Monday, June 28, 2010

ကြွ...ကြွာ...ကြွား...

ကဲကဲကဲ လာပြီ လာပြီ ဒေါ်သက်ရီနော်
ခေါင်းစဉ်ကိုအရင်ကြည့်ပါ ကျေနပ်မှ ဆက်ဖတ်ပါ ဒါပဲ.............................

ဒီနေ့ အိပ်ရာထနောက်ကျပါတယ် မနေ့က စောစောအိပ်ရဲ့သားနဲ့တောင် ၁၂ ခွဲလောက်မှ နိုးပါတယ် ဘာ့ကြောင့်လဲ လို့ ဇမ်နူးလိုအော်ရမလိုပါပဲ စနေ တနင်္ဂနွေ လုပ်မယ် ကြံထားတဲ့ အလုပ်တွေ တခုမှ မပြီးပါဘူး
ခုတော့ ညလုံးပေါက် လုပ်ရတော့မယ်ပုံပါ မနက်ဖြန်မပြီးလို့ မရပါဘူး မျဉ်းက သောကြာကတည်းက သေနေတာပါ (dead line=line was dead on friday) အဲ့တော့ ကိုယ့်အပြစ်နဲ့ကိုယ် ကိုယ်ရွေးချယ်တဲ့လမ်း ညလုံးပေါက်အပြီး လုပ်ရပါတော့မယ် အဲ့တာတောင် ခု ၁ နာရီခွဲ ကို အလုပ်မစနိုင်သေးဘဲ လျှာရှည်ပြီး ကြွားချင်နေပါသေးတယ် မကြွားလို့လဲ မဖြစ်ဘူးလေ
ဒီနေ့ အပြစ်တခု ကျူးလွန်ခဲ့တယ် ရာဇဝတ်မှုပဲဆိုပါတော့
ဘာလဲ သိချင်နေကြပြီမှလား .................ဟိဟိ

ဒီနေ့ အိပ်ရာနိုးတော့ သား (မွေးစားသား literally) နဲ့ ကွန်ပျူတာ စီးတီး လို့ခေါ်တဲ့ ပန်တစ်ပ် သွားကြမယ် လို့ ချိန်းဖြစ်ပါတယ် ကွန်ပျူတာ သိပ်မကောင်းတာလဲ ပြတင်းပေါက် ချချင်လို့ပါ အဲ့တာနဲ့ ရောက်သွားကြပါတယ် အစကတော့ ဟိုဟိုဒီဒီပါပဲ လျောက်ကြည့် မျက်စိမှောက်ကြည့်တာပေါ့
အဲ့မှာ မနေနိုင်မထိုင်နိုင် နဲ့ ကွန်ပျူတာ ထည့်တဲ့ အိပ်တလုံးဝယ်ပါတယ် belkin ပါ ခုတလော အဲ့တံဆိပ် ကို သိပ်သိပ် အာရုံကျနေပါတယ် တလောကပဲ အိုင်ပေါ့ အတွက် အိတ်ကလေး ကိုအဲ့တံဆိပ်ဝယ်သေးတယ် အဲ့ကတည်းက................
“xxxxxxxxxxxxxxxxx.............သူ့ကိုမှ ချစ်မိနေပါတယ်.....xxxxxxxxx......တွေ့နေမြင်နေရတော့.....xxxxxxxxxxxx ဝယ်မိပြန်သေးတယ် မျက်စိထဲတဝဲလည်လည်..xxxxxxxxxxxxxxx..”အဲ့လို ဖြစ်နေတာပါ အောက်မှာ ကြည့်ပါ လှပါတယ် သိပ်သိပ် သဘောကျပါတယ် ဝယ်မိတာ ကိုနောင်တမရပါဘူး..............
ဇာတ်လမ်းက အဲ့မှာ မရပ်ဘူးလေ ရာဇဝတ်မှု လို့ပြောထားပါတယ် ဒါလေးဝယ်တာကတော့ ဘယ်လိုပြောမလဲ လိမ်လည်မှုလောက်ပဲပေါ့ အောက်ကဟာကမှ တကယ့် အမှုကြီးပါ...................
ကြည့်လိုက်တော့ ...................ကြည့်လိုက်ကြတော့.................SHARP AQUOS No 1 TV in Japan တဲ့ အဲ့လိုရေးထားပါတယ် ကြည့်မိတယ် ဟယ် လှလိုက်တာ ပေါ့ မီးပွင့်သွားပါတယ် သူက ကိုယ့်ကို ကြည်ကြည်နူးနူး စိုက်ကြည့်တယ်လေ အကြည့်ချင်းဆုံ ရင်တွေ ခုန်ကြပြီပေါ့ သူက ပြောတယ် အိမ်ခေါ်သွားပါလားတဲ့ ကိုယ်ကလဲ သိပ်သိပ်ခေါ်ချင်ပါတယ် မြင်မြင်ချင်း ချစ်မိပြီကိုးနော်.............အိမ်မှာ မနှစ်က ဝယ်ထားတဲ့ ၂၂ လက်မ အယ်လ်ဂျီ ရှိပါတယ် အသစ်အတိုင်းပါပဲ ဒါပေမယ့် ခုတလောမှ ဖြစ်နေတဲ့ စိတ်စေတသိတ်တခုရှိပါတယ် အဲ့တာက တီဗီ ကြီးကြီး ကြည့်ချင်တဲ့ရောဂါပါ ဘယ်လိုက နေ ဘယ်လိုဝင်လာလဲတော့မသိပါဘူး တလောက ဆိုနီ အိမ်သီရေတာ ဝယ်လိုက်ကတည်းက လက်ရှိ ရှိနေတဲ့ တီဗီ ကို သိပ်သေးတာပဲ လို့ အထင်အမြင်သေးမိပါတယ်
မချစ်ချင်တော့တဲ့ အခါ အပြစ်မြင်လာပြီလေ ဝိုင်းစုခိုင်သိန်း သီချင်းလဲ ဒီအချိန်မှာ နားမဝင်တော့ဘူး အဲ့တော့ ဖြတ်မယ်လို့ အကြောင်းရှာပါတယ် တွေ့ပြီ သူသိပ်သေးတယ် ၂၂လက်မ ဆိုတော့ ဘာရှိလို့လဲ ကြည့်ရတာတောင် ကြည်ကြည်လင်လင်မရှိဘူး...........ဘာမှန်းကိုမသိဘူး ကြည့်လို့ကိုမရဘူး ဘာညာ ဘာညာ ပေါ့ ဆူညံ ပူညံ လုပ်လိုက်ပါတယ် ကိုယ် သူ့ကို ပစ်တော့မယ်လေ..........အမေ့ဆီ ပစ်ရမလား မောင့် ဆီ ပစ်ရမလား (ပစ်စေချင်တဲ့နေရာ လာမန့်လို့ ရပါတယ်.............)
အဲ့တာနဲ့ ခုနက ပြောတဲ့ ကွန်ပျူတာ စီးတီးမှာ ကြည့်တယ် ကြည့်တော့ တွေ့တာပေါ့နော် သူကလဲကိုယ့်ကို ကြည့်ကြည့်နေတယ်လေ ဘာလို့ကြည့်လဲမေးကြည့်တော့ အိမ်ခေါ်သွားပါလားဟင်တဲ့ ...........
ကိုယ်က စဉ်းစားပါရစေအုံးဆိုတော့ နှစ်လုံးပဲ ကျန်တော့တာတဲ့ ခေါ်ရင် မြန်မြန်တဲ့ ပြီးတော့ သူ့ကိုခေါ်ရင် သူက လက်ဆွဲအိတ်နဲ့ပါ လိုက်မှာတဲ့ (ဘေးက ပုံက လက်ဆွဲအိတ်က အပိုပေးတာပါ တီဗီဝယ်လို့) အဲ့တာနဲ့ ဈေးမေးကြည့်တော့ ၁၂၉၀၀ ဘတ်တဲ့ ဘုရားပေါ့ ပြီးတော့ မှ သူတို့ က ၁၀၀၀ လျော့ပါမယ်တဲ့ တွက်ကြည့်လိုက်တယ် မဆိုးဘူးပေါ့..........ဘေးက အိတ်ကိုလဲ အရမ်းကိုလိုချင်နေပြီ တီဗီ ကတော်တော် အိတ်က ကဲကဲ ဖြစ်နေတယ် အဲ့လိုပဲ ကိုယ်က အပိုပေးတာ တွေကို ပိုစိတ်ဝင်စားတယ် ကိုယ့်လိုလူတွေ ရှိနေလို့လဲ ဒီလို ပရိုမိုရှင်းတွေ အလုပ်ဖြစ်နေတာ အော် သူလဲရောင်းချင်ရှာမှာပေါ့လို့ ဖြေတွေးပေးလိုက်ပါတယ် သူတို့ရောင်းတာလေး တခုလောက်ဝယ်လိုက်ရင် ဒီလို ပစ္စည်းတွေ ထုတ်တဲ့ နေရာ ဥပမာ တရုတ်ပေါ့ အဲ့က လူတွေ အလုပ်ရမယ် သူတို့တွေ အလုပ်ရ ရင် သူတို့ မိသားစုတွေ စားဝတ်နေရေး အဆင်ပြေမယ် အဲ့လိုတွေးပြီးတော့ ကဲကဲ ငါ ကူလိုက်ပါမယ်လေ လို့ ဆိုပြီး “.................xxxxxxxxxxxxxxxx..............မျက်စိကို အနားပေးxxxxxxxxxx......လက်မှတ်ထိုးကာ ကိုယ်ဝယ် ...................xxxxxxxxxxxxxxx............စာရွက်ပေါ် ချိန်ရွယ် ရေးချလိုက်တယ်...........အစိမ်းတွေရယ် ထွက်ပြန်ပကွယ်................xxxxxxxxxxxxxxx...........စုဘူးလေးထဲမှာ ပြည့်ရန်တယ်မမြင်တယ် ..............ဒီိလိုနဲ့ ပဲ အကြွေးထဲမှာ တို့က တဝဲလည်လည်............xxxxxxxxxxxxxxxx”............

(မှတ်ချက် အကြွေးတော့ မတင်သေးပါ ခုက ရသမျှ လစာ ကို တလ တလ ကုန်အောင်သုံးတဲ့ အဆင့်ပဲ ရှိပါသေးတယ် လစာက များသော်လည်း ဘဏ်လက်ကျန်ငွေ အမြဲ ဘဲဥ ဘဲလန့်စ် ဖြစ်တဲ့အတွက် ဘဏ် က ခရက်စ်ဒစ် ကဒ် လျောက်တာ ပယ်ပယ်ချပါတယ် နှစ်ခါရှိ နှစ်ခိရှာပြီ...............အဲ့တာပဲ ခပ်ကောင်းကောင်းလို့ ကိုယ့်စိတ်ကိုယ်ပြန်ဖြေရပါတယ် မဟုတ်ရင် ကိုယ့်လက်ဖွာပုံနဲ့တော့ အကြွေးတွေ လည်စိနစ်နေမှာ မြင်ယောင်ပါသေးတယ်)

“.............xxxxxxxxxxxxxxx...........ဒီလိုနဲ့ ပဲ...............xxxxxxxxxx.......... ထောင်တန်လေးတွေ တဖြုတ်ဖြုတ်ကြွေ...........xxxxxxxxxxxxxx......... မိုးဆောင်းနွေ ပြက္ခဒိန်တွေ တမျိုးပြောင်းနေ”





ကြည့်လိုက်ပါ မိုက်ပါတယ်............ဝယ်ပြီးတော့လဲ တကယ် စိတ်ချမ်းသာရပါတယ် ကိုယ်က အခွေလဲ အသေကြည့်တာကိုးနော် အဲ့တော့ တီဗီကတော့ ကိုယ့်အတွက် အဆန်ရှယ်ပါပဲလေ ဆိုပြီးတွေးတွေးကြည်နူးကျေနပ်နေရပါတယ် (ဝယ်ပြီးပြီကိုးနော်)





သေချာထပ်မံ ရှူပါ..........အပ်ချလောင်း.......................





ဘေးမှာတွေ့လား စာအုပ်တွေ အခွေတွေ က တောင်ပုံရာပုံပါပဲ ကိုယ်က အစားရယ် စာအုပ်ရယ် အခွေ ရယ် ဆိုတာ တွေ ကိုဝယ်ဖို့ဆိုရင် ဘယ်တော့မှ လက်မနှေးပါဘူး အကြောင်းကလဲရှိပါတယ် အစားက လူနဲ့တည့်တယ် ဆိုတယ်မှလား ပြီးတော့ ရှိသေးတယ် စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ ဟော ဂီတသံစဉ်ဆိုတာကကော လူ့လောက ကိုလှဆင်နေတဲ့ နဝင်ပီယံ လေးတွေ သုတအရသာလေးတွေပဲ မဟုတ်ပါလား အဲ့တော့ တီက အဲ့ဒီအကြောင်းတွေကြောင့်လက်မနှေးဘဲဝယ်ပါတယ် ဝယ်ပြီးတော့ ဖတ်လားဆိုတော့ မဖတ်ရသေးတာတွေအများကြီးပါ အခွေတွေလဲ ထိုနည်းလည်းကောင်းပါပဲ အစားတွေကတော့ ကုန်ပါတယ် ဒါတောင် တခါတခါ ခရီးထွက်တော့မယ်ဆိုရင် လောဘကြီးပြီး အရမ်းကာရောတွေ စွတ်ဝယ်ထားတဲ့ ရေခဲသေတ္တာထဲက ဟာတွေ ကိုမနှေးအမြန်ရှင်းရတာ တလုပ်ပါ....ထားတော့ ပြချင်တာက တီဗီ အသစ် အော် မကျန်အောင်ကြွားရမယ် ဆိုရင်တော့ တလောက ဝယ်ထားတဲ့ ဆိုနီ အိမ်သီရေတာ စနစ်နဲ့တော့ သိပ်သိပ် ကိုပလဲနံပ ဖြစ်နေတာပေါ့လေ ငှဲငှဲငှဲ ဘေးမှာရောတွေ့လား ဂျူလီယာရောဘတ်နဲ့ ရှုဂျက်မင်.....ခိခိခိ တီ့အချစ်ဆုံးတွေများစွာထဲကပေါ့လေ

ကဲကဲ ကြွားတာတွေ ပြီးတော့ စားတာတွေ လာပါမယ် ညဘက်ကျတော့ တီဗီအသစ်ဝယ်တဲ့ အထိန်းအမှတ်နဲ့ သားနဲ့ သမီး နဲ့ အတူ အမ်ပိုရီယမ်မှာ မက္ကဆီကန် အစားအစာ သွားစားကြပါတယ် တနှစ်တုံးက မက္ကဆီကိုရောက်တုံးက အချိန်တွေကို တောင်သတိရမိသေး တီသတိအရဆုံးက မာချာလာဒါ လို့ခေါ်တဲ့ ဘီယာ အမဲ ကို သံပရာသီး ဆားတွေနဲ့ သောက်တာပါ ခုဒီက အမ်ပိုရီယမ် မှာ အဲ့တာမရဘူးတဲ့ ရိုးရိုးအိတ်စ်ပို့ ဘီယာ တွေပဲရတယ်တဲ့ ညံ့ပါ့နော်...........ထားတော့ ................သွားတာက သုံးယောက် မှာတာက ခြောက်ယောက်လောက်စားမှ ကုန်မယ့်ဟာတွေ....မှာတာကတော့ တယောက်တပွဲပါပဲ ပိုးရှင်းတွေက ကြီးလို့လေ ကြည့်ကြရအောင် စားလို့တော့တကယ်ကောင်းတယ် အဲ့တာကြောင့်လဲ မက္ကဆီကန်တွေက အဲ့လိုကောင်းတာတွေ အီတာတွေစားပြီး လုံးနေကြတာလို့တွေးမိတယ် ကျန်းမာရေးနဲ့တော့ သိပ်မညီညွတ်ဘူးထင်တယ် (စားပြီးမှ စားပြီးမှ..ခိခိ)





ပထမဆုံးပုံက grande supreme nachos လို့ခေါ်ပါတယ် နာချိုပါပဲ တီစားဖူးတဲ့ နာချိုနဲ့တော့ သိပ်မတူပါ တီစားဖူးတဲ့ နာချိုကပဲ နာချိုမစစ်လို့လားတော့မသိဘူး မုန့်ကြွပ်ပေါ်မှာ ကြက်သားကင်ရယ် ခရမ်းချဉ်သီးရယ် ငရုတ်သီးတမျိုးရယ် အာလူးရယ် ချိစ်ရယ် နောက် ခရမ်ရယ်နဲ့ ကော်ကော်စားရတာပါ ငရုတ်သီး အထူးကောင်းပါတယ် မွှန်ပြီးစပ်တာ သင်းသင်းလေး

ဒုတိယပုံက chicken quesadillas ပါပြောမယ်ဆိုရင်တော့ မက္ကဆီကန် ပီဇာပေါ့ အပြင်အသားကတော့ ဘာနဲ့တူသလဲဆိုရင် ချာပါတီ နဲ့တူပါတယ် အထဲမှာ က ကြက်သားကင်ရယ် မဆလာတွေဘာတွေရယ် ချိစ် အများကြီးရယ် ဘေးက ဆော့်ထ်နဲ့ခရမ် တီမစားနိုင်ပါဘူး ဒီဟာကို သိပ်မကြိုက်ဘူး

နောက်တတိယပုံကတော့ တီမှာတဲ့ အမဲသားပါ beef stake fajitas လို့ခေါ်ပါတယ် စားကောင်းပါတယ် တီက အမဲသားကြိုက်တာကိုး မက္ကဆီ ကိုမှာတုံးကလဲ နေ့တိုင်းလိုလို တခါတော့ စားဖြစ်အောင်စားပါတယ် အမဲသား ကို သံပူပြားပေါ်မှာပဲ ခရမ်းချဉ်သီး ဂရင်းပက်ပါ (ငရုတ်သီးပွ အစိမ်းရောင်) နဲ့ မကျက်တကျက်လေးကြော်တာ သိပ်ကောင်းတယ် ခုန ပြောတဲ့ မာချာလာဒါဘီယာအမဲနဲ့ လိုက်မှလိုက် အမဲသားက ချာပါတီ လိုအဖတ်နဲ့လာပါတယ် ပြီးတော့ ပဲနီလုံးကြီးတွေနဲ့ ထမင်းတူးတူးလေး တပွဲကိုလဲပေးပါတယ် ပုံမှာကြည့်ပါ နောက် ငရုတ်သီးဆော့်ထ်ရယ် ခရမ်ရယ် နောက် ခုနက ကြက်သားပီဇာ လိုဟာနဲ့စားတဲ့ ဆော့်ထ်လိုမျိုး (ခရမ်းသီးထင်တယ်) တမျိုးထပ်ပေးပါတယ် စားပုံကတော့ ချာပါတီ အရွက်ပေါ်ကို အမဲသား ခရမ်းချဉ်သီး ငရုတ်သီး စတာတွေတင် ပြီးတော့ ဆော့်ထ်တွေဆမ်း ပြီးရင် လိတ်ပြီးတော့ ပါးစပ်ထဲထည့် ဝါး ကောင်းမှကောင်း...

အဲ့တာတွေအကုန်စားလိုက်တာ စုစုပေါင်း ၁၀၂၀ ဘတ်....၉၉၆ဘတ်ပါ အပိုဆုကျေးက ၂၀ ဘတ် မွေးစားသားကပြောပါတယ် ဆားဗစ်ချာဂ်ျ ယူပြီးသားတဲ့ ပေးစရာမလိုဘူးတဲ့ နောက်ပြီး အခွန်ကလဲ ၇ % ယူထားသေးတယ်တဲ့ ပြန်ပြောလိုက်တယ်တခွန်းပဲ

coz it is a nice thing to do, and that is what princesses do
we help people လို့ ဟိဟိဟိ ပြောရတာ အရသာ အရသာ...




အောက်ဆုံးက ပုံက တီနဲ့ မွေးစားသမီးပါ (လှတယ်နော်) မွေးစားသားပုံကိုတော့ နောက်မှတင်ပေးမယ် အစက ရိုက်ထားတာတွေ အက်စီတန့်တယ်လီး ဒလိဒ် လိုက်မိလို့ မကျန်တော့ဘူး ပြီးတော့ သူက ရှက်တတ်တယ် နောက်တော့ တင်ပေးမယ်......




Bonus

မနက် ၂ နာရီခွဲမှာ စားနေတဲ့ ဆပ်ပါပါ စာရေးနေရင်းနဲ့ ဆာလာတာနဲ့ ထမင်းထတည်ပါတယ် ဘေးစွန်ကပထမပုံက အမဲသားကြက်သွန်ဖြူနီနဲ့ အစပ်ကြော်တာပါ တီ့ကိုကြီးတယောက်ဖြစ်တဲ့ ဝက်ဝံရဲ့ ချစ်ချစ် ကြော်ပေးတာပါ ဘေးကတော့ စားချင်နေတဲ့ ကြက်ဥ ဘာဖြစ်လို့မသိ ခုနက ရုပ်ရှင်ကြည့်နေရင်းနဲ့ ကြက်ဥ မကျက်တကျက်ကို အရမ်းစားချင်လာတာနဲ့ ကြော်စားလိုက်တယ် နှစ်လုံးပါ တလုံးဆိုမဝပါဘူး
စားနေတဲ့ပုံကို ဘေးမှာတော့ ကြည့်လိုက်တော့ ဒီလို အချိန်မှာ ဒီလိုစားနေတာ ဘယ်လိုပိန်မလဲနော်..............ဟူး.............................
ပိုစ့်ကိုတင်ပြီးမှာ ထကြော် ပုံရိုက်ပြီး ပြန်လာတင်တာပါ ခိခိခိ ..................မနိုင်ဘူးနော်





A Chen
2:20 am
28th June 2010
Home
Bangkok

23 comments:

  1. အားရပါးရကြွားထားတာတွေ အားရပါးရရှူစားသွားပါကြောင်း. သားလေးကိုတော့စိတ်ဝင်စားသား..

    ReplyDelete
  2. လာမယ် မမကွမ် လာမယ်
    သားလေးက နီပေါလ်က
    သမီးကတော့ မြန်မာပဲ
    အရင်က သူတို့ က ဒီက အမေရိကန်ကျောင်းတခုမှာ
    မာစတာ တက်ထားကြတာ
    ဆက်ကြွားဦးမှာ
    ခိခိ

    ReplyDelete
  3. စားတာတွေဆို နည်းနည်း ကျော်ဖတ်သွားတယ်။
    အစားကို တော်တော်ကို စိတ်မဝင်စားတာ။
    ဒါ့ကြောင့် ပိန်နေတာ။

    ReplyDelete
  4. ပိန်တော့ မော်ဒယ်နဲ့တူတာပေါ့ မမရီတာ
    အဲ့တာကြောင့် ဘလောခ် မှာ ပုံလှလှလေးတွေ တင်နိုင်တာ
    တို့များတော့ ဝနေလို့ မျက်နှာတောင် မတင်ရဲရဲ တင်ရဲရဲ တင်နေရတာ
    ရှူး.....................
    ဖိုးသူတော် မကြားစေနဲ့နော်

    ReplyDelete
  5. Give 22" to whoever wanted most, chicken quesadillas, one of my fav, and I do parceled up if I can't eat them all. I also like that small suitcase.

    ReplyDelete
  6. တီချမ်းတို့ များ ကြွားစရာတွေ တပုံကြီးပဲ
    လက်ဆောင်ပေးတဲ့ အိတ်ကလေး သဘောကျတာအေ
    ရန်ကုန် ဘယ်အချိန်က ပြန်လိုက်တာလဲ ဒါကြောင့် ဟိုတလောက ပျောက်နေတာကိုး
    ဒီကဖြင့် အနီတွေဖမ်းတဲ့ထဲများ ပါသွားသလားလို့  အဟိ

    ReplyDelete
  7. ၄၂ လက်မfull HD ထပ်ဝယ်ပါ သိသိသာသာကွဲပြားတာသိလိမ့်မယ်ဟိ။

    ReplyDelete
  8. ဟုတ်တယ်လေ မေရဲ့ အရင်တပတ်က ပြန်သွားတာ မောင်နဲ့ ၅ နှစ်ပြည့်မှာ တူတူရှိချင်လို့
    ခုတော့....

    တီလဲ အမှန်ပြောရရင် အိတ်ကိုကြိုက်လို့ဝယ်လိုက်တာပဲ ရူးတာရူးတာ

    ဗစ်ရေ
    မပြောချင်ဘူး ပြောကိုမပြောချင်ဘူး လို့ပဲ ပြောလိုက်ချင်တော့တယ်
    မနေ့က ပန်တစ်မှာ နေ့လည်က အဲ့ဒီ ၃၂ လက်မ ကိုဝယ်တယ်နော်
    ညကျတော့ အမ်ပိုရီယမ် မှာ ၄၂ လက်မ တံဆိပ် တူတူက ဘတ် ၁၀၀၀၀ လျော့တယ်
    ရောင်းဈေးက ၃၉၉၉၀ ကို ၁သောင်းကျော်ကျော်လေးလျော့တော့ ၂၈၉၀၀ လားမသိဘူး
    ဝယ်ချင်လိုက်တာ လက်ကို ယားသွားတာပဲ
    ပြန်စဉ်းစားလိုက်တယ်
    i want it but i DON'T need it
    လို့
    ဟိဟိ
    ပြီးတော့ မြင်တဲ့အတိုင်းပဲလေ
    အိပ်ခန်းထဲက တီဗီ တင်တာက မဆန့်တော့ဘူး
    ခိခိ
    စိတ်လျော့မှဖြစ်မယ် ....................အင်း..........

    ReplyDelete
  9. မွေးစားသမီးလေး ချစ်ရှာလေး

    အဲဒါကိုအရင်မြင်တယ်

    ကျန်တဲ့စာနဲ့ပုံတွေ မမြင်မိဘူး။

    ရှာတွေ့ရင်ထပ်တင်ပေး

    စာကိုအေးဆေးမှ ဖတ်တော့မယ်။

    ReplyDelete
  10. အင်း.. လူတွေ ခက်တယ်

    ခုမှ မြင်ဖူး၊ တွေ့ဖူးတော့လဲ လိုချင်ရှာမှာပေါ့။

    ကိုယ်တွေ ဒါမျိုးတွေ မလိုချင်လို့ ဟိုမှာထားခဲ့တာ ထုနဲ့ဒေး

    သုံးဖူးပြီးသားပစ္စည်းတွေ၊ စားဖူးပြီးသား အစားအသောက်မျိုးတွေကို ထပ်တလဲလဲ မြင်ရတော့ သရေမကျတဲ့အပြင် စိတ်ကုန်သလိုလို စိတ်ပျက်သလိုလိုပါပဲလား။ ကိုယ့်အကြိုက်ဒီထက်ပိုကောင်းတဲ့ ဈေးကြီးတဲ့ ပစ္စည်းတွေ မထွက်သေးပါလားလို့။ အဟတ်

    ReplyDelete
  11. sein: အဟတ်
    me: ဘာအဟတ်လဲ
    sein: မန့်ထားတာလေ
    me: ကြည့်ရသေးဘူး
    sein: :P
    me: နာတော့မယ်
    မွေးစားသားကော မကြိုက်ချင်ဘူးလား
    sein: နိုးဝေး
    :P

    ReplyDelete
  12. ဒီလိုအနိုင်နဲ့ပိုင်းနေကျဆိုတော့လဲ ရှိစေတော့။

    မွေးစားသမီးက တကယ်ချစ်ရှာလေး

    ReplyDelete
  13. မျောက်စုတ် မျောက်နာ မျောက်ကလချာ
    ဒိုင်းညောင့် ဒိုင်းညောင့်
    ဘူးညွှန့် အရီးညွှန့်.....

    ReplyDelete
  14. မွေးစားသမီးလေးထပ်လာကြည့်တယ် ဟိ

    ReplyDelete
  15. တီ့ရဲ့ TV ကိုကြည့်ပြီး ဖြစ်ပေါ်လာတဲ့စိတ်ကို တီပြောသလိုပဲ I don't need it, my room is so small လို့ အထပ်ထပ်ပြောပြီး ပြန်သွားပါတယ်။
    အခုဘီယာသွားသောက်မလို့ :D
    Cinderellaboy

    ReplyDelete
  16. သားရေ
    ဖုန်းဆက်ပါကွယ်
    ဘီယာတွေ စိတ်ညစ်တယ်ဆိုပြီး ဇွတ်သောက်မနေနဲ့နော်
    အားတင်းထား
    စာကိုပဲ စိတ်နှစ်

    ReplyDelete
  17. ဟားဟား ဖတ်ရတာ ပျော်စရာ...တီရေ...ပွင့်လင်းတာကို သဘောကျတယ်....ရေးဟန်သွက်တာကိုလည်း ကြိုက်တယ် လင့်ခ်ယူသွားတယ်နော်...:)

    ReplyDelete
  18. တီရေ
    ပစ်စရာ နေရာမရှိရင် ဒီဘက်ပစ်လိုက်ပါ.. စိတ်မဆိုးဘူး အဟုတ်...
း)))))))))))

    ReplyDelete
  19. တီရေ
    အလုပ်တွေရှုပ်နေပြန်ပြီလား။
    ရန်ကုန်များကောက်ပြန်သွားသလားမသိ။
    လာလည်ပါတယ်ဗျာ။
    Cinderellaboy

    ReplyDelete
  20. Though I am not in a position to say that, I want to request you a post with the pictures from northern part of Thailand, when you are not busy, of course, and waiting for Mandalay trip post too.

    ReplyDelete
  21. တီချမ်းရေ..
    ကျွန်မ က တီချမ်းဘလော့ ကို ဖတ်မိတာ မကြာသေးပါဘူး။ပေါ့ ပေါ့ ပါးပါးလေးတွေနဲ့  ပွင့် လင်း စွာရေးထားတာလေးတွေ ကို သဘောကျ တယ်။ နောက်လဲ များများရေးပါ။ လာအားပေးပါ့ မယ်။
    သက်

    ReplyDelete
  22. မဲဆောက်ကပြန်မရောက်သေးဘူးလားချမ်းချမ်း.

    ReplyDelete
  23. Mae Sot? I have never been there. In fact, there is a lot of places I haven't been even in BKK. Hoping to read a post related to Mae Sot, and forgive me for bugging you again and again.

    ReplyDelete