Wednesday, August 25, 2010

How old are you…?

How old are you…?

ကလေးဘဝတုံးက ဆို အသက်ဘယ်လောက်ရှိပြီလဲလို့ အမေးခံရင် ခဏခဏ ဂုဏ်ယူစွာ ဖြေခဲ့ဘူးပါတယ်။ ကလေးဘဝတုံးကတော့ အသက် မြန်မြန်ကြီးချင်တာကိုးနော်။ နောက်တော့ အပျိုပေါက် ဖြစ်လာတဲ့ အခါမှာလဲ အသက်ကို ဂုဏ်ယူဝင့်ကြွားစွာ ဖြေနိုင်ပါသေးတယ် ကိုယ် လူကြီး ဖြစ်ပြီ အပျိုမကြီး ဖြစ်ပြီ ဆိုတာ ကို ပြချင်တာပေါ့။ အဲ အဲ့ထက် နောက် နည်းနည်းလေး ပို ကြီးလာတဲ့ အခါမှာတော့ အသက် ကိုမေးလာတဲ့ အခါ ဖြေရမှာ နည်းနည်း တုံ့နှေးလာပါပြီ။ ခုခေတ်ကလဲ ၂၀ ကျော်ရင် ပဲ ဟိုင်းပြီ လို့ပြောနေကြတဲ့ခေတ်ကိုးနော်။ ခုနောက်ပိုင်းကျတော့ အင်း……..

အရွယ်ရောက် မိန်းမတယောက်အနေနဲ့ အသက် ကို အမေးခံရတိုင်း သိပ်ဖြေရခက်တာပါပဲ။ ကျဉ်းထဲကျပ်ထဲရောက်တယ် ဆိုတာ အဲ့လိုအခြေအနေမျိုး ကိုခေါ်တာပေါ့။ အဲ့လိုအမေးခံရ တိုင်းလဲ စိတ်ညစ်ရတာ စိတ်ဒုက္ခရောက်ရတာ တကယ့်ကိုပါပဲ။ အပိုပြောတာ မဟုတ်ဘူးနော် အမေးခံရဖူးတဲ့ မိန်းမတွေ သိလိမ့်မယ်။ မယုံရင် မေးကြည့်ကြ။ တချို့ဆို ကိုယ်တိုင်လဲ ကြုံဖူး ကြမှာပါ။ အဲ့အတွက် ခု တီချမ်းက နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်။ ဘတ်ကြည့် လေ ပြီးတော့ အသုံးတည့်တော့လဲ အဆင်ပြေတာပေါ့နော်။ နောက်ဆို အသက်နဲ့ ပတ်သက် တဲ့ ဘယ်လို မေးခွန်း လာလာ အေးဆေး ဖြစ်သွားပြီပေါ့။

ခုန ပြောခဲ့သလိုပဲ အရွယ်ရောက်မိန်းမ လူလတ်ပိုင်းမိန်းမတယောက်အနေနဲ့ အသက်ကို အမေးခံရတိုင်း သိပ် သိပ် သိပ် အခံရခက်ပါတယ်။ ကိုယ်က အဲ့တာ ကို တိုက်ရိုက် မဖြေချင်လို့ အသက်ဘယ်လောက်လဲမေးတဲ့အခါမှာ “လျှို့ဝှက်ချက်” လို့ ပြန်ဖြေမိပြန်ရင်လဲ ကိုယ့်အသက် အရမ်းကြီးနေလို့ မဖြေချင်တာလို့ လူတွေက ထင်တတ်ကြပြန်တယ်။ (ဥပမာ “မမကွမ်” ကိုပဲ ကြည့် ဘယ်တော့မှမဖြေဘူး အသေသာသတ်ချင် သတ်ပစ်လိုက်ဆိုတာမျိုး၊ ကိုယ်နဲ့ သိတဲ့ အပျိုကြီးတယောက်ရှိပါသေးတယ် ခုတော့ အမေရိကား ရောက်သွားပြီ သူလဲ အသက်မေးရင် ဘယ်လိုလှည့်မေးမေး သေတောင်မဖြေဘူးဆိုတဲ့အစားထဲကပါ ဖြစ်ချင်တော့ သူ့နာမည်က တောင် “သက်” ဆိုတာပါနေသေးတယ် ခုတော့ အသက်ကို မေးရင် ရိုင်းတယ်ဆိုတဲ့ အနောက်တိုင်း ရောက်သွားတော့သူ့အတွက် အဆင်ပြေတာပေါ့လေ အရှေ့တိုင်းမှာ ကျန်ခဲ့တဲ့ ကျန်နေသေးတဲ့ ဆက်လက်နေထိုင်သွားမယ့် မမကြီးများ၊ တဖြေးဖြေး အသက်ကြီးလာနေတဲ့ မမများ ဥပမာ “ဒေါ်ရီတာ” တို့ ကိုရည်ရွယ်ပါတယ်လေနော်)။

ဒီ အာတီကယ် မှာ တီပြောချင်တာက အသက်လို့မေးတိုင်း လူတိုင်းက နံပါတ်တွေကို ပြေးပြေး ပြီးမြင်တတ်ကြပါတယ်။ အသက်ကို နံပတ်နဲ့ မဖြေဘဲ လှလှလေး မေးတဲ့ လူလဲ ကျေနပ် အောင် ဖြေလို့ရပါတယ်။ နောက် အသက်မေးခံရတဲ့ အခါတိုင်း ဒီလိုလေးတွေ ဖြေကြည့်ကြ ပါနော်။

ဘယ်လိုလဲ ဟုတ်လား…? ဒီလိုလေ…………ဥပမာ…

• အော် “အသက်” လား………ဈေးသွားဝယ်နေတယ် လို့ ဖြေလို့တော့ ဘယ်ဖြစ်မလဲ နော် ငပေါကြီး ဖြစ်သွားမှာပေါ့ (ဟားဟား အလကား စတာပါ)
• အင်း တို့အသက်လား…..(ဒီနေရာမှာ ခဏလေး ပေါစ် pause လိုက်ပါ ပြီးတော့ မျက် လုံးလေး စဉ်းငယ်ခန့်မှေးပြီး အိုက်တင် ခံ နိုင်ပါသေးတယ်…စကားချပ်) လက်ထပ်ချင် တယ်ဆိုတဲ့ အရွယ်ကို နည်းနည်းတော့ လွန်လာပြီ…
• အင်း တို့အသက်လား…..ကတိတွေကို ရူးရူးမိုက်မိုက် ယုံတတ်တဲ့ အရွယ်ကို နည်း နည်းလေးတော့ လွန်လာပြီ…(အထက်ပါ စတိတ်မန့် နဲ့ ကွာခြားမှု ကိုသတိပြုပါ)
• အင်း တို့အသက်လား…..လက်ထပ်ချင်တဲ့ အရွယ် ကို လွန်လာပြီ ဒါပေမယ့် ကတိတွေ ကို ရူးရူးမိုက်မိုက် ယုံတတ်တဲ့ အရွယ်ကိုတော့ မကျော်သေးဘူး…
• အင်း တို့အသက်လား…..ယောက်ျားတွေကို ကိုယ်ကအချစ်နဲ့ ပြုပြင်ပြောင်းလဲလို့ ရ တယ် ဒါမှမဟုတ် ယောက်ျားတွေ က ပြုပြင်ပြောင်းလဲလို့ရတယ် ပြောင်းလဲလာလိမ့် မယ် ဆိုတာ ကို ယုံကြည်တတ်တဲ့ အရွယ်ကို နည်းနည်းတော့ လွန်လာပြီ…
• အင်း တို့အသက်လား…..ချိုမြိန်တဲ့ ပျားသကာ အလိမ်အညာ ပလီပလာ ကလော် ကလည် စကားတွေ ကို မျက်စိမှိတ် သဘောကျ ပြီး ယုံတတ်တဲ့ အရွယ်ကို နည်းနည်း တော့ လွန်လာပြီ…
• အင်း တို့အသက်လား…..အချစ်ဆိုတာ တဘဝလုံးပါ လို့ ယုံတတ်တဲ့ အရွယ်ကို နည်း နည်းတော့ လွန်လာပြီ…
• အင်း တို့အသက်လား…..ကမ်းစပ်သဲသောင်ပေါ်မှာ ခြေပလာ နဲ့ လျောက်လှမ်းပြီး ကောင်းကင်က ကြယ်တွေ ကို တူတူရေ ကြမယ်ဆိုတဲ့ အရွယ်ကို နည်းနည်းတော့ လွန်လာပြီ…
• အင်း တို့အသက်လား…..တနေ့နေ့ကျရင်တော့ မင်းသားလေးက မြင်းဖြူစီးပြီး လာခေါ် လိမ့်မယ် လို့ ယုံကြည်နေတဲ့ နှစ်တွေမှာပဲ ရပ်တန့်ထားတာကြာလှပြီ
• တို့လား….အိုလွန်းလို့ နောက်တခေါက် အသည်းကွဲတာ ကိုခံနိုင်ဖို့ တောင် ခံနိုင်ရည် မရှိ တော့တဲ့ အရွယ်ရောက်နေပြီ…
• အို မီး…………အသက်လား…….မီးက ခုမှ “ခေး” ပဲ ရှိသေးတာ ကို အချစ်ဆိုတာကို ဘာမှန်းတောင် မသိသေးဘူး “မေ” ဆူလိမ့်မယ်…
• အင်း မီးအသက်လား…..ငယ်လွန်းသေးတယ် ယောက်ျားတယောက်ကို မီးက ငြင်းလိုက်တာတောင် သူက တသက်လုံး မီးကိုစောင့်ရှောက်မှာပါ လို့ ထင်နေ ယုံနေသေးတယ် မနူးမနပ်သေးတဲ့ တင့်တင့်တို့ အရွယ်ပဲ ပြောမလားနော်…ခိခိခိ…

ဒါနဲ့တောင်မှ မင်းက အတင်းပဲ ဆက်ပြီး “ဒါဆို လာမယ့်နှစ်မှာ “မ” က အသက်က ဘယ် လောက်ရှိပြီလဲ…?” လို့ လိုက်မေးနေအုံးမှာလား…? ကိုယ်ဒီလောက် နှစ်မျက်နှာ ကျော်ကျော် တောင် ဖြေလာပြီးပြီ အများကြီးလဲ ပြောပြပြီးပြီ၊ ဒီလောက်တောင်မှ မင်းက မခန့်မှန်းတတ် သေးဘူးဆိုရင်တော့ မင်းရဲ့ အိုင်ကျူကကော အသက်ဘယ်လောက်မှ ကျန်နေခဲ့သလဲ ဆိုတာ ကိုယ်သိချင်လိုက်တာ…။

A Chen
2:15 PM
Wednesday
August 25, 2010
Bangkok

4 comments:

  1. ကိုယ်က profile မှာ အကုန်တင်ထားတာ။ သိချင်တဲ့သူ သွားကြည့်လို့ရတယ်။
    (ယုံတယ်ဆိုရင်ပေါ့လေ)

    ReplyDelete
  2. အသက်နဲ့ ပတ်သက်ပြီး မနေ့က ဖတ်ခဲ့ရသေးတယ်။ ဂင်းနစ်စံချိန်ဝင်သွားပြီဖြစ်တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အဘွား အမရပူရမြို့နယ်က ၁၁၈ နှစ်ရှိပြီ။ ၁၀ နှစ်သမီးကတည်းက ဆေးလိပ်သောက်လာတာ ခုထိ မပြတ်သေးဘူးတဲ့ဗျ ....

    ReplyDelete
  3. အော် မမရီတာ ရယ်
    အသက်ကို ဂဏန်းနဲ့မဖြေချင်သူ မမများအတွက် ရည်ရွယ်ပါတယ်လေ
    ရှင်ကတော့ အများနဲ့မတူ ဂဏန်းသွားသွားတဲ့ (ဘေးတိုက်သွား)သူဆိုတော့
    ပြောတော့ဘူး ပြောကိုပြောချင်တော့ဘူး

    ReplyDelete
  4. age is just a number as long as you have confident & contentment.. :P

    ReplyDelete