင်းတယ်))၊ ((ထောက်ခံတယ်)) အဲသလိုတွေ ကွန့်မန့်ပေးရဲကြတယ်။ ခေတ်မှီချင်တာနဲ့ လိင်တူဆက်ဆံတာကို ထောက်ခံရမှာလား။ ဘာမှမဆိုင်ဘူးလေနော်..။ လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ ဘောင်တွေစည်းတွေရှိတာကို မိန်းမဘလောဂ့်ဂါတချို့ သိသင့်တယ်။

    ရောဂါရှိတာကို သိပေမယ့် ဘ၀ကို အရှုံးမပေးတာတော့ တကယ်ချီးကျူးတယ်။ ဒါပေမယ့် အခုက တလွဲဆံပင်ကောင်းကြီးဖြစ်နေတာ။ ထောက်ခံတဲ့ မိန်းမဘလောဂ့်ဂါတွေ အရှက်ဆိုတာလေး နည်းနည်းရှိသင့်တယ်။ တီချမ်းကတော့ လက်မှတ်ရဆိုတော့ ပြောမနေတော့ဘူး။ အချိန်ကုန်တယ်။ လက်ညောင်းတယ်။

    ReplyDelete
  7. ထောက်ခံတာက ရေးတာကို ထောက်ခံတာ။
    မပြောဘဲ ကြိတ်လုပ်နေကြတာထက် စာရင် ဖွင့်ဟ ပြောပြီး အပြင်ဘက်ကို ထွက်လာမှ အန္တရာယ်ကို သိနိုင်မှာ။
    ကိုယ့်ကို ပြောတယ်လို့ပဲ ယူဆပါတယ်။
    ပြောသူက ယောက်ျားလား မိန်းမလားတော့ မသိဘူး။
    လူမသိ သူမသိ အန္တရာယ်လဲ မသိ အသိပညာလဲ မရှိတဲ့သူတွေ ဒီလိုပို့စ်တွေ ဖတ်ရတာ မကောင်းဘူးလား။
    ကျန်တာက ကိုယ့်ရွေးချယ်မှုပါ။
    အမေရိကန် နိုင်ငံလို နေရာမျိုးမှာတောင် ဆေးလိပ်တားဆီးရေးကို ဆယ်ကျော်သက်တွေ ဟိုမိုလို့ အပြောခံရမှာ ကြောက်တာကို အသုံးချပြီး တန်ပြန် လုပ်ထားတဲ့ ကြော်ငြာကို ဒီနေ့ တွေ့ရတယ်။
    ပြောချင်တာက ဖြစ်နေတာကို ကျွန်မတို့ မျက်ကွယ် ပြုလို့ မရပါဘူး။
    အမှောင်ထဲမှာ ဘယ်သူမှ မြွေရှိလား ကင်းရှိလား ကြည့်လို့ မရဘူး
    အစွန်းရောက် ဘာသာရေး အယူအဆတွေ .. အစွန်းရောက် တားဆီး ပိတ်ပင်မှုတွေကြောင့် ပိုးမပြန့်သင့်ဘဲ ပြန့်နေတာတွေ မဖြစ်သင့်တာတွေ ဖြစ်နေတာတွေ အများကြီးပဲ။
    မိန်းမ ဘလောဂါတွေလို့ ပြောတာ မိန်းမတွေကို မနှစ်ခြိုက်တဲ့ သဘောလို့ ယူဆခံစားရပါတယ်။
    သူများတွေ ရောဂါရမှာ စိုးလို့ အရှက်တွေ ဘေးချပြီး လုပ်သင့်တာတွေ လုပ် ပြောသင့်တာတွေ ပြောနေတယ်လို့ ကိုယ့်ကိုယ်ကို ခံယူပါတယ်။
    ဒါပေမယ့် လွတ်လပ်စွာ ပြောပိုင်ခွင့်ရှိတယ်လို့လဲ လက်ခံထားပါတယ်။

    ReplyDelete
  8. ဒီကွန်မန့်ကို ပြန်ဖတ်ကြည့်ြ့ပီး တစ်လုံးချင်း ပြန်ပြောချင်လာပြန်တယ်။
    ဒီဘလော့ဂ်ကို မရောက်တာ ကြာလှပြီ။
    အခု ဒီပို့စ်ကို ပြန်လာဖတ်တာတောင် သေသေချာချာ မဖတ်ဖြစ်ဘူး။
    သူ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီး ရေးလာတာကို သဘောကျတယ်။
    လိင်တူဆက်ဆံတာဟာ ယုတ်ညံ့တာပဲ။ ဘယ်ဘာသာရေးအဖွဲ့အစည်းကမှလည်း ခွင့်ပြုမထားဘူး။ ဘယ် လူ့အဖွဲ့အစည်း(အခြောက်မှ အပ) ကမှလည်း လက်မခံဘူး။ ဒါကို ဇွတ်အတင်း အဆိုတင်သွင်းနေတယ်။ ဖတ်ရတာ ကျက်သရေယုတ်လိုက်တာ။
    >> လက်မခံတာကို မလုပ်ကြရင် ဒီလောက်တောင် ပိုးတွေ ပြန့် မနေဘူး။
    ဘာသာရေး အဖွဲ့အစည်းတွေက လက်မခံပေမယ့် အဲဒီ အဖွဲ့အစည်းထဲက သူတွေပါ လုပ်နေကြတာ မယုံရင် ကိုယ်တိုင် အသေးစိတ် ကွင်းဆင်း စုံစမ်းစစ်ဆေးကြည့်ပါ။

    ဒီကြားထဲ ကွန်မန့်တွေမှာ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မိန်းမဘလောဂ့်ဂါတချို့ ကလည်း ရှိသေးတယ်။ တကယ့် အံ့သြတယ်။ လိင်တူဆက်ဆံတာကို ((ကောင်းတယ်))၊ ((ထောက်ခံတယ်)) အဲသလိုတွေ ကွန့်မန့်ပေးရဲကြတယ်။
    >> ဒီအကြောင်းကတော့ အပေါ်မှာ ပြောပြီးပါပြီ။
    ခေတ်မှီချင်တာနဲ့ လိင်တူဆက်ဆံတာကို ထောက်ခံရမှာလား။ ဘာမှမဆိုင်ဘူးလေနော်..။ လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ ဘောင်တွေစည်းတွေရှိတာကို မိန်းမဘလောဂ့်ဂါတချို့ သိသင့်တယ်။
    >> ခေတ်မီချင်တဲ့ သူတွေထဲမှာ ကျွန်မ မပါပါဘူး။
    လိင်တူ ဆက်ဆံတာကလဲ ရှေးကတည်းက ရှိတာ။ ခေတ်မမီပါဘူး။
    ဘောင်တွေ စည်းတွေကို လူတိုင်း လိုက်နာနေကြရင် ဒီစကားတွေကို ပြောနေစရာ မလိုပါဘူး။

    ရောဂါရှိတာကို သိပေမယ့် ဘ၀ကို အရှုံးမပေးတာတော့ တကယ်ချီးကျူးတယ်။ ဒါပေမယ့် အခုက တလွဲဆံပင်ကောင်းကြီးဖြစ်နေတာ။ ထောက်ခံတဲ့ မိန်းမဘလောဂ့်ဂါတွေ အရှက်ဆိုတာလေး နည်းနည်းရှိသင့်တယ်။ တီချမ်းကတော့ လက်မှတ်ရဆိုတော့ ပြောမနေတော့ဘူး။ အချိန်ကုန်တယ်။ လက်ညောင်းတယ်။
    >> ကျွန်မတို့လဲ အခြေအနေတွေကြောင့် အချိန်ကုန်ခံ လက်ညောင်းခံပြီး ရေးခဲ့ ပြောခဲ့ရတာတွေ အများကြီးပါပဲ။အမေရိကန်နိုင်ငံလိုမျိုးမှာတောင် လိင်မှုကိစ္စပညာပေးရင် ကလေးတွေကို ကျောင်းမလွှတ်တဲ့ မိဘတွေ ရှီတယ်။
    အဲဒီမှာ ဘာတွေ ဖြစ်လာသလဲဆိုတော့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေ များလာတယ်။
    ကျွန်မက ပြောတာကို အားပေးတယ်။
    မပြောဘဲ ကြိတ်လုပ်နေကြတဲ့သူတွေ နည်းသထက် နည်းသွားရင် မသိနားမလည်လို့ ဖြစ်ရတယ် ဆိုတာတွေ မရှိတော့ဘဲ ကိုယ့်ဖာသာကိုယ် အန္တရာယ်ကို သိလျက်နဲ့ ရွေးချယ်တယ် ဆိုတဲ့ အနေအထားတွေ ဖြစ်လာမယ် .. အဲဒီအခါ မသိ နားမလည်လို့ ဖြစ်ရတယ် ဆိုတာတွေ လျော့နည်းလာမယ်
    ဒါပါပဲ
    ဘာမှ မရှိပါဘူး မဖြစ်ပါဘူးလို့ ငြင်းပယ်နေရတာ လွယ်ပါတယ်။
    အရှိတွေကို အရှိအတိုင်း မကြည့်နိုင်ရင် လိုအပ်တဲ့ ကာကွယ်မှုတွေကိုလဲ မဆောင်ရွက်နိုင်ပါဘူး။
    အဲဒီလို Denial တွေကြောင့် ဒီနေ့ အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေနေရတဲ့ သူတွေ ဒီလောက်များနေတာပါ။
    မယုံကြည်ရင် သုတေသန အထောက်အထားတွေကို ရှာဖတ်လို့ ရပါတယ်။

    ReplyDelete
  9. Anonymous ရေ မိန်းမ ဘလော့ဂါတွေကမှ နာမည်သုံးပြီး ရေးသေးတာ၊ ရေးရဲသေးတာလို့မပြောဘူးနော်။ ဒါက လူတွေကို အသိပညာပေးတဲ့သဘောရေးထားတာပဲ။ ဘာလို့ နာမည်ဖော်ပြီး မမန့်ရဲစရာရှိလဲ။ မဟုတ်ဘူးလား။ ကိုယ့်လိပ်ပြာကို ကိုယ်သန့်ရင်...ပြီးတော့လိင်တူဆက်ဆံရင်ခေတ်မှီတယ်လို့  ကိုယ့်ဘာသာကိုယ်သတ်မှတ်ထားတိုင်း သူများတွေကို ဝါးလုံးရှည်နဲ့ သိမ်းပြီးမရမ်းပါနဲ့ ။
    အမြင်မှန်ရနိုင်ပါစေ။ :)
    p.s. if your aim is to get ppl's attention, well.. not bad.. you've got it..!!

    pwint phyu

    ReplyDelete
  10. မိန်းမ ဘလောဂါတွေလို့ ပြောတာ မိန်းမတွေကို မနှစ်ခြိုက်တဲ့ သဘောလို့ ယူဆခံစားရပါတယ်။
    သူများတွေ ရောဂါရမှာ စိုးလို့ အရှက်တွေ ဘေးချပြီး လုပ်သင့်တာတွေ လုပ် ပြောသင့်တာတွေ ပြောနေတယ်လို့ ကိုယ့်ကိုယ်ကို ခံယူပါတယ်။ <<< ဘာတွေဝင်နာနေတာလဲ..? တချို့မိန်းမဘလောဂ့်ဂါလို ပြောထားတယ်လေ သေချာမဖတ်ဖူးလား.. ဂေါက်သီးပဲ။ သူများတွေရောဂါရမှာ စိုးလို့ ဆိုပြီး တကယ်ရေးတော့ ကိုယ်တိုင်တရားဝင် လိင်တူဆက်ဆံဖို့ ကြိုးစားနေတဲ့ ဒီဘလောဂ့်ပိုင်ရှင်ရဲ့ သဘောထားကို သေချာမဖတ်ပဲနဲ့ ထောက်ခံနေတယ်။

    လူမသိ သူမသိ အန္တရာယ်လဲ မသိ အသိပညာလဲ မရှိတဲ့သူတွေ ဒီလိုပို့စ်တွေ ဖတ်ရတာ မကောင်းဘူးလား။
    ကျန်တာက ကိုယ့်ရွေးချယ်မှုပါ။<<<< ဘယ်လို ပိုစ့်မျိုးတွေလဲ ယောင်္ကျားချင်း ဆက်ဆံနေတဲ့ ပုံတွေတင်တဲ့ ပိုစ့်မျိုးလား? ဖတ်ရော ဖတ်ပြီးပြီလား။ နောက်တော့ လာပြန်ပြီ ရွေးချယ်မှု၊ အပြောကတော့ ဟုတ်သလိုလိုနဲ့ မတော်လို့ ဆယ်ကျော်သက် တွေ့ကရာကို အဟုတ်မှတ်တတ်တဲ့ အရွယ်လေးတွေဖတ်မိကြည့်။ လိင်တူဆက်ဆံတာ မဆန်းဘူးလို့ ယူဆမိကုန်မယ်။ (ခင်ဗျားအနေနဲ့လည်း မဆန်းရင်တော့ မဆန်းလောက်ပါဘူး။ တမျိုးလုံး လိင်တူဆက်ဆံနေလားမှ မသိတာ)

    ဘာသာရေး အဖွဲ့အစည်းတွေက လက်မခံပေမယ့် အဲဒီ အဖွဲ့အစည်းထဲက သူတွေပါ လုပ်နေကြတာ မယုံရင် ကိုယ်တိုင် အသေးစိတ် ကွင်းဆင်း စုံစမ်းစစ်ဆေးကြည့်ပါ။<<< အဲဒါ အခြေအမြစ်မရှိတဲ့ စကားပဲ။ အရူးချီးပန်းဆိုတာ အဲဒါ :P။ ဘာကွင်းဆင်းလေ့လာရမှာလဲ.. ဗြဲ..ဟဲ.. ဟဲ။ အသလွတ်အခြောက်တွေ လိင်တူဆက်ဆံရေးကို အားပေးနေတယ်။ ဒီဘလောဂ့်က HIV ပညာပေးသလိုလိုနဲ့ လိင်တူဆက်ဆံဖို့ အားပေးအားမြှောက်ပြုနေတာကို မသိပဲနဲ့။ စွတ်ရွတ်အထင်ကြီးနေတယ်။ လေလည်တိုင်း မအူချင်ပါနဲ့ ကွယ်ရို့။

    ခေတ်မီချင်တဲ့ သူတွေထဲမှာ ကျွန်မ မပါပါဘူး။
    လိင်တူ ဆက်ဆံတာကလဲ ရှေးကတည်းက ရှိတာ။ ခေတ်မမီပါဘူး။
    ဘောင်တွေ စည်းတွေကို လူတိုင်း လိုက်နာနေကြရင် ဒီစကားတွေကို ပြောနေစရာ မလိုပါဘူး။ <<< သြော်..သြော် အဲဒါပြောတာပေါ့.. လိင်တူဆက်ဆံတာ ကောင်းတယ်ချည်း သတ်မှတ်နေပုံထောက်ရင် အဲဒီ ကျွန်မဆိုတဲ့ tune လည်း ဂျီပုန်းပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် မိန်းမအချင်းအချင်း အချစ်တော်ဖွဲ့ပြီး တွေ့ကရာ ပစ္စည်းနဲ့ စိတ်ဖြေတတ်တဲ့ မိန်းမအမျိုးအစားများလား ..? ။ :D ။ လိင်တူဆက်ဆံတာကို တော်တော်အာသာတွေ့နေပုံထောက်ရင် သေချာတယ် ခင်ဗျားလည်း ဂျီပုန်းပဲ။

    နောက်ဆုံး ပြောခဲ့မယ် ရှင်းရှင်းလေးပဲ။ HIV နဲ့ ပက်သက်လို့ ပညာပေးတွေ ရေးတယ် ဘာတယ်လျှောက်ပြောပြီး အထင်ကြီးမနေနဲ့။ တစ်ခုပဲ လိင်တူဆက်ဆံတာကို အဟုတ်လိုလိုနဲ့ တရားဝင်ဘလောဂ့်ပေါ်တင်ရေးနေလို့ ၀င်ဖဲ့တာ။ ဒါ အဓိက အချက်ပဲ။ အရှက်ကို ဖယ်ပြီး သူများတွေပညာရရေးအတွက် ရေးတယ်ဆိုရင် ချီးစားပြီး ပြောတာတောင် မယုံဘူး။ (ကိုယ့်ဘာသာ ကြိုက်လို့စားတယ်ပဲ မှတ်တယ်) :D။ ကဲ.. tune လို လိင်တူဆက်ဆံတာကို နောက်ထပ်ထောက်ခံမယ့်သူရှိသေးရင် ကြိုဆိုတယ်။ အားလုံးကို ကျေနပ်စေရအောင် မုန်ယိုနေတဲ့ ကုလားတစ်ကောင်ခေါ်ထားပေးမယ်။ ဟား ဟား...

    ReplyDelete
  11. ပွင့်ဖြူ!!! သမီး... ၀င်မပါစမ်းနဲ့ ဘာမှလည်း မသိပဲနဲ့။ :D... တချို့မိန်းမဘလောဂ့်ဂါလို့ ဆိုထားပြီးသား။ ကာယကံရှင်တွေသိတယ်..စာကို သေချာဖတ်။ သမီးကလည်း လေလည်တိုင်း အူချင်တာကိုးးး ခက်ပြီကွယ်။

    Anonymous ဆိုတာက.. ကြုံသလိုပဲ မန့်လိုက်တာပါကွယ်။ သူလိုငါလို တွေ့ကရာ နာမည်ပေးလည်းရတာပဲ။ တို့နာမည်ရင်းက တုတ်ကြီးတဲ့ ခင်တတ်ပါတယ်။ ပြန်ခင်ချင်ရင် ပြော..။ အပေါ်မှာ ပြောခဲ့သလိုပေါ့..။ အဟတ်..ဟတ်။

    ReplyDelete
  12. Anonymous ဆိုတဲ့လူက မိန်းမလား..ယောက်ကျားလား..နှုတ်သီးကောင်းလျှာပါးနဲ့...ယောက်ကျားဆိုရင်တောင်..မိန်းမဆန်လိုက်တဲ့စိတ်ဓါတ်လို့ပြောရအောင်..မိန်မတွေအတွက်မကောင်းဘူး..မိန်းမဆိုရင်လည်း တော်တော် လေးကို စိတ်ပျက်ဖို့ကောင်းလိုက်တာ..လို့ပဲပြောလိုက်ပါတယ်..ဘာပဲဖြစ်ဖြစ်..ဘလော့ရေးသူများအနေနှင့် အောက်တန်းကျသောအရေးအသားများကို ရေးချင်သပဆိုရင်ဖြင့် လူတိုင်းဝင်ရောက်ကြည့်ရှု့နိုင်သော blogspot များတွင် မရေးသင့်ကြောင်း..........

    ReplyDelete
  13. Anonymous ဆိုတဲ့လူက မိန်းမလား..ယောက်ကျားလား..နှုတ်သီးကောင်းလျှာပါးနဲ့...ယောက်ကျားဆိုရင်တောင်..မိန်းမဆန်လိုက်တဲ့စိတ်ဓါတ်လို့ပြောရအောင်..မိန်မတွေအတွက်မကောင်းဘူး..မိန်းမဆိုရင်လည်း တော်တော် လေးကို စိတ်ပျက်ဖို့ကောင်းလိုက်တာ..လို့ပဲပြောလိုက်ပါတယ်..<<<<< တုတ်ကြီးပါဆိုကွယ်.. ကျားလားမလား လုပ်နေတယ်။

    ဘာပဲဖြစ်ဖြစ်..ဘလော့ရေးသူများအနေနှင့် အောက်တန်းကျသောအရေးအသားများကို ရေးချင်သပဆိုရင်ဖြင့် လူတိုင်းဝင်ရောက်ကြည့်ရှု့နိုင်သော blogspot များတွင် မရေးသင့်ကြောင်း.........<<<<< ဒါတော့ ထောက်ခံတယ်..း)။ အခုလို ယုတ်ညံ့တဲ့ ပိုစ့်တွေတင်တတ်တဲ့ ဘလောဂ့်ဆိုရင် ရှိကို မရှိသင့်တာ။ ဘလောဂ့်လောကကြီး သန့်ရှင်းဖို့ ဒီလို အဓိပ္ပါယ်မဲ့ လိင်တူဆက်ဆံတာကို အားပေးတဲ့ ဘလောဂ့်ကို ရှုံ့ချရမယ်။

    ပုံ...
    ရာဇ၀င် တုတ်ကြီး

    ReplyDelete
  14. အားလုံးပဲ ကျနော် တောင်းပန်ပါတယ်။ ဒီကိစ္စကို ကျနော်က ပြန်စသလို ဖြစ်သွားပါတယ် တီချမ်းရေ အနူးအညွတ်တောင်းပန်ပါတယ်။ ကျနော်က လူတွေရဲ့ စိတ်ဓါတ် တနည်းအားဖြင့် လူသားတွေ မလိုအပ်ပဲ ရှေ့ဆက်ပိုမို ရောဂါတိုးပွားလာတာကို ကျနော့်ရဲ့ စဉ်းစားဥာဏ်နဲ့ ကျနော် ရေးလိုက်တာပါ။ အားလုံးလဲ နားလည်မယ်လို့ ကျနော် ယူဆပါတယ်။

    Anonymous (October 27, 2009 7:50 AM )>>> ကျနော်တို့ အားလုံး ဒါကို အဓိက topic တခုအနေနဲ့ ဆွေးနွေးခဲ့ကြတာပါ။ မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲ ဖြစ်ဖြစ် သူတို့သဘောထားကို သူတို့ဖော်ပြနိုင်ပါတယ်။ ဒါဟာ မြန်မာအမျိုးသမီးတွေဆိုပြီး ၀ါးလုံးရှည်ထိုးပြီး ပိတ်မရိုက်စေချင်ပါဘူး။ ဒါဟာ လူတိုင်းမှာ ကိုယ်ပိုင်အခွင့်အရေးဆိုတာ ရှိပါတယ်။ သူတို့စိတ်ကြိုက်ပြောနိုင်ပါတယ်။ အခုသူတို့တောင် နာမည်တပ်ပြီး ၀င်ဆွေးနွေး၊ ဝေဖန်ရဲပါတယ်ခင်ဗျား။

    အားလုံးကို စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့မယ်ဆို ကျနော် တောင်ပေါ်သား ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်။ မျှတပြီး သန့်ရှင်းတဲ့ တွေးခေါ်နိုင်စွမ်းတွေ လူသားချင်း စာနာတတ်တဲ့ အသိတရားတွေ လူတိုင်း လူတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ။


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  15. Anonymous ဆိုတဲ့ ရာဇ၀င်တုတ်ကြီး ဟုခေါ်သော နွားခြေရာခွက်ထဲက ဘီလုံး ငှက်ကလေးရေ ... မသိသေးတာကို ကြိုးစားရှာဖွေပြီး သိအောင်မလုပ်ဘဲနဲ့  ကိုယ့်ရဲ့ သတ်မှတ်ချက်ဘောင်အတွင်း တရားသေ သတ်မှတ်ချက်တွေကို ပျောက်အောင်လုပ်ဖို့ ၊တိုးတက်အောင်လုပ်ဖို့ အချိန်တန်ပြီ လို့  ရေးထားတာ တွေ ဖတ်ပြီး ယူဆမိပါတယ် ။
    နောက်တစ်ခုက လူကို လူလို မမြင်တတ်သ၍ တော့ ခင်ဗျားရဲ့ အမြင်တွေကို ပြောင်းနိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ လူကို လူလို အရင်ဆုံး မြင်နိုင်အောင်လည်း ကြိုးစားသင့်ပါတယ် လို့ အကြံပြုပါရစေ။

    ယူရီ

    ReplyDelete
  16. သြော်.. တယ်ခက်ပါလား မယူရီ။ လိင်တူဆက်ဆံတာကို သင့်တော်ပါတယ်ဆိုပြီး ဘလောဂ့်ပေါ်တင်ရေးလို့ ဖဲ့ပါတယ်ဆို။ ဘာတွေလာပြောနေတာလဲ ခင်ဗျားတို့နားလည်းသလောက်တော့ အင်တာနက်သုံးနေတဲ့ လူတိုင်းနားလည်တယ်။ တုတ်ကြီး မကြမ်းချင်ဘူးနော်.. ဟင်း ဟင်း။ နောက်မှ အ၀င်ဆိုးတယ် မပြောနဲ့။

    ReplyDelete
  17. but anyway
    thanks for coming to my blog and read every single comment
    but try to do with something good for life
    we are really pity u

    ReplyDelete
  18. ပျင်းလို့ ရပ်ကွက်ထဲလှည့်ပြီး ခွေးရိုက်တာပါဗျာ။ အမောဖြေလိုက်အုံးမယ် ခွေးလေခွေးလွင့်ဆိုတာ သနားစရာကောင်းပါတယ်။ ဒါပေမယ့် သူ့နေရာနဲ့ သူပဲ အူစေချင်တာ။ အခုတော့ လေလည်တိုင်းအူချင်နေလို့ ၀င်ရိုက်မိတာပါ။ ဘလောဂ့်လောက သန့်ရှင်းရေးအတွက် အကျိုးမဲ့လွန်းတဲ့ ဘလောဂ့်ဆိုနှိပ်ကွပ်ရမှာပဲ။ ယုတ်ညံ့တဲ့ လိင်တူဆက်ဆံတာနဲ့ ပက်သက်ပြီး ပေါက်ကရမရေးနဲ့ ပုံတွေမတင်နဲ့။

    ရွေးချယ်မှုလို့ ဖင်ကန်မငြင်းနဲ့။ အဲဒီရွေးချယ်မှုရဲ့ နောက်ဆက်တွဲ လူအဖွဲ့အစည်းမှာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အရွယ်ရောက်သူတိုင်းသိတယ်။ ခင်ဗျားအဖေကြီး လိင်တူဆက်ဆံတာ ၀ါသနာပါနေရင် ဘယ်နှယ့်လုပ်မလဲ။ ခင်ဗျားသားအရင်းရော ဒီလိုဆက်ဆံတာကို ၀ါသနာပါနေရင် ဘယ်လိုလုပ်မလဲ ဥပမာနော်။ ဟား ဟား။ အဲဒီလို စိတ်ဓာတ်အဆင့်အတန်းအတွက် အများကသူတို့ကို နေရာတစ်ခု သတ်မှတ်ပေးရတော့မပေါ့။

    I also really(really) pity baby!! :P Just think about to realism. Come out ur dream and right way, if u delight ur nonsenscial world, you'll get the repentance in ur end of the life-time.

    ur..
    တုတ်ကြီး :P

    ReplyDelete
  19. မကြမ်းချင်ဘူးဆိုတဲ့ ကိုတုတ်ကြီးရေ ... တခြား ဘာမှကို ပြောချင်စိတ်မရှိပေမယ့် လူကို လူလို မမြင်နိုင်သေးတဲ့ ခင်ဗျားကို သနားတယ်ဗျ ။ လူသားတွေကို လူသားတွေ အဖြစ်ဘဲ မြင်နိုင်တဲ့ တစ်နေ့ ကျမှ ခင်ဗျားနဲ့  စကား ပြောပါတော့မယ် ။ ခင်ဗျား အသိပညာ ဗဟုသုတ အဆင့် တက်လာတဲ့ တစ်နေ့ ပေါ့ ။
    ယူရီ

    ReplyDelete
  20. ယူရီဆိုတဲ့ အခြောက်ကြီးရေ။ အသိပညာဗဟုသုတ ခေါင်းပါးလွန်းပြီး၊ အသိခေါက်ခက်အ၀င်နက်နေတဲ့ ခင်ဗျားကို ဘယ်လိုမှ တရားချမရတော့ရင်လည်း ခင်ဗျားရွေးချယ်မှုနဲ့ ခင်ဗျားစိတ်ကြိုက်(တီချမ်းပြောသိလို)ဖင်သာ ခံပါတော့လို့ ပြောချင်တယ်။

    လူကိုလူလို့မြင်လို့ ပြောနေတာပေါ့။ ခင်ဗျားဘာသာ ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့လူနဲ့ ကြိုက်သလို ဆက်ဆံနိုင်တယ်။ ခင်ဗျားတို့ပြောသလို ရွေးချယ်မှုပဲ။ ဒါပေမယ့် အများသူငါဖတ်တဲ့ ဘလောဂ့်တွေပေါ်မှာတော့ လိင်တူဆက်ဆံတဲ့ ပုံတွေတင်တာ အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်။ ရှင်းတယ်နော်။ ဒီတော့ လာဖတ်တဲ့လူကို အာရုံလွှဲပြီး ဘာမှမဆိုင်တဲ့ HIV ပညာပေးတွေ၊ အခြောက်မို့လို့ အတန်းအစားခွဲခြားတယ်တွေ ပြောမနေနဲ့။ လူသနားအောင် လုပ်ပြမနေနဲ့။ တကယ်က ဘာကြောင့်ဝင်ဖဲ့လည်း ခင်ဗျားအသိဆုံးပါ။

    ရှင်းအောင်ထပ်ပြောမယ်.. အခြောက်မို့လို့ အတန်းအစားခွဲခြားတယ် မပြောနဲ့ သူများသနားအောင် မပြောနဲ့။ အဓိက လိင်တူဆက်ဆံတဲ့ ပုံတွေ စာတွေတင်ပြီး ပေါက်ကရေးလို့ဖဲ့တယ်။ အိုကေ.. ? :P

    ကိုကိုတုတ်ကြီး..

    ReplyDelete
  21. ကိုကို တုတ်ကြီးရေ ပေါက်ကရ ရေးလို့ ဆိုတာလေးကို တစ်ချက်လောက် ထောက်ပြပါလား ဗျ ။ ဒီဘလော့ ခေါင်းစဉ်ကို တစ်ချက်ပြန်ဖတ်ပေးပါ လားဟင် ... ဒီဘလော့က သူ့ ကမ္ဘာပါလို့ အတိအလင်းခေါင်းစဉ်တတ်ထားတာလေ ။ သူ့ ကမ္ဘာဆို မှတော့ သူ့ အကြောင်း တွေ နဲ့ သူ့ အမြင်တွေနဲ့  သူ့ အတွေးတွေဘဲ ဖတ်ရတော့မပေါ့ ။ ခင်ဗျား အကြောင်းတွေ ခင်ဗျားအတွေး တွေ ခင်ဗျား ထင်ထားတဲ့ အမှန်တရား တွေကို ခင်ဗျားဖတ်ချင်တယ်ဆိုရင် ခင်ဗျား ရဲ့ ဘလော့မှာ ခင်ဗျား ဘာသာ ခင်ဗျားရေးပြီး ကိုယ်တိုင်ပြန်ဖတ်လို့ ရတယ်။ တွေ့ သမျှလူတွေကို လိုက်ဖဲ့ နေရတာ ရူးနေလို့ ဖြစ်မယ် ။ ပိုင်ပိုလာ ဆိုတဲ့ ရောဂါ ခင်ဗျားမှာ ဖြစ်နေတယ် လို့ တပ်အပ်ပြောရဲတယ် ။ ဆေးခန်းသွားပြလိုက်အုံး ။ အော် သာမန်ဆေးခန်းကို တော့ သွားမပြနဲ့  စိတ်ရောဂါ အထူးကုကို သာ တန်းပြီး သွားပြပေတော့ ။
    အော်နောက်ပြီး တစ်ခုပြောခဲ့ ရအုံးမယ် ကျွန်တော်က တရားဝင် ယောကျားယူထားတဲ့ ယောကျားတစ်ယောက်ပါဗျ ။ ခင်ဗျား စကားနဲ့ ခင်ဗျား ခေါ်ချင်သလို ခေါ်ပါ ။ ဂရုစိုက်စရာ လူတွေထဲမှာ ခင်ဗျားမပါတာ စောရီးဗျ ။
    ယူရီ

    ReplyDelete
  22. အရှင်းကြီးပါ..
    စိတ်မ၀င်စားရင် ယုတ်ညံ့တယ်ထင်ရင် ဘာလို့ဝင်ဖတ်နေတာလဲ..
    မိန်းမကောင်းရန်တွေ့လုပ်နေတယ်လို့မြင်ပါတယ်..
    လူ့အခွင့်အရေးဆိုတာ နားလည်ပုံမရဘူး..
    ကိုယ့်ဖင်နဲ့ ကိုယ်ခံ ၊ ကိုယ့် ဘလော့ခ် ကိုယ်ရေးတာတောင် အိပ်ယာအောက်ရေ၀င် လာပြောနေတယ်..
    မကြိုက်မဖတ်နဲ့ပေါ့ ၊ ဘယ်သူမှ လာပါ ဖတ်ပါ လုပ်မနေဘူး..
    ရှင်းရှင်းပြောမယ်..အဲဒီ တုတ်ကြီး နာမည်ခံတဲ့ အကောင် ဘာအကြောင်းပြချက်နဲ့ ဒီဘလော့ကို သိရတာလဲ ၊ သိ သိချင်း မ၀င်ပါနဲ့ မဖတ်ပါနဲ့လား အခုတော့..ခရေစေ့တွင်းကျ လိုက်ဖတ်၊ လိုက်ရန်လိုနေတာ အောက်တန်းကျလိုက်တာ..
    မသိတတ်လို့ ၀င်ရေးရတယ် ၊ပြန်ပက်မယ်၊ စော်ကားမယ်ဆိုတာ သိပါရဲ့။
    ဘာနေနေ ကိုက်တတ်တဲ့ခွေးမှန်း သိရက်နဲ့ အနားကဖြတ်လျောက်မိတာ ငါတို့ အမှားပါ ယုရီ နဲ့ ချမ်းရယ်

    ReplyDelete
  23. ခွင့်လွှတ်ပါ ကိုယ်မှားသွားတယ် ရီတာရယ်။ :P

    သိပ်သိပ်တုတ်တဲ့ ကိုကိုတုတ်

    ReplyDelete
  24. Anonymous များ ဖြစ်နိုင်မယ် ဆိုရင် နာမည်တခုခု သုံးပြီး ရေးစေချင်ပါတယ်။ ကိုယ် ဘယ်တုန်းကမှ နာမည် မသုံးဘဲ မရေးဖူးပါ။

    ReplyDelete
  25. This comment has been removed by the author.

    ReplyDelete
  26. Hi guys, I reveived a message in strange characters as blow. Never seen these before. What do they mean? Thanks a lot

    ရပါတယ်
    ကျားလားမလား

    ReplyDelete