Thursday, June 9, 2011

ပန်းစက္ကူ



ပန်းစက္ကူ

ပန်းစက္ကူ
ကမ်းလှည့် လို့မယူချင်ဘု
လူတွေက
ရောင်စုံစုံ ပွင့်သော်ငြား
မမြင့်မားတဲ့ သူ့ခမျာ

ရောင်သွေးစုံ
ဖြူ လိမ္မော် ပန်း နီ ခရမ်း ကယ်နဲ့
မကြူသော်လည်း လှ
မမွှေးသော်လည်း ဝေပါလျက်
နောက်ကောက်ကျတယ်

ပန်းဘဝ
တော်ဆိုလည်း တန်းမဝင်
နွမ်းလျ ကြွေသော်တောင်မှ
ကုံးသီသူ လူမရှိပါဘု
အော်...ဂုဏ်နိမ့်သူ
ကိုယ်တို့ ခမျာ
ပန်းဖြစ်လျက်မလန်း။

A Chen
12:44 AM
Tuesday
7 June 2011
Street aside tea shop
Sulay and Anawyahtar Junction

ပုံတွေအကုန် တီရိုက်သည်။ ပုံတွေက ရိုက်ထားတာ ကြာပီ ကဗျာ က ရေးမယ် ရေးမယ် နဲ့ အင်စပရေးရှင်း က မရတာ တနေ့က ညကတော့ ဘုတ်ဆုံ နဲ့ ညဘက် ဓါတ်ပုံ ရိုက် ထွက်ကြရင်း ခေါင်းထဲဝင်လာတာ နဲ့သူ့ဆီက ဘော့ပင် စာရွက်တောင်းပြီး ကောက်ခြစ်လိုက်တာ မိနစ်ပိုင်းပဲ ကြာတယ် ထွက်ချင်ရင်လဲ အဲ့လိုပဲ
အော် အဲ့ည က နန်းညီ မပါ သနားပါတယ် ညုန်းမ်


5 comments:

  1. ခရစ္စတလ်June 10, 2011 at 8:37 AM

    ငယ်ငယ်လေးထဲက သိပ်ကြိုက်တာပဲ၊
    ပန်းရုံကြီးဖြစ်နေရင် ပိုကြိုက်။
    လောဘကြီးတာလေ :P

    ReplyDelete
  2. ကဗျာလေး ဖတ်ပြီး ဝမ်းနည်း သွားတယ် ရသ မြောက်ပါပေတယ် တီချမ်း ရယ်

    ရွှေစင်ဦး

    ReplyDelete
  3. 1 person liked this - Hnin Su
    Hnin Su - ကဗျာဖတ်ပြီးသွားတဲ့အချိန် စိတ်ထဲမှာ ဟာပြီး ကျန်ခဲ့တယ်။10:18 am

    ReplyDelete
  4. ကဗျာလေး ကတော့ တော်တော်လန်းပါတယ် တီချမ်း။

    msd

    ReplyDelete