Tuesday, June 22, 2010

ရန်ကုန်-၁- (၁၁ ရက် ဇွန် ၂၀၁၀ခုနှစ် သောကြာ)

ကဲမရေးရတာကြာလို့ရေးရပါအုံးမယ်။ ဒီလိုဟာရေးရင် ကြိုက်တဲ့လူတွေက သွားရည်ကျကြမယ် မကြိုက်တဲ့ လူတွေက မေတ္တာပို့ကြမယ် သေချာတာကတော့ အဆဲခံရမယ်ဆိုတာပါပဲ
ဒါပေမယ့် ရေးခွင့်ပြုကြပါ ရေးချင်ပါတယ် မြန်မာပြည်ကို ကိုယ်ကချစ်တယ်လေ မြန်မာပြည်ဆိုရင် မုန့်တီဖတ်လေးက အစချစ်ပါတယ် နီရူဒါပြောသလိုဆိုရင် ကိုကလဲ မြန်မာပြည်မှာ ဆိုရင် တီကောင်ပဲ ဖြစ်ရဖြစ်ရပါ ကိုယ့်မြေ ကိုယ့်ပြည် ကို အဲ့လောက်ချစ်ပါတယ် (တကယ် အပိုတွေပြောနေတာပါ) လောလောဆယ်တော့ စိတ်နေသိပ်မကောင်းပါ အဲ့တာကြောင့် စားစရာအကြောင်းရေးရရင် စိတ်နေကောင်းမယ် အနည်းဆုံး သက်သာနေမယ် ထင်ပါတယ် အဲ့တာကြောင့်က တကြောင်းပေါ့ နောက်တကြောင်းကတော့ မမကွမ်ကို အားကျလို့ပါ သူက တချိန်လုံး မြန်မာပြည်ပြန်တိုင်း ရန်ကုန် ၁-၂-၃-၄-၅-၆-ဘာညာ စသဖြင့်ရေးတတ်လို့ပါ အဲ့တော့ ကိုယ်လဲ ဒီတခါ ပြန်ရင် ရောက်တာနဲ့ စားတာတွေကို ဓါတ်ပုံရိုက်မှတ်တမ်းတင်ထားမယ် ပြီးရင် ဘလောခ် တင်မယ် လို့တေးထားတာပါ ရန်ကုန်-၁- ဆိုတဲ့အတွက် ၂-၃-၄-၅- တွေ မန္တလေးတွေ ထပ်လာဖို့ရှိပါတယ်လို့ ကြိုပြောပါမယ်
ကဲလာပြီ လာပြီ ဒေါ်သက်ရီ..............





ပထမဆုံးပုံက လေယဉ်ပေါ်က ဆင်းဆင်းချင်း လာကြိုတဲ့အမက အိမ်ဖော် သွားရှာမလို့ လိုက်ခဲ့ပါဆိုလို့ ရောက်သွားတာပါ စောဘွားကြီးကုန်းရှေ့နားက လမ်းက နေ အထဲကိုဝင်ရပါတယ် အုန်းခြံဆိုလား ဘာလား အဲ့နေရာပါ ဒုတိယပုံက အဲ့နားမှာ ဖမ်းမိလို့ ပွဲစားနဲ့စကားပြောနေကြတာပါ တတိယပုံကတော့ အမက အိမ်ဖော်ကိစ္စပြောနေတဲ့အချိန်မှာ ကိုယ်က အားနေလို့ ဘာဘာညာညာ လျောက်ရိုက်လိုက်တာ မွေးကတည်းက တော်လာတာဆိုတော့ ဘုရားသခင်ပေးတဲ့ အနုပညာ လက်ပါတော့ ဖြစ်သလို ဖြစ်ကတတ်ဆန်း ရိုက်လိုက်တာတောင် ဒီလိုလှပ အနုပညာဆန်တဲ့ပုံ ထွက်လာပါတယ် ဘုရားသခင်ပေးတဲ့အတိုင်းပေါ့လေနော့ (ဖြူဖြူ့စကားခဏ ငှားသုံးတယ်)





ပြီးတော့ ကိုယ်ကရောက်ရောက်ချင်း ငတ်နေတာကြာပြီဖြစ်တဲ့ မြန်မာ ထမင်းဟင်း ကိုတောင့်တပါတယ် အဲ့တော့ ကိုယ့်ကို ပို့ရင်း အိမ်နဲ့နီးတဲ့ အောင်သုခ ကိုရောက်သွားပါတယ် ပထမ ပုံက အလကားပေးတဲ့ လက်ဖက်ပါ မိုက်တယ်နော် ဘေးပုံက အမ ရဲ့ ကြက်သား ကာလသားရယ် ကိုယ့်ရဲ့ ဆိတ်ကလီစာ အူကြမ်းရယ် အမ ရည်းစားရဲ့ ဝက်ချိုရယ်ပါ နောက် ဟင်းရံအနေနဲ့ ချဉ်ပေါင်ကြော်မှာပါတယ် နောက် ငငိရည်ကော ငပိထောင်းကောမှာစားပါတယ် ကောင်းလေစွ ကောင်းလေစွ ရှလွတ်ရှလွတ်...စိတ်ဆိုးကြပါ ရပါတယ် မုဒိတာပေါ့ တီကတော့ မေတ္တာထားပါတယ် အဲ့တာကြောင့်ဒီလို အပင်ပန်းခံပြီး သေချာရိုက်လာ တင်ပေးတာပေါ့နော် အောင်သုခကတော့ စေတနာ ကိုသဘောကျလို့တီက အမြဲလိုလိုသွားစားတတ်ပါတယ် စားလို့လဲကောင်းတယ် အရသာလဲရှိတယ် တီကတော့ ကြိုက်တယ် အထူးသဖြင့် စေတနာ ကောင်းတာကို အကြိုက်ဆုံးပဲ ထမင်းဆိုင်ဆိုတာ အဲ့လိုဖြစ်နေရမယ်လို့တီကတော့ ထင်တယ် တီလဲဆိုင်ဖွင့်ရင် အဲ့လိုစေတနာ တွေအများကြီးထားမယ် အောင်သုခ ကိုအကောင်းရေးပါတယ် အောက်ကျရင် နောက်တဆိုင် ကိုမကောင်းရေးမှာမို့လို့ပါ





ဒီပုံကတော့ တို့စရာ အစုံပါ ဘေးပုံက ငပိထောင်းနဲ့ ဒညင်းသီး မတည့်ပါဘူး ကိုယ်သောက်နေရတဲ့ဆေး ရဲ့ဘေးထွက်ဆိုးကျိုးက ကျောက်ကပ်ကိုထိပါတယ် အဲ့တာကြောင့် ကျောက်ကပ်ကို ဒုက္ခပေးမယ့် ဒညင်းသီး ကို လုံးဝ လုံးဝ မစားသင့် မစားရ ပါဘူး ဒါပေမယ့် စားပါတယ် ကောင်းကောင်းနေပြီး စားချင်တာ မစားရရင်ကော ဘာလုပ်မလဲနော် လူ့ဘဝဆိုတာ ပျော်အောင်နေရမှာ မဟုတ်လား ပြီးတော့ အိမ်ပြန်ခဏနားပါတယ် ညနေကျတော့ သူငယ်ချင်းတွေ နဲ့ ဝိုင်သောက်သွားကြမယ်ဆိုတော့ ပေးစရာ လက်ဆောင်လေးတွေ ယူပြီး အိမ်ကထွက်ပါတယ် အားလုံး နဲ့နီးတဲ့ ဆာဗွိုင်း က happy hours ရှိတယ်ဆိုတာနဲ့ အဲ့ကိုပဲ သွားလိုက်ကြပါတယ်
ဝိုင်တခွက်ပဲ သောက်ပါတယ် မကြိုက်ပါဘူး ဆိုရှယ်လုပ်ပြီး သောက်တာပါ ကိုယ်က ဗော်လ်ဂါပဲကြိုက်တယ် orange နဲ့ပဲဖြစ်ဖြစ် sprite နဲ့ပဲဖြစ်ဖြစ်ပါ ဘေးက အာလူးကြော်က အလကားကျွေးတာပါ ပြီးတော့ အဲ့နေ့ က ကမ္ဘာ ဖလားအဖွင့်မို့လို့ ဘီယာ အလကား free flow တိုက်ပါတယ် ပြီးတော့ ကမ္ဘာဖလား အာဖရိကန်သီချင်းတွေ နဲ့ မြူးပါတယ် အလယ်ပုံက ဆာဗွိုင်း က ဆွဲလာတဲ့ အလံပုံတွေပါ ဘယ်ဘက်လက်က နိုက်ဂျီးရီးယား နဲ့ ညာဘက်လက်က ပုံက မမှတ်မိပါဘူး ဘောလုံး ဝါသနာရှင်များ လာပြောပြကြကုန်(ပို့စ်ရေးဖို့အတွက် အားကျိုးမာန်တက် ဂုလ်ဂဲထဲမှာ ရှာကြည့်ပါသေးတယ် မတွေ့တာပါ)





ပြီးတော့ သူငယ်ချင်းတွေ က လန်ဒန်က ပြန်ရောက်နေတဲ့ သူငယ်ချင်း ကို စဘိုင်း စဘိုင်းမှာ လိုက်ကျွေးကြမယ်တဲ့ လိုက်မလားတဲ့ ကိုယ်က အခုမှ ဘန်ကောက်က ပြန်လာတာလေ အဲ့တော့ ယိုးဒယားစာ ဆိုရင် မျက်နှာတောင် မကြည့်ချင်ပါဘူး အဲ့တော့ အိမ်ပြန်ပြီး အမေ တို့နဲ့ တခုခု သွားစားမယ်ပေါ့ အဲ့တာနဲ့ အမေ ရယ် ညီရယ် မောင် ရယ် နောက် တဝမ်းကွဲညီ နဲ့ညီမ ပါပါတယ် စုစုပေါင်း ၅ ယောက်သွားစားကြတာပါ (ဟုတ် အမေကော ညီကော သိကြပါတယ် မောင်နဲ့ တူတူနေတာ ကို အိမ်ကခေတ်မှီပါတယ်)





ဘီယာ သောက်ကြမယ်တဲ့ သူတို့တွေပဲသောက်ကြတာပါ ကိုယ်မပါပါဘူး (ဟုတ်ကဲ့ ဘယ်သူမှရိုက်မစစ်ပေမယ့် ကိုယ်ကပြောရပါမယ် ကိုယ်က လူကောင်းပါ အမေကတော့အတင်းတိုက်လေ့ရှိပါတယ် ကိုယ်ကတော့ ဘယ်တော့မှမသောက်ပါဘူး အဲ့လိုလိမ္မာတာပါ သူတို့ကတော့ ဂျားနဲ့တောင် မဟုတ်ဘဲ ဘားနဲ့သောက်ကြမယ် ဆိုပါတယ် ကိုယ်ကတော့ အဲ့တာကြီး ကို ဘားလို့ခေါ်တယ်ဆိုတာတောင် အဲ့တော့မှ သိတာပါ ထုံးစံအတိုင်းပေါ့ ကမ္ဘာဖလား အဖက်တွေရိုက်ပါတယ် တိုက်ဂါး ဘီယာ အခွက် ၂၀ သောက်ရင် ကမ္ဘာဖလား တီရှပ်တွေပေးပါတယ် အလံပုံလေးတွေနဲ့ပါ လှပါတယ် ဆိုဇ်တော့ ကြီးတယ်)





ပထမဆုံးကတော့ မာလာဟင်းပါ ဒုတိယကတော့ ကြက်ခြေထောက် ချဉ်စပ်ပါ ၃၁၀၀ ပါ လုံးဝမတန်ပါဘူး ကောင်းလဲမကောင်းပါ နောက် ဘေးက ဟာက အချဉ်ရည်ပါ သခွားသီး ပုံတောင် အစကတင်ထားသေးတယ် နေရာအဆင်မပြေလို့ ဖြုတ်လိုက်တယ်





ကြက်ပေါင်းဆေးနဲ့ပါ ဘေးက အာလူးကင် နောက်မှို ပြောရပါအုံးမယ် ကောက်ရိုးမှို သုံးလုံးကို ခြမ်းလိုက်တော့ ခြောက်ခြမ်းမရဘူးလား အဲ့ဒီခြောက် ခြမ်းကို တုတ်နဲ့ထိုးလိုက်တော့ တကင် ၄၀၀ ဖြစ်သွားပါတယ် ဈေးထဲမှာ ဝယ်ရင် တဆယ်သား ၂၀၀ ၂၅၀ ပေါ့ အလုံး ၂၀ ၃၀ လောက်တော့အသာလေးပါ စားဖို့မတန်ဘူးပြောတာပါ ဆိုင်ရှင်တော့ ကိုယ့်ဘလောခ် လာမဖတ်ဘူးထင်ပါတယ် သူများစီးပွားရေး တုတ်နဲ့ထိုးသလိုဖြစ်နေလို့ပါ သူကလဲ တုတ်နဲ့ထိုးပြီးရောင်းတာပါပဲ...နော်...............အဲ့တော့ ကျေပါတယ်ပေါ့ ငွေနှင်းမှိုကလဲ ထိုနည်းလည်းကောင်းပါပဲ နှစ်ဖတ် သုံးဖတ် ကို တကင် ၄၀၀ ပါ မတန်ပါဘူး ရောက်ရင် သွားမစားကြပါနဲ့ (အော် ပြောမိပြန်ပြီ မကောင်းဘူးနော်)





ဝက်အချင်း ကင် ဘေးက အပျိုမလက်ချောင်းကင် နောက်တော့ ဝက်နားရွက်ကင် အရသာတွေက ဆိုးဆိုးပါ (English လို so so ပြောတာမဟုတ်ပါဘူး မကောင်းလို့ ဆိုးတဲ့ ဆိုးဆိုးပါ)





မာလာဟင်းက တပွဲမလောက်လို့ နောက်တပွဲထပ်မှာရပါတယ် ပွဲကြီးမှာတာနော် ဒါတောင် ဒုတိယ တပွဲကတော့ ထုံးစံအတိုင်း သိပ်မကောင်းပါ နောက် ဝက်သားပြားကင် ဘေးက ပြည်ကြီးငါး ကင် (ဒါကတော့ ယိုးဒယား ကလာတာပါ မလွတ်ဘူးနော်)





မြန်မာ့ရိုးရာ စားစရာ ပြောင်းဖူးဖုတ်ပြီးဆီဆမ်းပါ ဘေးကတော့ ဝက်နံရိုးကင် နောက်ဆုံးကတော့ ဈေးထဲမှာ ဝယ်ရင် ၂၀ သား ၃၀ သား လောက်တကောင် ကို ဘယ်လိုမှ တထောင်ကျော်မပေးရတဲ့ ဇလားဗီးယား ကို အဲ့ရွှေလီမှာ သွားပြီး ၄၅၀၀ ပေးစားပါတယ် (လုံးဝ စားမကောင်းပါ တီချမ်း ခြေထောက်နဲ့ကင်ရင်တောင် အဲ့ထက် ပိုကောင်းပါတယ် တကယ်ပြောတာပါ လုံးဝမတန်ပါ)
ခြုံပြောရရင် မာလာဟင်းလေးတမျိုးပဲကောင်းပါတယ် ကျန်တာ တော်တော်များများက ကောင်းလဲမကောင်း တန်လဲမတန်ပါ နောက်တခါဆိုရင် မစားဖြစ်တော့ဖို့ များပါတယ် ............တကယ်ပြောတာ

စစချင်းပြောဖိုပ တခုကျန်နေပါတယ် တီက ဘန်ကောက် အဲဝေးစီးပြန်တာပါ အဲအေးရှ ကိုမစီးဖူးသေးပါဘူး နောက်တခါတော့ စီးကြည့်မယ် တေးထားပါတယ် သိပ်မဆိုးဘူးပြောကြလို့ပါ
အရင်ကတော့ တီဂျီပဲစီးနေကြပါ
မြန်မာပြည်ရုံးက ဝန်ထမ်းတွေ ဆက်ဆံရေးညံ့သလောက် လေယာဉ် မဆိုးလို့ပါ မြန်မာ တီဂျီ ရုံးက ဝန်းထမ်းတွေ ဆက်ဆံရေးညံ့ချက်ကတော့ “စံ” ပါပဲ ရိုင်းလဲသိပ်ရိုင်းပါတယ် ဆက်ဆံဖူးရင် သိကြပါလိမ့်မယ်
အမ်အေအိုင်ကတော့ စီးကိုမစီးပါဘူး ထည့်လဲမပြောတော့ပါဘူး

ခုန က ဘန်ကောက်အဲဝေးကိစ္စ ပြန်ပြောရရင် တီ့ အိတ်အသစ်ကလေး လက်ဆွဲခရီးဆောင် အိတ်ပါ ပိုလိုပါ အသစ်စက်စက်ဝယ်လိုတာပါ အဲ့တာ ကို ဆားဗစ် ကောင်းချက်ကတော့ လက်ကိုင် ကွဲထွက်သွားပါတယ် မြန်မာပြည်မှာက အဲ့လိုဖြစ်နေကျပါ နားလည်ပါတယ် စိတ်လဲရှည်ရှည်ထားပါတယ် လက်ကိုင် ပျက်သွားတော့ တီက အိတ် ယူပြီးတာနဲ့ lost and found ကိုသွားပါတယ် ဘန်ကောက်အဲဝေးက လူမရှိပါဘူး အဲပုဂံ က လူက လာပါတယ် တီကတော့ စလာတာနဲ့ ဖုန်း က ရီကောဒါ ကိုဖွင့်လိုက်ပါတယ် ကောင်မလေးက လန့် သွားပါတယ် (အောက်ကမြင့်ပါပါတယ်နော် သေချာဘတ်ပါ) ပြီးတော့ ဆက်ဆံတာကတော့ ကောင်းကောင်းမွန်မွန်ပါပဲ မကောင်းလို့လဲမရဘူးလေ တီက ရီကောဒါဖွင့်ထားတာကိုး ထားပါတော့ ကျိုးသွားတော့ ဘယ်လိုလုပ်ပေးမလဲလို့ မေးတော့ အိတ်ကိုထားခဲ့ပါတဲ့ နောက် လေယာဉ်နဲ့ပြန်ထည့်ပေးပြီး ဘန်ကောက်မှာ ပြင်ပေးပါမယ်တဲ့ ကောင်းရော အရင်တခါကလဲ တီဂျီနဲ့ အဲ့လိုပဲ ဖြစ်ဘူးတယ် သူတို့ကတော့ ၂၈ လမ်းမှာ ပြင်ပေးတယ် ဘယ်ဟာက ပိုကောင်းလဲ တောင်မပြောတတ်တော့ပါဘူး
အော် ဆားဗစ် ဆားဗစ်.......................စ်စ်စ်စ်

ရန်ကုန် ၂-၃-၄-၅- ဆို့ မန္တလေး ၁-၂-၃ တို့ ဆက်လက်ထွက်ရှိလာမည် မျှော်.................

Post Scrip:

ပြောဖို့တခု ကျန်သွားလို့ ပြန်ဝင်လာရေးတယ် အကုသိုလ်များချင်သူများ ပုံတွေကို ရိုက်ကလစ် နှိပ်၍ အကြီးချဲ့ကြည့်နိုင်ပါတယ် ခိစ်................................................

A Chen
1:15 Am
Home
Bangkok

12 comments:

  1. ရီရတယ်။ ကောင်းတယ်။
    မြို့မငြိမ်းက စာအုပ်ပဲ ဖတ်ချင်တာ။ သီချင်းတွေက ကိုယ်ကြိုက်တာတွေ စုံသလောက်ဖြစ်နေပြီ။

    နောက်အပိုင်းတွေ မြန်မြန် ဆက်ရေး။ ကြားထဲမှာ အချိန် ခြားသွားရင် အရသာမရှိတော့ဘူး။ ရေးရတာရော ဖတ်ရတာရော။

    ReplyDelete
  2. တီချမ်းရေ ထိုင်းပြန်လာရင် ဒေါ်သလင်းဆီ ဆက်သွယ်ပါအုံး။ မာလာဟင်း မစားရလို့ စိတ်ဆိုးတယ် တကယ်ပဲ...ဟင်း။

    ReplyDelete
  3. ဗော်လ်ဂါကြိုက်တာချင်းတူတယ်။ ခရန့်ဘယ်ရီနဲ့ ရောသောက်တာ ပိုကြိုက်တယ်။ ရွှေလီမှာ သွားစားတယ်... မကောင်းပါ။ စကာင်္ပူမှာဆို ကဏန်းလတ်လတ်ဆတ်ဆတ်၊ ပုစွန်ပိဿာလိုက် စားတာတောင် တစ်ယောက်ကို မြန်မာငွေ တစ်သောင်းကျော်ပဲ ကုန်ပါတယ်။ တစ်ခါစား နှစ်နာရီ သုံးနာရီကြာပါတယ်။ ရွှေလီမှာ အကင်နည်းနည်းပဲ စားတာ၊ လူလေးယောက်ကို တစ်သိန်းနီးနီး ပေးလိုက်ရလို့ အဲဒီညက အိပ်မပျော်ဘူး။

    ReplyDelete
  4. အဲဒါကြောင့် ကိုယ်တို့က ရန်ကုန်ပြန်ရင် ပေါ်ပင်တွေ ဘယ်တော့မှ မလုပ်ဘူး။ လမ်းဘေးပဲ စားတာ။

    ReplyDelete
  5. ပြန်လာပြီလေ ဒေါ်သလင်းရေ

    ဟုတ်တယ် သူသူ လုံးဝမစားသင့်တော့ဘူး ရွှေလီက

    ဒေါ်ရီတာ အကြောင်းသိတွေပါ မကြွားပါနဲ့
    မမကွမ် ဘာလုပ်တာလဲ တခစ်ခစ်နဲ့

    ReplyDelete
  6. အောင်သုခ မိုက်တယ် သူသူ သွားစားနေကျ အပေါ်ထပ်မှာ စားပွဲဝိုင်းအပုလေးနဲ့ စားရတာပိုကြိုက်တယ်

    ReplyDelete
  7. မတွေ့ရတာကြာပေါ့ တီရေ။ အမြဲလာဖတ်ပါတယ်။ မန့်လို့မရလို့ပါ။ ဒီနေ့တော့မန့်လို့ရပါပြီ။ တီဖြစ်စေချင်တဲ့အတိုင်း ဒီပိုစ့်ကိုဖတ်ပြီး အကုသိုလ်ပွားသွားပါတယ်။ မစားရလို့ပါ။
    Glacier

    ReplyDelete
  8. အော် ရေခဲတောင်
    ပြန်ပေါ်လာသေးတယ်နော်
    မရှိတော့ဘူးမှတ်တာ
    ခိခိခိ

    ReplyDelete
  9. အကုသိုလ် များမှာစိုးလို့ အောင်သုခက ပုံတွေပဲ ငမ်းသွားတယ်...
    လာမယ့် နံပတ် ၂ က ဘယ်တောာ့လဲ။

    ReplyDelete
  10. တီချမ်းရေ မဲမဲကြီးတွေက ငါးထမင်းရဲ့အသက် ပဲပုတ်ထောင်းတွေလေ မသိမှာစိုးလို့ နားရွက်ဆွဲလာပြောတာ ဟိ...

    ReplyDelete
  11. မှားပါတယ်တီရယ်
း(
    ဗိုက်ဆာတဲ့ အချိန်မှ လာကြည့်မိရတယ်လို့...
    ၀ါးးးးးးးးးးးးးးးးးး
း(((((((((((

    ReplyDelete