မောင်…သို့
လွမ်းတယ်ဆိုတာဘာလဲ
ချစ်တယ်ဆိုတာဘာလဲ
သစ္စာရှိတယ်ဆိုတာဘာလဲ
တဦးတည်းပိုင်ဆိုတာဘာလဲ
လိင်ဆက်ဆံမှုလျော့ချတယ်ဆိုတာဘာလဲ
သတိရတယ်ဆိုတာဘာလဲ
မျှော်လင့်ချက်ဆိုတာဘာလဲ
အတူနေချင်တယ်ဆိုတာကရော ဘာလဲ
ဘဝဆိုတာဘာလဲ
ဒါတွေအားလုံး ကိုယ့်ခေါင်းထဲမှာ
မြုပ်လိုက်ပေါ်လိုက် နဲ့စီတန်းနေတယ်
ကောင်းကင်ပေါ်က ကြယ်ပွင့်လေးတွေကို
မော့ကြည့်လိုက်မိတဲ့အခါ
ဒီမေးခွန်းတွေ အားလုံးရဲ့အဖြေကို နားလည်လိုက်ပါရဲ့
တခုပဲ
ဘန်ကောက်ရဲ့ ကောင်းကင်က ကြယ်တွေ မရှိဘူး
လေထုညစ်ညမ်းမှုတွေပဲရှိတယ်
A Chen
7:20 AM
30th August 2010
Monday
Home
Bangkok
Monday, August 30, 2010
Sunday, August 29, 2010
နာရီကြည့်သူများ
နာရီကြည့်သူများ
“အချစ်ရဲ့ အမှောင်ဖုန်းကာလ” ဆိုတာ အချိန်ပေါ်မှာ အများကြီး မူတည်ပါတယ်။ မိုးအဆုံး မြေအဆုံးချစ်မယ်ဆိုတာမျိုးတွေ၊ တသက်လုံးမပြောင်းပါဘူးဆိုတာမျိုးတွေ၊ ထာဝရ ချစ်မယ် ဆိုတာတွေ အင်းလေ ကြာကြာချစ်နိုင်လေလေကောင်းလေလေပေါ့နော်။ နှစ်ယောက် စလုံး အကြာကြီး အတူတူ အသက်ရှင်နိုင်ရင် ပိုကောင်းတာပေါ့ကွယ်။ ဒါကြောင့် ချစ်သူတွေ အချင်း ချင်းပြောကြတဲ့ အချစ်စကားတွေဆိုတာလဲအချိန်နဲ့ ကင်းကွာလို့မရပါဘူး။ စကား တခွန်း ရှိတယ် ကိုယ်သိပ်ကြိုက်တာပေါ့…
“မင်းနဲ့ အတူတူ ရှိချိန်ဆိုရင် ကိုယ်အချိန်ဆိုတာ ကိုမေ့နေတယ်”
ဘယ်လိုလဲ။ မမိုက်ဘူးလား။ ပြီးတော့ အချစ်မှာ လူတိုင်း ကို အချိန်ကို မေ့သွားစေနိုင်တဲ့အစွမ်း သတ္တိလဲရှိသေးတယ်။ အဲ့တာကြောင့် ယောက်ျားတွေ က ကိုယ်တို့နောက် ကိုတကောက် ကောက်လိုက်နေတဲ့ အချိန်တွေ တုံးကဆိုရင် ကိုယ်တို့တွေ နာရီနဲ့ချီပြီးနောက်ကျနေရင်လဲ…
“မင်း နည်နည်းပဲ နောက်ကျတာပါ၊ ကိုယ်သိပ်မစောင့်ရပါဘူး” လို့ သူက ပြောလိမ့်မယ်။ အင်းလေ အဲ့အချိန်က တနေ့လောက် တညလောက် မတွေ့ရရင် သုံးနွေ သုံးမိုးလောက် လွမ်းရတယ်ထင်တာကိုးနော်။ (သတိပြုပါ သုံးနေကြလွန်းလို့ ရိုးအီ နေတဲ့ စကားလုံးတွေ ကိုရှောင်ထားပြီးတော့ တီချမ်း စတိုင်လ်အတိုင်း စကားလုံး အသစ်အဆန်းလေးတွေ ကို သုံးထားတယ်နော် ပြီးတော့ ဒီစကားလုံးတွေကို အင်တာလက်ကျူရယ် ပရော်ပါတီ ရိုက်စ်နဲ့အညီ မှတ်ပုံတင်ထားပါတယ် အဲ့တော့ ယူသုံးရင် တရားအစွဲခံရပါမယ်။)
နေ့တိုင်းတွေ့နေရတာတောင် အားမရဘူး အချိန်တွေကုန်တာမြန်လိုက်တာလို့ ထင်ကြတယ်။ ဖုန်းခွက်ကို လျာနဲ့ တနေ့တနေ့ ၇ နာရီလောက် ယပ်ခတ်ကြရတာတောင် မောတယ်မထင်ကြ တာ။ ရက်စတောရင့်စ် က ပိတ်နေပြီ ဒါတောင် နှစ်ယောက်သား မပြီးနိုင်မဆီးနိုင်နဲ့ အစောကြီး ရှိသေးတာပဲ လို့ဆိုကြသေးတယ်။
တနေ့တနေ့ အလုပ်နဲ့ လက်နဲ့မပြတ်အောင် လုပ်နေကြရတယ်၊ အရမ်းလဲ မအားကြပါဘူး ဆိုတဲ့လူတွေတောင် ရည်းစားထားဖို့ အချိန်ရှိတာတော့သေချာတယ်။ အင်း ချွင်းချက်အနေနဲ့ တခြား ကိစ္စတော်တော်များများတော့ လုပ်ဖို့အချိန်မရှိဘူးပေါ့လေ။
ဒါပေမယ့် အချစ်ရဲ့ ပြောင်းလဲခြင်းတွေကလဲ အချိန်နဲ့ပဲ သက်ဆိုင်နေပြန်ပါတယ်။ (တနည်း) အချစ်က အချိန်ပေါ်မူတည်ပြီးတော့လဲ ပြောင်းလဲသွားတတ်ပါသေးတယ်။ ဥပမာ တနေ့မှာ မင်း က မင်းရဲ့ချိန်းဆိုဖက်ဟာ မင်းနဲ့ ချိန်းတွေ့နေတဲ့အချိန်မှာ နာရီ ကို တိတ်တိတ်ကလေး ကြည့် ကြည့်နေတယ်ဆိုပါ တော့၊ ကုန်ကုန်ပြောရရင် ခိုးခိုးပြီးတော့ ကိုကြည့်နေတယ်။ ဒါဟာ ဘာကို ပြ သလဲဆိုတော့ ဟိုးတုံးက “အချစ်ရဲ့ အမှောင်ဖုံးကာလ” ဟာ တဖြည်းဖြည်း ပြောင်းလဲ၊ ကုန်ဆုံး သွားနေပြီဆိုတာ ကိုပြပါတယ်။ တဖြည်းဖြည်းလဲဝေးသွားနေပြီပေါ့။ သူမင်းနဲ့ ရှိနေရက်သားနဲ့တောင် အချိန်ဆိုတာကို သတိထားနေတယ် ဆိုရင် မင်းပြောနေတာကိုလဲ သူကြားမှာ မဟုတ်ဘူးလေ။ သူ့ စိတ်က မြန်မြန်ပြန်ချင်နေပြီကိုး။ ဒါမှမဟုတ် တခြားကို သွားဖို့ စိတ်စောနေတယ်။
ယောက်ျားတွေ နာရီကြည့်ရင် သိပ်မသိမသာပဲ ကြည့်တတ်ကြတယ်။ ဥပမာ စားပွဲအောက်ခြေ ကနေ ခိုးကြည့်တာမျိုးပေါ့။ အဲ ဒါပေမယ့် မိန်းမတွေ မိန်းမတွေ ကတော့ နာရီကြည့်ပြီဆိုရင် အားမနာ တတ်ကြဘူး။ ပေါ်တင်ပဲ ကြည့်တတ်ကြတယ်။ ဘာကိုပြသလဲဆိုတော့ “ကဲ ကိုယ်တော် ပြောစရာရှိတာ မြန်မြန်ပြော။ ကျမ သိပ်စိတ်မရှည်တော့ဘူး” တဲ့။
A Chen
5:19 AM
29th August 2010
Sunday

ပထမဆုံး ပန်းသီးနဲ့ရေးတဲ့ ပိုစ့်ပါ ကျင့်သားတော့မရသေးဘူး အိုတော့အိုကေပါတယ်
Friday, August 27, 2010
Pity Weapon
Pity Weapon
ပြောမယ်နော်။ နည်းနည်းပြောမယ်။ ပြောပြီ။ တချို့ မိန်းမတွေဟာ သနားတာ ကို လက်နက် အဖြစ်သုံးတတ်ကြပါတယ်။ သူတို့ ရဲ့ သွင်ပြင်လက္ခဏာတွေကလဲ များသောအားဖြင့် အားနွဲ့ သောသူများ ဆိုတာ ကို ပိုမို ပေါ်လွင်စေတတ်တယ်။ လေတိုက်ရင် လဲတော့မလို ခန္ဓာမျိုးနဲ့ ဖြူဖျော့ဖျော့လေး။ သိပ်သနားစရာကောင်းတယ်။
အဲ သူမတို့ ဘဝအကြောင်းပြောမယ်ဆိုရင်တော့ ပိုဆိုးတော့တာပဲ။ တကယ့်ကို ကံဆိုးမ သွားရွာ မိုးလိုက်လို့ရွာဆိုတာမျိုး။ ကြားရတဲ့လူတိုင်း နှုတ်ကနေ တကျွတ်ကျွတ်နဲ့ နားထောင် ရင်း စုပ်သပ်ရမယ့် ဇာတ်လမ်းမျိုးတွေပါ။ များသောအားဖြင့် အိမ်ထောင်ကျိုး ကနေလာကြတဲ့ ကလေးဘဝ ကိုပိုင်ဆိုင်ကြမယ်။ အမေ နဲ့ အဖေ က သူတို့ ငယ်ငယ်ကလေး ကတည်းက လမ်းခွဲ သွားကြပြီ။ သူတို့ ဘဝမှာ အကြင်နာတို့ စောင့်ရှောက်မှုတို့ နွေးထွေးမှုတို့ မေတ္တာတို့ ဆိုတာ လူဆင်းရဲ နဲ့ ကြယ်ငါးပွင့် ဟောတယ်လိုလိုပဲ လားလားမျှ မအပ်စပ်ခဲ့။ ဆွေနီးမျိုးစပ် တွေထဲကလဲ ဝိုင်းဝန်းစောင့်ရှောက်မယ့် သူရယ်လို့ မရှိကြဘူး။ မရှိခိုးနိုး မလှစုန်းယိုးတွေ၊ လှေနံ ဓါးထစ်တွေ၊ ရေနစ်သူ ဝါးကူထိုးတွေပဲ များကြတယ်။ သူငယ်ချင်းဆိုလို့ လဲ မယ်မယ်ရရ အားကိုးစရာကောင်းကောင်း တယောက်ဆိုတယောက်မှတောင် လောက်လောက်လားလား မရှိကြတဲ့ဘဝ။ ငယ်စဉ်ကလေးဘဝကတည်းက သူမဟာ ကူကယ်ရာမဲ့ နှောင်တွယ်ရာမဲ့ ချစ်မယ့်သူမဲ့ ကြင်နာမယ့်သူမဲ့ ဆိုတဲ့ဘဝနဲ့ တယောက်ထဲ အထီးကျန်ဆန်ဆန် ကြီးပြင်းလာရ ရှာတာပါ။
ဒီကြားထဲ သူမ ခမျာ ရောဂါဘယကလဲ ပေါလိုက်သေးတယ်။ အမြဲတမ်းလိုလိုပဲ သူ့မှာ ခေါင်း ကနာရင်နာ၊ မနာရင်ဗိုက်ကနာ၊ မဟုတ်ရင်နှလုံးကနာ၊ အစာအိမ်ကနာ၊ အာရုံကြောတွေကနာ၊ အိုကုန်ကုန်ပြောရရင် မိန်းမတို့ ဓမ္မတာ ရာသီ လာလို့ နာရင်တောင် တခြားမိန်းမတွေထက် သူမက ပိုနာရလေ့ရှိတယ်။ (ကဲ ပြီးရော အစွမ်းကုန် ကိုဇာတ်နာပလိုက်တယ်) ကြည့်ရတာ ကမ္ဘာလောကကြီး တခုလုံးမှာ ရှိရှိသမျှ မကောင်းဘူးဆိုတဲ့ အရာမှန်သမျှ သူမဘဝ မှာပဲ လာ ဖြစ်ပေးနေသလားတောင်အောင်းမေ့ရတယ်။ ပြီးတော့ သူမက သေးသေးမွှားမွှား ကိစ္စလေး တွေ ကိုလဲ ကမ္ဘာပျက်တော့လောက်မတတ် ချဲ့ကားပြီး ပြောတတ်ပြန်သေးတယ်။
သူမမှာ မျက်ရည်ဆိုတာကလဲ ပေါလဲပေါ လွယ်လဲသိပ်လွယ်ပြန်တယ်။ သူမ ဘဝ အကြောင်း စကား မစလိုက်နဲ့ မျက်နှာ တပြင်လုံး မျက်ရည် စိုရွှဲ တပို့တွဲ ဖြစ်သွားမယ်။
လမ်းသွားနေရင်း လေလွင့်ကြောင်လေးတကောင်လောက် တွေ့မိရင်တောင် သူမက ငိုမဲ့မဲ့ မျက်နှာ၊အားငယ်ငယ် ပျော့ ညံ့ညံ့လေသံနဲ့ ……
“တခါတခါ ကျမလဲ သူ့လိုပဲ အရမ်းကို သနားစရာကောင်းတယ် လို့ ခံစားရတယ်” လို့ ညိုးညိုး ငယ်ငယ် ပြောတတ်ပြန်တယ်။
ဒီလို မိန်းမမျိုးဟာ အလုပ်ထဲမှာတော့ ဘယ်တော့မှ ထွန်းထွန်းပေါက်ပေါက် တောက်တောက် ပြောင်ပြောင် လုပ်ပြတတ်လေ့ မရှိဘူး။ အလုပ်ကိုလဲ တယ် စိတ်ဝင်စားလှတယ် မဟုတ်ပါဘူး။ အပတ်တိုင်းလိုလို မကျန်းမာတာ တခုခု ကိုအကြောင်းပြပြီး ဆေးခွင့်ယူလေ့ရှိတယ်။
သူမရဲ့ အချစ်ဇာတ်လမ်းတွေကလဲ ရှုပ်ရှုပ်ရှက်ရှက်တွေ ဆိုတာ ပြောနေစရာမလိုပါဘူး။ အရင် ရည်းစားဟောင်းက အမြဲလိုလို သူမကို မိုက်ကြေးခွဲပြီးတော့ ပိုက်ဆံတောင်းလေ့ရှိ တယ်။ ပစ္စည်းတွေ ဆိုတာလဲ အားလုံး လိုလို အပေါင်ဆိုင်မှာ။ အကြွေးဆိုတာလဲ ပတ်လည်ဝိုင်းလို့။ ကြားထဲ သူမက အရက်သောက်တတ်တဲ့ အကျင့်နဲ့ ဆေးလေးဘာလေးကလဲ ချတတ်သေး တယ်။ အကြောင်းပြချက်ကတော့ သူမရဲ့ ဘဝ မလှပ လို့တဲ့။ တွယ်တာစရာ ကောင်းကွက် တချက် မှမရှိလို့တဲ့။ ဖက်တွယ်စရာ အကြောင်းပြချက်မရှိလို့တဲ့။
ဒါပေမယ့် ဒီလို သနားစရာ မိန်းမမျိုးဟာ ဘယ်တော့မှ အပျိုဘဝနဲ့ ကြာကြာ expire မဖြစ်ဘူး။ နားရှုပ်သွားလား? ရှင်းပြမယ်။
ယောက်ျားတွေက အဲ့လို မိန်းမ မျိုးကိုတွေ့ရင် သူတို့ မှာ ကယ်တင်ရမယ့် တာဝန်ရှိတယ် လို့ ထင်တတ်ကြတယ်။ သူမ ကို စောင့်ရှောက်ရမယ် ချစ်ရမယ် ကြင်နာရမယ် လို့ တွေးကြတယ်။ သူတို့မှ မကယ်ရင် သူမရဲ့ ဘဝကပဲ ပျက်တော့မလိုလို မြောင်းထဲရောက်သွားတော့မလိုလို။ အမှန်ကတော့ အစကတည်းက မြောင်းဘောင်ပေါ်က ပျက်လုလု ဘဝပါ။
အမှန်တော့ သူမကသနားကြင်နာခြင်းဆိုတာကို အခွင့်ကောင်းယူပြီး၊ (တနည်း) လက်နက် အဖြစ်အသုံးချပြီး (တနည်း) ယောက်ျားတွေရဲ့ သူရဲကောင်းလို့ သူတို့ကိုယ်သူတို့ ဂုဏ်ယူ ချင်နေတဲ့ ခတ်ပေါပေါ စိတ်ဓါတ်ကို ကောင်းကောင်းအသုံးချပြီး ယောက်ျားတွေ ကို မြူဆွယ် ဖျားယောင်း ပြီးတော့ သူမ အတွက် ဓါးတောင်ကိုကျော်ခိုင်းပြီး ဆီပူအိုးထဲ ခုန်းဆင်းခိုင်းတာ ပါပဲ။ လွယ်လွယ် ရှင်းရှင်းပြောရရင်တော့ နွားဖားကြိုး ထိုးတာပေါ့လေ။
တကယ့်တကယ်မှာတော့၊ အဖြစ်အပျက်အမှန်ကတော့၊ တကယ်ဖြစ်နေတာ ကတော့… .. ကိုယ်တို့လိုမျိုး ကြည့်လိုက်ရင် ရဲရင့်ကြံ့ခိုင်တယ်လို့ထင်ရတဲ့၊ ယောက်ျားတွေကိုအားကိုး စရာ မလိုဘူးလို့ထင်နေတတ်ကြတဲ့၊ ကိုယ့်ကိုကိုယ် ဘာမဆိုငါဖြစ်အောင်လုပ်နိုင်တယ် သွေးနထင် ရောက်နေတဲ့၊ သနားတာကိုလဲ လက်နက်အဖြစ် ကောင်းကောင်းအသုံးမချတတ်တဲ့၊ ကိုယ့်ကို ကိုယ် လွတ်လပ် အရည်အချင်းရှိ မိန်းမဝါဒီလို့ အမြဲလိုလို ခပ်ကြောင်ကြောင်အော်နေတတ်တဲ့ စတဲ့ ဂုဏ်သတ္တိတွေအများကြီးနဲ့ ပြည့်စုံနေတဲ့ မိန်းမ တွေကသာ သနားစရာ ပိုကောင်း တာပါ။
A Chen
3:07 PM
27th August 2010
Friday

Thursday, August 26, 2010
Every relationship
Every relationship
ကိုယ်တို့ တလျောက်လုံး ကိုယ်တို့နဲ့ ကာလာ အရောင်တူ၊ အတွေးအခေါ်တူ၊ ရင်ခုန်သံတူတဲ့ ဘဝအဖော် မျိုးကိုရှာနေခဲ့ကြပါတယ်။ အထူးသဖြင့် စမ်းသပ်ကာလ လို့ခေါ်ခေါ် ဘာပဲဖြစ်ဖြစ် ဆိုပြီး မျက်စိမှိတ်ချစ်တဲ့ ကာလပဲပြောပြော အဲ့လို အချိန်ကာလ တခုကို တူတူကျော်ဖြတ်ပြီးတဲ့ အခါမှာ ဒီလူတယောက်ဟာ တကယ်ပဲ ကိုယ့်အတွက် ကျန်နေတဲ့ ဘဝ တလျောက်လုံး တူတူ လက်တွဲ သင့်တဲ့ လူလား၊ သင့်တော်တဲ့လူဟုတ်ရဲ့လား ဆိုတာ ကို စဉ်းစားရမယ့် အချိန်ကို ရောက်လာပါတယ်။ အများအားဖြင့်တော့ ကိုယ်ရွေးချယ်မယ့်သူဟာ ခုနက ပြောသလို ကိုယ်နဲ့
ကာလာ အရောင်တူ၊ အတွေးအခေါ်တူ၊ ရင်ခုန်သံတူတဲ့ သူမျိုးဖြစ်စေချင်ကြပါတယ်။
ဒီလိုနဲ့ တနေ့လဲကျရော သူဟာ သူမ နဲ့ ကာလာ အရောင်လဲမတူ၊ အတွေးအခေါ်လဲမတူ၊ ရင်ခုန်သံလဲမတူ (အထူးသဖြင့် အနေကြာလာတဲ့အခါ အရေးကြီးလာတာက အဖြစ်အပျက် တခု အပေါ်မြင်တဲ့ အမြင်ပါပဲ) တာကို သိလာတဲ့ခါ သူမ ရဲ့ ရုတ်တရက် အံ့သြတကြီး တုံ့ပြန် မှုဟာ ချက်ချင်း ဆိုသလိုပဲ…“ကျမ ကတော့ ဒီကိစ္စ ကို ဒီလိုမထင်ဘူး” ဆိုပြီး ဖြစ်လာတော့ တာပဲ။
အဲ့ဒီအခါမှာ သူကလဲ သူ့ဘေးက မိန်းမမှာ သူနဲ့မတူတဲ့အမြင်တွေရှိနေတာ၊ သူ့အမြင်ကို တိတ်တိတ်လေး ပါးစပ်ပိတ်ပြီး လက်မခံနိုင်တာကို အံ့သြတကြီးနဲ့ ရှော့ခ် ရပြီး သူမကို “ဒါပေမယ့် ကိုယ့် အထင်က အမှန်ပဲလေ” လို့ ပြန်ပြောပါတယ်။
တလျောက်လုံး ညင်သာ နူးညံ့စွာနဲ့ အရာရာ ခေါင်းငြိမ့် နေခဲ့တဲ့ မိန်းမ ဘက်ကလဲ ဒီတခါတော့ သူမ ဆက်လက်ပြီး မငုံ့ခံနိုင်တော့ဘူးလို့ ခံစားရပါတယ်။ သူ့အမြင်ကို သူမ သဘောမတူနိုင်ပါ ဘူး၊ သူမ ရည်ရွယ်ချက်က သူ့ရဲ့ ယောက်ျား မာန ကိုစော်ကားဖို့မဟုတ်ပါဘူး။ သူမ မှာလဲ သူမရဲ့ ပုဂ္ဂလ အမြင်ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရှိတယ် လို့ ထင်တာ သက်သက်ပါ။
အဲ့တာနဲ့ သူ့ကို စိန်ခေါ် သလိုလိုနဲ့…“ရှင့်အမြင်က အမြဲမှန်နေတာမှမဟုတ်ဘဲ” လို့ပြောလိုက်ပါ တယ်။
ယောက်ျားဘက်ကလဲ ဘယ်လိုမြင်လဲဆိုတော့ ဒီမိန်းမ သူ့ကို သက်သက် ပုန်ကန်နေတာပဲပေါ့ အမှန်ဆို သူကတောင်ကိုယ့်ယောက်ျားကို လေးစား အထင်ကြီးရမှာ မဟုတ်လား? ဒီတော့ သူက သူမကို ပုံစံပေးတဲ့အနေနဲ့ “မင်းက ဘာအရည်အချင်း နဲ့များ မင်းကိုယ်မင်း မှန်တယ်ထင် နေရတာလဲ?” လို့ပြန်မေးလိုက်ပါတယ်။
မိန်းမဘက်ကလဲ နောက် နည်းဗျူဟာ တမျိုးနဲ့ ယောက်ျား ကိုဆန့်ကျင်ဖို့ ကြိုးစားပြန်ပါတယ်။ သူမက အေးစက်စက် တချက် ရယ်လိုက်ပြီးတော့ ….“ဟုတ်တယ် ရှင်ပဲသိတယ်၊ ရှင်ပဲ တတ် တယ်၊ ရှင်ပဲ အမြဲမှန်တယ်၊ အဲ့တာကြောင့် ဒီနေ့ ညတော့ ကျေးဇူးပြုပြီး ရှင်ပဲ ဧည့်ခန်းထဲက ဆိုဖာ ပေါ်မှာ အိပ်လိုက်ပေတော့” ။
ယောက်ျားကလဲ ဧည့်ခန်းထဲမှာအိပ်ဖို့ အနှင်ခံရတော့ ဆိုဖာပေါ်မှာ တယောက်တည်း အိပ်ရင်း ဘာကိုစဉ်းစားနေလဲဆိုတော့ ဒီမိန်းမ ကိုမှတ်လောက်သားလောက်အောင် ပုံစံတော့ ပေးမှဖြစ် တော့မယ်ပေါ့။ ဘယ်လိုပုံစံပေးမလဲဆိုတော့ သူမနဲ့ အတူတူ တကုတင်ထဲ မအိပ်တော့ဘဲ ကုတင် ခွဲအိပ်ခြင်းအားဖြင့် ပညာပေးမယ်ပေါ့လေ။
မိန်းမလဲ အခန်းထဲက ကုတင်ပေါ်မှာ တယောက်တည်း ဟိုလှိမ့် ဒီလှိမ့် အိပ်ရင်းနဲ့ ဒီယောက်ျား တယောက် ဟာတကယ်ပဲ သူမနဲ့ တဘဝလုံးစာ အတူလက်တွဲသွားရမယ့် ယောက်ျား ဟုတ်မှ ဟုတ်ရဲ့လား လို့ သံသယတွေနဲ့ အတွေးတွေဝေနေပါတယ်။ ဒီပုံအတိုင်းဆို ရှေ့လျောက် တသက်လုံး အတူတူနေလို့ရပါ့မလားပေါ့လေ။
နောက်တနေ့မနက်ကျတော့ ရေချိုးခန်း ရှေ့မှာ ယောက်ျားနဲ့ မိန်းမ ဆုံကြတယ်။ ယောက်ျားက အရင် မိန်းမ ကို စကားစပြောတယ်။ မိန်းမ က ယောက်ျား ကိုရေချိုးခန်း အရင်သုံးဖို့ ဦးစားပေး တယ်။
မနက်စာ စားကြတော့လဲ တခြားအကြောင်းအရာတွေကို ပဲ သူတို့ ဦးတည်ပြောကြတယ်။
မိန်းမရော ယောက်ျားပါ မငယ်ကြတော့ဘူးလေ။ အဲ့တော့ ဘယ်လို relationship မျိုးမဆို အခက်အခဲ နဲ့ ညှိနိုင်းမှု တွေရှိရတယ်၊ တယောက်နဲ့တယောက် တကယ့်တကယ်တော့လဲ အဲ့လောက် အတွေးအခေါ်တွေ မိုးနဲ့မြေ လို မတူ ကွဲပြား ခြားနားနေကြတာမဟုတ်ပါဘူး ဆို တာ နားလည်ကြပါတယ်။
လူတယောက်အပေါ်မှာ ကိုယ်တို့တွေ တကယ်တော့ အဆိုးတွေကိုချည်း မမြင်ဘဲနဲ့ ကောင်း ကွက်လေးတွေလဲကို ပိုမြင်နိုင်အောင် ကြိုးစားကြဖို့သင့်တယ်လေနော်။
A Chen
3:30 PM
26th August 2010
Thursday

ကျွန်းတကျွန်းရဲ့ သက်တမ်း
ကျွန်းတကျွန်းရဲ့ သက်တမ်း
အော် ကြာခဲ့ပြီ
ရင့်ကျက်ခဲ့ပြီ
အနယ်ထိုင်ခဲ့ပြီ
အတွေ့အကြုံတွေလဲ
များခဲ့ပြီ
ပြည့်ခဲ့ပြီ
ဘောင်ဘင်လျော့ခဲ့ပြီ
အချစ်တွေလဲ
မြည်းခဲ့ပြီ
ပျော်ခဲ့ပြီ
ပြီးခဲ့ပြီ
ငါပြန်လာပြီ
အသစ်တဖန်ပြန်လာမည်
ဘာပဲဖြစ်ဖြစ်
ငါပြန်လာပြီ
ငါရင်ဆိုင်မည်
ငါရင်ဆိုင်မည်
ဘယ်လောက်ခက်ခက်
ငါရင်ဆိုင်မည်
၂၆ သြဂုတ် တွင်ကျရောက်သော
မကျွန်း
မွေးနေ့ အမှတ်တရ
A Chen
12:58 PM
26th August 2010
Thursday
Bangkok
အော် ကြာခဲ့ပြီ
ရင့်ကျက်ခဲ့ပြီ
အနယ်ထိုင်ခဲ့ပြီ
အတွေ့အကြုံတွေလဲ
များခဲ့ပြီ
ပြည့်ခဲ့ပြီ
ဘောင်ဘင်လျော့ခဲ့ပြီ
အချစ်တွေလဲ
မြည်းခဲ့ပြီ
ပျော်ခဲ့ပြီ
ပြီးခဲ့ပြီ
ငါပြန်လာပြီ
အသစ်တဖန်ပြန်လာမည်
ဘာပဲဖြစ်ဖြစ်
ငါပြန်လာပြီ
ငါရင်ဆိုင်မည်
ငါရင်ဆိုင်မည်
ဘယ်လောက်ခက်ခက်
ငါရင်ဆိုင်မည်
၂၆ သြဂုတ် တွင်ကျရောက်သော
မကျွန်း
မွေးနေ့ အမှတ်တရ
A Chen
12:58 PM
26th August 2010
Thursday
Bangkok
Wednesday, August 25, 2010
How old are you…?
How old are you…?
ကလေးဘဝတုံးက ဆို အသက်ဘယ်လောက်ရှိပြီလဲလို့ အမေးခံရင် ခဏခဏ ဂုဏ်ယူစွာ ဖြေခဲ့ဘူးပါတယ်။ ကလေးဘဝတုံးကတော့ အသက် မြန်မြန်ကြီးချင်တာကိုးနော်။ နောက်တော့ အပျိုပေါက် ဖြစ်လာတဲ့ အခါမှာလဲ အသက်ကို ဂုဏ်ယူဝင့်ကြွားစွာ ဖြေနိုင်ပါသေးတယ် ကိုယ် လူကြီး ဖြစ်ပြီ အပျိုမကြီး ဖြစ်ပြီ ဆိုတာ ကို ပြချင်တာပေါ့။ အဲ အဲ့ထက် နောက် နည်းနည်းလေး ပို ကြီးလာတဲ့ အခါမှာတော့ အသက် ကိုမေးလာတဲ့ အခါ ဖြေရမှာ နည်းနည်း တုံ့နှေးလာပါပြီ။ ခုခေတ်ကလဲ ၂၀ ကျော်ရင် ပဲ ဟိုင်းပြီ လို့ပြောနေကြတဲ့ခေတ်ကိုးနော်။ ခုနောက်ပိုင်းကျတော့ အင်း……..
အရွယ်ရောက် မိန်းမတယောက်အနေနဲ့ အသက် ကို အမေးခံရတိုင်း သိပ်ဖြေရခက်တာပါပဲ။ ကျဉ်းထဲကျပ်ထဲရောက်တယ် ဆိုတာ အဲ့လိုအခြေအနေမျိုး ကိုခေါ်တာပေါ့။ အဲ့လိုအမေးခံရ တိုင်းလဲ စိတ်ညစ်ရတာ စိတ်ဒုက္ခရောက်ရတာ တကယ့်ကိုပါပဲ။ အပိုပြောတာ မဟုတ်ဘူးနော် အမေးခံရဖူးတဲ့ မိန်းမတွေ သိလိမ့်မယ်။ မယုံရင် မေးကြည့်ကြ။ တချို့ဆို ကိုယ်တိုင်လဲ ကြုံဖူး ကြမှာပါ။ အဲ့အတွက် ခု တီချမ်းက နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်။ ဘတ်ကြည့် လေ ပြီးတော့ အသုံးတည့်တော့လဲ အဆင်ပြေတာပေါ့နော်။ နောက်ဆို အသက်နဲ့ ပတ်သက် တဲ့ ဘယ်လို မေးခွန်း လာလာ အေးဆေး ဖြစ်သွားပြီပေါ့။
ခုန ပြောခဲ့သလိုပဲ အရွယ်ရောက်မိန်းမ လူလတ်ပိုင်းမိန်းမတယောက်အနေနဲ့ အသက်ကို အမေးခံရတိုင်း သိပ် သိပ် သိပ် အခံရခက်ပါတယ်။ ကိုယ်က အဲ့တာ ကို တိုက်ရိုက် မဖြေချင်လို့ အသက်ဘယ်လောက်လဲမေးတဲ့အခါမှာ “လျှို့ဝှက်ချက်” လို့ ပြန်ဖြေမိပြန်ရင်လဲ ကိုယ့်အသက် အရမ်းကြီးနေလို့ မဖြေချင်တာလို့ လူတွေက ထင်တတ်ကြပြန်တယ်။ (ဥပမာ “မမကွမ်” ကိုပဲ ကြည့် ဘယ်တော့မှမဖြေဘူး အသေသာသတ်ချင် သတ်ပစ်လိုက်ဆိုတာမျိုး၊ ကိုယ်နဲ့ သိတဲ့ အပျိုကြီးတယောက်ရှိပါသေးတယ် ခုတော့ အမေရိကား ရောက်သွားပြီ သူလဲ အသက်မေးရင် ဘယ်လိုလှည့်မေးမေး သေတောင်မဖြေဘူးဆိုတဲ့အစားထဲကပါ ဖြစ်ချင်တော့ သူ့နာမည်က တောင် “သက်” ဆိုတာပါနေသေးတယ် ခုတော့ အသက်ကို မေးရင် ရိုင်းတယ်ဆိုတဲ့ အနောက်တိုင်း ရောက်သွားတော့သူ့အတွက် အဆင်ပြေတာပေါ့လေ အရှေ့တိုင်းမှာ ကျန်ခဲ့တဲ့ ကျန်နေသေးတဲ့ ဆက်လက်နေထိုင်သွားမယ့် မမကြီးများ၊ တဖြေးဖြေး အသက်ကြီးလာနေတဲ့ မမများ ဥပမာ “ဒေါ်ရီတာ” တို့ ကိုရည်ရွယ်ပါတယ်လေနော်)။
ဒီ အာတီကယ် မှာ တီပြောချင်တာက အသက်လို့မေးတိုင်း လူတိုင်းက နံပါတ်တွေကို ပြေးပြေး ပြီးမြင်တတ်ကြပါတယ်။ အသက်ကို နံပတ်နဲ့ မဖြေဘဲ လှလှလေး မေးတဲ့ လူလဲ ကျေနပ် အောင် ဖြေလို့ရပါတယ်။ နောက် အသက်မေးခံရတဲ့ အခါတိုင်း ဒီလိုလေးတွေ ဖြေကြည့်ကြ ပါနော်။
ဘယ်လိုလဲ ဟုတ်လား…? ဒီလိုလေ…………ဥပမာ…
• အော် “အသက်” လား………ဈေးသွားဝယ်နေတယ် လို့ ဖြေလို့တော့ ဘယ်ဖြစ်မလဲ နော် ငပေါကြီး ဖြစ်သွားမှာပေါ့ (ဟားဟား အလကား စတာပါ)
• အင်း တို့အသက်လား…..(ဒီနေရာမှာ ခဏလေး ပေါစ် pause လိုက်ပါ ပြီးတော့ မျက် လုံးလေး စဉ်းငယ်ခန့်မှေးပြီး အိုက်တင် ခံ နိုင်ပါသေးတယ်…စကားချပ်) လက်ထပ်ချင် တယ်ဆိုတဲ့ အရွယ်ကို နည်းနည်းတော့ လွန်လာပြီ…
• အင်း တို့အသက်လား…..ကတိတွေကို ရူးရူးမိုက်မိုက် ယုံတတ်တဲ့ အရွယ်ကို နည်း နည်းလေးတော့ လွန်လာပြီ…(အထက်ပါ စတိတ်မန့် နဲ့ ကွာခြားမှု ကိုသတိပြုပါ)
• အင်း တို့အသက်လား…..လက်ထပ်ချင်တဲ့ အရွယ် ကို လွန်လာပြီ ဒါပေမယ့် ကတိတွေ ကို ရူးရူးမိုက်မိုက် ယုံတတ်တဲ့ အရွယ်ကိုတော့ မကျော်သေးဘူး…
• အင်း တို့အသက်လား…..ယောက်ျားတွေကို ကိုယ်ကအချစ်နဲ့ ပြုပြင်ပြောင်းလဲလို့ ရ တယ် ဒါမှမဟုတ် ယောက်ျားတွေ က ပြုပြင်ပြောင်းလဲလို့ရတယ် ပြောင်းလဲလာလိမ့် မယ် ဆိုတာ ကို ယုံကြည်တတ်တဲ့ အရွယ်ကို နည်းနည်းတော့ လွန်လာပြီ…
• အင်း တို့အသက်လား…..ချိုမြိန်တဲ့ ပျားသကာ အလိမ်အညာ ပလီပလာ ကလော် ကလည် စကားတွေ ကို မျက်စိမှိတ် သဘောကျ ပြီး ယုံတတ်တဲ့ အရွယ်ကို နည်းနည်း တော့ လွန်လာပြီ…
• အင်း တို့အသက်လား…..အချစ်ဆိုတာ တဘဝလုံးပါ လို့ ယုံတတ်တဲ့ အရွယ်ကို နည်း နည်းတော့ လွန်လာပြီ…
• အင်း တို့အသက်လား…..ကမ်းစပ်သဲသောင်ပေါ်မှာ ခြေပလာ နဲ့ လျောက်လှမ်းပြီး ကောင်းကင်က ကြယ်တွေ ကို တူတူရေ ကြမယ်ဆိုတဲ့ အရွယ်ကို နည်းနည်းတော့ လွန်လာပြီ…
• အင်း တို့အသက်လား…..တနေ့နေ့ကျရင်တော့ မင်းသားလေးက မြင်းဖြူစီးပြီး လာခေါ် လိမ့်မယ် လို့ ယုံကြည်နေတဲ့ နှစ်တွေမှာပဲ ရပ်တန့်ထားတာကြာလှပြီ
• တို့လား….အိုလွန်းလို့ နောက်တခေါက် အသည်းကွဲတာ ကိုခံနိုင်ဖို့ တောင် ခံနိုင်ရည် မရှိ တော့တဲ့ အရွယ်ရောက်နေပြီ…
• အို မီး…………အသက်လား…….မီးက ခုမှ “ခေး” ပဲ ရှိသေးတာ ကို အချစ်ဆိုတာကို ဘာမှန်းတောင် မသိသေးဘူး “မေ” ဆူလိမ့်မယ်…
• အင်း မီးအသက်လား…..ငယ်လွန်းသေးတယ် ယောက်ျားတယောက်ကို မီးက ငြင်းလိုက်တာတောင် သူက တသက်လုံး မီးကိုစောင့်ရှောက်မှာပါ လို့ ထင်နေ ယုံနေသေးတယ် မနူးမနပ်သေးတဲ့ တင့်တင့်တို့ အရွယ်ပဲ ပြောမလားနော်…ခိခိခိ…
ဒါနဲ့တောင်မှ မင်းက အတင်းပဲ ဆက်ပြီး “ဒါဆို လာမယ့်နှစ်မှာ “မ” က အသက်က ဘယ် လောက်ရှိပြီလဲ…?” လို့ လိုက်မေးနေအုံးမှာလား…? ကိုယ်ဒီလောက် နှစ်မျက်နှာ ကျော်ကျော် တောင် ဖြေလာပြီးပြီ အများကြီးလဲ ပြောပြပြီးပြီ၊ ဒီလောက်တောင်မှ မင်းက မခန့်မှန်းတတ် သေးဘူးဆိုရင်တော့ မင်းရဲ့ အိုင်ကျူကကော အသက်ဘယ်လောက်မှ ကျန်နေခဲ့သလဲ ဆိုတာ ကိုယ်သိချင်လိုက်တာ…။
A Chen
2:15 PM
Wednesday
August 25, 2010

လူလွတ်ယောက်ျား = နှစ်ယောက်အိပ်ကုတင်…???
လူလွတ်ယောက်ျား = နှစ်ယောက်အိပ်ကုတင်…???
ကြည့်ရတာ ယောက်ျားကောင်းဆိုတာ တကယ်ကို ရှားပါးပစ္စည်း ဖြစ်နေပြီထင်ပါ့။ မဆိုးဘူးလို့ ပြောရမယ့် ယောက်ျားဆိုတာတွေ အကုန်လုံးဟာ မိန်းမ ရှိပြီးသား ဖြစ်ချင်ရင်ဖြစ်၊ မဟုတ်ရင် အနည်းဆုံး ရည်းစားတော့ ရှိပြီးသား အဲ့တာမှ မဟုတ်သေးရင် မိန်းမ ကို စိတ်မဝင်စားတဲ့သူ ဖြစ်ဖို့က ခပ်များများပဲ။
အိမ်ထောင်ပြုဖို့ အရွယ်ရောက်၊ အရွယ်လွန်စပြုနေပြီဖြစ်တဲ့ မိန်းမတွေအများစုဟာ ထိုထိုသော လူလွတ် အမျိုးကောင်းသားများကို မျှော်လင့်ချက်ကြီးစွာ မျှော်လင့်ချက်မဲ့စွာ ရှာဖွေနေ ကြပါ တယ်။ နားရှုပ်သွားသလား၊ မျှော်လင့်ချက်ကို ထားလဲထားချင်တယ် ရှာလာခဲ့တဲ့ နှစ်ပေါင်း အများကြီး ကနေပြီး မျှော်လင့်ချက်ကလဲ ကုန်သလောက်ဖြစ်နေပြီ ဆိုတဲ့ အဖြစ်မျိုးပေါ့။
အဲ့လိုနဲ့ သူတို့တွေဟာ လူလွတ် ဆိုတဲ့ ယောက်ျား တယောက်ယောက်ကို တွေ့ပြီဆိုတာနဲ့ နှစ်ယောက်အိပ်ကုတင် တလုံးကိုပြေးမြင်တော့တာပဲ။
သူသာ လူလွတ်ဖြစ်ပစေ သူမ မှာ အခွင့်အရေးရှိပြီးသားပဲ။
(ဒီနေရာမှာ နှစ်ယောက်အိပ်ကုတင် ဆိုတာ ကို နွေးထွေးမှု၊ ရင်းနှီးမှု၊ အကြင်နာ စတာတွေနဲ့ မြင်ကြည့်စေချင်ပါတယ်။ တမျိုးမမြင် စေချင်ပါ။ အမှန်ကတော့ ရှင်းပြနေရတာ ကိုက စာဘတ်သူ ကို တမျိုးမြင်လိမ့်မယ်လို့ ကြိုတွေး ရှင်းပြနေရတာမျိုးဖြစ်တဲ့အတွက် စော်ကားရာရောက်ပါတယ်။ ကိုယ်က မရှင်းပြချင်ပါ သို့သော် ကိုယ့်စာ လာလာ ဘတ်ကြတဲ့ သူတွေထဲမှာ အမြင်တိမ်တဲ့ ယောက်ျားတွေလဲ အများကြီး ရှိနေ သေးတဲ့အတွက် လွန်ခဲ့သော အတွေ့အကြုံများအရ ရှင်းပြရပါတယ်။)
မိန်းမတယောက်က လူလွတ်ယောက်ျားတယောက် ကိုတွေ့တဲ့အခါမှာ သူမက သူ့ကို ၁၀၀ % ပြည့် သဘောကျတာတော့ မဟုတ်သေးဘူး။ သူ့ကို ဟိုဟာမကြိုက်သလိုလို ဒီဟာမကြိုက် သလိုလိုတော့ ဖြစ်နေသေးတာပဲ။ ဒါပေမယ့် သူမရဲ့ သူငယ်ချင်းတွေ သူမကို ဝိုင်းပြောကြ တာက “လူလွတ် ဖြစ်နေတာကိုက သူ့ရဲ့ အားသာချက်ပဲ” တဲ့ အဲ့လိုမျိုးပြောကြတဲ့အခါ ကျ တော့လဲ မိန်းကလေးအနေနဲ့က သူတို့ပြောတာ ဟုတ်သားပဲ လို့ ခေါင်းငြိမ့် ဝန်ခံရပြန်တာပဲ။
သူသာ လူလွတ်ဖြစ်ပစေ သူမ မှာ အခွင့်အရေးရှိပြီလေ။ သူမ လိုချင်သလို ပြင်ယူနိုင်တာပဲ။ သူ့ကို သူမ ပြောင်းလဲနိုင်ဖို့ အခွင့်အရေး ရှိပြီလေ။ သူ သာ လူလွတ်တယောက်မဟုတ်ခဲ့ရင် ဘာပြောပြော အလကားပဲလေ။ မစားကောင်းတဲ့ အသီး ကိုးနော်။ စပျစ်သီးချဉ်ရတော့မယ် လေ။ အဲ့တော့ ဘာပဲ ပြောပြော လူလွတ်ဖြစ်နေတယ် ဆိုတဲ့ တချက်တည်း ကိုက အမှတ် ၉၀ ပဲ။
ဒီခေတ်ကြီးထဲမှာ လူလွတ်ဆိုတာ ကိုက ရွှေထက်တောင် ရှားပါးနေတာပဲလေ။
ဒီလိုနဲ့ပဲ မိန်းမတွေဟာ လူလွတ်ယောက်ျားတွေ ကို အဓိက ပစ်မှတ်အနေနဲ့ ထားပြီး စတင်ဖွေ ရှာကြပါတော့တယ်။ လူလွတ်ယောက်ျားမှန်သမျှကလဲ သူတို့လိုပဲ လက်ထပ်ဖို့ သင့်တော်တဲ့ ကြင်ယာဘက်ကို လိုက်ရှာနေတယ် ဆိုတဲ့ မှန်းဆ အထင်နဲ့ပေါ့။ အမှန်ကတော့ သူတို့ (ယောက်ျား) တွေ လူလွတ်ဖြစ်နေကြတယ်ဆိုတာက အချစ်ဆုံးဆိုတာကို မတွေ့ကြသေးလို့ပါ။ မိန်းမတွေက သာ ကိုယ့်ထင် ကုတင်ရွှေနန်းနဲ့ အဲ့ဒီ သင့်တော်တဲ့ ကြင်ယာဘက်ဆိုတာ သူ့ကိုပြောတာပဲလို့ ကလေးတွေး တွေတွေးပြီး ထင်နေကြတာ။ သူလိုချင်တာ သူရှာနေတာ သူမပဲ လို့ တထစ်ချမှတ်ယူပြီးတော့လေ။
နောက်ပြီး အရွယ်ရောက် လူလွတ်ယောက်ျားတိုင်းကရော လက်ထပ်ချင်နေကြတယ်လို့ ဘယ်သူက ပြောလဲ။ တကယ်တော့ အရွယ်ရောက်ပြီးရင် သင့်တော်တဲ့ လူတယောက်ရှာ လက်ထပ်ရမယ် ဆိုတာ မိန်းမတွေရဲ့ တဘက်သတ် စိတ်ကူးယဉ်မှု နွေနေ့လည် အိပ်မက် တခုမျှသာပါပဲ။
သူမကတော့ လူလွတ်ယောက်ျားတယောက် ကို သူမ ကောင်းကောင်း ထိန်းချုပ်နိုင် ချုပ်ကိုင်နိုင်မယ် ထင်နေတယ်။ တကယ်တန်းကျတော့ လူလွတ်ယောက်ျားဆိုတာမျိုးတွေက ချုပ်ကိုင်ဖို့ အခက်ခဲဆုံးဖြစ်နေတာကိုး မဟုတ်ရင်လဲ အစောကြီးကတည်းက တခြားမိန်းမတွေ က သူတို့ရဲ့ ပိုင်ရှင်တွေ ဖြစ်ကုန်ကြရောပေါ့။ ချုပ်ကိုင်ပြီး ကုန်ကြရောပေါ့နော်။
နောက်ပြီး လွတ်လပ်တာ၊ အလားအလာကောင်းရှိတာ တွေနဲ့ ပြည့်စုံတိုင်းလဲ ယောက်ျား ကောင်းဖြစ်မယ် လို့ပြောလို့ ရတာမှမဟုတ်တာ။ ပြီးတော့ တကယ်ကောင်းတဲ့ လူလွတ် ယောက်ျားဆိုရင်လဲ အိမ်ထောင်ရေး ကိုစိတ်ဝင်စားတဲ့ သူဖြစ်အုံးမှ။
ဟူး…………………………………………………
နောက်ဆုံးတော့ လူလွတ်ဆိုတိုင်းလဲ ကိုယ်တွေအတွက် နှစ်ယောက်အိပ်ကုတင် မဖြစ်နိုင်ပါဘူးလေနော်။
A Chen
1:39 AM
25th August 2010

Monday, August 16, 2010
ဝက်တကောင်၏ ခံစားချက်
ေ-ာက်ဖြစ်ရှိရင် ဝက်သား မစားကြနဲ့
ဝက်လို ဝနေလို့ စိတ်ညစ်စရာလား?

ဝက်လို တုံးနေလို့ သနားစရာလား?

ဝက်လို ပျင်းတတ်တာ အပြစ်လား?

ဝက်လို ပုံတုံးတာ ရှက်စရာလား?

ငါက ဝက်တကောင်ပဲဟာ
လုပ်ချင်တာကိုလုပ်မှာပဲ

ဘာလို့ လူတွေက သူတို့ဝန်မခံချင်တာတွေဆို
အကုန် ဝက်ကိုပဲ ပုံချနေကြတာလဲ?

ဝက်လဲခံစားတတ်ပါတယ်…!
ဝက်ကိုပဲ အရာရာ လွှဲချမနေကြနဲ့တော့

ေ-ာက်ဖြစ်ရှိရင် ဝက်သားမစားကြနဲ့
ဒါပဲ

(မှတ်ချက်… ဘာသာရေးနဲ့ ဘာမျှမဆိုင်ပါ
လူအားလုံး အတွက်ယေဘုယျ ဆိုလိုခြင်းဖြစ်ပါသည်။)
ပုံ
ဝက်သားထု ကိုယ်စား
ကိုကိုဝက်
ပုံတွေ အကုန် ဂူဂဲလ်ပါတယ်။
A Chen
3:43 Am
Monday
16th August 2010

Saturday, August 14, 2010
ရန်ကုန်-၄- (၁၈ ရက် ဇွန် ၂၀၁၀ခုနှစ် သောကြာ)
ရန်ကုန် ကိုပြန်ရောက်တဲ့ နောက်တနေ့ပါ မနက်ပိုင်း ဘာလို့လဲမသိဘူး ဂမုန်းပွင့်နားကို သွားတာ ဝေဖါတွေတွေ့တာနဲ့ ဝယ်စားမိတယ် ငယ်ငယ်က ကလေးဘဝ ကို သတိရလို့ပါ
ငယ်ငယ်က ဆို အဲ့ဒီ ဝေဖာ ကို သိပ်သိပ်သိပ် ကြိုက်လို့ သိပ်သိပ်သိပ်စားပါတယ် တော်တော်များများလဲ စားဖူးကြမှာပါ ဝေဖာလေးကို နို့ဆီ (ချက်နို့ဆီနော် ဗူးနို့ဆီတောင် မဟုတ်ဘူး) လေးတွေ သုပ်ပြီးတော့ အပေါ်မှာ အုန်းသီးခြစ်လေးတွေ ကပ်ပေးတာလေ မစားဖူးရင် ပုံကြည့် စားဖူးရင် ပုံကြည့်ပြီး သွားရည်ကျပေါ့ ခိခိခိ

ပြီးတော့ ပြန်ခါနီး ရိက္ခာယူတဲ့အနေနဲ့ ဒံပေါက်ဝယ်စားပါတယ် ရောက်ကတည်းက မစားရသေးတာပါ တေးထားတဲ့ လစ်ထဲမှာ သူလဲပါတယ်လေ ငှဲငှဲငှဲ ကိုယ်က ဒံပေါက်ကို ပေါင်နဲ့စားပါတယ် မောင်က ကြက်သားမစားတဲ့အတွက် အမေကြော်ပေးတဲ့ ဝက်ကုန်းပေါင်ရယ် ကြမ်မဆိုင်ချဉ်ဟင်းရယ် အိမ်နားက ဆိုင်ကနေဝယ်လာတဲ့ ဝက်သားဆီပြန်ရယ်နဲ့ စားပါတယ် (ဘေးက ချောချောလေးက မောင့်ပုံပါ အကြွားချပ်)

ညနေကျတော့ ကိုယ်ရောမောင်ပါ အသေကြိုက်တဲ့ ဝက်သားတုတ်ထိုးကို သွားစားကြပါတယ် ကိုယ်စားနေကြ မြေနီကုန်း ရွှေမန်း ရုပ်ရှင်ရုံနားက အဖိုးကြီး တုတ်ထိုးပါ အဖိုးကြီးက စာတတ်ပေတတ်ပါ ဘာလို့ တုတ်ထိုးရောင်းနေလဲတော့မသိပေမယ့် သူ့သားသမီး အကုန် တုတ်ထိုးရောင်းပြီး ကျောင်းထားခဲ့တာလို့ ဆိုပါတယ် တကယ်လဲ စားလို့အကောင်းဆုံးပါပဲ (ကိုယ်စားဖူးခဲ့သမျှ တုတ်ထိုးတွေထဲကပေါ့လေ ယုံလိုက်ပါ ကိုယ်စားဖူးခဲ့သမျှ ဆိုရင် တော်တော်များများ လို့ အဓိပ္ပါယ် ထွက်ပါတယ်နော့) အဖိုးကြီး ဆီမှာ စားရတာ ပျော်ဖို့ ကောင်းပါတယ် သူက ကိုယ့်ကိုဆိုရင် ချောလို့ ဆိုပြီးတော့ ရုပ်ရှင်မင်းသား မော်ဒယ်ဘွိုင်း လို့အမြဲလိုလိုခေါ်စ စပါတယ် လာသမျှ လူတွေ ကိုလဲ အဲ့လို ပြောပြီးမိတ်ဆက်လေ့ရှိပါတယ် (ကိုယ်ကလဲချောတာကိုးလေနော့် ဘယ်တတ်နိုင်မလဲ ညှင်းညှင်းညှင်း) နောက်တခုက အဖိုးကြီးက ခုနက ပြောထားသလို ပညာတတ်ပါ
ဥပမာ အချင်းဆိုရင် ပလယ်စင်တာ လို့ ပြောပြီးတော့ သရက်ရွက် ကို စပလင်း လို့ ပြောပါတယ် လစ်ဗာယူမလားလို့ မေးပြီးတော့ ထရက်ခီယာ လေးကော်လို့ မေးတတ်ပါတယ်
ကိုယ့်အကြိုက်ဆုံးကတော့ ထရက်ခီယာရယ် ပလယ်စင်တာရယ် မေးအောက်သားရယ် အရိုးနုရယ် ပါ
ကျန်တာတွေလဲ ကြိုက်ပါတယ် ဝက်ဆိုရင် အော်သံတောင်စားချင်တယ် ခိခိခိ

ဒါလေးကတော့ မြေနီကုန်း ဦးပြောင်ကနေဝယ်စားလိုက်ပါတယ် ဂွတ်ရှယ်...........
သီးစုံပဲကုလားဟင်းရယ် ကြက်ဆီပြန် ဝက်အသားနီလန် မအီအောင် ပုစွန်ချဉ်ခံ
နောက်မနက်ကကျန်တဲ့ ဝက်ကုန်းပေါင် နဲ့ ကြမ်မဆိုင် ပါပါလိုက်ပါသေးတယ် ဂွတ်ရှယ် ဆူပါရှယ် အသားကုန်ရှယ်ပဲ

ကဲ နောက်တခေါက်မပြန်ခင် အကုန်တင်ပေးလိုက်တာပါ လောလောဆယ်မှာ တင်ထားသလိုပေါ့နော်
လာမည့် ၁၇-၂၉ (အလုပ် ပလပ်စ် ခွင့်) မြန်မာပြည် ထပ်ပြန်ပါအုံးမည် စားစရာများ ကို သွားရည်ကျစရာ သေချာ ရိုက်လာကာ သေချာ တင်ပေးပါအုံးမည်
လာဘတ်သူများ အကုသိုလ် များကြရပေအုံးမည်ပေါ့
ကျန်းမာချမ်းသာ လန်းဖျာကြပါစေသောဝ်.....................

Friday, August 13, 2010
Friday the 13th နဲ့ What women want???
ဒီနေ့ Friday the 13th လေ အဲ့တာနဲ့ ပတ်သက်တဲ့ ပိုစ့်ရေးမလို့ စဉ်းစားသေးတယ် နောက်တော့ စိတ်ကရွှင်နေတာနဲ့ မရေးဖြစ်ပါဘူး Valentine day တုံးကလဲ အဲ့လိုပါပဲ စာတွေ ရှာဘတ်ပြီးတော့ မရေးဖြစ်ဘူး ခုတော့ ပိုဆိုး ရှာတောင်မဘတ်ဖြစ်ဘူး အဲ့တာနဲ့ အီးမေးလ်တွေ စစ်ရင်း သူငယ်ချင်းတယောက်ပို့လိုက်တဲ့မေးလေး သဘောကျလို့ ပြန်တင်ပေးလိုက်တယ် ခုနောက်ပိုင်းဒီလိုဥာဏ်ကြီးရှင်တွေ ရဲ့ ပေါက်ပေါက်ရှာရှာ တီတီထွင်ထွင် အီးမေးလ်လေးတွေ ဘတ်ရတာ စိတ်ချမ်းသာတယ်
ဖော်ဝပ်မေးလ် ပို့ပေးတဲ့အတွက်လဲ မအေမီ ကို ကျေးဇူးတင်ပါတယ် များသောအားဖြင့် ဖော်ဝပ်မေးလ်တွေကို မဘတ်ဘဲ ဒလိ ပစ်တာများတယ်လေ ဒါလေးတော့ သဘောကျမိတယ် အပျော်ပေါ့နော်
That's all Women want......
...Plain looking husband
...normal simple ring
...small wedding party
...honeymoon at any place
...small house for the kids to run
...lovely children
...husband is a family man
...but work hard
...small car for shopping
...another car for kids
...some collections
...shoes for each occasion
...some nice outfits
...a bit of cosmetics
...a bit of makeup
...overseas trip once a year
...more often on domestic trips
...dinners
...Presents occasionally
...finally, some securities.

Thursday, August 12, 2010
မန္တလေး-ရန်ကုန် (၁၆ ရက် ဇွန် ၂၀၁၀ ခုနှစ် ဗုဒ္ဓဟူးနေ့ည)
မန္တလေးကနေပြန်မယ့် ရက် မနက်က စားဖြစ်အောင် သွားစားလိုက်သေးတဲ့ မန်းမြီးရှည်ပါ
သေသေချာချာ သွားစားတဲ့အတွက် ကောင်းလွန်းစွာ အရသာရှိလှပါတယ် အစပိုင်း ကို အသုပ်စားပြီး ကုန်ခါနီးမှာ ဟင်းရည်တွေ ထည့်လိုက်တော့ အရည် ဖြစ်သွားပါတယ် နှစ်မျိုးလုံးကောင်းတာပါပဲ
ဒီတခေါက်ပြန်လို့ မန်းတလေး သွားဖြစ်ရင် သွားစားပါအုံးမယ်
ဖြစ်နိုင်ရင် နေ့တိုင်းတောင် စားချင်တာ တခြားဟာတွေ စားဖို့ အချိန်ပေးရလို့ ........ဟင်းဟင်း (မကျေမချမ်း သံ)

အပြန်ခရီး ရဲ့ အညာ ပုံလေးတွေ ကားပေါ်ကနေ ရိုက်လာတာပါ အလွမ်းပြေပေါ့ အညာသူအညာသား ကျမဆွေမျိုးများအတွက်ပေါ့လေ (ခင်ခင်ထူးတွေ ဆန်လိုက်တယ် ညှင်းညှင်း)

ဒါလေးကတော့ လမ်းမှာ စားရတဲ့ ထမင်းဆိုင်လေးပါ အစကတော့ ခေါ်နေတာ မလာလို့ (ဆားဗစ် ညံ့လို့) မကောင်းရေးဖို့ ဆိုင်နာမည်ကို သေသေချာချာ ဓါတ်ပုံရိုက်လာတာပါ စာဘတ်သူတွေ ကို မကောင်းသတင်းပေးမလို့ပေါ့လေ သို့သော် ဘတ်...စားကြည့်တဲ့အခါမှာ အရသာ ကောင်းတာတွေ့ရလို့ အကောင်းပဲရေးပါတော့မယ် ဆားဗစ်ညံ့တာကတော့ မြန်မာ တပြည်လုံး လိုလိုဆိုတော့ ထူးပြီးရေးမနေတော့ပါဘူး

ကြည့်ကြည့်ပါ ဆိုက်ဒစ်ရှ်လေးတွေလဲများပါတယ် ကြက်ဟင်းခါးသီးကြော်ရယ် ချဉ်ပေါင်ကြော်ရယ် ခရမ်းသီးကြော်ရယ် ငါးနီတူ ခြောက်စပ်ကြော်လေးတွေရယ်ပါ တို့စရာကတော့ နည်းနည်းဂွမ်းတယ် မမိုက်ဘူး ငါးပိရည်လဲမကောင်းဘူး

ကိုယ်က ဆိတ်သားဆီပြန်နဲ့စားပါတယ် ဘေးကဟာက ပဲဟင်းရည်ပါ မောင်ကတော့ ဘာမှမစားပါဘူး

ဒါကတော့ ညလယ်ရောက်တဲ့ နေရာမှာစားတာပါ ကိုယ်က ပဲအီကြာ စားပြီးတော့ မောင်က ကြာဇံချက်စားပါတယ် ကော်ဖီကတော့ တယောက်တခွက်သောက်ကြတာပါ ပရီးမီးယား ကို ဖျော်ပြီး နှပ်ပြီးသားပါ မကောင်းပါဘူး အရမ်းချိုလွန်းပါတယ် နို့ဆီတွေ များပြီးတော့လေ မြန်မာ ဆန်ဆန်ပေါ့ ကိုယ်နဲ့တော့ မဖြစ်ပါဘူး ဒါတောင် ကိုယ်က အင်မတန်မှ ကို အချိုစားတာပါ ကိုယ့်အတွက်တောင် ချိုတယ်ဆိုတော့ ပြောမနေနဲ့တော့ ..........

ဒါလေးကတော့ မနက် ပဲခူးအရောက်မှာ စားတဲ့ မုန့်ဟင်းငါးပါ ဂွတ်ရှယ်ပါပဲ
အမြင်မလှသလောက် စားလို့ ကောင်းရှာပါတယ်
မန်းတလေး အပြန်ခရီး ကတော့ ဒီလောက်ပါပဲ

Subscribe to:
Posts (Atom)