မနေ့က…ကိုယ်ဘာလုပ်တယ်ထင်လဲ…?
မနေ့က…
ဘန်ကောက်မြို့ကြီး ရေလျှံမတတ် မိုးတွေရွာလိုက်တာ
(ရေတိမ်မြူပ်တယ် ဆိုတာ ဒါများလားလို့တောင်
ကိုယ်စဉ်းစားမိသေးတယ်)
တိမ်တွေဆိုတာလဲမဲပြီးမှောင်လို့
ဝမ်းနည်းနေတဲ့ ငါ့အတွက်
ကောင်းကင်ကြီးက ကူပြီး ငိုကြွေးပေးနေတာလား
ဒီလိုနဲ့ ကိုယ်လဲမိုးရေထွက်ချိုးလိုက်တယ်
ကိုယ်ဘာလုပ်တယ်ထင်လဲ…?
အလုပ်ကပြန်လာပြီး ကတည်းက
“ဝမ်းနည်းမိုးတိမ်” ကို
အခေါက်ခေါက်အခါခါ
အပြန်ပြန်အလှန်လှန်
နားထောင်နေမိတယ်
အရင်က နားနဲ့ ခံစားမိသမျှ
ခုတော့ ရင်နဲ့ ခံစားနေမိသလိုပဲ
“အချစ်တခု ကွဲပျက်” ဆိုတဲ့ စာသားလေးကို စိတ်ထဲစွဲမိလို့ပါ
အဲ့ဒီနောက်
ရေပန်းအောက်မှာ ထိုင်ပြီးအကြာကြီး “ငိုင်” နေမိပေါ့
ကိုယ်ဘာလုပ်တယ်ထင်လဲ…?
နောက်တော့ ကိုယ်မခံနိုင်တာနဲ့
ရေကူးကန် ကိုသွားပါတယ်
ရေကို
အခေါက်ခေါက်အခါခါ
အပြန်ပြန်အလှန်လှန်
ကူးနေမိတယ်
မောမှန်းမသိ ပန်းမှန်းမသိ
ရေကူးရင်းနဲ့ရော
ကိုယ်ဘာလုပ်တယ်ထင်လဲ…?
ကိုယ်အထိနာပါတယ်
တကယ်ပါ
ဒီလို….
ကိုယ်ခံစားနေရတာတွေ မင်းသိပါစ…?
(မောင့်အတွက် အမှတ်တရ)
A Chen
2:16 am
24th June 2010
Home
Bangkok
Thursday, June 24, 2010
Subscribe to:
Post Comments (Atom)
ကဲ.......အခုအပြင်လူတွေ သိကုန်ပြီ.ဘယ်နဲ့လုပ်မလဲ။
ReplyDeleteမိုးရေထွက်ချိုး
ReplyDeleteရေပန်းအောင်ထိုင်
ရေကူးကန်သွား
(ရေနဲ့ရောပြီး ငိုနေတာ ဖြစ်မယ်)
This comment has been removed by the author.
ReplyDeleteအရီးတား ပြော သလို ရေနဲ့ ရောပြီး ငိုတာ မဖြစ်နိုင်ပါ။
ReplyDeleteရေနဲ့ရောပြီး.. ဟီးဟီး ရှူးရှူးပေါက်တာ နေမှာပေါ့။
တီ
ReplyDeleteငိုနေလားးးး
ငိုနဲ့
း(
ကုလားများ အကုသိုလ်များရင်ရေချိုးတယ် ဒေါ်ခရစ်တယ်လ်။
ReplyDeleteအဲ--တီရေ ဘာဖြစ်ရပြန်တာလဲ။
ReplyDeleteမိုးနဲ့အတူငိုနေတယ်ပေါ့လေ။
မောင်ကလည်း လူဆိုးပဲဗျ ဟီးဟီး။
Glacier
မိုးဖွဲများသည်းလို့နေပြီ
ReplyDeleteတို့လျောက်တဲ့လမ်းမပေါ်မှာ
နှလုံးသားပြဇာတ်လမ်းတပုဒ်ထဲက
မိန်းကလေးတယောက်ပါကွယ်
မိုးမိုးမိုး
တို့နှစ်ယောက်ချစ်တဲ့မိုး
အော် .. ငိုမိသေးတယ်လား..
ReplyDeleteခံစားနေရတာကို ဘာလို့သိစေချင်တာလဲဟင်.
ရေတိမ်မြုတ်............ ရေတိမ်နစ် ............??????????/
ReplyDeleteဖုန်းမထားတတ်လို့ပါ (စိန်)
ReplyDeleteသနားခံချင်တာ တော့ မဟုတ်ပါဘူး
ကိုယ်က နာကျင်ရင်လဲ
ပွင့်ပွင့်လင်းလင်းပဲ
မကွယ်ဝှက်တတ်တာပါ
တခါတလေ တော့ အဲ့အကျင့် ကိုမုန်းမိတယ်
ရေတိမ်မြုပ်ပါ စင်ဒလာ...
ခုတော့ ကျေးဇူးတင်ရပါတယ်
ReplyDeleteတကယ်ပါ
နည်းနည်းပေါ့ သွားတယ်
ပျော်လဲပျော်သွားတယ်
တကယ် ကျေးဇူးပါ
one go two come three wait four in bed
ReplyDelete