Monday, August 30, 2010

မောင်…သို့

မောင်…သို့

လွမ်းတယ်ဆိုတာဘာလဲ
ချစ်တယ်ဆိုတာဘာလဲ
သစ္စာရှိတယ်ဆိုတာဘာလဲ
တဦးတည်းပိုင်ဆိုတာဘာလဲ
လိင်ဆက်ဆံမှုလျော့ချတယ်ဆိုတာဘာလဲ
သတိရတယ်ဆိုတာဘာလဲ
မျှော်လင့်ချက်ဆိုတာဘာလဲ
အတူနေချင်တယ်ဆိုတာကရော ဘာလဲ
ဘဝဆိုတာဘာလဲ

ဒါတွေအားလုံး ကိုယ့်ခေါင်းထဲမှာ
မြုပ်လိုက်ပေါ်လိုက် နဲ့စီတန်းနေတယ်

ကောင်းကင်ပေါ်က ကြယ်ပွင့်လေးတွေကို
မော့ကြည့်လိုက်မိတဲ့အခါ
ဒီမေးခွန်းတွေ အားလုံးရဲ့အဖြေကို နားလည်လိုက်ပါရဲ့

တခုပဲ
ဘန်ကောက်ရဲ့ ကောင်းကင်က ကြယ်တွေ မရှိဘူး
လေထုညစ်ညမ်းမှုတွေပဲရှိတယ်

A Chen
7:20 AM
30th August 2010
Monday
Home
Bangkok

No comments:

Post a Comment