Tuesday, October 19, 2010

အချစ်ရဲ့ အရသာ

အချစ်ရဲ့ အရသာ

တခါလေကျရင် စားစရာတမျိုးမျိုးကို အရမ်းတောင့်တမိတာမျိုး တောင့်တမိတဲ့ ချဉ်ချင်းတတ်တဲ့ ခံစားချက်မျိုး ကိုယ့်မှာ ဖြစ်တတ်ပါတယ်။ အရူးလိုပဲ တောင့်တမိတတ်တယ်၊ အရမ်းစားချင်မိတယ်၊ ဒါပေမယ့် လက်ထဲမှာ ရှိတဲ့ အလုပ်တွေကို ပြစ်မသွားနိုင်တာနဲ့ပဲ တောင့်တယုံ တမ်းတ ယုံလောက်နဲ့ပဲ ရပ်ထားရတတ်တယ်။
လူတယောက်ကို လွမ်းမိတာ၊ တမ်းတမိတာလဲ အဲ့လို ခံစားချက်မျိုး နှင်နှင်ပဲဖြစ်ပါလိမ့်မယ်လေ။
အရမ်း ကို အရသာ ရှိလွန်းတဲ့ မုန့်ဟင်းခါးတပွဲ ကို လွမ်းသလိုမျိုး မင်းကို ကိုယ်လွမ်းချင်တယ်။ စိတ်ထဲမှာ ရှိတဲ့ အဲ့ဒီ နှိုင်းယှဉ်လို့မရတဲ့ အရသာကြောင့် ဘယ်လောက်ကြာကြာမှ နောက်တခါ အဲ့အရသာ ကိုခံစားရပါစေ ကိုယ်စောင့်နိုင်တယ်။ အဲ့လိုပဲ ကိုယ်လိုချင်တဲ့အရာကိုမှ မရနိုင်တဲ့အတွက် ရှိတာလေးပဲ စားထားပါ့မယ်လေ ဆိုတဲ့ ရသေ့စိတ်ဖြေစိတ်မျိုးနဲ့တောင် အဆင့်မမှီတဲ့ အနားမှာအလွယ်ရနိုင်တဲ့ မုန့်ဟင်းခါးကိုလဲ ကိုယ်ကြိတ်မှိတ်ပြီး မစားဘူး။
မီးသွေးနံ့လေးတသင်းသင်းနဲ့အရမ်းမွှေးတဲ့ မာလာငါးကင်တကောင်ကို လွမ်းသလိုမျိုး မင်းကို ကိုယ်လွမ်းချင် တယ်။ ငါးကင်ဆိုတာ အရမ်းလွယ်တဲ့ ဟင်းတခွက်ပါ။ မိနစ် ၃၀ ဆိုတာ ဘယ်လောက်တောင် လှပလိုက်တဲ့ “စောင့်စားချိန်” လေးလဲနော်။ ဥပမာ ပြောရရင် မင်းနဲ့ ချိန်းထားပြီး လမ်းထောင့်ကနေ မင်းရဲ့ အရိပ်ကလေးကို မြင်ရဖို့ စောင့်စားနေတဲ့ အချိန်လေးတွေလိုပေါ့။
ဟင်းချိုပူပူလေးတခွက် ကို လွမ်းသလိုမျိုး မင်းကို ကိုယ်လွမ်းချင်တယ်။ ဘာမှစားချင်သောက်ချင်စိတ်မရှိဘူး။ ဟင်းချိုပူပူလေးတခွက် ရဲ့ နွေးထွေးမှု ကိုပဲလိုချင်မိတာ။ အရမ်းသောက်ချင်တဲ့ အချိန်မှာ သောက်ခွင့်ရတဲ့ ဟင်းချိုပူပူလေးတခွက် ဆိုတာ ဘယ်လောက်တောင်မှ ရိုးစင်း ရှင်းသန့်တဲ့ ပျော်ရွှင်မှုလေးလဲနော်။
စားတာနဲ့ အချစ်ဆိုတာ တကယ်တော့ တူညီတဲ့ တောင့်တမှုတမျိုးပါပဲလေ။ ရသတဏှာ လို့ပြောကြတယ်မဟုတ်လား။ ခွဲပြောပြော တွဲပြောပြော အကြုံးဝင်တယ်ထင်ပါတယ်။
ချစ်သူကသာ…“မင်းကို ငါကိုက်စားပစ်လိုက်ချင်တယ်” လို့ပြောလာရင် ကမ်ချီလေးပဲ ဖြစ်ဖြစ် ဘာဂါလေးပဲ ဖြစ်ဖြစ် ဖြစ်ပေးလိုက်ဖို့ ကိုယ်ဝန်မလေးပါဘူး။ ချစ်တဲ့သူ ကိုသာ နွေးထွေးမှု ပျော်ရွှင်မှု စတဲ့ ခံစားချက်တွေ ပေးနိုင်မယ်ဆိုရင်ပေါ့။
ကိုယ်တို့တွေ အားလုံးလိုလို အခုလို ကလေးဆန်မှုလေးတွေရှိခဲ့ကြဘူးမှာပါ။
ဥပမာ ချစ်သူရဲ့ ပခုံးကိုကိုင်ပြီးတော့…
“ကိုယ်မင်းကို ကိုက်ချင်တယ်ကွာ”
“အာ…မလုပ်နဲ့ မလုပ်နဲ့ နာလိမ့်မယ်ကွ”
“ဟာ….မရဘူးကွာ၊ တလုတ်ကလေးပဲ ကိုက်မှာပဲ လာလာ မြန်မြန် လက်ကို ဆန့်ထုတ်လိုက်”
ချစ်သူက လိမ်လိမ်မာမာ နဲ့ ပခုံးကို လှည့်ပေးတဲ့အခါကျရင် ကိုယ်က တချက်တည်း ကိုက်ပစ်လိုက်ပါတယ်။ သူ့ပခုံးပေါ်က လတ်လတ်ဆတ်ဆတ် ကိုယ့်သွားရာနက်နက်လေးတွေကို မြင်ရတဲ့အခါ အရမ်းအရသာရှိတဲ့ ဟင်းကောင်းတခွက် ကိုစားလိုက်ရသလိုပဲပေါ့။ နောက်ဘယ်တော့ ထပ်တခါ စားအုံးမလဲ?
လူ့အသားရဲ့ အရသာကတော့ ဘယ်လိုနေမယ်မသိပေမယ့် အချစ်ရဲ့ အရသာကတော့ ကိုယ့်ကို ချိုအီအီ နဲ့ တိမ်းမူးစေပါတယ်။ ကိုက်ခြင်း ရော အကိုက်ခံရခြင်းရော က ချိုမြိန်တဲ့ နာကျင်ခြင်းစက်ဝန်းလိုပေါ့။
“စောင့်ဆိုင်းခြင်း” ဆိုတာကတော့ မဖြစ်မနေ ကျော်ဖြတ်ရမယ့် အဆင့်တခုပေါ့လေ။ ပမာပြောရရင် ပြီးပြည့်စုံတဲ့ လူ့ဘဝ ရဲ့ အရသာကို စိတ်ကူးယဉ်မြည်းစမ်းကြည့် သလိုမျိုးပါပဲ။
အချစ်ဆိုတာ ဖြတ်သန်းမှု တခုပါ။ ကိုယ်တို့တွေ အရသာရှိရှိ ပျော်ပျော်ရွှင်ရွှင် တခါတခါလဲ ပျင်းရိပျင်းတွဲ ဖြတ်ကျော်နေကြတယ်။

A Chen
3:35 PM
Tuesday
19th Oct 2010
Bangkok

စာကြွင်း
ကိုယ်ကိုက်ချင်တိုင်း နာနာကျင်ကျင် ရှုံ့ရှုံ့ မဲ့မဲ့ ကိုက်ခွင့်ပေးခဲ့တဲ့ မောင့်အတွက် အမှတ်တရ

5 comments:

  1. me: what do u think of my new post?
    BS: jz get it... let me ...
    Sent at 4:02 PM on Tuesday
    BS: ကြိုက်တယ်။ ပေးချင်တာလေး လှတယ်။ အနောက်တိုင်းဆန်တယ်။
    me: ဆန်ရမယ်လေ
    မုန့်ဟင်းခါတို့ ဘာတို့ က
    ဟိဟိ
    BS: အာလေး
    me: ဒါပေမယ့် ငါပြောချင်တာကို နင်ရတယ်မှလား
    BS: နိုးနိုး
    အယူအဆကိုပြောတာ
    me: ငါသိတယ်လေ
    BS: ရက်စ်
    me: အဲ့တာပြောတာပေါ့
    အိုင်ကျူတူတတဲ့ ရေးသူဘတ်သူဆိုတာ
    သိပ်အရေးကြီးတဲ့အချက်ပဲ
    စာပေလောကဖွင့်ဖြိုးတိုးတက်ဖို့အတွက်
    အာလေး
    BS: သေချာတာပေါ့ သယ်ရင်းရယ်
    ယူတဲ့သူက ယူတတ်ဦးမှ
    me: အဲ့တာပြောတာလေ
    BS: ပေးတာဘယ်လောက်ကောင်းကောင်း
    me: ဝက်တွေစားတဲ့ ပလာတာကြောင့် ဂျုံဈေးတွေ အလကားတက်တယ် နော့
    BS: ဟားဟား
    me: တွေ့လား
    ပြောချင်တာ ကိုရပြန်ပြီ

    ReplyDelete
  2. လူ့အသား အရသာက ပထမဆုံးတော့ ငန်မယ်ထင်တယ်။
    (မစားဖူးပါဘူး... မှန်းကြည့်တာ)

    ReplyDelete
  3. ငန်မှာပေါ့ မမစင် ဂျီးတွေနဲ့ဟာ။
    ရန်ကုန်မှာဆို ဖုန်ပိုပေါလို့ ရန်ကုန်ကလူဆို ပိုငန်ဦးမယ်။

    ReplyDelete
  4. လောလောဆယ် ဆိုတာရဲ့အောက်မှ ကျေးဇူးတင်ထားတာ ခုမှ မြင်တယ်။ ဘယ်တုန်းကတင်လိုက်တာလဲ။ ရေးဖြစ်သွားတဲ့ ပို့စ်ကရော ဘာလဲ။

    ReplyDelete
  5. Dear Addy Chen,
    I wont forget your rice and curry for me...Thanks million naw...
    I am also big fan of your Blog and I still learning some idea from you...
    You are incredible writer and I am so proud to meet you cos you are indeed well talented one I have ever seen in my life...
    Hope to meet you again Aunty Chen....
    May I know your email, please..I want to send mail to you via email....
    Would you like to send yr address to me, I want to send My Card to you, my email is ahlineain84@gmail.com
    Thanks again,
    LOVE,
    Diamond

    ReplyDelete