Burma Rivers Network
Environmental Impact Study on Hydropower Development of
Irrawaddy River: An Analysis from Burma Rivers Network
မြန်မာ့မြစ်များ ကွန်ယက်
ဧရာဝတီမြစ် ရေအားလျှပ်စစ် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလေ့လာခြင်း
(မြန်မာ့မြစ်များ ကွန်ယက်၏ လေ့လာဆန်းစစ်ချက်)
What was the study?
A 945-page preliminary biological assessment of seven planned dams on the Irrawaddy, N’Mai and Mali rivers in Kachin State, Burma collected baseline information on the biodiversity of flora and fauna in the catchment area of the dams over a period of 5 months from January to May 2009.
ဘာကိုလေ့လာတာလဲ? (လေ့လာချက်)
မြန်မာပြည်၊ ကချင်ပြည်နယ် ဧရာဝတီမြစ်ရဲ့ မေခ မေလိခ မြစ်ဆုံမှာ အကြီးစား ရေကာတာ ၇ ခု ဆောက် လုပ်နေရေး နဲ့ပတ်သက်ပြီး စာမျက်နှာ ၉၄၅ မျက်နှာရှိတဲ့ ဇီဝဗေဒ ပမာဏ သုံးသပ် လေ့လာ ချက် တရပ်ကို ၂၀၀၉ ခုနှစ် ဇန်နဝါရီလမှာ မေလ အထိ ၅ လကြာ ပြုလုပ်ခဲ့ပါတယ်။ လေ့လာချက်က ရေကာတာ ဆောက်လုပ်ဖို့ သတ်မှတ်ထားတဲ့ အနီးဝန်းကျင် တဝိုက်ရဲ့ သစ်ပင်ပန်းမန်များနဲ့ သားငှက်များရဲ့ ဇီဝမျိုးကွဲများဆိုင်ရာ ပြကတိ အခြေအနေ ကို သုံးသပ်ဖို့ ကနဦး စစ်တမ်းကောက်ယူတာ ဖြစ်ပါတယ်။
Who was involved?
All expenses of the study were funded by China Power Investment Corporation. A team of 80 scientists from Burma (from the Biodiversity and Nature Conservation Association) and others from the Changjiang Institute of Surveying, Planning, Design, and Research (CISPDR) of China conducted the study.
လေ့လာချက်ထဲမှာ ဘယ်သူတွေပါဝင်သလဲ? (ပါဝင်သူများ)
လေ့လာချက် တခုလုံး ရဲ့ကုန်ကျစရိတ်တွေကို တရုတ်စွမ်းအင်ရင်နှီးမြုပ်နှံရေးကုမ္ဗဏီ ကော်ပို ရေးရှင်းက အကုန်အကျခံပြီးတော့ အဖွဲ့ဝင် ၈၀ ပါဝင်တဲ့ သိပ္ဗံပညာရှင်များ နဲ့ ပြုလုပ်ခဲ့ပါတယ်။ လေ့လာရေး အဖွဲ့ထဲမှာ မြန်မာပြည်ဘက်က ဇီဝမျိုးကွဲများနှင့် သဘာဝရေးရာ ထိန်းသိမ်းမှုအဖွဲ့ က ပညာရှင်တွေနဲ့ တရုတ်ပြည် ချန်ကျင်း တက္ကသိုလ် စစ်တမ်းကောက်ယူရေး၊ စီမံကိန်းရေးဆွဲ ရေး၊ ဒီဇိုင်း နဲ့ သုတေသနက ပညာရှင်တွေပါဝင်ကြပါတယ်။
What does it say?
လေ့လာချက်က ဘာကိုပြောသလဲ? (တွေ့ရှိချက်)
The Myitsone dam should not be built:
“With experts, find an alternative option to avoid construction of Mytisone dam at the confluence.” (p. 25)
မြစ်ဆုံရေကာတာကို ဆောက်လုပ်ရန် မသင့်ခြင်း
“ကျွမ်းကျင်ရာ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး မြစ်ဆုံဒေသမှာ ရေကာတာ ဆောက်လုပ်မှု အတွက် အစားထိုးနိုင်မယ့် နည်းလမ်းများရှာဖွေရန်” (စာ -၂၅)
“If Myanmar and Chinese sides were really concerned about environmental issues and aimed at sustainable development of the country, there is no need for such a big dam to be constructed at the confluence of the Ayeyawady River. Instead two smaller dams could be built above Myitsone to produce nearly the same amount of electricity. Hence respecting the Kachin cultural values which surpass any amount of the overall construction costs.” (p. 40)
“တရုတ် နှင့် မြန်မာ နှစ်ဘက်စလုံးမှ တိုင်းပြည်၏ သဘာဝပန်းဝန်းကျင် နှင့် ဖွံဖြိုးရေးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေး ကို အမှန်တကယ် လိုလားပါလျှင် ဧရာဝတီ မြစ်ဆုံဒေသတွင် ထိုမျှကြီးမားသော ရေကာတာ ဆောက်လုပ်ရန် မလိုအပ်ဘဲ မြစ်ဆုံ အထက်ပိုင်းဒေသတွင် အနည်းငယ် ပိုသေးသော ရေကာတာ နှစ်ခု ဆောက်လုပ်ခြင်းအားဖြင့် ရာထားမှုနီးပါး တူညီ သော ရေအားလျှပ်စစ်စွမ်းအား ကို ထုတ်လုပ်နိုင်ပေမည်။ ဤနည်းအားဖြင့် ကချင်တို့၏ ရိုးရာ ဓလေ့ကို စောင့်ရှောက်နိုင်မည့်အပြင် ရေကာတာ ဆောက်လုပ်ရေး ဆိုင်ရာ ကုန်ကျမှုစရိတ် အစုစု ကိုလဲ လျော့ချနိုင်ပေမည်။” (စာ - ၄၀)
“The construction of the dam on the Irrawaddy should be avoided due to the changes in downriver hydrology which may affect navigation, riverine ecosystem and delta ecosystem and will lead to negative impacts on the economy.” (p. 227)
“မြစ်အောက်ပိုင်း ရေအားလျှပ်စစ်ဗေဒဆိုင်ရာ အပြောင်းအလဲများကြောင့် မြစ်ကြောင်းစီးဆင်းမှု (navigation) ကိုထိခိုက်နိုင်ခြင်း၊ မြစ်ကြောင်းများ၏ ဂေဟစနစ် နှင့် မြစ်ဝကျွန်းပေါ် ဂေဟစနစ် တို့အပေါ်အကျိုးသက်ရောက်မှုများကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများ ရှိလာနိုင်ခြင်းတို့ ကြောင့် ဧရာဝတီ မြစ်ဆုံ တွင် ရေကာတာ မဆောက်လုပ်သင့်ပေ။” (စာ - ၂၂၇)
The dams will have severe negative impacts, including on livelihoods, public health and safety:
“On account of construction of a cascade of dams in Kachin State there will be severe negative impacts on livelihoods and habitations of grassroots people of the region; disappearance of some wild rice varieties and their ancestors; disappearance and forever loss of the cultural heartland of Kachin people...” (p. 21)
ရေကာတာ ဆောက်လုပ်ခြင်းကြောင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ လူထု ကျန်းမာ ရေး နှင့် လုံခြုံရေး အပါအဝင် ပြင်းထန်ဆိုးဝါးသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင် ခြင်း
“ကချင်ပြည်နယ်တွင် ရေကာတာများ အဆင့်ဆင့် ဆောက်လုပ်ထားခြင်းကြောင့် ဒေသတွင်း ရှိ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ နှင့် လက်လုပ်လက်စား ရပ်သူရွာသားတို့၏ ကျင်လည် ရာ သဘာဝပတ်ဝန်းကျင်တို့ အပေါ်တွင် အနှုတ်လက္ခဏာ ရလဒ်များ ဖြစ်ပေါ်လာစေနိုင်ခြင်း၊ ဆန်ကြမ်းမျိုးကွဲများနှင့် ၄င်းတို့ရဲ့ မျိုးနွယ်တူများ မျိုးတုံးပျောက်ဆုံးခြင်း၊ ကချင်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုဘူမိနက်သန် ထာဝရပျက်သုန်းပျောက်ကွယ်ခြင်း….” (စာ - ၂၁)
The dams will threaten biodiversity:
“Ecoregions which are nationally important, regionally significant and globally outstanding will be directly affected by clearing and logging of the inundation areas and construction activities for a series of dams in Kachin State….Of particular concern are the loss and fragmentation of key ecosystems and the loss of key, endemic and endangered species of both flora and fauna….Definitely there will be negative impacts on potential of availability of traditional medicinal plants.” (p. 21)
ရေကာတာ၏ ဇီဝမျိုးကွဲများအပေါ် ခြိမ်းခြောက်မှု
“ကချင်ပြည်နယ်ရှိ ရေကာတာဆက်များ ဆောက်လုပ်ရန်အတွက် သစ်ခုတ်ထွင်ခြင်း နှင့် ရှင်းလင်းခြင်းများကြောင့် ဖြစ်ပေါ်လာသော ဒေသအတွင်း ရေလွှမ်းမိုးမှုများ နှင့် ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းစဉ်များကြောင့် “တိုင်းပြည်အတွက် အရေးကြီးသော၊ ဒေသပိုင်း ဆိုင်ရာ သိသာထင်ရှားသော၊ ကမ္ဘာ လုံးဆိုင်ရာ ထူးခြားအရေးပါသော ဂေဟဒေသန္တရများ အပေါ် သက်ရောက်မှုများ ရှိခြင်း……အထူးစိုးရိမ်ပူပန်မှုများမှာ အဓိက ဂေဟစနစ်ပြိုကွဲခြင်း နှင့် ဆုံးရှုံးခြင်း၊ သစ်ပင်ပန်းမန်များနှင့် သားငှက်များအပေါ် အန္တရာယ်ကျရောက်ခြင်း နှင့် ကပ် ဘေးဒုက္ခများဆိုက်ရောက်ခြင်း……တိုင်းရင်းပရဆေးပင်များ နှင့် ဖြစ်နိုင်ခြေများအပေါ်တွင် လည်း ရလဒ်ဆိုးများသက်ရောက်မှု ရှိမည်မှာ သေချာနေပေသည်။” (စာ - ၂၁)
“There will be severe negative impacts on regionally significant and globally outstanding three ecoregions, one center of world plant diversity; severe impacts on key biodiversity areas and conservation corridors of Myanmar” (p. 21-22)
“ကမ္ဘာလုံးဆိုင်ရာ ရုက္ခမျိုးကွဲများ၏ ဗဟိုချက်ဖြစ်သော၊ ဒေသပိုင်းဆိုင်ရာ သိသာ ထင်ရှားပြီး ကမ္ဘာလုံးဆိုင်ရာ ထူးခြားအရေးပါသော ဂေဟဒေသန္တရကြီး ၃ ခု အပေါ် ဆိုးရွားစွာ သက်ရောက်မှုများရှိခြင်း နှင့် မြန်မာနိုင်ငံ၏ အဓိက သတ္တ၊ဇီဝ ဂေဟစနစ်ကို ကာကွယ်ပေးသော လမ်းကြောင်းကို ဆိုးရွားစွာ သက်ရောက်မှုရှိခြင်း…” (စာ - ၂၁-၂၂)
Downstream impacts to the whole Irrawaddy need to be examined, the river is vital to the country:
“Irrawaddy River is the most important lifeblood river in Myanmar. Millions of people are depending on Irrawaddy River for their livelihoods. It acts as a conduit of communication to over fifty million of people.” (p. 1)
ဒီမြစ်ဟာ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ အတွက် မြစ်အောက်ပို်င်း တခုလုံးမှာ ဘယ်လို သက်ရောက်မှုတွေရှိနိုင်တယ် ဆိုတာကို ပြန်လည်စစ်ဆေးဖို့လိုပါတယ်။
“ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံ ရဲ့အသက်မွေးဝမ်းကြောင်း အတွက် အရေးပါဆုံး မြစ်ဖြစ် ပါတယ်။ သန်းပေါင်းများစွာသော ပြည်သူတွေဟာ သူတို့ ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ဧရာဝတီ မြစ်ကို မှီခိုနေကြရပါတယ်။ လူဦးရေသန်းပေါင်း ၅၀ လောက်အတွက် ဆက်သွယ် ရေးလမ်းကြောင်းအဖြစ် ပံ့ပိုးပေးနေတဲ့ မြစ်ဖြစ်ပါတယ်။” (စာ - ၁)
“The fragmentation of the Ayeyawaddy River by a series of dams will have very serious social and environmental problems not only at upstream of dams but also to very far downstream to the coastal delta. A longer and more comprehensive EIA investigation is strongly recommended in such a big and sensitive hydropower development which may very significant adverse impacts.” (p. 2)
“ဧရာဝတီမြစ်ပေါ်မှာဖြတ်ပြီး အစဉ်လိုက်ဆောက်မယ့် ရေကာတာတွေဟာ မြစ်ကို အပိုင်းပိုင်းပြတ်စေမှာဖြစ်တဲ့ အတွက် ရေကာတာတွေရဲ့ အပေါ်ပိုင်းမှာရှိတဲ့ ပြည်သူတွေ အပေါ် ဆိုးရွားတဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီ့ သက်ရောက်မှုတွေဟာ အောက်ပိုင်းက မြစ်ဝကျွန်းပေါ်ဒေသမှာ ရှိတဲ့ ပြည်သူတွေအထိ ဆိုးဆိုးရွားရွား ရောက်ရှိနိုင်ပါတယ်။ အခုလို ဆိုးကျိုးတွေ သက်ရောက်နိုင်တဲ့ အတွက် ကြီးမားပြီး ထိခိုက်လွယ်စေနိုင်တဲ့ ရေကာတာကို ဆောက်လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှု လေ့လာဆန်းစစ်ချက်ကို အချိန်ပိုယူပြီး အသေးစိပ် ဆောင်ရွက်သင့်ပါတယ်။” (စာ - ၂)
A social impact assessment must be conducted and decision makers should balance positive and negative aspects:
“Proper social impact assessment must be done before construction of each dam to know real impacts on livelihoods.” (p. 29)
လူမှုရေးဆိုင်ရာ သက်ရောက်မှုတွေကို လေ့လာဆန်းစစ်တဲ့ သုတေသနမျိုး မဖြစ်မနေ လုပ်သင့်ပြီး ဆုံးဖြတ်ချက်ချမယ့် လူတွေဟာ အဆိုးနဲ့အကောင်းကို သေသေချာချာ ချင့်ချိန်သင့်ပါတယ်။
“ဆည်တခုချင်းစီအတွက် မဆောက်လုပ်ခင်မှာ ဒေသခံပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှု ကို ဘယ်လောက်ထိခိုက်စေနိုင်တယ်ဆိုတာ သိရအောင် လူမှုရေးဆိုင်ရာသက်ရောက်မှုတွေကို လေ့လာဆန်းစစ်တဲ့ သုတေသနတွေမဖြစ်မနေ လုပ်သင့်ပါတယ်။” (စာ - ၂၉ )
“The main drawback of this study is the lack of Social Impact Assessment. Systematic social impact assessment must be carried out by competent social scientists….Before approving the construction, the decision-makers are strongly urged to fairly balance between the negative and positive aspects of dams.” (p. 62)
“ဒီသုတေသန လေ့လာဆန်းစစ်ချက်ရဲ့ အဓိက အားနည်းချက်ကတော့ လူမှုရေးဆိုင်ရာ ထိခိုက်နိုင်တဲ့ အချက်အလက်တွေကို လေ့လာဆန်းစစ်မှု လုံးဝမလုပ်ခဲ့တာပါပဲ။ တတ်သိနားလည်တဲ့ လူမှုသိပ္ဗံ ပညာရှင်တွေနဲ့ စနစ်ကျတဲ့ လူမှုရေးဆိုင်ရာလေ့လာဆန်းစစ်မှုတွေကို လုပ်သင့်ပါတယ်။ ရေကာတာတည်ဆောက် ဖို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မစခင်မှာ အကျိုး နဲ့ အပြစ်ကို သေသေချာချာဝေဖန် သုံးသပ်ပြီးမှ ဆုံးဖြတ်ချက်တွေပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုက်တွန်း လိုပါတယ်။” (စာ - ၆၂)
Affected people should be consulted and consent; local people are currently against the projects:
“The public should be disclosed about the hydropower dams and resettlement programs by having public meetings.” (p. 26)
ဒေသခံ ပြည်သူတွေဟာ စီမံချက်ကို ဆန့်ကျင်နေတဲ့အတွက် စီမံချက်ကြောင့် ထိခိုက်ကြမယ့် ဒေသခံတွေရဲ့ သဘောတူညီချက်နဲ့ အကြံဥာဏ်တွေ ယူဖို့ လိုအပ်ပါတယ်။
“ဒေသခံတွေကို ဒီရေကာတာတည်ဆောက်မယ့် စီမံချက်အကြောင်း နဲ့ ဘယ်လိုအစီ အစဉ်တွေနဲ့ ရွေ့ပြောင်းပေးမယ်ဆိုတာတွေကို အစည်းအဝေးတွေ ခေါ်ပြီး အသိပေးဖို့ လိုပါတယ်။” (စာ - ၂၆)
“The majority people of local races oppose construction of the dams especially Myitsone hydropower project. They consider the confluence as the cultural heartland of the Kachins.” (p. 21)
“ဒေသခံ ကချင်လူမျိုးတွေဟာ မြစ်ဆုံနေရာကို သူတို့ရဲ့ယဉ်ကျေးမှုဆိုင်ရာ ဘူမိနက် သန် အမွေ အနှစ် တခု အဖြစ် တန်ဖိုးထားကြပါတယ်။ အထူးအားဖြင့် မြစ်ဆုံနေရာမှာ ရေကာတာဆောက်မယ့်ကိစ္စကို ဒေသခံတိုင်းရင်းသားတွေက ဆန့်ကျင်ကြပါတယ်။” (စာ - ၂၁)
“For the longevity of dams to be constructed in Kachin State, the opinion of grassroots
people should be brought into due consideration.” (p. 41)
“ကချင်ပြည်နယ်မှာ တည်ဆောက်မယ့် ရေကာတာတွေ သက်တမ်းကြာကြာ တည်တံ့ ဖို့ ဒေသခံ လက်လုပ်လက်စား ရပ်သူရွာသားတွေရဲ့ အကြံဥာဏ်ကို ရယူသင့်ပါတယ်။”
(စာ - ၄၁)
The benefits of the project need to be shared equitably:
“There must be a fair and equitable sharing of benefits coming out from this hydropower development among the stakeholders concerned, including the people of Myanmar in general and Kachin people in particular.” (p. 63)
စီမံကိန်းရဲ့ အကျိုးအမြတ်ကို တန်းတူညီမျှ ခွဲဝေပေးသင့်ပါတယ်။
“စီမံကိန်းက ရလာတဲ့ အကျိုးအမြတ်တွေကို စီမံကိန်းနဲ့ဆက်စပ်ပတ်သက်တဲ့ လူတွေအားလုံးကို တန်းတူညီ မျှတစွာ ခွဲဝေပေးသင့်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး အပါအဝင် အထူးအားဖြင့် ဒေသခံ ကချင်လူမျိုးတွေကို အကျိုးအမြတ်ခွဲဝေပေးသင့်ပါတယ်။” (စာ - ၆၃)
The Environmental Impact Assessment should be publicly released:
“The main audience for this document is the people of Myanmar.” (p.xxiii)
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု လေ့လာဆန်းစစ်ချက်ကို အများပြည်သူ သိရှိနိုင်အောင် တုံ့ပြန်ပေးသင့်ပါတယ်။
“ဒီလေ့လာဆန်းစစ်ချက်စာတမ်းကိုဘတ်မယ့် အဓိက ပရိသတ်က မြန်မာပြည်သူ ပြည်သားတွေဖြစ်သင့်ပါတယ်။” (စာ - xxiii)
What is missing in the study?
Ø Downstream impacts, including assessments of river flows, water levels, flooding patterns, salt water intrusion into the Delta, fish habitats, and riverbank erosion are not studied. Baseline data
on the river as a whole is also not collected.
Ø Social and economic impacts of the dams are not addressed.
Ø Consultation with affected peoples is not conducted.
Ø Strong conclusions and recommendations that ensure the concerns raised in the study are fully addressed are not included.
သုတေသနဆန်းစစ်ချက်ရဲ့ အဓိကဟာကွက်များ
· မြစ်အောက်ပိုင်း ဒေသတွေမှာ ထိခိုက်မှုများအပါအဝင်
o မြစ်ကြောင်း
o ရေပမာဏ
o ရေလွှမ်းမိုးပုံများ
o မြစ်ဝကျွန်းပေါ်ဒေသသို့ ပင်လယ်ရေငံများ စီးဆင်းဝင်ရောက်လာမှု
o ရေသတ္တဝါတို့ကျက်စားရာနေရာများ
o မြစ်ကမ်းပါးတိုက်စားခြင်း
စတဲ့အချက်တွေကို လုံးဝ လေ့လာမှုလုပ်မထားပါ။ မြစ်ကြောင်းတခုလုံးနဲ့ဆိုင်တဲ့ ပဏာမ သတင်းအချက်အလက်တွေကိုလဲ ကောက်ယူထားခြင်းမရှိပါ။
· လူမှုရေးနဲ့စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွေကို လေ့လာသုံးသပ်ထားမှု မရှိပါ။
· စီမံကိန်းကြောင့် ထိခိုက်မယ့် ဒေသခံတွေကို အသိပေးတိုင်ပင်မှု လုံးဝ မရှိပါ။
· ဒီလေ့လာဆန်းစစ်ချက်မှာ တွေ့ခဲ့တဲ့ အချက်အလက်တွေအပေါ် ခိုင်မာတဲ့ ကောက်နှုတ်သုံးသပ်ချက်နဲ့အကြံပြုချက်တွေ မရှိပါ။
What has happened since the study?
Since the completion of the study in October 2009:
Ø Opposition to the dam projects by affected communities throughout the country has increased and numerous appeals to local and national authorities as well as Chinese companies and government have been ignored
Ø China Power Investment is speeding ahead with its dam plans, ignoring Chinese and international standards for conducting proper assessments
Ø Thousands of workers and equipment have been moved to Kachin State and construction has begun on the Chibwe and Myitsone dams
Ø A flawed compensation and resettlement process is being carried out using intimidation by
military authorities; to date six villages have been forced to move. Villagers at the relocation camp do not have enough farmlands or water, suffer poor health and education facilities, are restricted
in movement and are constantly under military surveillance
Ø Thousands of people are mining for gold near the Myitsone dam site in advance of construction, seriously polluting the Irrawaddy River
Ø The study has not been made publicly available; it is not clear if any further studies have been conducted as none have been made available
Ø The Kachin Independence Organization warned China’s government in March 2011 that
construction of the Myitsone Dam may result in civil war
Ø In June 2011 fighting broke out between Burma Army and the Kachin Independence
Organization, resulting in the shutdown of China’s Dapein hydropower station in Kachin State
ဒီလေ့လာဆန်းစစ်မှုနောက်ပိုင်းမှာ ဘာတွေဖြစ်ခဲ့လဲ
လေ့လာဆန်းစစ်မှု ပြီးဆုံးခဲ့တဲ့ ၂၀၀၉ အောက်တိုဘာလနောက်ပိုင်းမှာ…
· ဒေသတွင်းနဲ့ နိုင်ငံတော်အဆင့် အာဏာပိုင်တွေနဲ့ တရုတ် ကုမ္ဗဏီတွေကို တင်ပြခဲ့တဲ့ အသနားခံလွှာပေါင်းမြောက်မြားစွာဟာ မသိကျိုးကျွံပြုခြင်းခံနေရပါတယ်။ စီမံချက်ကြောင့်ထိခိုက်တဲ့ ဒေသခံတွေနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကလည်း မြစ်ဆုံရေကာတာဆောက်လုပ်ရေး အပေါ် ဆန့်ကျင်မှုတွေပိုများလာပါတယ်။
· တရုတ်နိုင်ငံနဲ့ နိုင်ငံတကာ စံညွှန်းများအတိုင်း လုပ်ဆောင်သင့်တဲ့ လေ့လာဆန်းစစ်မှုတွေကို မလုပ်ဆောင်ဘဲ တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကုမ္ဗဏီက ရေကာတာတည်ဆောက်မှုတွေကို အရှိန်အဟုန်မြှင့်ပြီး ဆက်လက်လုပ်ဆောင်နေပါ တယ်။
· သောင်းပေါင်းများစွာသော လုပ်သားတွေနဲ့ ပစ္စည်းကိရိယာတွေကို ကချင်ပြည်နယ် အတွင်းရွေ့ပြောင်းလာပြီး ချီဘွေ နဲ့ မြစ်ဆုံဒေသတွေမှာ ရေကာတာတည်ဆောက်ရေး လုပ်ငန်းတွေ စတင်အကောင်အထည်ဖော်နေပါတယ်။
· စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ဖိအားပေးမှု ကိုသုံးပြီး ဒေသခံပြည်သူတွေကို မပြည့်စုံတဲ့ မမှန်ကန်တဲ့ နစ်နာကြေးပေးခြင်းတွေနဲ့ ရွေ့ပြောင်းနေရာချထားခြင်းတွေ လုပ်နေပါတယ်။ ဒီနေ့အထိ ရွာပေါင်း ၆ ရွာကျော်ဟာ သူတို့ရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး ပြောင်းရွေ့နေရာချထားခြင်းခံခဲ့ရပါတယ်။ ရွေ့ပြောင်းနေရာချထားခံရတဲ့ ရွာသားတွေ ဟာ နေရာသစ်မှာ လုံလောက်တဲ့ စိုက်ပျိုး မြေနေရာနဲ့ ရေ ရရှိမနေပါဘူး။ ကျန်းမာရေး နဲ့ ပညာရေး အတွက်လဲ လုံလောက်တဲ့ အရင်းအမြစ်တွေ ရရှိမနေပါဘူး။ ရွာသားတွေ ရဲ့ သွားလာမှုတွေကို ကန့်သတ်ထားပြီး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးတွေရဲ့ စောင့်ကြပ်ကြည့်ရှု မှုတွေ အမြဲခံနေရပါတယ်။
· ရေကာတာတည်ဆောက်မယ့်နေရာမှာ ထောင်ပေါင်းများစွာသော ရွှေတူးသူတွေ ကြောင့် ဧရာဝတီမြစ်ရေညစ်ညမ်းမှုဟာ ဆိုးဆိုးရွားရွားဖြစ်နေပါတယ်။
· သုတေသနစာတမ်းကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးခြင်း မရှိပါဘူး။ ဒီစာတမ်းရဲ့ နောက်ပိုင်းမှာ တခြားလေ့လာဆန်းစစ်ချက်တွေ လုပ်မလုပ်ကိုလဲ အများသိရှိအောင် ထုတ်ပြန်ပေးခြင်းမရှိပါဘူး။
· ကချင်လွတ်မြောက်ရေးအဖွဲ့က ၂၀၁၁ မတ်လမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို မြစ်ဆုံနေရာမှာ ရေကာတာ ဆောက်လုပ်ခြင်းကြောင့် ပြည်တွင်းစစ်ဖြစ်နိုင်တယ်ဆိုတာ ကို သတိပေးခဲ့ပါတယ်။
· ၂၀၁၁ ဇွန်လမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲပွားဖြစ်ခဲ့တဲ့ အတွက်ကြောင့် တရုတ်နိုင်ငံရဲ့ တာပိန် ရေအားလျှပ်စစ်စခန်းကို ပိတ်ပစ်ခဲ့ရပါတယ်။
Position of Burma Rivers Network
Water resource management must be based on principles of ecological sustainability and social justice. Affected communities - upstream and downstream - must be protected. To ensure this as well as transparency and accountability, national reconciliation and genuine democratization is needed in Burma.
မြန်မာ့မြစ်များကွန်ယက်ရဲ့ ရပ်တည်ချက်
ရေအရင်းအမြစ်များ စီမံခန့်ခွဲမှုကို ဆောင်ရွက်ရာမှာ ဂေဟစနစ်ရေရှည်တည်တံ့မှု နှင့် လူမှုရေး တရားမျှတမှုတွေကို မဖြစ်မနေ အခြေခံပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မြစ်အထက်ပိုင်း နဲ့ အောက်ပိုင်းဒေသတွေက ပြည်သူလူထုတွေကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သင့် ပါတယ်။
Therefore the Burma Rivers Network urges that:
Ø These harmful dam projects on the Irrawaddy are immediately stopped and the river preserved for future generations.
Ø The economic, social, security and environmental impacts of dams throughout Burma be
publicly disclosed.
ဒီအချက်အလက်တွေ အောင်မြင် ပြည့်စုံဖို့ အတွက် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတွေနဲ့ တကွ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်တွေ လိုအပ်ပါတယ်။
အဲ့တာကြောင့် မြန်မာ့မြစ်များ ကွန်ယက်က တောင်းဆို တိုက်တွန်းလိုတာက…
· အခုလို အန္တရာယ်ဖြစ်စေနိုင်တဲ့ ရေကာတာတည်ဆောင်မှုကြီးကို ရပ်ဆိုင်းပြီး ဧရာဝတီ မြစ်ကြီးကို အနာဂတ်မျိုးဆက်တွေအတွက် ထိန်းသိမ်းထားရန်
· မြန်မာတနိုင်ငံလုံးအပေါ် ရေကာတာ တည်ဆောက်မှုကြောင့် ဖြစ်လာနိုင်တဲ့ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှုတွေကို အများပြည်သူ
သိရှိနိုင်အောင် ထုတ်ပြန်ပေးရန်
Contact: burmariversnetwork@gmail.com
ဆက်သွယ်ရန်: burmariversnetwork@gmail.com