Wednesday, October 28, 2009

ကူမင်း သို့တခေါက်


ကူမင်း သို့တခေါက်

နံစော်နေတဲ့ လေဆိပ်က အိမ်သာ
ဈေး ၅ဆကြီးတဲ့ လေဆိပ်စားသောက်ဆိုင်
အရင်တခါထက်ပိုအဆင်ပြေတဲ့ ပြည်ဝင်ခွင့် နှင့် လူဝင်မှုကြည့်ကြပ်ရေး
အကောက်ခွန်
စိတ်ဝင်စားစရာကောင်းတဲ့ လျှပ်စစ်စွမ်းအင်သုံး
လောင်စာလျော့ချ မော်တော်ဆိုင်ကယ်တွေ
နေရာတော်တော်များများမှာ လျော့သုံးတဲ့ကြွပ်ကြွပ်အိတ်
အေးစိမ့်တဲ့ရာသီဥတု
စိုစွတ်စွတ်မိုးနဲ့
အော်ရီဂျင်နယ် မာလာဟင်း
ဈေးပေါတဲ့တရုတ်ပစ္စည်းတွေ
ဒီဇိုင်းစုံ အဆင်ဆန်းအနွေးထည်တွေ
စီဒီတွေ
စာအုပ်တွေ
ဒီဗီဒီတွေ
ဝန်ဆောင်မှုကောင်းတဲ့ New era ဟိုတယ်က ဝန်ထမ်းတွေ
အရသာကောင်းတဲ့ Fresh brew coffee
Shang Hai နဲ့ဆင်တဲ့ ရာသီဥတု
ကိုယ်သတိရမိတဲ့
စီးကရက်သောက်ခြင်းနဲ့ “မင်း”
မေပယ်လ်ရွက်ဆန်တဲ့ အရွက်တွေရှိတဲ့အပင်တွေ တန်းစီနေတဲ့
နေမထိုးလမ်းကလေး
လူတွေစုံတဲ့ မြို့လည်ကောင် မြေကွက်လပ်
လမ်းလေးအုတ်ခုံပေါ်မှာအိပ်နေတဲ့ လူတွေ
(အိန္ဒိယ ကိုတောင်သတိရမိသေးတော့)
အရသာမရှိတဲ့ တရုတ်ပြည်ဖြစ် ကျွဲရိုင်း
ပိုက်ဆံပေးမှ ယူမယ်ဆိုတဲ့ သူတောင်းစား
ပြီးတော့ ဒီမြို့ကြီးမှာ တရုတ်လိုမှမတတ်ရင်
သွားရောပဲ
ဘယ်နဲ့လဲ သိပ်အဆင်မပြေဘူးဟုတ်?

A Chen
26th October 2009
2:51 pm
Bangkok

7 comments:

  1. what about how rude they are..!!
    I'm so sick of them as they are sooooo impolite..!!

    Snow

    ReplyDelete
  2. correction: ဆေးလိပ်သောက်ခြင်း

    ReplyDelete
  3. လမ်းက သန့်တော့ သန့်တယ်နော်။ သစ်ပင်တွေလည်း ရှိတယ်။ ကိုယ်ကတော့ သစ်ပင်ရှိရင် ကြိုက်တာပဲ။

    ReplyDelete
  4. သွားလည်ချင်လိုက်တာနော် ...

    ReplyDelete
  5. အနောက်က စက်ဘီးတွေ၊ ဆိုင်ကယ်တွေလည်း ၀င်အောင်းသွားပါဦးမယ်အေ . . . လမ်းလယ်ခေါင်ကြီး သူမို့လို့ ပဲတက်ပေးရဲတယ်

    ReplyDelete
  6. ကူမင်းရောက်ရင် ဦးမွန်တော့ ယူရီမကို သတိရတယ်...ငါတို့နှစ်ယောက်ရဲ့ ခင်ခြင်းအစ ကူမင်းကလေ အဲ့တုန်းက ယူရီမ ဗိုက်ချပ်ကတ်ပြားဝယ်တာ နာလည်း လိုက်ဝယ်ပြီး မ၀တ်ချင်လို့ အိမ်က ညီမလေးဆီပို့လိုက်တာ တူမလေးက ရှင်မီးလေး လုပ်ဝတ်တယ်တဲ့ ဟဟဟဟဟ

    ReplyDelete
  7. ဟုတ်မယ် သူကတော့ ခုထိဝတ်တုံးပဲ
    ဟိဟိဟိ

    ReplyDelete