Wednesday, August 11, 2010

ဆုံတွေ့ကြတာ တိုက်ဆိုင်လို့လား…?

ဆုံတွေ့ကြတာ တိုက်ဆိုင်လို့လား…?

တိုက်ဆိုင်မှုမပါရင် ရုပ်ရှင်မဖြစ်ဘူးတဲ့။ ရုပ်ရှင်တွေထဲမှာ ဝတ္ထုတွေထဲမှာ မကြာခဏ ဆိုသလို တိုက်ဆိုင်မှုတွေပါတတ်ကြပါတယ်။ မင်းသားနဲ့မင်းသမီးနဲ့ မကြာခဏ “တိုက်ဆိုင်စွာ” ကြုံတွေ့ တတ်ကြတယ်၊ “တိုက်ဆိုင်စွာ” အိမ်နီးနားချင်းဖြစ်ကြတယ်၊ အလုပ်အတူတူ လုပ်ကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေဖြစ်ကြတယ်၊ ကုန်ကုန်ပြောရရင် တခါတလေ “တိုက်ဆိုင်စွာ” ရန်သူ တွေဖြစ်ကြတယ်။ မင်းသားက မင်းသမီး ကို တောင်းပန်မယ့် အချိန်ကျမှာ တိုက်တိုက်ဆိုင်ဆိုင်
မင်းသမီးက သူတောင်းပန်တာကို မကြားရဘူး (ရထား ဥသြ ဆွဲလို့ပဲ ဖြစ်ဖြစ်၊ ဖုန်းမအားလို့ ပဲဖြစ်ဖြစ်၊ ဆူညံသံတခုကြောင့်ပဲ ဖြစ်ဖြစ်၊ တခြား အကြောင်း တခုခုကြောင့်ပဲ ဖြစ်ဖြစ်)၊ ဒီလိုနဲ့
တောင်လျောက်အထင်တွေလွဲ၊ ကွဲသွားကြ၊ နှစ်ပေါင်း အတော်ကြာတော့မှ “တိုက်ဆိုင်စွာ” နှစ်ယောက်သား ပြန်တွေ့ကြ၊ ပြန်မတွေ့ဘူးဆိုရင်လဲ မတော်တဆ လမ်းမထက်မှာ ဘေးချင်း ယှဉ်ပြီး ဖြတ်လျောက်မိကြ ဒါတွေ အားလုံးလဲ ပြောရမယ်ဆိုရင် “တိုက်ဆိုင်မှု” တွေပါပဲ။

ရုပ်ရှင်ကြည့် ပရိတ်သတ်ပဲဖြစ်ဖြစ် စာဘတ် ပရိတ်သတ်ပဲ ဖြစ်ဖြစ်…“ အာ…ဒါကတော့
တိုက်ဆိုင်လွန်း အားကြီးနေပြီ” လို့ပြောကြပေမယ့်… အဖြစ်အပျက်တွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေကတော့ “တိုက်ဆိုင်မှုရှိစွာ တိုက်ဆိုင်ဆဲ” ပဲ။

ဥပမာ မင်း သူငယ်ချင်းတယောက်ယောက် (သို့) ချစ်သူ တယောက်ယောက် (သို့) လူတ ယောက်ယောက် ကို သတိရနေချိန်မှာပဲ သူ က မင်းဆီကို ဖုန်းလှမ်းဆက်လာတယ်။ ဒီလို “တိုက်ဆိုင်မှု” မျိုး မင်းကြုံဖူးလား…?

အချိန်နဲ့ နေရာ ဆိုတဲ့ အရာနှစ်ခု ကြားထဲမှာ မျောလွင့်နေလျက်နဲ့ ကိုယ်တို့တွေ ကြုံကြိုက် ကြတယ်ဆိုရင် ဒါဟာ ရိုးရှင်းတဲ့ “တိုက်ဆိုင်မှု” ပဲလာ.း…? ဒါမှမဟုတ် ကိုယ်တို့တွေလဲ မဖြေ ရှင်းနိုင်တဲ့ ထူးခြားတဲ့ စိတ်ချင်း ဆက်သွယ်မှု ဒါမှမဟုတ် ရေစက် ဒါမှမဟုတ် အကျိုးကြောင့် ဖြစ်တဲ့ အကြောင်းတွေလား…? အကြောင်း ကြောင့် ဖြစ်တဲ့ အကျိုးတွေလား…?

“တိုက်ဆိုင်မှု” တိုင်းကရော “ဆီလျော်မှု” တွေလား…?

လောကကြီးမှာ ယောက်ျားတယောက်နဲ့ မိန်းမတယောက်၊ မိန်းမ တယောက်နဲ့ မိန်းမ တယောက်၊ ယောက်ျားတယောက်နဲ့ ယောက်ျားတယောက် ဆုံတွေ့ကြတယ်၊ ကြုံကြိုက်ကြ တယ် ဒါတွေဟာ ရိုးရှင်းတဲ့ “တိုက်ဆိုင်မှု” ကြောင့်သက်သက်ပဲ ဖြစ်ချင်မှဖြစ်မယ်။ ခုန က ပြောတဲ့ စိတ်ချင်းဆက်သွယ်မှုတွေ ရေစက်တွေ အကျိုးအကြောင်းဆီလျော်မှုတွေလဲ ဖြစ်ချင် ဖြစ်နိုင်တယ်လေ။

ဟိုးလွန်ခဲ့တဲ့ နှစ်တွေ အများကြီး တုံးက လူတယောက် ကို တွေ့ဘူးတယ်၊ ဒါမှမဟုတ် သူ့ နာမည် ကိုတနေရာရာမှာ ကြားခဲ့ဖူးတယ် နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ မင်း သူနဲ့ ချစ်ကြိုက်မိကြတယ်။ သေချာပြန်စဉ်းစားကြည့်တော့ ဒါဟာ “တိုက်ဆိုင်မှု” သက်သက်ပဲလား?
ဒါမှမဟုတ် အရင်နှစ်ပေါင်းများစွာတုံးက နေ့တနေ့မှာ သူ့နာမည် ကိုကြားခဲ့ဖူးတဲ့ အကြောင်း ကြောင့် နောင်နှစ်ပေါင်းများစွာ မှာ ဖြစ်လာ တဲ့ အကျိုး လို့ ယုံကြည်မလား…?

ကျောင်းတုံးက လူတယောက်ကို မင်း လုံးဝ မတည့်ဘူး၊ ကြည့်လို့လဲမရဘူး၊ သေလောက် အောင်မုန်းနေခဲ့တယ်၊ မြင်တာနဲ့ သတ်ချင်တယ်။ မင်းနဲ့ သူနဲ့ လဲ တွေ့လိုက်တာနဲ့ ခွေးနဲ့ ကြောင်လို ကိုက်ကြတယ်။ ဒီလိုနဲ့ နှစ်တွေ အတော်ကြာ ဖြတ်သန်းသွားပြီးတော့ ဘဝ တကွေ့ မှာ မင်းနဲ့ သူနဲ့ ချစ်လိုက်ကြတာမှ တုန်လို့၊ ကြားလေသွေးတောင် ဝေးတယ်လို့ ထင်တဲ့ အခြေ အနေကိုရောက်လာခဲ့ကြတယ်။ ကျောင်းတုံးက သူငယ်ချင်းတွေနဲ့ တွေ့တော့ မင်းက အဲ့တာ ဝဋ်လည် တာ လို့ပြောတယ်။ အမှန်တော့အဲ့တာ ဝဋ်လည်တာမဟုတ်ဘဲ စိတ်ချင်းနီးစပ်တာပါ။

လောကကြီးမှာ အဲ့လောက် “တိုက်ဆိုင်” ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လမ်းခဲ့ပြီးတော့ နောင်နှစ် ပေါင်းများစွာ အကြာမှာ ပြန်လည်ဆုံတွေ့ကြတယ်ဆိုရင် အဲ့တာ မင်း အစကတည်းက သူ့ကို လုံးဝ မေ့လို့ မရခဲ့လို့ဘဲ။ ဒါမှမဟုတ် တမျိုးပြောင်းပြောရရင် မင်းရဲ့ ဦးနှောက် က သူ့ကိုမေ့ ပစ်လိုက်ပေမယ့် မင်းရဲ့ နှလုံးသားက မေ့မပြစ်ခဲ့လို့ဘဲ။ သူကလဲ မင်းကို မမေ့ခဲ့ပါဘူး။ အချိန် ဆိုတဲ့ အလွှာ ကို ခြားပြီးတော့ နောက်တခေါက် မင်းနဲ့ သူ ပြန်ဆုံတွေ့ကြတယ်။

အင်း တကယ်လို့ ပြန်မတွေ့ကြတော့ဘူးဆိုရင် မင်းကို သူက မေ့လိုက်လို့ပဲ။

A Chen
3:00 AM
11th August 2010
Wednesday
Home
Bangkok

5 comments:

  1. အင်း တကယ်လို့ ပြန်မတွေ့ကြတော့ဘူးဆိုရင် မင်းကို သူက မေ့လိုက်လို့ပဲ။

    ReplyDelete
  2. Hnin Su - တိုက်ဆိုင်တာလား . . . . မတော်တဆလား
    ဒါမှမဟုတ် (စကားလုံးအကြီးကြီးနဲ့ပြောရရင်) Butterfly Effect လား . . .9:54 amDeleteUndo deleteReport spamNot spam

    Addy Chen - ဖြစ်နိုင်ပါတယ်
    လွန်ခဲ့သော် ဆယ်နှစ်က ပေါက်တဲ့ အီး က အခုမှ ပြန်လာနံနေတာမျိုးပေါ့
    ဟိဟိEdit10:42 am

    ReplyDelete
  3. Hnin Su - ဝေါ့ နင့်မှာ ဒီထက် သက်သာတဲ့ ဥပမာ မရှိတော့ဘူးလား
    11:45 amDeleteUndo deleteReport spamNot spam
    4 previous comments from Hnin Su, Addy Chen,

    Zaw Lynn Dwe
    Zaw Lynn Dwe - The butterfly effect is a metaphor that encapsulates the concept of sensitive dependence on initial conditions in chaos theory; namely that small differences in the initial condition of a dynamical system may produce large variations in the long term behavior of the system. Although this may appear to be an esoteric and unusual behavior, it is exhibited by very simple systems: for example, a ball placed at the crest of a hill might roll into any of several valleys depending on slight differences in initial position. The butterfly effect is a common trope in fiction when presenting scenarios involving time travel and with "what if" scenarios where one storyline diverges at the moment of a seemingly minor event resulting in two significantly different outcomes.12:33 pmDeleteUndo deleteReport spamNot spam

    Addy Chen - yes we can read that on wiki as well
    thanksEdit1:06 pmDeleteUndo deleteReport spamNot spam

    Zaw Lynn Dwe - I know that u r smart. It's just for people who don't know where to find. :)2:28 pm

    ReplyDelete
  4. အန်တီချန်းရေ..
    မြရဲ့လ နဲ့ ရေမျောသီး အသံဖိုင် ကျနော် ပို့ပေးပါမယ်နော်...
    အီးမေး လိပ်စာလေး ပေးလို့ရမလားဗျ..
    ကျနော် အပြေးအလွှားနဲ့မို့ upload တင်ဖို့ အချိန် မရသေးလို့ပါ..။
    ကျေးဇူး

    အဲ့.. စာတွေ အေးဆေး လာဖတ်ဦးမယ်ဗျ..

    ခင်မင်စွာ..
    ကိုရင်နော်

    ReplyDelete
  5. တိုက်ဆိုင်မှု
    I can't believe that.

    BINO

    ReplyDelete